“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, December 11, 2008

ဆွမ်းလှူရဲသူတွေ အသင်းဝင်ရဲသူတွေ ပါဝင်ကြပါ။

မင်္ဂလာပါ...

ပူဇော်ထိုက်သူကိုပူဇော်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာတစ်ပါး ဖြစ်သည်။

ကျွန်ုပ်တို့ သည် ရန်ကုန်မြို့  လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏အင်္ဂါထောင့်တွင် အပတ်စဉ်စနေနေ့  တိုင်း မြတ်စွာ ဘုရားရှင်အား အမှုထား၍ သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်းလျှက် ရှိပါသည်။သို့ ပါ၍ ကျွန်ုပ်တို့  နှင့်အတူ လုပ်အားဒါန ပါဝင်လိုသူများအနေနှင့် ကျွန်ုပ်တို့ ၏ ရွှေတိဂုံစေတီတော် စနေနေ့ အသင်းတွင် အသင်းဝင်အဖြစ်လျှောက်ထား ပါဝင် ကုသိုလ်တော် ယူနိုင်ပါကြောင်း တိုက်တွန်း နှိုးဆော် အပ်ပါတယ် ခင်ဗျာ။

-လုပ်အားဒါန ပါဝင်လှူဒါန်းလိုသူများအနေနှင့်ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်၊ အုပ်ထိန်းသူ၏ခွင့်ပြုချက် လက်မှတ်များနှင့် အတူ အောက်ဖော်ပြပါ စေတနာရှင်များထံတွင်ဆက်သွယ်၍စုံစမ်း ၀င်ရောက် ဒါနပြုနိုင်ပါ တယ် ခင်ဗျာ။
-အသင်းဝင်ရောက်လိုသူများသည် တစ်လတွင်အပတ်စဉ် မလာရောက်နိုင်ပါကအနည်းဆုံး နှစ် ပတ်နှစ်ကြိမ် လာရောက်၍ လုပ်အားဒါန ပြုရမည်ဖြစ်ပြီး အသင်းဝင်ကြေးမှာ တစ်လလျှင် ၁၀၀၀ ကျပ်ပေးသွင်းရမည် ဖြစ် သည်။

ဆက်သွယ်ရန်
-Lwanwai.myanmar@yahoo.co.uk
-phoemyint@yahoo.co.uk
-sharponetaw@gmail.com
-chitlwanwai123@gmail.com
-demon15891@gmail.com


မှတ်ချက်- ကျွန်ုပ်တို့သည်စေတနာရှင်လူငယ်များဖြစ်ပါသောကြောင့်ကုသိုလ်တော်ပါဝင်လိုသူများ(အသင်းဝင်ရောက်လိုသူများ)အနေနှင့်နိုင်ငံရေးနှင့်သက် ဆိုင်သောလှုပ်ရှားမှုမျိုး မပြုလုပ်ပါကြောင်းနှင့် ပြုလုပ်ခွင့်ပြုမည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။


သာသနာတော်အရှည်တည်တံ့ခိုင်မြဲလိုသူများကိုယ်စား
လွမ်းဝေ

မှတ်ချက်။ ။ ဘယ်အဖွဲ့ကလည်းဆိုတာတော့ အသေချာ မသိပါဖူး။ email မှရပါတယ်။ ဘယ်အဖွဲ့ဘဲဖြစ်ဖြစ် ကောင်းမွန်သော စိတ်စေတနာကို အားပေး လေးစားစွာဖြင့် ဖေါ်ပြပေးပါတယ်။
ဖမ်းမှာကြောက်ပြီး မလှုရင်..ဒီသာသနာ မြန်မာမှာ ကျန်မှာမဟုတ်ပါ။ ကိုယ်လုပ်နေတဲ့အရာ ကောင်း၏ ဆိုး၏ ကိုယ်ကောင်းမှူသာ ကိုယ် နောက် ပါသဖြင့်..နအဖကို ကြောက် ၍မလှူ ။ မလှူ ၍ ကုသိုလ် မရှိ။ သေမှာထိမည့် ငရဲက ပိုကြီးမည့်အတွက်.. သာသနာတော်ကို သာသနာဝင်များ အားလုံးမှ ဝိုင်းဝန်း ကူညီစောင့်ရှောက်ပေးကြပါရန် အကျိုးမြှော်၍ နှိုးဆော်ပါသည် ခင်ဗျား။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */