“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, December 17, 2008

ဖယောင်းတိုင်နဲ့ ဆီမီးခွက်ဝန်ကြီးဌာနက ဒီလိုဘဲ လိမ်စားလာတာ ကြာပြီ

လာမည့်နှစ်တွင် ရွှေလီရေအားလျပ်စစ်မှ မီးစပေးနိုင်မည်ဟု ခန့်မှန်း
အင်္ဂါနေ့၊ 16 ဒီဇင်ဘာလ 2008

သျှမ်းပြည်(မြောက်ပိုင်း)နမ့်ခမ်းမြို့နယ်အတွင်းရှိ မန်တပ်ကျေးရွာအနီးတွင် ရွှေလီမြစ်ကို ပိတ်ဆို့၍ ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်း တည်ဆောက်နေမှုသည် လာမည့် ၂၀၀၉ ဇွန်လ (၃၀) ရက်နေ့တွင်ပြီးဆုံး၍ သြဂတ်စ်လကုန်ပိုင်းတွင်မီးစတင်ပေးနိုင်မည်ဟု အဆိုပါ ရေအားလျှပ်စစ်တည်ဆောက်နေသည့် တရုပ်ကုမ္ပဏီကခန့်မှန်းထားသည်။

ဗမာဘက်မှ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနမှလည်း အကြီးတန်းနှင့်အငယ်တန်း ၀န်ထမ်းနေရာများအတွက် လျှောက်လွှာပုံစံများ

ဖြင့်ဝန်ထမ်းနေရာအတွက် စတင်ခေါ်ယူနေပြီဖြစ်ကြောင်း အဓိကအားဖြင့် ဒေသခံစစ်တပ်တွင်းမိသားစုများမှ ဘွဲ့ရပညာတတ် အသိုင်းအ၀ိုင်းကို ဦးစားပေးခေါ်ယူခြင်းဖြစ်ကြောင်း ဒေသခံစစ်တပ်မိသားစုနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုဝန်ထမ်းခေါ်ယူနေခြင်းသည် သာမန်ညစောင့်အဆင့်မှ မန်နေဂျာရာထူးအထိခေါ်နေခြင်းဖြစ်ပြီး လစာအနေဖြင့် အနည်းဆုံး ၁ သောင်းခွဲ လောက်ကနေစရမည်ဖြစ်ကာ ၁၀ တန်းအောင်အဆင့်မှ ဘွဲ့ရအထိ အဆင့်ခွဲခြားကာ နေရာများကိုလည်းသတ်မှတ်ထားကြောင်း သိရသည်။

၎င်းရွှေလီရေအားလျပ်စစ်စီမံကိန်း တည်ဆောက်မှုပြီးစီးသည့်အခါ တစ်နှစ်လျှင်မီဂါဝပ်သန်း (၄၀၀၀) ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယခုအခါ တည်ဆောက်နေမှုသည်(၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပြီးစီးသည့်အခါ ၂၃၀ ဗို့လှိုင်းဖြင့် ဗမာပြည်အတွင်းပိုင်းမြို့ မန္တလေး နှင့် သျှမ်းပြည်(မြောက်ပိုင်း) လားရှိုး နမ့်ခမ်းမြို့များသို့ ပို့ဆောင်ကာ ၂၂၀ ဗို့လှိုင်းဖြင့် တရုပ်ပြည် အတွင်းပိုင်းသို့ ဓါတ်အားများပို့ဆောင်မည်ဖြစ်သည်။

မတ်လ ၂၉ ရက် ၂၀၀ရ တွင် ယူနန်ပြည်နယ်အစိုးရနှင့် ဗမာအာဏာပိုင်များအကြား အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်း စီမံကိန်းအတွက် အရင်းအနှီးထုတ်ကာ ပထမဆုံးဆိုင်းဘုတ်တင်ပွဲကိုပြုလုပ်ကျင်းခဲ့ပြီး ယခုနှစ်သြဂုတ်လ ၃၁ ရက်နေ့တွင် လျှပ်စစ်ဓါတ်အားစတင်စမ်းသပ် ထုတ်လွှင့်လျက်ရှိသော်လည်း ဖြန့်ဖြူးခြင်းမရှိသေးကြောင်း သိရသည်။

စစ်အစိုးရ၀န်ကြီးချုပ်သိန်းစိန် တရုပ်ပြည်ခရီးစဉ်တွင် အရင်းအနှီးနှင့်အတတ်ပညာမရှိသဖြင့် လျပ်စစ်မီးလိုအပ်ချက်ကို တရုပ်ဘက်မှ အကူအညီပေးရန်ပန်ကြားခဲ့ကြောင်း ဗမာစစ်အစိုးရဘက်မှ ၂ ရာခိုင်နူန်းသာ အရင်းအနှီးစိုက်ထုတ်နိုင်ကြောင်း ဘီအိုတီစနစ်ဖြင့် လုပ်ရန်ကြို ဆိုကြောင်း ပြောကြားခဲ့သည်ဟု တရုပ်အာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရွှေလီရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှုကို ယူနန်လျံဟယ်လျပ်စစ်ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်နှင့်မြန်မာ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဌာန တို့ ၂၀၀၃ ခုနှစ်သြဂတ်စ်လ ဂ ရက် ရန်ကုန်တွင်လက်မှတ်စတင်ထိုးကာ ရင်းနှီးမြုပ်နှံမှုအမေကန်ဒေါ်လာ ၁၅၁ သန်း ဖိုးရှိကြောင်း သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */