အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန | ||
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နှီးစပ်သူဟု နာမည်ကြီးနေသည့် Air Bagan လေကြောင်းလိုင်းပိုင်ရှင် ဦးတေဇသည် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဖြန့်ဖြူးရေးအပိုင်းအား ၂၀၁၀ တွင် ၀ယ်ယူမည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ EPC မှ ၀န်ထမ်းတဦးက “၂၀၁၀ မှာ ဦးတေဇက အမှတ် (၂) အဆိုပါစီမံကိန်း ၂၀၁၀ တွင် စတင်မည်ဖြစ်သော်လည်း စမ်းသပ်ကာလအနေဖြင့် လာမည့်နှစ် ၂၀၀၉ ထဲ၌ ၎င်းက “၂၀၀၉ မှာ သူကစမှာဗျ။ ဘယ်လိုစမလဲဆိုတော့ သူ (ဦးတေဇ) က ရှုံးမလား၊ မြတ်မလား သိချင်တော့ အရင်ဆုံး သူက downtown (၆) မြို့နယ်ရယ်၊ ရွှေပြည်သာ၊ ဒဂုံ၊ လှိုင်သာယာတို့လို စက်မှုဇုန်ရှိတဲ့ မြို့နယ် တွေကို အရင်ဝယ်ပြီး အရှုံးအမြတ်တွက်ဦးမှာဗျ။ ပြီးမှ ၂၀၁၀ မှာ အပြီးသတ်ဝယ်မှာပေါ့နော်” ဟု ပြောသည်။ ထိုသို့ မြန်မာ့လျှပ်စစ်စွမ်းအားဌာနဖြန့်ဖြူးရေးအပိုင်းကို ဦးတေဇ၀ယ်ယူပြီးနောက် လက်ရှိအစိုးရအမှုထမ်း ၀န်ထမ်းများ ကြုံတွေ့ကြရမည့် အခက်အခဲများကိုလည်း အမည်မဖော်လိုသူ EPC ၀န်ထမ်းတဦးက “ကျနော်ကတော့ စာမေးပွဲ ၀င်ဖြေကြည့်မယ်ဗျာ၊ အောင်သွားတော့ အဲ့ဒီမှာ ပြန်လုပ်ရုံပေါ့။ ကိုယ့်မှာ အတွေ့အကြုံလည်း ရှိပြီးသား ဆိုတော့ အဆင်ပြေတာပေါ့။ နောက်လခလည်း ကောင်းတယ်ဆိုတော့လေ။ ဒါပေမယ့် သူ့လူနဲ့သူ နေရာတွေ ပြည့်သွားတာမျိုးဆိုရင်တော့ အောက်ခြေ၀န်ထမ်းတွေ သေပြီပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။ အဆိုပါဝန်ထမ်းက ဆက်လက်၍ “၀န်ထမ်းတွေကိုလစာကောင်းကောင်းပေးမယ်ဆိုတော့ မီတာခတွေကို တိုးကောက်မယ်လေ။ ဒါပေမယ့် မီးလာတာမလာတာတော့ မကျိန်းသေပါဘူး” ဟု ပြောကြားသည်။ ထိုသို့မြန်မာ့လျှပ်စစ်စွမ်းအားဌာနကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် သတင်းများ ထွက်ပေါ်လာစဉ်အတွင်း မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မှုသည် မြို့နယ်များအလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးရရှိနေကြောင်းကို ပြည်သူတဦးက ပြောသည်။ ၎င်းက “အခုဆိုရင် မီးလာတဲ့အချိန်ထက် မလာတဲ့အချိန်က ပိုများနေတယ်။ ဘာမှကိုလုပ်လို့ မရတာ။ ပုဂ္ဂလိက ကကိုင်မယ်ဆိုရင်လည်း မီတာခတွေ တိုးလာတာပဲရှိမယ်။ မီးလာတာကတော့ ပြောင်းလာမှာမဟုတ်ဘူးလို့ ထင်ကြေးပေးနေကြတယ်” ဟု ပြောသည်။ |
Wednesday, December 17, 2008
တော်သေးတာပေါ့ နအဖ ကလျှပ်စစ်စွမ်းအားဝန်းကြီးဌာန နှစ်ခုရှိပေလိုဘဲ ၆ နာရီတခါမီးလာတာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment