ဇာတိသွေး၊ဇာတိမာန်
ရင်မှာအမှန်ရှိ
မေးမကြည့်နဲ့
ဘေး၊ဘီ၊ဘင်၊တို့ဘိုးဘွား
ထိုခေတ်အခါတွင်မှာ
သူတစ်ပါးကိုကျွန်မခံ
အယူမှန်သင်စိတ်ထား
ထားရှိကြတယ်
မတရားရင်လက်မခံ
ငှက်ကြီးတောင်
မိုးပေါ်တောင်လို့
မီးဖို့ချောင်လက်
တံစဉ်လက်နှင့်
ကလောင်လက်တို့
သွယ်ယှက်ကာဓားကိုကိုင်စွဲ
ရဲခဲ့ကြတယ်
လွတ်လပ်ရေးဆိုတာလဲ
မြင်ခဲ့ဖူးတယ်။
သို့သော်လည်း
အသားထဲကလောက်ထွက်
သူ၇က်စက်လို့
အာဏာမက်ရှုး
အတက်ကြူးသည့် ဘီလူးကို
သာသနာလက်ဦး
သံဃာထူးတို့
ဘာသာလမ်းပြတရားချ
သို့သော်လည်း
ပုလင်မြတ်ဖူးအရသာထူးကို
မက်မောခုံမင်
မထချင်သူ
ဆန်ကောလောက်မှစောက်မနက်
သူရက်စက်တယ်။
ကိုးကွယ်အားထား
မြတ်ဘုရားသား
သံဃာတော်များအား
စက်တင်ဘာ (၂၆ )
အပျက်ဖျောက်ဖို့
လက်ပါးစေ (၇၇)
ရာဇသံသွန်
မာရ်နတ်ကိုဆရာတင်
စွမ်းအားရှင်လည်းပါခဲ့တယ်။
အမျိုးယုတ်တဲ့ ကြံ့ဖွတ်စုတ်လဲ
မာရ်နတ်အားကိုး
စိတ်ရိုင်းဆိုးနှင့်
စဉ်စားညဏ်မဲ့ခဲ့တယ်
ဘ၀င်ရှုးတစ်စု
အာဏာလက်နက်တစ်ခုနဲ့
အကြမ်းဖက်ခါ
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်လို့
ရန်ကုန်မြို့လယ်
ရွှေတိဂုံနယ်ပယ်မှာလေ
သွေးရောင်ဖုံလွှမ်းလို့
တိုင်းပြည်ပျက်သလိုပါပဲ။
သွေးသင်္ကန်းတို့ ကိုကန်ကြောက်
ငရဲမကြောက် ဘာမကြောက်နဲ့
သံဃာနှိပ်စက် လက်နက်
နံပါတ်ဒုတ်ကိုစွဲကိုင်လျှက်
ရဲလည်းရဲကြပေတယ်
သေနတ်တွေတစ်ဖြောင်ဖြောင်ဖောက်
ပြောင်မြောက်ပေတယ်။
ညမထွက်ရအမိန့်ထုတ်
တကယ်ယုတ်ြကပေတယ်
ရွှေဝါသကြား
မိုးကြိုးသွားလဲ
သေနတ်ကိုကြောက်
ဘယ်ကိုရောက်နေ
ငရဲဘုရင်
မြေမျိုးရှင်လည်း
စစ်ဖိနပ်သံတဖြောင်းဖြောင်းအောက်
ဘယ်ကိုရောက်နေ
မုန်တိုင်းအရှင်
နာဂစ်လျှင်လည်း
ဆုံးမဖို့ပြင်
သိုပင်လျှင်လည်း
မာရ်နတ်ထက်ဆိုး
ထိုလူမျိုးတို့
ဘုန်းတခိုးကို
စိုးထိပ်ခြောက်ခြား
လန့်ဖျားဖျားပြီး
နေပြည်တော်မရောက်
လမ်းခွက်လတ်လောက်
ဧရာဝတီအရောက်မှာ
အမျက်ဒေါသ အန်ချရှာ။
အယုတ်လတ်မရွေး
နိုင်ငံသေးတို့အားထားယုံကြ
ကုလသမဂမှလည်း
ကြွချီလာပြီး
ဂမ္ဘာရီတဲ့
လာပါသော်လည်း
လာတာပဲရှိ
လိမ်ခံမိဖို့ လာတာမို့ 
လာပင်လာငြားမထူးခြား
ထိုသို ကြောင့်ပင်
ငါတို့အရှင်သည်
ငါတို့ပြည်သူမို့ငါတို့လွတ်လပ်ခြင်း
ငါတို့ရင်းမယ်
အရိုးပင်ကျေကျေ
အရေးပင်ခမ်းခမ်း
ဘယ်လို့ချောက်ချောက်
ငါတို့မကြောက်ပဲ
ငါတို့ခံယူချက်
ပြည်သူအတွက်မို့
ကြောက်စိတ်ကိုဖျောက်
လူအခွင့်ရေးပန်းတိုင်ရောက်ဖို့
လက်တွဲညီညီ
ရှေ့သို့လှမ်းစို့
ရောင်းရင်းတို့ 
(အမှန်တရားအတွက် စွန့်ရဲရတယ်)
@ဖြန့်ဝေပေးပါ မျိုးချစ်စိတ်ဓာတ်ရှိတဲ့လူတိုင်း@
မှတ်ချက်။ ။ ရေးသူ အမည်မဲ့ မျိုးချစ်တဦး ဖြစ်ပါတယ်။ အမည်မသိပါ။
Monday, December 01, 2008
"ငါတို့ ပေါင် ၊ငါတို့ လှန်ထောင်းစို့ "
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment