“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, December 16, 2008

အဆုံးဖြတ်ခက်သမျှ သုံးသပ်ချက်တစ်စနှစ်စ

ကျွန်တော်တို့အတွက် အဆုံးဖြတ်ခက်သမျှ သုံးသပ်ချက်တစ်စနှစ်စ
ဘယ်လိုပါရမီအတိတ်ကံတွေနဲ့ စိတ်သဏ္ဏန်တွေနိုးကြွ စစ်အစိုးရကိုထိုးချဖို့ နိုင်ငံရေးသမားတွေ ဖြစ်လာကြမှ တော့.....။
ယခုတလော နိုင်ငံရေးဒီရေ အီနေချိန်မှာ ရန်သူဖက်ကအကွက်စေ့နေသလောက် ကျွန်တော်တို့ဖက်က အကွက် ပျက် နေကြတယ်လို့မြင်ပါတယ်..။ ခရီဒင်ရှယ်ချဲလင့် လို့ခေါ်တဲ့ မြင်းတစ်ကွက်လောက် ခုန်ကြည့်ဖို့တောင် ငြင်းကြဆိုကြ ထောက်ပြကြနဲ့ ဆုံးဖြတ်ချက်ကို မချနိုင်သေးကြဘူးတဲ့လား။ ဒီလိုနဲ့ အတွင်းအပြင်ချိတ်ဆက်ပြီး အာဏာရှင်အဆိပ်တက်စေဖို့ သပ်ခက်သလို ဖြစ်နေတဲ့ အခြေအနေတွေကြောင့် မြန်မာ့ရေးနိုင်ငံရေးလွင်ပြင်ကို မြူခိုးတွေထိုးဖောက်လို့ နောက် နှစ်နှစ်စာလောက် ဆင်ခြင် ကြည့်မိပါတယ်။

အခု မင်းကိုနိုင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား မြောက်များစွာကို နှစ်ရှည်ထောင်ဒဏ်တွေချ အဝေးထောင်တွေကို အလောတကြီးပို့ ပြောင်ပြောင်တင်းတင်း ဖိနှိပ်ပြီး သူတို့ဒေါက်တိုင်တွေ ခိုင်သည်ထက်ခိုင်အောင် အတွင်းစည်း ကိုလုံ သည်ထက်လုံအောင် (စကားစပ်မိလို့ပြောလိုက်ဦးမယ် ကိုယ်တွေဘက်များ ဒီနေ့ဗျူဟာဆွဲ နောက်နေ့ သတင်းပေါက်တယ် ) စနစ်တကျ စီစဉ်တည်ဆောက်လို့ အရံရဲလို အဖွဲ့မျိုးတောင်ထပ်မံဖွဲ့စည်းပြီး လူ့အခွင့်အ ရေး မှန်သမျှ မဟားတရားချိုးဖောက်နေကြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်အစိုးရဟာ နာမည်အပျက်ခံပြီး အဓိပ္ပါယ်မဲ့လုပ်နေတာမဟုတ်ဘူးလို့ မြင်မိပါတယ်။
ဆက်လက်သုံးသပ်ကြည့်လိုက်တော့ စစ်အစိုးရဟာ သူတို့ရဲ့ပြင်ဆင်မှုတွေ ပြည့်စုံပြီဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကနေ မှတ်ပုံတင်ခွင့်ရှိတဲ့ ပါတီတွေ (သူတို့ လက်ကိုင်တုတ် ရုပ်သေးအဖွဲ့တွေ) ကို ကမ္ဘာသိ ကြေငြာ မယ်။ တဆက်တည်းမှာမဲ ဗုံးခွဲ... တိုက်ခိုက်....ဆူပူ ...ဖောက်ခွဲဆိုတဲ့အချက် ပဉ္ဇလက်တွေနဲ့ NLD ပါတီကို အကြမ်းဖက်ဆိုင်းဘုတ်တပ်ပြီး မတရားအသင်းကြေငြာဖျက်သိမ်းလိုက်မယ် ရွေးကောက်ပွဲကျင်းပဖို့ သုံးလ လောက်အလိုကျမှ ကမ္ဘာက အသံတွေငြိမ်သွားအောင် ဒေါ်စုကိုလွတ် တသီးပုဂ္ဂလအဖြစ်ကမ်းလှမ်း တက်သိ ပညာရှင် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခွင့်ပြုမယ် ဒေါ်စုကလည်း NLD ကဖြစ်တဲ့အတွက် NLD ကိုပဲ ပြန်အသွက်သွင်းမယ် အဲဒီလို လှုပ်ရှားလာရင် အကြမ်းဖက်ဆိုင်းဘုတ်တပ်ပြီးသားဖြစ်တဲ့အတွက် ဒီတခါ ပြတ်ပြတ်သားသားဖမ်းပြီး ထောင်ဒဏ် ဆယ်သက်စာလောက်ချလို့ အင်းစိန်ကိုတန်းပို့လိုက်မယ်.။ ဒါဆို ဒေါ်စု ဘာလုပ်နိုင်မလည်း။ ပြည်ပထွက်လိုက်ရင်လည်း ပြည်တွင်းအား ဆုံးရှုံးသွားမယ် သူတို့ကို ပူးသတ်ဖို့ တော့စိတ်မကူးနဲ့ ပါလီမန်ထဲမှာ တစ်ရာနဲ့ တစ်ယောက်မို့ ဒေါ်စု ငုတ်တုတ်မေ့သွားမယ်။

တိုင်းပြည် အပြင်ဘက်က အင်အားတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ကိုယ့်ဘက်ကဘေးထွက်ဘောတွေများပြီး ရခဲံ့သမျှ ဖရီးကစ်တွေကိုလည်း ဂိုးဝင်အောင်မကန်နိုင်ခဲ့တဲ့ ရာသက်ပန် ၀န်ကြီးချုပ်နဲ့ စင်ပြိုင်အစိုးရဟာ ရူးချင် ယောင်ဆောင်ပြီးတော့ ၂၀၁၀ ကိုစောင့်နေတယ်။ ဘာဖြစ်လို့လဲ အလွန်ကြီးမား တဲ့အ ကြောင်းတစ်ခုရှိတယ။် သူဟာ ၁၉ နှစ်လုံးလုံး စင်ပြိုင်အစိုးရဆိုတဲ့ နာမည်ခံ ထားပေမဲ့ တကယ်တမ်းတော့ အင်္ဂါရပ် တွေမပြည့်စုံသေးတဲ့အတွက် ပြည်ပြေးအစိုးရတစ်မျိုးသာဖြစ်တယ် စစ်အာဏာရှင်ဖန်ဆင်းမဲ့ တရားဝင်အစိုးရ ပေါ်မလာသေးတဲ့အတွက် သူဟာ တကယ်စင်ပြိုင်နေတာမဟုတ်ခဲ့ဘူး။ လုံလောက်တဲ့ ပါလီမန် အမတ် အင် အားလည်း မရှိခဲ့ဘူး။ ၂၀၁၀ ရောက်ရင်တော့ ပြည်တွင်းမှာ စစ်အစိုးရဖန်ဆင်းမဲ့ ကမ္ဘာကို တရားဝင် မှတ်ပုံတင်မဲ့ အစိုးရပေါ်လာမယ် ဒါဆိုရင်သူဟာ တရားမျှတတဲ့ရွေးကောက်ပွဲ ၉၀ ခုနှစ်ရလာဒ်ဆိုတဲ့ ထိုင်ခုံကို ထိုင်ပြီး တကယ် စစ်မှန်တဲ့ စင်ပြိုင်အစိုးရဖြစ်သွားပြီ။
စစ်အစိုးရကတော့ သူအကွက်နဲ့သူ တစ်ကွက်ပြီးတစ်ကွက် ရွှေ့သွားမှာဖြစ်တယ်။ ၂၀၀၉ ကို မဖြောင့်မရိုး တဲ့နည်းတွေနဲ့ အပြတ်ထိမ်းချုပ်ထားမယ်။ ၂၀၁၀ မှာ အာဏာဝေစုခွဲပွဲ ပြီးရင် တနှစ် လောက်အကြာမှာသဘောထားကြီးစွာနဲ့ မင်းကိုနိုင်တို့ကို ပြန်လွတ်ပေးလိုက်မယ် (လွှတ်ချင်လည်းလွှတ်မယ် မလွှတ်ချင်လည်း မလွှတ်ဘူး)
ဒေါ်စု သူတို့နဲ့မပေါင်းဘူးဆိုရင် နေလိုက်လေ နောက်လေးနှစ် ဒေါ်စုအသက် ၆၉ -၇၀ ...။ ဖွဲ့စည်းပုံအရ ဘာညာ ကွိကွဆိုပြီး တောင်ဝှေးလေးတစ်ချောင်းလက်ဆောင်ပေးလို့ ဘိုးဘွားရိပ်သာပို့လိုက်ရုံပဲ ဒုတိယ သက်တမ်း ရွေးကောက်ပွဲကို ဒေါ်စု အိမ်မက်ထဲမှာပဲ မက်လို့ရမယ်။
ဒီတော့စစ်အာဏာရှင်ကို ဘယ်လိုနည်းနဲ့မှ အခဲမကြေနိုင်တဲ့ ကျွန်တော်တို့အတွက် လူထုလှုပ်ရှားမှု (၈၈ ထက် သာတဲ့ အလွှာပေါင်းစုံ ပါဝင်တဲ့ လှုပ်ရှားမှုကြီး) မှတပါး...ဘာများ တိုက်ကွက်ရှိဦးမှာလည်း ဒီတော့ လောလော ဆယ် ခံစစ်တစ်ခုအနေနဲ့ ကျေးဇူးပြုပြီး ခရီဒင်ရှယ်ချဲလင့် ဆိုတဲ့ မြင်းတစ်ကွက် လောက်ရွေ့လိုက်ပါ။ ပြီးရင် ပြည် တွင်းက ကလေးတွေ လုပ်စရာရှိတာ ဆက်လုပ်ကြပါလိမ့်မယ် အတွင်းအပြင်ချိတ်ဆက်ဖို့က ကျွန်တော် တို့ လူ ငယ်တွေတာဝန်ထားပါ။
ကိုင်း.... ၂၀၀၉ မှာတိုင်းပြည်ရဲ့ကံကြမ္မာ ကို တို့ထိ ဖို့ ကျနော်သုံးသပ်မိသမျှ တင်ပြလိုက်ရပါတယ်...

ဇော်မြင့်

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */