ဇာနည်
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 18 2008
ချင်းမိုင် (မဇ္ဈိမ)။ ။ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ခြင်း မရှိသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၈၄ ခုကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာနမှ ပယ်ဖျက်လိုက်သည်။
သက်တမ်း ၂ နှစ်ရှိ ခရီးသွား လုပ်ငန်းလိုင်စင်ကို သက်တမ်းတိုးရန်အတွက် သတင်းပေးပို့ရန် ပျက်ကွက်သော ခရီးသွားလုပ်ငန်းများကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။
"အခုဖျက်တာတွေမှာက လက်ရှိ လုပ်နေတဲ့ နာမည်ရပြီးသားတွေ မပါပါဘူး။ အခုဟာတွေက သက်တမ်း လာမတိုးတာ ၂ နှစ်မကတော့ဘူး။ အခွန်လည်း လာမဆောင်ဘူး။ ဒါနဲ့ပတ်သက်ပြီးလည်း လာမဆက်သွယ်ဘူး။ သူတို့ကို သက်တမ်းလာတိုးဖို့
ရန်ကုန်ရှိ ခရီးသွားလုပ်ငန်းကြီးတခုမှ တာဝန်ရှိသူတဦးက "အဲဒီ စာရင်းမှာပါတဲ့ လုပ်ငန်းတွေက နာမည်ရှိတဲ့ ဟာတွေတော့
မဟုတ်ဘူး။ ဒါတွေက အစကတော့ ဒီလုပ်ငန်းလုပ်ရင် အဆင်ပြေမယ်ဆိုပြီး လုပ်ထားတဲ့ ကုမ္ပဏီတွေပေါ့။ အခုနောက်ပိုင်း လုပ်ငန်းက အဆင်မပြေတာ၊ နောက် တချို့ကလည်း ဖိဖိစီးစီး မလုပ်နိုင်ကြတော့တာတွေလည်း ပါမှာပေါ့လေ။ လက်ရှိ လုပ်နေကြတဲ့ ကုမ္ပဏီတွေကတော့ မပါပါဘူး။ လက်ရှိလုပ်နိုင်နေတဲ့ သူတွေမှာက အလုပ်က မကောင်းဘူးဆိုပေမယ့် သက်တမ်းမတိုးတော့ဘဲ ပိတ်ရလောက်အောင်တော့ အခြေအနေဆိုးတာ ရှိမနေဘူးလေ" ဟု မဇ္ဈိမကို ပြောပြသည်။
Friday, December 19, 2008
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ၈၄ ခုကို အစိုးရက စာရင်းက ပယ်ဖျက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment