11 08 - 09:59
ကျူးဘားနိုင်ငံ၊ ဂွာတီနာမို စစ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထားသည့် အကျဉ်းသား(၅)ဦးက ၎င်းတို့သည် သမိုင်းဝင် (၉/၁၁)ဖြစ်ရပ်ဆိုးကြီးအတွက် အပြစ်ရှိကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။ (၂၀၀၁)ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ ကမ္ဘာ့ကုန်သွယ်မှု ဗဟိုဘဏ် အဆောက်အအုံနှစ်ခုအား လေယာဉ်နှစ်စင်းကို အနုကြမ်းစီးပြီး အသေခံဝင်တိုက်ခဲ့မှုအတွက် ၎င်းတို့အနေနှင့် ကြိုးကိုင်ညွန်ကြားခဲ့ကြောင်း အဆိုပါ ရာဇ၀တ်သားများက ၀န်ခံခဲ့သည်။ ထိုအဖြစ်အပျက်အတွင်း လူအများအပြား သေဆုံးခဲ့မှုအတွက် စိတ်မကောင်း မဖြစ်မိပါဟု အကြမ်းဖက်သမား တစ်ဦးဖြစ်သော ခါလစ်ရှိတ် မိုဟာမက်က ပြောကြားသွားသည်။
(ဂွာတာနာမိုစစ်အကျဉ်းစခန်း)
အကြိုစစ်ဆေးမှု တစ်ခုတွင် ခါလစ်က ယခုကဲ့သို့ ၀န်ခံခဲ့ခြင်းဖြစ်ပြီး ကမ္ဘာသိသတင်းအနေဖြင့် ထုတ်ပြန်နိုင်ရေးအတွက် တရားဝင်စစ်ဆေးမှုတစ်ခု ပြုလုပ်ရန် ရာဇ၀တ်သားများက တောင်းဆိုလိုက်ပြီး ထိုတရားခွင်တွင် အလုံးစုံဝန်ခံမှု ပြုလုပ်မည်ဟု ပြောကြားသွားသည်။ အမေရိကန်နိုင်ငံ သမိုင်းတလျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုကြီး တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည့် အဆိုပါလုပ်ရပ်အား ကျူးလွန်ခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း အကျဉ်းသား (၅)ဦးလုံးက ထွက်ဆိုခဲ့သည်။ အမြွာညီနောင် အဆောက်အအုံကြီးများ ပျက်စီးပြိုကျမှုကြောင့် အနည်းဆုံး လူပေါင်း(၃၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့ကြသည်။ ဖမ်းဆီးခံထားရသည့် အကြမ်းဖက်သမားများသည် အယ်လ်ကေးဒါးနှင့် ဆက်စပ်နေကြပြီး ဘုရှ်အစိုးရအား အလွန်ရွံမုန်းနေကြကြောင်း ပန်တဂွန် စစ်ဌာနချုပ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
(၉/၁၁ အကြမ်းဖက်တိုက်ခိုက်ခံရမှု)
၎င်းတို့သည် ယုံကြည်ချက်အတွက် အသက်ကိုပင် စွန့်လွှတ်ထားပြီးဖြစ်သည်ဟု ကြွေးကြော်နေကြပြီး အသက်(၄၄)နှစ်ရှိ ခါလစ်က ယခုလုပ်ရပ်ကြီး အောင်မြင်ပြီးမြောက်မှုအတွက် အလွန်ကျေနပ်မိကြောင်း၊ အမေရိကန်သည် ပျက်စီးကိန်း ဆိုက်နေပြီဖြစ်ကြောင်း ကြုံးဝါးသွားသည်။ ၎င်းတို့အား စစ်ခုံရုံးတင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပန်တဂွန်စစ်ဌာနချုပ်က အတည်ပြု ပြောဆိုထားသည်။
Thursday, December 11, 2008
ဂွာတာနာမိုအကျဉ်းသား(၅)ဦး (၉/၁၁)အကြမ်းဖက်တိုက်ခိုက်မှုကို ဝန်ခံလိုက်ပြီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment