“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, December 16, 2008

"စစ်အစိုးရကို ဘာလို့ တော်လှန်နေကြတာလဲ?

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။
"စစ်အစိုးရက မတရားရက်ရက်စက်စက် ဖိနှိပ်နေလျက်နဲ့ ဘာလို့တော်လှန်နေကြတာလဲ? ဘာလို့နိုင်ငံရေးလုပ်ကြတာလဲ? လို့ ကျနော်တို့ကိုမေးကြတဲ့သူတွေအများကြီးရှိပါတယ်။
အဖြေကတော့ ကျနော်တို့ ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ပေါ်မှာကျေးဇူးပြုခဲ့ကြဖူးတဲ့ တိုင်းသူပြည်သား တွေ ရဲ့ကျေးဇူး၊ နောင်တော် အာဇာနည်တွေရဲ့ကျေးဇူးတွေကို ဆပ်နေကြ တာပါ။ သူတို့တွေဟာ သူတို့ ရဲ့ခေတ်ကာလ အလိုက် တိုင်းပြည်ကို ဖွံ့ဖြိုး တိုးတက်အောင် အေးချမ်းစည်ပင်အောင်၊ နောက်ဆုံး အာဏာရူး ငတုံး ငမိုက်တွေကြောင့် <တိုင်းပြည်ကျွန်ဖြစ်ခဲ့ တုန်းက လည်း> ကျွန်ဘ၀က လွတ်အောင် စွမ်းဆောင်ခဲ့ ကြပြီးပါပြီ။ သူတို့တွေ ခေတ်ရဲ့တာဝန် သမိုင်းတာဝန် ကျေခဲ့ပြီး ကြပါပြီ၊ အရင်လူတွေရဲ့ကျေးဇူးကို ဆပ်ပြီးတဲ့ အပြင်နောင်လာမယ့် သူတွေအတွက်လည်း ကျေးဇူးကျွေးကိုချပေးခဲ့ပါပြီ။ ကျနော်တို့ ဒီကျေးဇူးကြွေးတွေကို ကြေ အောင်ဆပ်နေရပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့တိုင်းပြည်ကောင်းစားဖို့လိုပါတယ်။
ပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့လိုပါတယ်။ ဒါကျနော်တို့ရဲ့တာဝန်ပါ။ ကျနော်တို့ဆပ်ရမယ့် ကျေးဇူးကျွေး တွေပါ။ ကိုယ့်တာဝန် ကိုယ်သိကြပါ။ ကိုယ့်အကြွေးကိုဆပ်ကြပါ။
တိုင်းပြည်ကောင်းစားဖို့လိုပါပြီ"

Generation Wave အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာပါ။
၂၀၀၈ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င် အဖွဲ့ဝင် ၅ဦးနဲ့အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်း ထောင်ဒဏ် ၅နှစ် မတရားချမှတ်ခံလိုက်ရပြီး မကြာသေးခင်ရက်ပိုင်းကပဲ ညောင်ဦး ထောင်သို့ ပြောင်းရွှေ့ အကျဉ်းချခံ လိုက်ရတာ ဖြစ်ပါတယ်။
ရှေ့ရှေ့က လမ်းပြချီတက်ခဲ့သူတွေနဲ့ ယခုအကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေ ကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်းကတိသစ္စာပြုအပ်ပါတယ်။

"သူငယ်ချင်းများ ရဲ့အိပ်မက်လှပါစေ"

regards

moethway
Generation Wave
http://www.generation-wave.blogspot.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */