ဝန်ကြီးဦးအောင်သောင်းကို အမျိုးသမီးများ ဒူးတုပ် ယပ်ခတ်ပေးကြရ
NEJ/ ၉ ဒီဇင်ဘာ ၂၀၀၈
စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း ကျောက်ဆည်စက်မှုဇုန်သို့ စက်ရုံတည်သည့်အချိန် သွားသည့်အခါတိုင်း ဦးအောင်သောင်းကို ယပ်ခတ်ပေးမည့် အမျိုးသမီးနှစ်ဦးအား လက်အောက်ခံအရာရှိများက အသင့်ရှာပေးထားရသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်က ပြောကြားသည်။
ကျောက်ဆည်စက်မှုဇုန် ရှင်းလင်းဆောင် စည်းဝေးခန်းမရှိ နှစ်ယောက်ထိုင် ဆက်တီကုလားထိုင်ကြီးပေါ်တွင်
တဦးတည်းထိုင်နေသည့် ဝန်ကြီး ဦးအောင်သောင်းအား အမျိုးသမီးငယ်နှစ်ဦးက ရှေးခတ်ဘုရင်များအား ခတ်ပေးသည့် အရိုးရှည်ယပ်ကြီး တခုစီကိုင်ပြီး ဆက်တီကုလားထိုင် တဖက်တချက်မှ ပုဆစ်တုပ်၊ ဒူးတုပ်အနေအထားဖြင့် ယပ်ခတ်ပေးကြရသည်ဟု မျက်မြင်သက်သေများက ပြောသည်။
လောလောဆယ်တွင်မူ နေပြည်တော်စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ အထည်အလိပ် လုပ်ငန်းမှ ဝန်ထမ်းအမျိုးသမီငယ်တဦးက ဝန်ကြီး ဦးအောင်သောင်းအား လက်သည်းခြေသည်း ညှပ်ပေးရသည်ဟု မျက်မြင်သက်သေများက ပြောသည်။
အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးဦးအောင်သောင်းသည် နေပြည်တော်မှာတကြိမ်၊ မန္တလေးမှာတကြိမ် လွန်ခဲ့သည့်လအတွင်း (၂) ကြိမ် သတိလစ်မေ့မြောသွားခဲ့သည်။
Tuesday, December 09, 2008
သေခါနီး ရိတ်ခါယူနေတဲ့ တောင်သာ သား
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment