“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, December 02, 2008

ဆန္ဒပြသူများ သိမ်းပိုက်ထားသည့် ဒွန်မောင်းလေဆိပ်တွင် ဗုံးပေါက်ကွဲ



ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်စောစောပိုင်းက ထိုင်းနိုင်ငံအတွင်း အစိုးရ ဆန့်ကျင်သူများ သိမ်းပိုက်ပိတ်ဆို့ထားသည့် ဒွန်မောင်းနိုင်ငံတကာ လေဆိပ်အတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁)ဦး သေဆုံးပြီး နောက်ထပ် ဆန္ဒပြသူ (၂၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ လုံခြုံရေးအရာရှိများက ယခုပေါက်ကွဲမှုသည် လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောကြားသွားသည်။ ထိုပေါက်ကွဲမှုသည် သန်းခေါင်ကျော်အချိန်တွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး

ပေါက်ကွဲမှုဖြစ်ပွားသော နေရာအနီးတ၀ိုက်တွင် အစိုးရအတိုက်အခံ PADပါတီမှ ဆန္ဒပြသူ အများအပြား စုဝေးနေကြောင်း သိရှိရသည်။ ယခုအဖြစ်အပျက်အား စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ဘန်ကောက်ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် PADများသည် ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းဝမ်ဆာဝတ် ရာထူးမှ မနှုတ်ထွက်မချင်း လေဆိပ်များကို သိမ်းပိုက်ထားရာမှ စွန့်ခွာမည်မဟုတ်ဟု ကြေညာထားသည်။ အာဏာရ PPPပါတီဘက်မှလည်း ယခုဗုံးကွဲမှုအတွက် ၎င်းတို့တစုံတရာ မသိရှိပါကြောင်း ကြေငြာချက်ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ အသိမ်းပိုက်ခံ လေဆိပ်များတွင် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် လေဆိပ်အတွင်း ပိတ်မိနေသည့် နိုင်ငံခြား ခရီးသည်များအတွက် စိတ်ပျက်ထိတ်လန့်စရာ ဖြစ်နေကြသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ကတည်းက လေဆိပ်များ သိမ်းပိုက်ခံထားရမှုများကြောင့် စီးပွားရေးအရ အလွန်အထိနာနေသော်လည်း ထိုင်းစစ်တပ်နှင့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်တို့မှာ နိုင်ငံရေးအရှုပ်အထွေးများအတွင်း ၀င်ရောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */