“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, December 14, 2008

မာန်အောင်မြို့နယ် မယက ဥက္ကဌ လာဘ်ယူပြီး ငါးဖမ်းကွက်များကို လေလံပေး


ခိုင်မင်းမူ (နိရဉ္စရာ)
မာန်အောင်မြို့နယ် မယက ဥက္ကဌ ဦးချစ်ဆွေမှ ရေလုပ်ငန်းငါးဖမ်းကွက်များကို စစ်အစိုးရမှချမှတ်ထားသော စည်းကမ်းအတိုင်း လေလံ မပေးဘဲ ငွေကြေး လာဒ်အများပေးနိုင်သူကိုသာ ရွေးချယ်လေလံ ပေးခဲ့သဖြင့် ဦး ချစ်ဆွေ လုပ်ရပ်အပေါ် မာန်အောင်မြို့နယ် ရေလုပ်သားများက အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သတင်း ရရှိသည်။
၂၀၀၉ နှစ်အတွက် များမကြာမှီက ငါးဖမ်းကွက် လေလံ ပစ်ခဲ့ရာ မယက ဥက္ကဌ ဦးချစ်ဆွေနှင့် ရင်းနှီးပြီး သူ့အား လာဘ်ငွေ ပေးထားသူ ရေလုပ်ငန်းရှင် ဦးဖိုးဖြူ၊ ဦးရွှေဇံ၊ ဦးချစ်စိန်နှင့် ဦးမောင်ထွန်းလှိုင်တို့သာ ရရှိခဲ့ ပြီး ကျန်လူများမှာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
အမည်မဖေါ်လိုသူ ရေလုပ်ငန်းရှင်မှ အဆိုပါ ရေလုပ်ကွက်များအား သိန်း ၁၂၀ ဖြင့် ဆွဲယူလိုသူ အများအပြား ရှိခဲ့သော်လည်း သူတို့လေးဦးကိုသာ မယက ဥက္ကဌ ပေးခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။
ထိုသို့ပေးအပ်ခဲ့သဖြင့် လေလံ ဆွဲသူများထံမှ ဦးချစ်ဆွေမှ သိန်း ၂၀ ရရှိမည် ဖြစ်ကြောင်း သူက ပြောကြား သည်။ယခုကဲ့သို့ ရခိုင်ပင်လယ်ပြင်မှ ရေလုပ်ငန်း ငါးဖမ်းကွက်များအား လေလံ စနစ်ဖြင့် ရောင်းချနေသဖြင့် လေလံ မရသူ ရေလုပ်ငန်းရှင်များ အနေဖြင့် ပင်လယ်ပြင်တွင် ငါးဖမ်းလိုပါက လေလံရရှိထားသူများကို အခကြေးငွေ အမြှောက်အမြားပေးပြီး လုပ်ကိုင်နေကြသည်ဟု သိရသည်။
ယခုကဲ့သို့ ရခိုင်ပြည်နယ် အနံ့အပြားတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက အဂတိလိုက်စားပြီး လာဘ် ပေးလာဘ်ယူမှုများ ပြုလုပ်နေသဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုနေသူ ရခိုင် အမျိုး သားများ မှာ အထူး ဒုက္ခရောက်နေကြရကြောင်း သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */