ထိုင်းနိုင်ငံရှိ ရာဘာခြံမှ မြန်မာလုပ်သားများ နေရပ်သို့ ပြန်ကြပြီ။
Mon 08 Dec 2008, ဟွန်းဟကောင်း၊ ကျလွန်းထော
အောက်တိုဘာလဆန်းပိုင်းမှ စပြီးရာဘာဈေးနှုန်းမှာ ထိုးကျသွားခဲ့ပြီးယခုတိုင် အဆက်မပြတ် ဆက်လက်ကျဆင်းနေသောကြောင့် ထိုင်းနိုင်ငံမှ ရာဘာခြံအလုပ်သမားများသည် အချို့မှာ မိမိ တို့၏နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြပြီဟု ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါခရိုင် ထိုင်မင်းမြို့ နယ်တွင် ၁၂ နှစ်ကျော် ရာဘာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော မင်းစိုက်မွန် က ပြောသည်။
"ကျွန်တော်တို့ ခြစ်လို့ရတာက အခုရာဘာဈေးနဲ့ဆိုရင် တစ်ဝမ်းစာလောက်ဘဲရတော့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ရာဘာဈေး က တစ်ပေါင်ကို ၂၂ ဘတ်လောက်ပဲ ကျန်တော့ တယ်၊ မနေ့ကတောင် ၂၇ဘတ်ကနေ ဘတ် ၃၀ လောက်ထိ ကျန်သေးတယ်" ဟု ၎င်းကပြော သည်။
စူရတ်ဌာနီမှ ရာဘာခြစ်တဲ့ မွန်လုပ်သားတစ်ဦးကလည်း ရာဘာခြစ်သည့်လုပ်သားများ အ ယောက် (၄၀-၅၀) ခန့်သည် ၎င်းတို့၏ သက် ဆိုင် ရာ ဒေသအသီးသီးသို့ ပြန်သွားကြသည်ဟု ပြောသည်။ ယခုရာဘာဈေးမှာ တစ်ပေါင်လျင် ၂၆ ဘတ်သာရှိနေကြောင်း၊ လွန်ခဲ့ သော သုံး လေးလတွင် ရာဘာဈေးကောင်း နေသည့်အတွက် မိဘထံသို့ ငွေများပို့ပေးနိုင်ကြောင်း ရာဘာ ဈေးကျဆင်းပြီး နောက် ပိုင်း တွင် ငွေများ ပို့မပေးနိုင်သည့်အပြင် လက်ရှိစားသောက် နိုင်ရန် အတွက်ပါ အခက်အခဲများ ဖြစ်နေရကြောင်းနှင့် အချို့မှာ လမ်းစရိတ်ရှာပြီး မိမိဒေသသို့ ပြန်ရန် ကြိုးစားနေကြကြောင်း ပြောသည်။
''ရာဘာဈေးက အရမ်းကျနေတယ်၊ ကျွန်တော်တို့နေရာကလည်း မိုးတွေအရမ်းရွာနေတော့ နားရက်ကပဲများနေတယ်၊ အခုဒီနေရာမှာ အလုပ်သမားတွေတောင် မရှိတော့ဘူး ပြန်ကုန်ကြ ပြီ၊ ၊ နှစ်ယောက် သုံးရောက်ပဲ ကျန်တော့တယ်၊ ဒီခရစ်စမတ်ကျရင် တစ်ကီလိုကို (၁၀-၁၅) ဘတ်အထိ ရာဘာဈေးက ထပ်ကျနိုင်တယ်တဲ့ သူဌေးက ပြောထားတယ်၊ ကျွန်တော်လဲ လမ်း စရိတ်စုနေတယ်၊ လမ်းစရိတ်ရ ရင် တော့ ရွာကိုဘဲ ပြန်တော့မယ်'' ဟု ၄င်းအလုပ်သမားက ဆက်ပြောပြသည်။
မင်းစိုက်မွန်၏ ပြောပြချက်အရ "ရာဘာဈေးက ရုတ်တရက် ထိုးကျသွားတယ်ဆိုတော့ ဘယ် လိုမှ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရလိုက်ဘူး၊ ကြိုသိထားရင် အကောင်းသား ကိုယ့်ဆီမှာ ရှိသမျှ ရာဘာပြားတွေကို ရောင်းထုတ်လိုက်ရအောင်၊ အခုက ဘယ်လိုမှအချိန်မရလိုက်ဘူး၊ ကျွန် တော်တို့က လူလွတ်တွေဆိုတော့ တော်သေးတာပေါ့ တချို့အိမ်ထောင်သည်တွေဆိုရင် မိသား စုအလိုက် လာလုပ်တဲ့အခါကြတော့ အခုပြန်ဖို့က လမ်းစရိတ်ကို ရွာကအိမ်ကနေတောင် မှာယူ ရတယ်" ဟု ဆိုသည်။
၎င်းကဆက်ပြောသည်မှာ "ကျွန်တော်လည်း ပိုက်ဆံနည်းနည်းလောက် စုမိရင် ရွာကိုပဲပြန် တော့မယ်၊ ကိုယ့်အမိမြေရဲ့ မြေကိုလဲ နင်းချင် လာပြီလေ၊ ရွာမပြန်ရတာလဲကြာပြီဆိုတော့၊ ရွာမှာလုပ်စားရင်လဲ အခုရာဘာဈေးနဲ့ဆိုရင် ရွာမှာလဲ အဲဒီလောက်ငွေက ရှာလို့ ရနိုင်ပါ တယ်၊ ရွာမှာဆိုရင် ကိုယ့်မိဘဆွေမျိုးတွေနဲ့လဲ အတူတူနေခွင့်ရတယ်၊ ဘုရားကျောင်း ကန်လဲ ကြိုက် တဲ့အချိန် သွားလို့ရတယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် ရာဘာအစေးခြစ်လုပ်ငန်းသည် တွင်တွင်ကျယ်ကျယ် ရှိခဲ့သည့်အလျောက် အချို့သောသူများမှာ တဆင့်စကားတဆင့် ကြား ပြီး အများနည်းတူ လာရောက်လုပ်ကိုင်လို သောကြောင့် အချို့မှာ အိမ်၊ ခြံပေါင်ပြီး လာရောက်လုပ်ကိုင် ကြသည်များလည်းရှိသည်။ မကြာ သေးမီကမှ ရောက်ရှိလာသော သူများအတွက် ဤကဲ့သို့ အဖြစ်မျိုးနှင့် ထိပ်တိုက်ဆုံတွေ့ လိုက် ရသောအခါ အိမ်မှပိုက်ဆံ လှမ်းမှာ ပြီး ချက်ချင်းလှည့်ပြန်ချင်သော်လည်း မိမိတို့လာစဉ်တုန်းက အိမ်မှယူဆောင်လာသော အကြွေးများပင် ကျေအောင်မဆပ်နိုင် သေးသော ကြောင့် ပြန်ရန် လမ်းပျောက်နေကြသည်များလည်း ရှိသည်။ http://www.monnews-imna.com/burmese/newsupdate.php?ID=149
Tuesday, December 09, 2008
နအဖ အလုပ်ပေးမယ်ပြောလို့ ပြန်တာတော့ မဟုတ်ပါဘူး။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment