“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, December 15, 2008

အစိုးရ ၀န်ထမ်းများ လစာ မလုံလောက် သဖြင့် လူထံမှ အကောက်ဂိတ်များ ဖွင့်လှစ်ပြီး ငွေကောက်ခံ

12/15/2008

မောင်ရမ္မာ(နိရဉ္စရာ ရခိုင်ပြည်နယ် အတွင်း တာဝန်ကျနေသော အစိုးရ ၀န်ထမ်းများ အနေဖြင့် အစိုးရမှ ထုတ်ပေးသော လစာဖြင့် မိသားစု စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်သဖြင့် နည်းမျိုးစုံဖြင့် ဒေသအတွင်း ပြည်သူများထံက ငွေကြေးများ ကောက်ခံပြီး မိသားစု စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းနေကြသည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရမ်းချောင်း အတွင်း ဒေသဆိုင်ရာ စစ်တပ် အာဏာပိုင်များနှင့် သစ်တောဌာနများမှ ပူပေါင်း အကောက်ဂိတ် ၄ ခုကို ဖွင့်လှစ်ပြီး တောတောင်ကို မှီ၍ လုပ်ကိုင် စားသောက်နေသူ ဒေသခံ ပြည်သူများထံမှ ငွေကောက်ခံ

နေကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ၀ါးကုန်သည် တဦးက “ ခုလို ဂိတ် ၄ ဂိတ်ကို ဖွင့်လှစ်ပြီး ငွေကောက်ခံနေတဲ့ အတွက် ရမ်းချောင်း တလျှောက် လုပ်ကိုင် စားသောက်နေကြတဲ့ ပြည်သူလူထုတွေ အကုန်လုံး ဒုက္ခရောက်နေကြရပါတယ်။ တိုင်ကြားမယ့် နေရာလည်း မရှိဘူး။ တိုင်ကြားရင်းလည်း ရိုက်ပုတ် ညဉ်းဆဲမှုကို ခံရမယ်ဆိုတော့ သူတို့တောင်းသမျှ လူထုတွေက ပေးနေကြရပါတယ်။ ချောင်းဖျားက ဆင်းလာတဲ့ ၀ါး၊ သစ်၊ စပါး၊ ၀က်၊ ကြက် စတဲ့ ကုန်ပစ္စည်း အကုန်လုံးက သူတို့ အကောက် ကောက်ပါတယ် ”ဟု ပြောသည်။

အဆိုပါ ဖွင်လှစ်ထားသော အကောက်ဂိတ် ၄ ခုနှင့် တာဝန်ကျ အရာရှိများမှာ ရာဘရွာ အကောက်ဂိတ်တွင် ဒုအရာခံ ခိုင်အေး၊ ရန်အောင်ပြင် အကောက်ဂိတ်တွင် ခလရ ၅၄၀ တက်မှ တပ်ကြပ်ကြီး အောင်နိုင်ဝင်း၊ ဘာအီရွာ အကောက်ဂိတ်တွင် သစ်တောဌာနမှ ဦးမောင်ထွန်းစိန်နှင့် တောင်ကျပ်ဂိတ်တွင် ခမရ ၃၇၉ မှ ဒုဗိုလ် သန်းဇော်နှင့် ကျောက်တော် တပ်မဂိတ်မှ တပ်ကြပ်ကြီး လှစိန်တို့က ကောက်ခံနေသည်ဟု သူက ပြောသည်။

အဆိုပါဒေသ အတွင်းရှိ ဒေသခံပြည်သူများမှာ သစ်ခုတ်၊ ၀ါးခုတ်၊ တောင်ယာလုပ်ငန်း၊ ဥယျဉ်ခြံမြေ လုပ်ငန်းများဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေရသူများဖြစ်ပြီး သူတို့ထံမှ ၀ါးအလုံး ၁၀၀ လျှင် ကျပ်ငွေ ၂၀၀၊ သစ်တတန်လျှင် ၅၀၀၀ ကျပ်နှင့် တခြား လူသုံးကုန်ပစ္စည်းများ ဖြစ်ကြသည့် ထင်း၊ ဟင်းသီးဟင်းရွက်၊ ကြက်၊ ၀က်များကို လည်း အရေအတွက်အလိုက် ငွေကောက်ခံနေခြင်း ဖြစ်သည်။

၎င်းအပြင် ညဥ့်အချိန် သွားလာသော သစ်ဖေါင်၊ ၀ါးဖေါင်များကို တွေ့ရှိလျှင်လည်း အကောက်ဂိတ်ကို ရှောင်ပြီး သွားလာသည်ဟု စွပ်စွဲပြီး အပြီးပိုင် သိမ်းပိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ အကောက်ခွန်ဂိတ်များ ဖွင့်လှစ်ပြီး ငွေများကောက်ခံနေခြင်းကြောင့် ဒေသခံ ပြည်သူများမှာ အခက်အခဲကြုံတွေ့နေရသည့် အပြင် ရင်းချောင်း ဆည်တည်ဆောက်မည့် စီမံကိန်းများကြောင့် ရွာပြောင်းရွှေ့မှုများ ဖြစ်ပေါ်လာမည်ကို လူထု အတွင်း အထူး စိုးရိမ်နေကြောင်း သိရသည်။

အလားတူ မြောက်ဦးမြို့နယ် လေညှင်းတောင် ရဲဘက်စခန်းမှ ရဲသားများ အနေဖြင့်လည်း လေးမြို့မြစ်တွင် တွေ့ရှိသော သစ်ဖေါင် ၀ါးဖေါင်များကို ဖမ်းဆီးကာ ကျပ်ငွေ ၅၀၀၀ မှ ၁၀၀၀၀ ထိ ကောက်ခံ နေကြောင်း စုံစမ်းသိရှိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */