လားရှိုးမီးသွေးဈေးနှစ်ဆတက် ပြည်သူအခက်တွေ့ငြီးငြူ Friday, 06 August 2010 21:20 မွေခေါဝ်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်း မီးသွေးသယ်ဆောင်ရောင်းဝယ်မှုကို သြဂတ်စ် ၁ ရက်မှစ၍ ပိတ်ပင်လိုက် သဖြင့် မီးသွေးဈေးနှစ်ဆထိုးတက်သွားပြီး ပြည်သူများအခက်တွေ့ငြီးငြူနေကြကြောင်း စုံစမ်းသိရှိရပါသည်။
“စီးပွါးရှာရတာလဲမလွယ်။ ကုန်ဈေးနှုန်းတွေတက်၊ မီးသွေးဈေးလဲထပ်တက်တယ်ဆိုတော့ အခက်တွေ့တာပေါ့” ဟု မြို့ခံအိမ်ရှင်မတစ်ဦးက ပြောပြပါသည်။
မီးသွေးတစ်အိတ်တန်ဖိုး ကျပ် ၂၀၀၀-၂၅၀၀ မှ ကျပ် ၆၀၀၀အထိတက်သွားကြောင်း၊ တစ်အိတ် ၈ ပိဿာ - ၁၀ ပိဿာအလေးချိန်ရှိကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။
[လားရှိုးမြို့ (www.soezeyatun.com/2007)]
လားရှိုးမြို့ (www.soezeyatun.com/2007)
ဂျူလိုင် ၂၆ ရက် ကွတ်ခိုင်-သန္နီဘက်မှလားရှိုးအ၀င် ၀န်တင်တပ်အေတီဂိတ်မှဝင်လာသည့် မီးသွေးအိတ်သယ် ကားအတွင်း ဘိန်းဖြူနှင့်ရာမဖမ်းဆီးမိရာမှ ထိုသို့ပိတ်ပင်လိုက်ကြောင်း၊ ပိုင်ရှင်မှာ ကွတ်ခိုင်မြို့နယ် ကောင်းခါးအခြေစိုက်ကချင် ကာကွယ်ရေး တပ်မတော် KDA (ယခုနယ်ခြားစောင့်တပ်)နှင့်နှီးနွယ်သည့် တရုတ်အမျိုးသားဖြစ် သည်ဟုရဲကပြောဆိုကြောင်း သိရှိရပါသည်။
“မီးသွေးရောင်းပြီး ၀မ်းစာရှာဖွေစားသောက်နေရတာ။ အခုလိုမီးသွေးပိတ်လိုက်တော့ခက်ပြီပေါ့” ဟု မြို့တွင်းမီးသွေးရောင်း သူတစ်ဦးကလည်း ပြောသည်။
လွန်ခဲ့သည့် ၂ နှစ်မှစ၍ လားရှိုးရမခလက်အောက်ခံတပ်များမှ လွှစာမီးသွေးဒေါင့်ပြုလုပ်ရောင်းချမှုရှိကြောင်း၊အေတီဂိတ် ပြင်မှ မီးသွေးများတင်သွင်းရောင်းချလျှင် ရမခမီးသွေးများသိပ်မရောင်းရသဖြင့် ထိုကဲ့သို့ယမယ်ရှာ ခြင်းဖြစ်နိုင်ကြောင်း၊ တစ်သေတ္တာလျှင် တစ်လက်မခွဲလုံးပတ် တစ်တောင်ခန့်ရှည်သည့် မီးသွေးဒေါင့် ၂၀ ပါရှိ ကြောင်း ၎င်းကဆက်လက်ပြောပြပါသည်။
“ပြည်သူကသူတို့ရဲ့မီးသွေးကိုသိပ်မသုံးဘူးလေ။ သူတို့မီးသွေးရောင်းကောင်းအောင်လို့ အခုလိုပိတ်လိုက်တာ ထင်တယ်။ ရမခမီးသွေးဈေးလဲ တစ်သေတ္တာ ၂၅၀၀ ကနေ ၄၀၀၀ အထိတက်သွားတယ်” ဟု ဒေသခံတစ်ဦးက လည်း ပြောပါသည်။
လားရှိုးအခြေစိုက် ရမခလက်အောက်ခံတပ်များမှာ ၀န်တင်တပ်ရင်း၊ ခလရ ၆၈၊ ခလရ ၄၁၊ အမြောက်တပ်၊ သံချပ်ကာတပ်၊ အမှတ် ၆၂၆ ထောက်ပို့တပ်၊ ဆေးတပ်ရင်းတို့ဖြစ်ကြောင်း သိရှိရသည်။Rest of your post
Saturday, August 07, 2010
သျှမ်းပြည်မြောက်ပိုင်းမှာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment