“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 04, 2010

ငြိမ်းချမ်းတည်ငြိမ်မှသာ ရွေးကောက်ပွဲများ ကျင်းပမည်ဟု အဘိဆစ် ပြောကြား


ငြိမ်းချမ်းတည်ငြိမ်မှသာ ရွေးကောက်ပွဲများ ကျင်းပပေးမည်ဖြစ်ပြီး လာမည့်နှစ် အစောပိုင်း မတိုင်မီအထိ ရွေးကောက်ပွဲ ကျင်းပဦးမည် မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘ်ဟီးဆစ်က ဝေါစထရိ ဂျာနယ်သို့ ပြောကြားခဲ့သည်။

ယခုနှစ် အစောပိုင်းက လူအသေအပျောက်များစေခဲ့သော မငြိမ်သက်မှုများ ဖြစ်ပေါ်စေခဲ့သည့် ကျေးလက်မြို့ပြ စီးပွားရေးကွာဟမှုများကို တံတားထိုးရန် ရည်ရွယ်သည့် အစီအစဉ်များအား ထိုင်းအစိုးရ လုပ်ဆောင်နေကြောင်း အဘ်ဟီးဆစ်က သြဂုတ်လ ၂ ရက်နေ့က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲမကျင်းပမီ အနိမ့်ဆုံးအားဖြင့် ယခုနှစ်ကုန်တွင် ထိုင်းနိုင်ငံ ပြန်လည်တည်ငြိမ်လာရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းတည် ငြိမ်သော အခြေအနေကို လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ ဝေါစထရိက ငြိမ်းချမ်းတည်ငြိမ်သော အခြေအနေဆိုသည်မှာ ဘယ်လိုမျိုးဟု ယူဆပါသလဲဟု ပြန်လည် မေးခွန်းထုတ်ခဲ့ရာ "အဲဒီလို ဖြစ်လာရင် ကျွန်တော်တို့ သိပါ တယ်"ဟု ၎င်းင်းက ပြန်လည်ဖြေကြားခဲ့သည်။

အင်တာဗျူးတွင် အဘ်ဟီးဆစ်က ၎င်း၏ ဒီမိုကရက်ပါတီသည် သက်ဆင်ရေပန်းစားဆဲ ဧရိယာများတွင် ယုံကြည်မှု တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သက်ဆင်လမ်းစဉ်ကို လိုက်ပြီး အဘ်ဟီးဆစ်အစိုးရသည် ၀င်ငွေနိမ့် ထိုင်းတို့အတွက် အစီအစဉ်များကို မြှင့်တင်ဆောင်ရွက်နေသည်။ အစိုးရ၏ ထောက်ပံ့မှုဖြင့် ထိုင်းနိုင်ငံသား သန်းပေါင်းများစွာအတွက် ပင်စင်ရန်ပုံငွေ ထူထောင်ပေးရန်နှင့် လုပ်ကိုင်ခြင်း မရှိသော မြေလွတ်မြေရိုင်းများစွာပိုင်သည့် ထိုင်း သူကြွယ်များကို အခွန်တိုးကောက်ရန်တို့ ဖြစ်သည်။ ၀င်ငွေနိမ့်ဧရိယာများတွင် ထိုင်းဘဏ်များက အသေးစားချေးငွေများ ထုတ်ချေးပေးရန်၊ လယ်သမားများအတွက် သီးနှံမှ အနိမ့်ဆုံး ၀င်ငွေအာမခံချက်ပေးရန် တို့လည်း ပါဝင်သည်။

၎င်း၏ အားထုတ်မှုကို မဲဆန္ဒရှင်များ လက်ခံနှစ်သက်လာနိုင်ရန် အချိန်ယူရမည်ဖြစ်သည်ဟု အဘ်ဟီးဆစ်က ဆိုသည်။ စစ်တမ်းကောက်ခံမှုများအရ အချို့နေရာများတွင် အစိုးရသည် ထောက်ခံမှုရနေပြီဖြစ် ကြောင်းလည်း ၎င်းင်းက ခုခံပြောကြားသည်။

လေ့လာသုံးသပ်သူများကမူ အဘ်ဟီးဆစ်၏ နှစ်လိုဖွယ် အစီအစဉ်များသည် မည်သည့်အချိန် ရွေးကောက်ပွဲလုပ်လုပ် ရှုံးနိုင်သည်ဟု သတင်းပြေးနေသော ၎င်း၏ အစိုးရကို ကာကွယ်ပေးနိုင်၊ မနိုင်ကို သံသ ယရှိနေကြသည်။

ရွေးကောက်ပွဲရှုံးလျှင် အရှုံးကို လက်ခံမည် ဖြစ်ကြောင်း၊ သို့ရာတွင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်၏ မဟာမိတ်များအနေဖြင့် သက်ဆင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းကဲ့သို့သော အငြင်းပွားဖွယ် မူဝါဒများကို မကိုင်စွဲသင့်ကြောင်း သတိပေးခဲ့သည်။ သက်ဆင်ထောက်ခံသူ အတိုက်အခံများက ရွေးကောက် ပွဲကျင်းပချိန်တွင် အဓိကတောင်းဆိုမည်မှာ သက်ဆင်အား ပြန်ခေါ်ရေးဖြစ်ကြောင်း ကြေညာထားသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */