“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 16, 2011

မြန်မာပြည်အပေါ် လွှမ်းမိုးလာနေသော တရုတ်ပြည် - အပိုင်း (၁) to (၄)

http://www.photayokeking.org/policylaw/research/513-myanma-pyi-apaw-lawn-mu-ladaw-tayoke
၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီးတပ်မတော်မှ ပြန်လည်
အာဏာသိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ-နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို
အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။
ပည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့
မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက်

ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -

၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ
လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို

ထိန်းသိမ်းရေး။
၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
၎။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏

လုံခြုံရေး။
၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို
နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။
၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်
ထိန်းသိမ်းရေး။ (ယခုလည်း တပ်မတော်

ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်ကို
သွားရောက်မယ်လို့ သတင်းထွက်နေပါတယ်။)

၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့
ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ

မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေး။

[B]တရုတ်ပြည်ရဲ့ မဟာဗျူဟာကတော့ ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်ပြီး
မြန်မာနိုင်ငံကို ဆက်ဆံနေတယ်လို့

သုံးသပ်ရပါတယ်။[/B]

တရုတ်ပြည်ဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာတဲ့အတွက်ကြောင့် လောင်စာ
စွမ်းအင်တွေပိုပြီး လိုအပ်လာပါတယ်။

လောင်စာစွမ်းအင်ဟာ ပြည်ပက တင်သွင်းနေရတဲ့အပေါ်မှာ မှီခိုနေရမှုက ၂၀၂၀
ခုနှစ်မှာ ၆၀% ရှိလာမယ်လို့ ဆိုပါတယ်။

ဒီရေနံတင်သွင်းတာရဲ့ ၈၀% ဟာ မလက္ကာရေလက်ကြားက တဆင့် ဖြတ်နေရပါတယ်။

မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီး ထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ
၂.၅၄ ထရီလီယံကုဗမီတာရှိရာမှာ

တရုတ်ပြည်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပမာဏနဲ့ ညီမျှပါတယ်။
ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့

ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိနေပါတယ်။


အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တွေက
တရုတ်ပြည်ကို ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ

တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေ
လုပ်ဆောင်လာစေဖို့ တွန်းအား ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် စီးပွားရေး တိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ
ကုန်ချောတစ်ပိုင်း ထုတ်ကုန်တွေ ထောက်ပံ့တဲ့

အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ ကုန်ကြမ်း ရေသောက်မြစ် ရရာဒေသ
ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့်

စရိတ်စကနည်းတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေး
လုပ်ငန်းတွေအတွက် မုချ အကျိုးရှိစေတာ

ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ရေး လမ်းကြောင်း
ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့

ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချ ဖြစ်သွားစေတဲ့ အဓိက
အကြောင်းရင်း ဖြစ်ပါတယ်။ ဗန်းမော် - ရန်ကုန်

ဧရာဝတီမြစ်ကြောင်းနဲ့ ရန်ုကုန် သီလဝါဆိပ်ကမ်းကို ယူနန်ပြည်နယ်ရဲ့
ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့

စီစဉ်လာတာဟာလည်း မြန်မာ - တရုတ် ပူးပေါင်း ဆောင်ရွက်မှုများထဲက
မဟာဗျူဟာကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။


မြန်မာပြည်အပေါ် လွှမ်းမိုးလာနေသော တရုတ်ပြည် - အပိုင်း (၂)
http://www.photayokeking.org/policylaw/research/521-myanma-pyi-apaw-lawn-mu-ladaw-tayoke-part-2
တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေ

တရုတ်နိုင်ငံရဲ့ ၀ါးမျိုလာမှု အခြေအနေကတော့ သမိုင်းကြောင်းနဲ့ချီပြီး
ပြန်ပြောရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး

အနောက်နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု
အကူအညီတွေ ရရေးဟာ မြန်မာနိုင်ငံရဲ့

နိုင်ငံခြားအကူအညီတွေမှာ အကြီးဆုံးရေသောက်မြစ် ဖြစ်လာပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ

ထောက်ပံ့သလိုဘဲ ဗဟိုအစိုးရက ထောက်ပံ့တဲ့ပုံစံ၊ ဗဟိုဘဏ်မှတဆင့်
အတိုးမဲ့ချေးငွေပုံစံ၊ အထူးလျှော့ပေးတဲ့

အတိုးနှုန်းချေးငွေပုံစံ၊ ကြွေးမြီလျှော့ပေါ့တဲ့ပုံစံ၊ ကုမ္ပဏီများကတဆင့်
ချေးငွေတွေနဲ့ ပုံသဏ္ဍန်အမျိုးမျိုး

ကူညီထောက်ပံ့နေပါတယ်။ တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုက
စိတ်ရင်းစေတနာကောင်းဟန်ပြသော်လဲ နောက်ကွယ်တွင်

သြဇာလွှမ်းမိုးမှု အကြံအစည် ရှိနေပါတယ်။ မြန်မာနိုင်ငံအပေါ်
တရုတ်နိုင်ငံကျင့်သုံးနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး

မူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာဘဲ အခြေပြုထားကြောင်း
ရှင်းလင်းလှပါတယ်။ မြန်မာပြည်က

သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ် အစိုးရကို နိုင်ငံရေး၊
စစ်ရေး၊ စီးပွားရေး၊

ငွေကြေးအထောက်အကူတွေ အများကြီးပေးအပ်ခဲ့ပါတယ်။ မြန်မာ့စွမ်းအင်ကဏ္ဍမှာ
အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီပြီး

ရင်းနှီးမြူပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့
ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်က စမယ်ဆိုရင် မြန်မာနိုင်ငံမှာ
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းဟာ ဒေါ်လာ ၂၀ ဘီလျံကျော်
ရှိပါပြီ။ ဒီအထဲမှာ

၁၂.၃၂ ဘီလျံဟာ တရုတ်ပြည်ကလာပြီး ထိုင်းနိုင်ငံက ၉.၅၆ ဘီလျံနဲ့
ဒုတိယလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ

စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်
ရင်းနှီးမြုပ်နှံလျက်ရှိတဲ့ တရုတ်ကုမ္ပဏီပေါင်း ၁၇၃ ခု ရှိလာပြီး

အဲဒီကုမ္ပဏီတွေရဲ့ စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁
ဒသမ ၂၃၂၄ ထရီလီယံ အထိ ရှိနေပါတယ်။

ဒါကြောင့် အခုဆိုရင် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏမှာ
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၃၈ ဒသမ ၅၆

ရာခိုင်နှုန်းကျော် ရှိနေပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုပမာဏ
အများဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ ဒါ့ပြင် တရုတ်ပြည်ဟာ

မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေပုံစံနဲ့ ဘဏ္ဍာရေးအကူအညီပေးတာတွေ၊
နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့

စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝသယံဇာတပစ္စည်း ရှာဖွေရေး ဘက်တွေမှာလဲ

အကြီးအကျယ်ရင်းနှီးမြုပ်နှံလာခဲ့တယ် ဆိုတာ တွေ့ရပါတယ်။ ဒီလိုနဲ့
တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ

ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ၊
စီးပွားရေးမြုပ်နှံမှုတွေ တစတစ

တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့နိုင်ငံရေး ပင်မအသက် သွေးကြော
နေရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း

ချဉ်းနင်းဝင်ရောက်လာနေပါတယ်။ ၁၉၈၈ နှောင်းပိုင်ကစလို့ စစ်အစိုးရဟာ
လွတ်လပ်တဲ့ ကုန်သွယ်ရေးမူဝါဒကို

စတင်ပြောင်းလဲခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ ချုပ်ကိုင်မှုတွေကို လျှော့ချလိုက်လို့
ကုန်သွယ်ရေး ပမာဏဟာ အဆမတန်

တိုးတက်ခဲ့ပါတယ်။

ဒါ့ပြင် အမျိုးသား စီးပွားရေးမှာ ပုဂ္ဂလိကကဏ္ဍ ပါဝင်တာကိုအားပေးတဲ့
ဈေးကွက်စီးပွားရေးကို ပြဋ္ဌာန်းလိုက်တဲ့အတွက်

တရုတ်လုပ် စက်ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေဟာ မြန်မာ့ဈေးကွက်ထဲ
ဒလဟောလှိမ့်ဝင်လာပါတော့တယ်။

အဲဒီအချိန်ကစပြီး တရုတ်ပြည်ဟာ မြန်မာပြည်စားသုံးသူတွေအတွက်
အဓိကထောက်ပံ့သူ ဖြစ်လာပါတော့တယ်။

မြန်မာပြည်ကနေ တရုတ်ပြည်ကိုပို့တာတွေက သစ်၊ ကျွန်း၊ ကျောက်မျက်၊
ပင်လယ်စာ၊ စကျင်ကျောက်၊ မီးသွေးနဲ့

နီကယ်တွေဖြစ်ပြီး တင်ပို့တဲ့ပစ္စည်းတွေထဲမှာ သစ်တင်ပို့မှုက
ထိပ်ဆုံးကဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ တရုတ်ပြည်က

ဒေါ်လာသန်း ၂၅၀ ဖိုးနဲ့ ၂၀၀၅ ခုနှစ်မှာ ဒေါ်လာသန်း ၃၅၀ ဖိုးဝယ်ယူခဲ့ပါတယ်။
မြန်မာပြည်ကို သွင်းတဲ့ကုန်တွေကတော့

အီလက်ထရောနစ်ပစ္စည်းတွေ၊ အကြီးစားဆောက်လုပ်ရေးစက်တွေ၊ ဓါတ်
အားလိုင်းကြိုးတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊

အိမ်သုံးပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ လယ်
ယာသုံးစက်တွေ၊ နည်းပညာတွေဖြစ်ပါတယ်။

မြန်မာပြည်ကလဲ တရုတ်ပြည်ကို အသား၊ နို့ထွက်ပစ္စည်း၊ စိုက်ပျိုး
ရေးထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တု၊ ရာဘာ၊ ကျွန်းသစ်နဲ့

အဖိုးတန် ကျောက်မျက်ရတနာအပါအ၀င် ပစ္စည်း ၅၉၆ မျိုး တင်ပို့ဖို့ သတ်မှတ်ထားပါတယ်။

ဒါ့ပြင် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် အများစုမှာလဲ တရုတ်စက်ရုံ
အများအပြား ရှိနေပြီး အများစုက အထည်ချုပ်လုပ်ငန်း၊

ပလတ်စတစ်ပစ္စည်းလုပ်ငန်းနဲ့ အခြားဓာတုပစ္စည်းလုပ်ငန်းတွေ ဖြစ်ပါတယ်။ ၂၀၁၀
ပြည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၄၂၇ သန်း အထိ ရှိလာပြီး
ယခင်နှစ်ကထက်

ကုန်သွယ်မှုပမာဏ ၅၄ ရာခိုင်နှုန်းကျော် တိုးလာနေပါတယ်။ တရုတ်နိုင်ငံဟာ
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်နိုင်ငံ

ဖြစ်လာနေပါတယ်။ ပုံမှန်ကုန်သွယ်ရေးပမာဏဟာ ဒုတိယအဆင့်မှာ ရှိပြီး
နယ်စပ်ကုန်သွယ်ရေးကတော့ ပထမအဆင့်မှာ

ရှိလာနေပါတယ်လို့ ဒီဇင်ဘာလ တတိယအပတ်အတွင်း ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံထုတ်
စက်မှုထုတ်ကုန်စည်ပြပွဲ(မြန်မာ)

ဖွင့်ပွဲအခမ်းအနားမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနဲ့
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ

ကုန်သွယ်ရေးဖွံ့ဖြိုးမှုဗျူရိုက ဒုတိယညွှန်ကြားရေးမှူးချုပ် ကျားကိုးယုံ
ကိုယ်တိုင် အတည်ပြု ပြောကြားခဲ့ပါတယ်။

မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၃)
http://www.photayokeking.org/policylaw/research/529-china-cover-to-burma-step-by-step
မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေတဲ့
ထိပ်ဆုံးလေးနိုင်ငံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

နိုင်ငံအမည် ပမာဏ (အမေရိကန်ဒေါ်လာ)
ထိုင်း ၃ .၆ ဘီလျံ
တရုတ် ၃.၄၂၇ ဘီလျံ (၂၀၁၀အကုန်စာရင်း)
စင်ကာပူ ၁ .၈၈ ဘီလျံ
အိန္ဒိယ ၁ .၂ ဘီလျံ

တရုတ်လူမျိုးများ ၀င်ရောက်အခြေချ နေထိုင်လာမှု၊ စီးပွားရေးနယ်ပယ်နဲ့
အာဏာပိုင်တွေအကြား လွှမ်းမိုးလာမှုနဲ့

နောက်ဆက်တွဲ ဆိုးကျိုးများစွာ ပေါ်ထွက်ခဲ့ပါတယ်။

တရုတ်လူမျိုးတွေ ဗမာပြည်မှာ အခြေချ နေထိုင်လာတာကတော့ နှစ်ပေါင်းများစွာ
ကြာခဲ့ပြီ ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်

မြစ်ဝ ကျွန်းပေါ်မြို့တွေ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ၊ မြေလတ်ဒေသက
မြို့ကြီးတွေမှာဆို တရုတ်လူမျိုးတွေဟာ

အပေါင်ဆိုင်၊ တရုတ်စားသောက်ဆိုင်၊ အရက်ပုန်းဆိုင်၊ စတိုးဆိုင်လေးတွေ၊
သွားစိုက်ဆိုင်၊ မော်တော်ကား

စက်ပစ္စည်းဆိုင်တွေ လုပ်ကိုင်ကြရင်း မြန်မာပြည် တနံတလျားမှာ
နေထိုင်လာခဲ့တာပါ။ အထူးသဖြင့် ရန်ကုန်တရုတ်တန်းလို

နေရာတွေ၊ မန္တလေးတရုတ်တန်းလို နေရာတွေမှာရှိတဲ့ တရုတ်ကုန်သည်ကြီးတွေက
ဆီနဲ့အခြေခံမီးဖိုချောင်သုံး

စားသောက်ကုန် ပစ္စည်းတွေကို ချုပ်ကိုင်ဖြန့်ဖြူး လုပ်ကိုင်နေပြီး
မြန်မာ့စီးပွားရေးလောကမှာ လွှမ်းမိုး

ချုပ်ကိုင်နေခဲ့တာကတော့ န၀တ မတက်မှီ မဆလခေတ်ကာလ ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၀ ခုနှစ်တွေကစလို့ န၀တအစိုးရနဲ့ တရုတ်အစိုးရတို့
နှစ်နိုင်ငံဆက်ဆံရေး ရွှေလမ်းငွေလမ်း

ဖောက်အပြီးမှာတော့ ရှမ်းပြည်နဲ့မန္တလေးလို အထက်ဗမာပြည် ဒေသတွေမှာ
ယူနန်ပြည်နယ်က တရုတ်လူမျိုးတွေ

ဝင်ရောက်အခြေချ နေထိုင်လာမှုဟာ အရင်ကထက် သိသိသာသာ များပြားလာတာကို တွေ့မြင်ရပါတယ်။

မန္တလေးမှာ တရုတ်အသိုင်းအ၀ိုင်း ကြီးထွားလာတာဟာ ယူနန်ပြည်နယ်က
အသစ်ဝင်လာမယ့် တရုတ်တွေကို

ဆွဲဆောင်နေပါတယ်။ ဒီလူတွေက ဒေသခံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ
ထဲထဲဝင်ဝင် ပါဝင် လုပ်ကိုင်လာနေပါတယ်။

တရုတ်ပိုင် ဟိုတယ်တွေ၊ တည်းခိုရိပ်သာတွေ၊ စားသောက်ဆိုင်တွေ၊
လုပ်ငန်းငယ်ကလေးတွေလည်း တဟုန်ထိုး

တိုးပွားလာနေပါတယ်။ တချိန်တည်းမှာ တရုတ်ပွဲတော်တွေဟာ အခုဆို မြို့တော်ရဲ့
ယဉ်ကျေးမှုပြက္ခဒိန်ထဲမှာ အခိုင်အမာ

နေရာယူဖော်ပြနေပြီး ပုံမှန်ဘဲ ချိမ့်ချိမ့်သဲသဲ ကျင်းပနေကြပါပြီ။
ဒီမြင်ကွင်းတွေက မန္တလေးဆိုတာ ဗမာပြည်ရဲ့

ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းတဲ့မြို့တော်လို့ ပြောလို့မရတော့ဘဲ
ယူနန်ပြည်နယ်က တရုတ်မြို့ကြီးတစ်မြို့လို

ဖြစ်လာနေတဲ့ ပုံရိပ်တွေမို့ တွေးကြည့်ရင် မချိစရာပါ။ စစ်အစိုးရရဲ့
အမျိုးဂုဏ် ဇာတိဂုဏ် မြှင့်တင်ရေးဆိုတာ

လတ်စသတ်တော့ ဒါဘဲလားလို့ မေးစမ်းချင်ပါတယ်။

စီးပွားရေးဖက်မှာ ကြည့်ရင်လည်း တရုတ်ကုန်သည်တွေက ကျောက်စိမ်း
ဈေးနှုန်းကို ကျောက်တန်ဖိုးထက် ၅၀%

လျှော့ပေးပြီး မန္တလေးက အဖိုးတန်ကျောက်မျက်နဲ့ ကျောက်စိမ်းဈေးကွက်ကို
လွှမ်းမိုးဖို့ လုပ်နေတယ်လို့ ဗမာပြည်က

ကျောက်စိမ်းကုန်သည်တွေက ပြောပါတယ်။ တရုတ်အ၀ယ်သမားတွေက
ကျောက်မျက်ဈေးကွက်၊ အထူးသဖြင့်

ကျောက်စိမ်းကုန်သွယ်ရေးကို လုံးဝ ထိန်းချုပ်ထားပါတယ်။ ဒီတော့ အဲဒီမှာ
တန်ဘိုးက ၅၀% ကျော် လျော့သွားပါတယ်။

မန္တလေး ကျောက်မျက်ဈေးကွက်က ကျောက်စိမ်းအများစု၊ ပတ္တမြား၊ နီလာနဲ့
တခြားအဖိုးတန် ကျောက်တွေကို

ကျောက်မျက်အချောထုတ်နေတဲ့ တရုတ်အ၀ယ်သမားတွေက ၀ယ်ပါတယ်လို့ ကျောက်စိမ်း
ကုန်သည်တစ်ဦးက

ပြောပါတယ်။

ဒီလို မန္တလေး စီးပွားရေးလောကမှာ တရုတ်တွေ စတင်လွှမ်းမိုး နေရာယူလာတာကို
စာပေအနုပညာ နယ်ပယ်ကတောင်

အလေးထား ထုတ်ဖော်ပြောဆို တင်ပြမှုတွေ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။

မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၄)
http://www.photayokeking.org/policylaw/research/539-china-cover-to-burma-step-by-step-part-4
၁၉၈၀ ခုနှစ် အလယ်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ နာမည်ကြီး ၀တ္ထုတိုစာရေးဆရာ
ညီပုလေးရဲ့ “စပါးကြီးမြွေ” ဆိုတဲ့ ၀တ္ထုတိုထဲမှာ

ဒီကိစ္စကို အထင်အရှား ထင်ဟပ် ဖော်ပြထားတာ စတင်တွေ့ရပါတယ်။ အလားတူ ၂၀၁၀
အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့

မန္တလေးနှစ် (၁၅၀) ပြည့် အထိမ်းအမှတ် အနေနဲ့ လုပ်ခဲ့တဲ့
အငြိမ့်ပွဲတစ်ခုမှာ နာမည်ကြီး လူရွှင်တော်ကြီး ဦးချစ်ဖွယ်ရဲ့

“မန္တလေးသားစစ်စစ်” ဆိုတဲ့ သရုပ်ဖော် ပြဇာတ်တစ်ခုမှာ မန္တလေးတွင် တရုတ်တွေ
ဘယ်လောက် လွှမ်းနေသလဲဆိုတော့

တရုတ်တွေ အများစုနေတဲ့ ပတ်ဝန်းကျင်ကြီးမှာ မန္တလေးသား ဗမာစစ်စစ်ကြီးက
တရုတ်ကြီးတစ်ယောက်လို

စကားဝဲသွားရတဲ့ ကြေကွဲဖွယ် အဖြစ်သနစ်ကို ဟာသဆန်ဆန် ထုတ်ဖော်
တင်ဆက်သွားတာတွေကိုလည်း အဆက်မပြတ်

တွေ့မြင်နေရပါတယ်။

ဒီလို တရုတ်လူမျိုးတွေ အဆက်မပြတ် ၀င်ရောက်လာနေတာကို သိနေရပေမဲ့လည်း (၁)
သန်းကျော်လောက်ရှိတဲ့ မန္တလေး

လူဦးရေထဲမှာ တရုတ်လူမျိုး အခြေချ ၀င်ရောက်လာသူတွေ ဘယ်လောက်များနေပြီလဲ
ဆိုတာကိုတော့ အတိအကျ

ဘယ်သူမှ မသိကြပါဘူး။ အကြမ်းဖျဉ်း ခန့်မှန်းချက်အရ ဆိုရင်တော့
မန္တလေးတစ်မြို့လုံးမှာရှိတဲ့ လူဦးရေရဲ့ ၃၅% ကနေ

၄၀% လောက်ထိ တရုတ်တွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီတော့ ဒီတရုတ်တွေ ဘယ်လို
စ၀င်လာသလဲဆိုတာကို

ကြည့်ရင် ၁၉၈၄ က လောင်ကျွမ်းခဲ့တဲ့ မန္တလေးမြို့လယ်ခေါင်မီးကြီးနဲ့
စတင်ခဲ့တယ်လို့ဘဲ ပြောဆိုရမှာပါ။ ဒီမီးက အိမ်ခြေ

(၃) ထောင်လောက် ဖျက်ဆီး ပစ်လိုက်တယ်။ လူပေါင်း (၂) သောင်း (၃) ထောင်လောက်
အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။

အဲဒီခေတ်ကတည်းက (မဆလ) အစိုးရမှာ မီးဘေး ဒုက္ခသည်တွေကို
ပြန်လည်ထူထောင်ပေးတဲ့ အာမခံ စီမံကိန်းတွေ

မရှိတော့ မီးလောင်လို့ လစ်လပ်သွားတဲ့ မြေကွက်တွေကို ဗမာတွေက
ပြန်မဆောက်နိုင်ကြတဲ့အခါ တရုတ်တွေဟာ

သိမ်းကြုံး ၀ယ်ယူပါတော့တယ်။ ဒီလိုနဲ့ မူလ ဗမာ၊ မန္တလေးသားတွေက
မြို့ပြင်ကွက်သစ်တွေကို ရောက်သွားပြီး မြို့လယ်မှာ

တရုတ်တွေ စတင် လွှမ်းမိုးလာပါတော့တယ်။

ဒီကနေ့ မန္တလေးတစ်မြို့လုံးမှာ ဘယ်နေရာကြည့်ကြည့် တရုတ်ပိုင်
အဆောက်အဦးတွေချည်းဘဲလို့ နာမည်ကြီး စာရေးဆရာ

ကျော်ရင်မြင့်က ပြောပါတယ်။ ပြည့်တန်ဆာခန်းတွေနဲ့ ညကပွဲရုံတွေ
အများစုကလည်း တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်

လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ တရုတ်ဘုရားကျောင်းကစလို့
တရုတ်ကုန်တိုက်ကြီးတွေ အထိ မန္တလေးရဲ့ လူမှုဘ၀ပုံရိပ်မှာ

တရုတ်ယဉ်ကျေးမှုက လွှမ်းမိုး သက်ရောက်လာနေတယ်။ မြန်မာမိန်းကလေးတွေနဲ့ တရုတ်တွေရဲ့

လက်ထပ်ထိမ်းမြားမှုတွေက တိုးမြင့်လာနေပြီး မင်္ဂလာပွဲတွေမှာတောင်မှ တရုတ်
ဓလေ့ ထုံးတမ်းစဉ်လာတွေဟာ

လွှမ်းမိုးလာနေတယ်။

ဒါတွေကို ဒေသခံတွေက စိတ်မသက်မသာနဲ့ လက်ပိုက် ကြည့်နေကြရတယ်။
မန္တလေးရဲ့ဘ၀တွေကို တရုတ်တွေနဲ့

တရုတ်-ဗမာ ကပြားတွေက လွှမ်းမိုးသွားမယ့် နေ့၊ ရက်တွေကို နာမည်ကျော်
စာရေးဆရာ ကျော်ရင်မြင့်ကတော့

ကြိုတင်မြင်နေပြီး သက်မ ချနေရတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဈေးပေါပေါနဲ့
ဝယ်လို့ရတဲ့ တရုတ်လုပ် မော်တော်ဆိုင်ကယ်

တွေကလည်း မန္တလေးမြို့ပေါ်မှာ အစင်းရေ (၂) သိန်းခွဲ (၃) သိန်း လောက်ထိ
ရှိလာပြီး မော်တော်ဆိုင်ကယ်သံတွေနဲ့

မန္တလေးမြို့ကြီးဟာ ဆူညံနေပါတော့တယ်။ ဒီဆိုင်ကယ်တွေရဲ့ အရည်အသွေးကလည်း
အကြမ်းမခံဘဲ စီးနေရင်း

ရှေ့ဖောက်ကျိုးသွားပြီး မောင်းသူအတော်များများ အသက်ဆုံးရှုံးရတဲ့
ဖြစ်စဉ်တွေလဲ မကြာခဏဆိုသလို ကြားနေရပါတယ်။

ဒါတွေက စစ်အာဏာရှင်ကြီးတွေရဲ့ တရားအားထုတ်(တရုတ်အားထား) နေတဲ့
ပေါ်လစီအောက်မှာ အာဏာပိုင်တွေရဲ့

ငွေရရင် ဘာမဆို လုပ်မယ်ဆိုတဲ့ အဂတိလိုက်စားမှုနဲ့ ယဉ်ပါးနေတဲ့
အကျင့်ဆိုးတွေကြောင့် မန္တလေးမှာ တရုတ်တွေ

လွှမ်းလာတာ ဖြစ်ပါတယ်။ ငွေရှိတဲ့တရုတ်တွေ မြို့ထဲဝင်လာတော့ ငမွဲဒေသခံတွေက
မြို့ပြင်ထွက်သွားရတယ်။ ငွေရှိတဲ့

တရုတ်တွေ ရောက်လာတော့ မျိုးမျိုးမြက်မြက် လာဘ်လာဘတွေ ရနေလေတော့ တရုတ်တွေ
ရောက်လာတာ၊

များလာတာကို အာဏာပိုင်တွေက ၀မ်းတောင်သာကြပါသေးတယ်လို့ အရပ်သားတွေက
ပြောဆိုနေကြပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း ရွှေလီမြစ်ရိုး အနီးက တကောင်းမြို့နဲ့
မြတောင်ရွာအကြားမှာ ဆောက်လုပ်နေတဲ့ နီကယ်စက်ရုံမှာ

စက်ရုံဆောက်တဲ့ အလုပ်သမားကအစ တခါတည်း တရုတ်က ခေါ်လာတာ၊ (၂၀၀၀) လောက်
ရှိတယ်လို့ ဆိုပါတယ်။

ဒေသထဲကို ဒီလို တရုတ်လူမျိုး အများအပြား ရောက်ရှိနေတဲ့အတွက် ဒေသအတွင်းမှာ
လောင်းကစားဝိုင်းတွေ၊

ပြည့်တန်ဆာလုပ်ငန်းတွေ ပေါများလာပြီး မြန်မာလူငယ်တွေနဲ့
အမျိုးသမီးများအကြား လူမှုရေးနဲ့ အကျင့်စာရိတ္တ

ပျက်ပြားမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နေတာတွေလဲ မကြားချင်အဆုံး
ဖြစ်လို့နေပါတယ်။

ဒီအခြေအနေတွေ မျိုးစုံအောက်မှာ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၇ ရက်၊
တနင်္ဂနွေနေ့ မနက်ခင်းတစ်ခုမှာတော့

မန္တလေးမှာနေတဲ့ တရုတ်ကောင်စစ်ဝန် တစ်ယောက်ကို ဘယ်သူမှန်း မသိတဲ့
မော်တော်ဆိုင်ကယ် စီးသမားတစ်ယောက်က

သေနတ်နဲ့ ပစ်ခတ်သွားတဲ့ အမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ သံရုံးကို
ကျည်ဆံအတော်များများ မှန်ပေမဲ့ တစ်ယောက်မှတော့

ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ ဒါက အဲဒီအချိန်ကတည်းက မန္တလေးမှာ တရုတ်တွေ
တွင်ကျယ် လွှမ်းမိုးလာနေတာကို

မကျေနပ်တဲ့ လက္ခဏာကို ဖော်ပြတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလဲ အလားတူဆန်တဲ့ အဖြစ်အပျက်တစ်ခု
ပေါ်ပေါက်ခဲ့ပါသေးတယ်။ အဲဒါကတော့ မန္တလေးမြို့တော်ဝန်

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်ရဲ့ ရုံးခန်းထဲကို တရုတ်လင်မယား (၂) ဦး က
ဘောင်းဘီတိုနဲ့ စွပ်ကျယ်ဝတ်ပြီး ၀င်လာတော့

မြို့တော်ဝန် ဗိုလ်မှူးချုပ်က ၀န်ထမ်းအများရှေ့မှာ အရှက်ရပြီး
မောင်းထုတ်ခဲ့ရတဲ့ အဖြစ်ပျက်ကလေးပါ။

နောက်ကွယ်မှာတော့ ဒီတရုတ်လင်မယား (၂) ဦးက မြို့တော်ဝန်ကြီးကို ဘယ်လောက်
ပေးကမ်းခွံ့ကျွေးနေသလဲ

ဆိုတာကိုတော့ ကာယကံရှင်တွေ ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါ့ပြင် ပြီးခဲ့တဲ့နှစ် ရန်ကုန်မြို့ တရုတ်သံရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့
တရုတ်နှစ်သစ်ကူးပွဲတော်မှာ နအဖ ကောင်စီဝင်၊ ကစထမှူး

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကိုယ်တိုင် တက်ရောက် အားပေးချီမြှင့်ခဲ့ပြီး
တရုတ်ရိုးရာလက်ဆောင် (အန်ပေါင်း)

ပေးတာတွေကို လက်ခံ ရယူတာမျိုးတွေ တွေ့လာရပါတယ်။ ဒါတွေက တရားမ၀င်
လာဘ်လာဘယူနည်း တစ်မျိုးလည်း

ဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးပွဲတော်မှာ တက်ရောက်လာသူတွေကတော့ မြန်မာပြည်မှာ
အခြေစိုက် သတင်းယူနေတဲ့

တရုတ်သတင်းထောက် (၂၀၀) ကျော်၊ ဒီမှာကျောင်းတက်နေတဲ့ တရုတ်ကျောင်းသားတွေ၊
မြန်မာပြည်မှာ အခြေစိုက်

လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီပေါင်းများစွာက ကိုယ်စားလှယ်တွေ၊
တရုတ်စီးပွားရေး အသိုင်းအ၀ိုင်းက လူကြီးတွေ

အများအပြား တက်ရောက်လာခဲ့ပါတယ်။

အရင် မဆလခေတ်ကတောင် မတွေ့မမြင်ရတဲ့ မြင်ကွင်းသစ်တွေ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင်

တက်ရောက်မချီးမြှင့်တာဘဲ ကျန်ပါတော့တယ်။ ရန်ကုန်မြို့ (၁၉) လမ်း
တရုတ်တန်းတ၀ိုက်မှာ ဗမာစကား

လုံးဝမတတ်သည့် တရုတ်လူမျိုးများ တွေ့ရှိရပါတယ်။ မူရင်းဇစ်မြစ် စသည်မှာ
န၀တ အစိုးရလက်ထက်ကပင်

ကိုးကန့်လူမျိုးအား တိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုပြီး
မှတ်ပုံတင် ထုတ်ပေးသည်မှစကာ ယူနန်ပြည်နယ်မှ

တရုတ်လူမျိုးများ ထောင်သောင်းချီပြီး လူဦးရေ ၀ါးမျိုမှု စတင်လာခဲ့ခြင်း ဖြစ်ပါတယ်။

မန္တလေးမှာဆိုလဲ အရှေ့တိုင်းစားသောက်ဆိုင်မှာ ကျင်းပခဲ့တဲ့
တရုတ်နှစ်သစ်ကူးပွဲတော်မှာ အလယ်ပိုင်းတိုင်း တိုင်းမှူး

ဗိုလ်ချုပ်တင်ငွေနဲ့ မြို့တော်ဝန် ဗိုလ်မှူးချုပ်
ဖုန်းဇော်ဟန်တို့ကိုယ်တိုင် အရေးတယူ တက်ရောက် ချီးမြှင့်ခဲ့တာကို

တွေ့မြင်နေရပါတယ်။ ဒီပွဲမှာလည်း မန္တလေးမှာ ဖွင့်ထားတဲ့ တရုတ်ကျောင်းက
ကိုယ်စားလှယ်တွေ၊ တရုတ်အသိုင်းအ၀ိုင်းက

လူကြီးတွေ၊ မြန်မာပြည်မှာ စာလာသင်နေတဲ့ ပြည်ကြီးက ကျောင်းသားတွေနဲ့
အလုပ်လာလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေက

လူတွေ၊ တရုတ်မြန်မာနယ်စပ်မှ တရုတ်အသိုင်းအ၀ိုင်းက လူကြီးတွေ စုစုပေါင်း
(၄၀၀) ကျော်လောက် တက်ရောက်ပြီး

ဝှဲချီးကျင်းပခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
တရုတ် စီးပွားကျွန် ဖြစ်လာမယ့် မြန်မာနိုင်ငံ
http://www.voanews.com/burmese/news/democracy-forum/burma_forum_05-29-2011-122813404.html
ဦးသန်းလွင်ထွန်း ။ ။ သမ္မတသစ် ဦးသိန်းစိန်ရဲ့  တရုတ်နိုင်ငံခရီးစဉ်ဟာ
အရပ်သားအမည်ခံ မြန်မာအစိုးရသစ် အနေနဲ့

တရုတ်နိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး အစစအရာရာ
မှီခိုအားထားပါတယ်ဆိုတဲ့ မပြောင်းလဲတဲ့

နိုင်ငံရေးခြားရေး မူဝါဒကို ပြသလိုက်တယ်ဆိုတဲ့သဘောပဲလို့ လေ့လာသူတွေက
ရှုမြင်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို

့မှာရှိနေတဲ့ မြန်မာ့အရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်း ကို
ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့  ရေရှည်ပေါ်လစီရဲ
့ အရေးပါတဲ့နေရာမှာ ပါပါတယ်။ ဆိုတော့ ဒါကို

သူတို့အကောင်အထည်ဖော်တာပဲ။ အဲဒါ ကျနော် ဘာကိုဆိုလိုတာလည်းဆိုရင် အမေရိကန်
စူပါ ပါဝါအနေနဲ့

အာဏာရှိလာချိန်မှာ အမေရိကန်အလယ်ပိုင်းနဲ့ တောင်အမေရိကဟာ ငါရဲ့ 
ရပ်ကွက်ပဲလို့ ကြေညာပြီးတော့ ဒီဟာကို သူတို့

မောင်ပိုင်စီးတယ်။ သဘောက သူတို့ရဲ့  အာဏာကို သူတို့ထုတ်ပြတာပေါ့။
တရုတ်ကလည်း အခုအခါမှာ ကြည့်လို့ရှိရင်

စီးပွားရေးအရ ဒုတိယဖြစ်လာပြီ။ စစ်ရေးအရလည်း ဒုတိယ ဖြစ်လာပြီ။ အဲဒီလို
ရှိလာတဲ့အခြေအနေတွေကို တိုးချဲ့ တာပေါ့။

သူတို့ရဲ့  အာဏာကို ပြတာပေါ့။ အဲဒီလို့ ပြတဲ့အချိန်မှာ တရုတ်က
ဘာရူးလာလည်းဆိုတော့ အမေရိကန်က သူတို့ကို

ဝိုင်းမှာကြောက်တော့ တရုတ်က ဘာလုပ်လာလည်းဆိုတော့ သူ့ကိုယ်သူ
ဝိုင်းလိုက်ပြီး ဒီဟာက ငါရဲ့  ပိုင်နက်ပဲဆိုပြီး

ကြေညာလာတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးဘိုဘိုကျော်ငြိမ်း ပြောတာက တရုတ်ဘက်က
အမြင်ကိုပြောတာ။ ဒါပေမဲ့ ဗမာနိုင်ငံ ဘက်က

ကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ရဲ့  အစိုးရက မကြာသေးခင်ကမှ အသစ်တက်လာတဲ့
အစိုးရ။ အသစ်တက်လာတဲ့ အစိုးရ

သမ္မတသစ်တယောက်အနေနဲ့ ပထမဦးဆုံးသွားတဲ့ နိုင်ငံရပ်ခြား ခရီးစဉ်က
အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်နေတော့ ဒါက

ထူးခြားချက်။ အစိုးရသစ်ရဲ့  မူဝါဒသဘောထားကို ဖော်ပြလိုက်တဲ့
ထူးခြားချက်အနေနဲ့ မယူဆနိုင်ဘူးလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ သိပ်သေချာတာပေါ့။ အစိုးရသစ် တက်လာတဲ့အခါမှာ
အစိုးရကို ထောက်ခံတဲ့နိုင်ငံ၊ သူတို့က archor

ခေါ်တာပေါ့ - သူတို့ ကျောက်ချရမယ့် နိုင်ငံဟာ တရုတ်နိုင်ငံအနေနဲ့ တရုတ်ကို
အားကိုးတဲ့ ဟာကို ဆက်ပြီးယူထားတာပေါ့။

အထူးသဖြင့် အမေရိကန်ကလည်း အမေရိကန်ပေါ်လစီက မပြောင်းဘူးဘဲ ပြောကြပါစို့။
တရုတ်ကလည်း ၂၀၁၂ ခုနှစ်ဆိုရင်

သမ္မတအသစ် ဖြစ်မယ်။ သူ့ရဲ့  ရပ်တည်ချက်ကို အားကိုးတဲ့ အနေနဲ့
မြန်မာနိုင်ငံဟာ တရုတ်ကိုအားကိုးတယ်ဆိုတာ။

ပထမဦးဆုံး သွားတဲ့နိုင်ငံက ထူးခြားတယ်ဆိုတာ အားကိုးတာကိုပြတာ။
ထိုနည်းတူစွာ ဖြစ်ဖြစ်ခြင်းမှာ ဘယ်သူက

အသိအမှတ်အစပြုပြီးတော့ လာပြီးတော့ စစ်ဖက်ရေးရာ၊ အကုန်လုံးလာတာ
ဘယ်သူလည်းဆိုရင် တရုတ်ပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက အဓိကအားဖြင့်တော့ နိုင်ငံရေး
ပထဝီအနေအထားအရလည်း ပါတယ်။

ဗမာအစိုးရအနေနဲ့ အနောက်အုပ်စုရဲ့  ဝိုင်းကြဉ်မှုတွေကို ခံနေရတဲ့အချိန်မှာ
တရုတ်ကို ပိုပြီး အားထားလာတယ်။

ဒီအနေအထား၊ ဒီသဘောထားဟာ အစိုးရသစ် တက်လာတော့လည်း မပြောင်းပါဘူးဆိုတဲ့
သဘောကို ပြချင်တာပေါ့။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒါ သေချာတာပေါ့။ ဘာကြောင့်လဲဆိုတော့ နှစ်ခု
ရှိတယ်။ ဗမာနိုင်ငံအနေနဲ့ သူတို့အနေနဲ့

ကစားနိုင်တဲ့ အကွက်ရှိဖို့ရာ အထူးသဖြင့် အမေရိကန်နိုင်ငံပေါ့။ ဆိုတော့
ရှင်းရှင်းပြောရရင်တော့ နိုင်ငံရေးအရဆိုရင်တော့

တရုတ်ကိုပဲ အားကိုးရတာ မကောင်းဘူး။ ကျနော်လည်း ဗမာနိုင်ငံသားအနေနဲ့
မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့

ဒီအတိုင်း ဆက်သွားလို့ရှိရင် ကျနော်တို့က လွတ်လပ်တဲ့နိုင်ငံ ဖြစ်ပေမဲ့
Yunnan Province မျိုး ဖြစ်လာမယ်ဆိုတော့

ဗမာအစိုးရအနေနဲ့လည်း ကစားကွက် သိပ်မရှိဘူး။ မရှိတဲ့အတွက်
ပြောင်းလဲသွားတဲ့အခြေအနေကို လက်ခံဖို့အတွက်ကို

တရုတ်ကို ပြေးကပ်တာပဲ။

ဦးသန်းလွင်ထွန်း ။ ။ အခုနက ဦးဘိုဘိုကျော်ငြိမ်း ပြောတဲ့အထဲမှာ
စီးပွားရေးကျွန်ဆိုတဲ့ စကားလုံးတခု ပါပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံဟာဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု
အများဆုံးနိုင်ငံ။ အထူးသဖြင့် တနှစ်ကို ဒေါ်လာ ၁၅

ဘီလီယန်ကျော်ကျော် ရင်းနှီးမြုပ်နှံနေတယ်ဆိုတာကိုလည်း ကျနော်တို့
သိရပါတယ်။ အခုလို နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှု

ပိတ်ဆို့နေတဲ့ကြားထဲမှာ တရုတ်ရင်းနှီးမြုပ်နှံမှုတွေကို အားမကိုးနိုင်ဘူး
ဆိုရင် ဗမာနိုင်ငံအနေနဲ့ တခြားဘာတွေလုပ်လို

ရမလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဗမာနိုင်ငံအနေနဲ့ ကစားကွက်ကတော့ အနောက်နိုင်ငံ
နဲ့ တရုတ်ကို ပြန်မျှပြီး ကစားလို့ ရတာပေါ့။

အခုတော့ ဥရောပကလည်း ပျော့ပျောင်းလာတယ်။ ဥရောပက ဆက်ဆံချင်တာ ရှိပေမယ့်။
အမေရိကန်ရဲ့  ပေါ်လစီ

မပြောင်းဘူး။ ဆိုတော့ ဘာလာဖြစ်သလဲဆိုတော့ အခုန စီးပွားရေးကျွန်
ဖြစ်တယ်ဆိုတာက တရုတ်ကလည်း အာဆီယံနဲ့

ပေါင်းပြီးတော့ တရုတ်ပစ္စည်းတွေအားလုံးကို အာဆီယံက
ပိတ်သလောက်ပိတ်ထားတာရှိတယ်။ ဆိုတော့

ဗမာနိုင်ငံမှာထုတ်တဲ့ တရုတ် ရင်းနှီးမှု၊ တရုတ်အတတ်ပညာ အားလုံးနဲ့
တရုတ်ထုတ်လုပ်တဲ့ပစ္စည်းပဲ ဗမာနိုင်ငံမှာ

ထုတ်တာပဲရှိတယ်။ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့  ပြည်နယ်တခု။
စီးပွားရေးပြည်နယ်တခုလိုသာ ဖြစ်တယ်။

အဲဒီအခါကြတော့ အာဆီယံနဲ့ ဆက်လိုက်တဲ့အခါ ကျတော့ တရုတ်ရဲ့  ပစ္စည်းတွေဟာ
အာဆီယံကို ပြန့်သွားတယ်။

ဒီအကွက်ကို တရုတ်က နင်းလာသလို ကျနော်တို့ ဗမာနိုင်ငံအနေနဲ့
တရုတ်ကလွဲပြီးတော့ ကျန်တဲ့ နိုင်ငံတွေနဲ့

ကစားဖို့အကွက် မရှိဘူးဆိုရင် ကျနော်တို့ စီးပွားရေးကျွန်ဖြစ်မယ်လို့ ဆိုလိုတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါအပြင် စောစောက ဦးဘိုဘိုကျော်ငြိမ်း
ပြောတဲ့အထဲမှာ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ 

အိမ်နီးချင်းနိုင်ငံတွေကို သူဘာသာ ဝိုင်းရံပတ်လိုက်ပြီးတော့ ဒါဟာ
ငါတို့လူတွေပါလို့ သူ့ရဲ့  ဘောင်အတွင်းကို

ဆွဲသွင်းလိုက်ပြီး နိုင်ငံရေးအယူဝါဒ နဲ့ လုံခြုံရေးအရ
အခြေအနေကိုကြည့်ပြီး ဆွဲသွင်းလိုက်တဲ့ အခြေအနေမျိုးမှာ

မြန်မာနိုင်ငံနဲ့ ဆက်ဆံခြင်းအားဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်အနေနဲ့ အများကြီး ရနိုင်တာပေါ့။
ဘာကြောင့်လဲဆိုတော့။ နှစ်ပိုင်းရှိတယ်။ တရုတ်က

အရေးကြီးဆုံးက တကယ်လို့ စစ်ဖြစ်လို့ရှိရင် ရေနံပြဿနာရှိတယ်။ ဆိုတော့ သူက
ဘာလုပ်လိုက်သလဲဆိုရင် ဗမာနိုင်ငံကို

အမေရိကမှာ Louisiana, Texas လိုပဲ သင်္ဘောတွေအားလုံးဟာ ဒါကြောင့် စစ်တွေကို
ရေနက်ဆိပ်ကမ်းလုပ်လိုက်တယ်။

တခါ ရခိုင်ကနေ ယူနန်ကို တန်သယ်မှာ။ ဆိုတော့ ဗမာနိုင်ငံဟာ တရုတ်နိုင်ငံကို
ပိတ်နေတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ 

ထွက်ပေါက်ကို ပေးထားတာဖြစ်တယ်။ ဒီအတွက် စစ်ရေးအရကော၊
စွမ်းအင်လုံခြုံရေးအရကော၊ စီးပွားရေးအရကော

ဗမာနိုင်ငံဟာ ပထဝီ အနေအထားအရ အင်မတန် အရေးကြီးတဲ့ အနေအထားမှာရှိနေတယ်။ တရုတ်က

ဗမာနိုင်ငံကိုလာပြီးတော့ တိုးချဲ့ ပြီးတော့ ရင်းနှီးမြုပ်နှံတာ
ဖြစ်တဲ့အတွက်ကြောင့် တရုတ်အတွက် အင်မတန်

အကျိုးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအကျိုးတွေပဲ ကြည့်ပြီးတော့
မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံတကာက ဝေဖန်နေတဲ့

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေကို တရုတ်က
မဝေဖန်တော့ဘူးလို့ ယတိပြတ် ယူဆလို့ ရနိုင်သလား။

ဒါမှမဟုတ် တိုးတိုးတိတ်တိတ် ဝေဖန်မှုတွေ ရှိနေသလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ကတော့ လုံးဝ မဝေဖန်ဘူးရယ်လို့တော့
မဟုတ်ဘူး။ တရုတ်က ရှင်းနေတာ ကတော့

သူ့နိုင်ငံအကျိုးအတွက်တော့ သူကစားမှာပဲ။ ဗမာနိုင်ငံတွင်းမကဘူး တကမ္ဘာလုံး
ဆူဒန်၊ အာဖရိက က နိုက်ဂျီးရီးယားတို့

လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေအားလုံးကို တရုတ်က ဆက်ဆံမှာပဲ။
ဘာကြောင့်လည်းဆိုတော့ ရေနံ။

အမေရိကန်က ရေနံကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် ကျန်တဲ့ ဟာတွေအားလုံးကို
တရုတ်က လိုက်ဆွဲတာ။

တရုတ်ကတော့ သူ့နိုင်ငံအကျိုးကတော့ ပထမပဲ။ လူ့အခွင့်အရေးတွေ ဘာတွေဆိုတာက
နောက်မှလာတာ။ သို့သော်

နိုင်ငံကြီးတနိုင်ငံ ဖြစ်လာမှ သူ့မှာ တာဝန်ရှိတဲ့အတွက်
သူကြည့်ကောင်းအောင်တော့ သူလုပ်မယ်။ သို့သော် အဓိကကျတဲ့

တရုတ်အကျိုးအတွက်ကတော့ အဓိကပဲလို့ အဲဒီလိုမြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာဆိုလို့ နိုင်ငံတကာမှာ ဝိုင်းပြီးတော့
နိုင်ငံတကာကနေ ဝေဖန်ခံနေရတဲ့၊ အပြစ်တင်ခံနေရတဲ့

နိုင်ငံတွေနဲ့ တရုတ်နိုင်ငံရဲ့  ဆက်ဆံရေးအကြောင်းကို သွားချင်ပါတယ်။
ဒီနေရာမှာ တိုက်ဆိုင်မှုလို့ပဲ ပြောရမလား မသိဘူး။

လောလောဆယ် တရုတ်နိုင်ငံမှာဆိုရင် မြောက်ကိုရီးယားနိုင်ငံရဲ့  သမ္မတ
ကင်ဂျုံအီလည်း ရောက်နေတယ်။ မြန်မာနိုင်ငံက

သမ္မတဦးသိန်းစိန်လည်း တချိန်တည်းမှာ ရောက်လာတယ်။ နောက် အီရန်နိုင်ငံက
နိုင်ငံခြားရေးဝန်ကြီးလည်း

အလည်အပတ် ရောက်နေတယ်ဆိုတော့ ဒါဟာ တိုက်ဆိုင်မှုလို့ပဲ ပြောလို့ရမလား။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာက

ဆန့်ကျင်နေတဲ့ လူဆိုး စာရင်းဝင် နိုင်ငံတွေကို ခါးပိုက်ဆောင်ထဲ
ထည့်ထားတယ်ဆိုတဲ့ သဘောကို ပြချင်တဲ့သဘောလား။

ဒါမှမဟုတ် အနောက်အုပ်စု ချည်းကပ်ပုံနဲ့ တရုတ် ချည်းကပ်ပုံတွေက မတူပါဘူး။
ကျနော်တို့အနေနဲ့

ရင်းရင်းနှီးနှီးပေါင်းပြီးတော့ ဖြောင့်ဖြယူလို့ ရပါတယ်ဆိုတာကို
ပြချင်တယ်ဆိုတဲ့ သဘောလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ရှင်းရှင်းပြောရရင်တော့ တရုတ်က သူပြောချင်တာ
ပြောလို့ရတာပေါ့။ ဟို ကြည့်ကောင်းအောင်

ပြောလို့ရပေမဲ့ ဒါတွေအားလုံးကတော့ သူ့အကျိုးအတွက်ပဲ သူလုပ်တာပါ။ ဥပမာ
အီရန်ဆိုရင် အီရန်က ဂတ်စ်မှာဆိုရင်

နံပတ် (၂)။ ရုရှားပြီးလို့ရှိရင်။ အမေရိကန်က ပြောတယ်၊ အီရန်မှာ
အရင်းအနှီးလုပ်တဲ့လူတွေကို အရေးယူမယ်ပြောတယ်။

တရုတ်က ရေနံပိုက်ကြီးတခုလုံးကို အီရန်ကနေ သွယ်ထားတယ်။ ဆိုတော့ အမေရိကန်က
တရုတ်ကို သွားမပိတ်ပင်ရဲဘူး။

မပိတ်ပင်နိုင်ဘူး။ ဆိုတော့ တရုတ်က အားလုံးက သူ့အကျိုးအတွက်ပဲ။
အီရန်ဆိုလည်း ဂတ်စ်၊ ရေနံတွေ ရတယ်။

နောက်တခါ ဥပမာ မြောက်ကိုရီးယားဆိုရင် ရှင်းရှင်းလေး အမေရိကန်ရှိတဲ့
တောင်ဘက်က သူ့ရဲ့  နယ်နိမိတ်မှာ

ကပ်တဲ့နိုင်ငံကို သူအထိမခံနိုင်ဘူး။ အဲဒီအတွက် မြောက်ကိုရီးယား
ဘယ်လောက်ပဲဆိုးဆိုး နိုင်ငံရေးအရ မြောက်ကိုရီးယား

ကို ထောက်ခံပေးထားတယ်။ ဆိုတော့ ဒီဟာတွေအားလုံးကို ကြည့်လို့ရှိရင် သူက
သူ့အကျိုးအတွက်ပဲ လုပ်တာ။ သူက သူ့ရဲ့ 

အင်အားကို စီးပွားရေးအင်အား၊ စစ်ရေးအင်အားကို ထူထောင်ပြီးမှ
တဖြည်းဖြည်းချင်း ရေရှည်အတွက်ကို

လက်ခမောင်းခတ်လာတာ။ ဒါတွေအားလုံးကို ကြည့်လို့ရှိရင် တရုတ်က
သူ့အကျိုးစီးပွားအတွက်ကို ရေရှည်ဖြည်းဖြည်းချင်း

ဖော်ဆောင်နေတာလို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လတ်တလောဖြစ်နေတဲ့ ယူနန်နယ်နဲ့ နယ်နိမိတ်ချင်း
ဆက်နေတဲ့ မြန်မာနိုင်ငံနယ်စပ် တလျှောက်မှာ

ဖြစ်နေတဲ့ ပြဿနာတွေ။ လတ်တလောဖြစ်နေတဲ့ ပြဿနာတွေက တရုတ်နိုင်ငံအတွက်
အရေးမကြီးဘူးလား။ အထူးသဖြင့်

မြန်မာနိုင်ငံ နယ်စပ်ဒေသအတွင်းမှာ ကချင်တပ်ဖွဲ့၊ ဝတပ်ဖွဲ့၊ ကိုးကန့်
တပ်ဖွဲ့တွေ နဲ့ မြန်မာတပ်ဖွဲ့၊ ရှမ်းတပ်ဖွဲ့တွေကြား

တင်းမာမှုတွေ ရှိနေတဲ့ဟာက ယူနန်နယ်နိမိတ်အထိ ကူးဆက်လာမယ့် အန္တရာယ်တွေ
ရှိနေတယ်ဆိုတော့ ဒါဟာ

ရေရှည်ထက်စာရင် လတ်တလောအားဖြင့် ဖြေရှင်းပေးရမယ့်ကိစ္စမျိုး ဖြစ်နေတော့
ဒီကိစ္စတွေအပေါ်ကို တရုတ်အနေနဲ့

ဘာတွေပြောလာလိမ့်မယ် ထင်သလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒီကိစ္စကတော့ နည်းနည်းသိမ်မွေ့တယ်။ တရုတ်က ဒါကို
ခေါင်းကိုက်တဲ့ ပြဿနာ တော့ ရှိတယ်။

ဒါပေမဲ့ ဒီဟာကြီးက ကြီးထွားလာနိုင်တဲ့ ပြဿနာမရှိဘူးလို့ ကျနော်ကတော့
ယူဆတယ်။ မရှိဘူးဆိုတာက တရုတ်က

ဒီတိုင်းရင်းသား လူမျိုးစုတွေအားလုံးက တရုတ်ကို မှီခိုနေရတယ်။
ဗမာနိုင်ငံက ဗမာအစိုးရက ဗမာစစ်တပ်က

တရုတ်နိုင်ငံကို မှီခိုရသလို။ စီးပွါးရေးအရ၊ လူမှုရေးအရ အားလုံးကို
ကချင်ဖြစ်ဖြစ်၊ ဝဖြစ်ဖြစ် အားလုံး က တရုတ်ကို

မှီခိုနေရတယ်။ တရုတ်ရဲ့  သြဇာက အင်မတန်ကြီးပါတယ်။ တရုတ်
မဖြစ်စေချင်တာကတော့ ပြည်တွင်းစစ် ပြန်ဖြစ်ပြီး

လက်နက်ကိုင် တိုက်တာမျိုး သူတို့ မဖြစ်စေ ချင်ဘူး။ ဒီဟာကို
ကစားတဲ့နေရာမှာ ဗမာအစိုးရကလည်း

ဗိုလ်ကျတဲ့စိတ်ပါတယ်။ ငါတို့နိုင်တယ်။ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့
လုပ်ဆောင်ချက်တွေပါတယ်။ ဆိုတော့ တရုတ်က

တခုရှိတယ်။ တရုတ်ကို လေ့လာတဲ့ အခါကျတော့ တရုတ်က ဘာပဲပြောပြော
အမေရိကန်နိုင်ငံရဲ့  ဗိုလ်ကျခြင်းကို

သူခံရတယ်လို့ ယူဆတဲ့အတွက် သူက အင်မတန် လိမ်မာတယ်။
ကိုင်တွယ်တဲ့နေရာမှာလည်း အင်မတန်ချိုသာတယ်။

သူ့သြဇာကို သူသုံးပေမဲ့ မင်းတို့ ဒီလိုလုပ်ဆိုတဲ့ အမေရိကန်လို လူပါးဝတဲ့
အကျင့်မျိုး သူတို့မလုပ်ဘူး။ ဒါ ကျနော့်ရဲ့ 

သုံးသပ်ချက်၊ ကျနော့်ရဲ့  တွေ့ရှိချက်ပါ။ ဒါပေမဲ့ တရုတ်က သူ့ရဲ့  အချိုးက
ဘာလဲဆိုတော့ လက်နက်ကိုင်တိုက်ပြီး လူတွေ

ဖယ်ရှားသွားတာ refugees တွေ သူ့နိုင်ငံ ရောက်သွားမှာကို
သူအဖြစ်မခံနိုင်ဘူး။ ဒီဟာကိုတော့ သူ ကိုင်တွယ်စရာ ရှိတယ်။

သူ့ရဲ့  အကျိုးကို လက်တလော ထိခိုက်တယ်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာ သုံးသပ်သူတွေကြားထဲမှာ တချို့ ကလည်း
မြန်မာအစိုးရဟာ အစိုးရ အဆက်ဆက်ဟာ

တရုတ်အပေါ်မှာပဲ အမြဲတမ်း နိုင်ငံရေးအရ၊ စီးပွားရေးအရ အစစအရာရာ မှီခိုနေကြရ တယ်လို့

သုံးသပ်ချက်ချထားတာရှိတယ်။ ဒါပေမဲ့လည်း တချို့ ကတော့
အဲဒီသုံးသပ်ချက်ချထားတယ်ဆိုတာ သိပ်ချဲ့ ကားလွန်တယ်။

တကယ်တမ်းကြတော့ မြန်မာအစိုးရ အဆက်ဆက်ဟာ တရုတ်အပေါ်မှာ ဒီလောက်ကြီး
မှီခိုနေကြရတာ မဟုတ်ဘူး။

သူ့အတိုင်းအတာအရ သူလုပ်ချင်တာကို လုပ်နေတာတွေလည်း ရှိပါတယ်ဆိုတဲ့
ထောက်ပြမှုတွေ ရှိနေတယ်။ အဲဒီတော့

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဘိုဘိုကျော်ငြိမ်း အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ကတော့ အင်မတန် ကြီးမားတဲ့နိုင်ငံကြီးလည်း
ဖြစ်နေတယ်။ ကျနော်တို့ ကံဆိုးတယ်ပဲ

ပြောရမလား။ ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး။ ကျနော်တို့က လာပြီးတော့
မိုင်ပေါင်းများစွာ

ဆက်စပ်နေရတယ့်အတွက် တရုတ်က ဗမာနိုင်ငံအတွက် အရေးကြီးပါတယ်။ ဒါဟာ
ဘယ်အစိုးရပဲဖြစ်ဖြစ် တရုတ်ကို

ရှောင်လွှဲလို့ မရဘူး။ ဆိုတော့ တရုတ်ကို ကျနော်တို့က မဆက်ဆံလို့ မရဘူး။
ဆက်ဆံရမယ်။ သို့သော် အခု

လက်ရှိအခြေအနေမှာ ကျနော်တို့က မတရားမှီခိုရတာကတော့ နိုင်ငံရေးအရ
ပိတ်ဆို့ခံရတာတွေရှိတယ်။ တွန်းပို့သလို

ဖြစ်သွားတယ်။ ဗမာနိုင်ငံ ဗမာစစ်အစိုးရကလည်း သူတို့ စိတ်ဆိုးလာရင်
ကွန်မြူနစ်နဲ့ တိုက်ခဲ့တာတွေကို ပြန်

ပြန်ဖော်တယ်လို့ သူတို့ပြောတယ်။ ဗမာအစိုးရက အားလုံးထင်သလို တရုတ်ကို
နားထောင်တာ မဟုတ်ဘူး။

သူတို့လုပ်ချင်တာ လုပ်တာတွေရှိတယ်။ ဗမာ အစိုးရ အနေနဲ့
အခြေအနေအရသော်လည်းကောင်း တရုတ်ကို

အားကိုးရပေမယ့် တရုတ်ဆီက ယူစရာတွေ အများကြီး ရှိသလို၊ တရုတ်ကို
ကျနော်တို့ အသုံးချနိုင်လို့ရှိရင် ဗမာပြည်အတွက်

အကျိုးရှိတာတွေ အများကြီး ရှိတယ်။ သို့သော် မသုံးတတ်ရင်၊
မကိုင်တွယ်တတ်ရင်တော့ ကျနော်တို့ စီးပွားရေးကျွန်

ဖြစ်လိမ့်မယ်။ ဒါက ကျနော်တို့အတွက် အန္တရာယ်ရှိတယ်။


တရုတ်အချောင်သမား ဝါဒနှင့် နားလည်ရခက်တဲ့ မြန်မာပြည်
http://www.mizzimaburmese.com/edop/songpa/7637-2011-05-30-08-46-00.html
မြန်မာပြည်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အပြုအမူသည်
နှစ်ပေါင်းများစွာပင် အငြင်းပွါးဖွယ် ဖြစ်နေခဲ့သည်။
မြန်မာအစိုးရနှင့် ပြုလုပ်သော တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့်
ကုန်သွယ်ရေး မှန်သမျှကို မြန်မာအစိုးရ၏ အတိုက်အခံတို့က

အမြဲလိုပင် မြန်မာနိုင်ငံ၏ အာဏာရ အဝန်းအဝိုင်းကိုသာ ကြွယ်ဝချမ်းသာစေသည်၊
လူ့အခွင့်ရေး ချိုးဖောက်မှုများ
ကိုသာ ဖြစ်ပေါ်စေသည်၊ တိုင်းပြည်အဝှမ်း အခြေအနေများကို
ပို၍သာဆိုးလာစေသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ယခုမြန်မာသမ္မတ ဦးသိန်းစိန် တရုတ်ပြည် ခရီးစဉ် အပြီးတွင်လည်း
မြန်မာဘလော့များနှင့် သတင်းများကို ကြည့်လိုက်ပါက

လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေသာ အစိုးရများကို
ထောက်ခံအားပေးနေသည်၊ ပီကင်းသည် မြန်မာနိုင်ငံကို

၂၁ ရာစု ကိုလိုနီသဖွယ် ဆက်ဆံနေသည်ဟု ပြစ်တင်ဝေဖန် ထားကြသည်ကိုသာ တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ တရုတ်၏ မူဝါဒသည် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ
တသမတ်တည်းသာ ရှိသည်ကို

တွေ့ရမည်ဖြစ်သည်။ မြန်မာနှင့် တရုတ်ကိုယ်စားလှယ် အဖွဲ့များ၏
ဆွေးနွေးပွဲတွင် ပါဝင်သည့် အစည်းအဝေး

အစီအစဉ်တရပ်မှာ တရုတ်ရေတပ် သင်္ဘောများ မြန်မာဆိပ်ကမ်းများတွင်
အထူးအခွင့်အရေးတရပ် ရရှိရေးပင် ဖြစ်သည်။

ပီကင်းသည် ယခုလည်း အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်း အထူးသဖြင့် ပါကစ္စတန်နှင့် သီရိ
လင်္ကာတို့တွင် အလားတူ ဆိပ်ကမ်း

အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ကိုင်ဆောင်ရွက်လျက်
ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင်

လစ်ဗျားဆူပူအုံကြွမှုများအတွင်း တရုတ်ရေတပ်ဖွဲ့ လှုပ်ရှားလာမှုကလည်း
အနောက်နိုင်ငံများ အာရုံစိုက်စရာ

ဖြစ်လာခဲ့သည်။ တရုတ်သည် သူတို့နိုင်ငံ၏ အကျိုးစီးပွါးများကို ကာကွယ်ရာ
တိုင်းပြည်တွင်းမှကယ်ထုတ်ရာတွင်

၎င်းမြောက်အာဖရိကနိုင်ငံသို့ မိမိရေတပ်ဖွဲ့ကို တခါမျှ
မကြုံ ဖူးသည့် အနေအထားဖြင့် စေလွှတ်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်းတွင် ရေနက်ဆိပ်ကမ်း အဆောက်အအုံများ အထူးတလည်
လိုက်လံ တည်ဆောက်နေခြင်းမှာ

တရုတ်၏ စွမ်းအင်အရင်းအမြစ်များ လိုအပ်နေခြင်းနှင့် ဆက်စပ်နေသည်။
ဒါ့ကြောင့်ပင် ပီကင်းသည် စွမ်းအင်အရင်းအမြစ်

ကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှုနည်းပါးသော သို့မဟုတ်
ဖွံ့ဖြိုးဆဲနိုင်ငံများကို အမြဲတစေ ပစ်မှတ်ထား ဆက်ဆံရေး

ထူထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ တရုတ်၏ ဆက်ဆံပုံ သဘောထားကိုလည်း
အဆိုပါနိုင်ငံများက အမြဲတစေ

ကြိုဆိုခဲ့ကြသည်။

သူတို့နှင့်လုပ်သော ကုန်သွယ်ရေးလုပ်ငန်းများနှင့် သူတို့ပေးအပ်သော အကူအညီ
အထောက်အပံ့များကို စိုးရိမ်ဖွယ်

လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဆက်စပ် မထားသောကြောင့် ဖြစ်သည်။
ဤနည်းဖြင့် တရုတ်နိုင်ငံ အတွက်လည်း

စီးပွါးရေးနှင့် စွမ်းအင် အကျိုးစီးပွါးများကို အခြေခိုင်အောင်
လုပ်နိုင်လေသည်။ တဘက် ကုန်သွယ်ဖက်နိုင်ငံ

အစိုးရအဖို့လည်း အင်မတန် လိုအပ်နေသော ဘဏ္ဍာရေးနှင့် နိုင်ငံရေးသြဇာကို
ရရှိပြီးဖြစ်စေကာ နိုင်ငံတွင်း

အာဏာခိုင်မြဲအောင်လည်း တည်ဆောက်ပြီး ဖြစ်စေသည်။

သို့သော် အိန္ဒိယသမုဒ္ဒရာ ဝန်းကျင်တလျှောက် မငြိမ်မသက် ဖြစ်နေသော
နိုင်ငံများအတွင်း မြန်မာနိုင်ငံထက် ပို၍ ပီကင်း၏

တက်ကြွပြင်းထန်သော နိုင်ငံခြားရေးမူဝါဒကြောင့် အန္တရာယ်ရှိသော နိုင်ငံကို
ရှာဖွေရန်မှာမူ မလွယ်ကူပါ။ လွန်ခဲ့သောနှစ်

နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ယခုနှစ် အစောပိုင်းက
ပါလီမန်သစ်ကို ခေါ်ယူကျင်းပခဲ့ကာ

ပေါ်ထွက်လာသည့် အစိုးရသစ်ကို ပထမဆုံး လက်ခံကြိုဆိုသည့်နိုင်ငံမှာ
တရုတ်နိုင်ငံပင် ဖြစ်သည်။

အဆင့်မြင့် နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံက
မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ
မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများ၊ သဘာဝသံယံဇာတများသည် တရုတ်နိုင်ငံအဘို့
မျက်စိကျစရာချည်း ဖြစ်နေသည်။
မြန်မာ့နိုင်ငံရေးလောကအတွင်း နက်နက်ရှိုင်းရှိုင်း ကွဲပြားနေမှုက
ပီကင်းအဘို့ သူလိုချင်သော သဘောတူညီချက်များ

ရယူရာတွင် တဘက်သတ် အသာစီး ရနေစေသည်။

အသစ်ဖွဲ့စည်းလိုက်သော သမ္မတဦးသိန်းစိန်၏ အစိုးရသစ်အဘို့ တရုတ်နိုင်ငံ၏
အရေးပါ ထင်ရှားသော အခန်းကဏ္ဍကို

အသိအမှတ် ပြုလိုက်ပုံရသည်။ ဦးသိန်းစိန်သည် တရုတ် နိုင်ငံသို့ ကြာသပတေးနေ့က
ရောက်ရှိလာခဲ့သည်။ အိမ်နီးချင်း နိုင်ငံကြီးထံ ပထမဆုံး
နှစ်နိုင်ငံအကျိုးတူ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်း

ဖြစ်သည်။ တရုတ်နိုင်ငံ၏ အရွယ်အစားနှင့် အထူးသဖြင့် ဒေသတွင်း သြဇာ
အရှိန်အဝါကြောင့် နိုင်ငံတွင်း

နိုင်ငံရေးစနစ်များနှင့် ခေါင်းဆောင်မှုတို့ မည်မျှပင် ပြောင်းလဲသည်ဖြစ်စေ
မြန်မာ့နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် အမြဲတမ်း အရေးပါသော အခန်းကဏ္ဍက
ပါဝင်နေခဲ့သည်။ နေပြည်တော်နှင့်

ပီကင်းဆက်ဆံရေးမှာ အမြဲချောမွေ့နေသည်ချည်းလည်း မဟုတ်ပါ။ လက်ရှိနေပြည်တော်
ခေါင်းဆောင်များသည်

လွန်ခဲ့သော ရာစုနှစ်များတလျှောက် ယခင် မြန်မာအစိုးရများနှင့် ပဒေသရာဇ်
အစိုးရများကဲ့သို့ တရုတ် အကျိုးစီးပွါးအပေါ်

အမြဲပျပ်ဝပ် ခစားနေရသည်ဟု အထင်ခံလိုစိတ် မရှိတော့ပါ။

ဤသို့ဆိုလျှင်အဘယ်ကြောင့် တရုတ်နှင့် ဆက်ဆံရာတွင် ညီငယ်လေးသဖွယ်
အောက်ကျို့ ဆက်ဆံနေပါသလဲဟု

မေးခွန်းထုတ်စရာဖြစ်နေသည်။ ရိုးရိုးလေးပြောရလျှင်
မလုပ်လျှင်မဖြစ်လို့ဟုဘဲ ပြောရပါမည်။ ၂ဝ၁၂ ခုနှစ်တနှစ်ထဲအတွက်

တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံတန်ဘိုးရှိ နိုင်ငံတွင်း
တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာချုပ်များကို

လက်မှတ်ရေးထိုးခဲ့သည်။ ထိုပမာဏသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံသာ
ဝင်ငွေရှိသည့် အစိုးရတရပ်အဘို့

အလွန်များပြားသော ပမာဏဖြစ်သည်။ နိုင်ငံရေးဗဟိုချက်မ၌ လက်ရှိအလုံးစုံ
ကွဲလွဲနေမှုသည် မြန်မာခေါင်းဆောင်များ

အပေါ်သို့သာ ကျရောက်လာသည်။ နိုင်ငံရေးအရ ကြာမြင့်စွာ ကွဲလွဲနေမှုကြောင့်
ပီကင်းအဘို့ နေပြည်တော်နှင့်

ဆက်ဆံရာတွင် နိုင်ငံ၏ ထင်ရှားသိသာသော အင်အားကြီးမားမှုကို ပြကာ
မိမိ၏ကျယ်ပြန့်သော နိုင်ငံရေးမူဝါဒ

ရည်မှန်းချက်များ ရယူရာတွင် မရအရ ရယူနိုင် စွမ်းကိုရရှိစေခဲ့သည်။

တိုင်းပြည်ရှိ စစ်ခေါင်းဆောင်များ၏ ကြီးကြီးမားမား
လွှမ်းမိုးချုပ်ကိုင်မှုကို ခံထားရသော မြန်မာအစိုးရသည် ပြည်တွင်း

လုံခြုံရေးကို နိုင်ငံတကာ လုံခြုံရေးထက် ပို၍အလေးထား စဉ်းစားမှုကို ဆက်လက်
ပြုလုပ်ဆဲပင် ဖြစ်သည်။ လွန်ခဲ့သော

ဆယ်စုနှစ် ၂ ခုအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် စစ်ရေးစွမ်းရည်
ကွာဟမှုကို ကျဉ်းမြောင်းစေရန်သာ မြန်မာစစ်တပ်

သို့မဟုတ် မြန်မာ့တပ်မတော်က ပြုလုပ်ခဲ့ခြင်းကြောင့်
အခြားအချက်များဖြစ်သော နိုင်ငံတကာ လုံခြုံရေး ကိစ္စများမှာ

လျော့နည်းမှေးမှိန်ခဲ့ရသည်။ အမျိုးသား လုံခြုံရေးဆိုသည်မှာ
စစ်တပ်ဖြန့်ချက်ချထားမှု၏ တခုတည်းသော လုပ်ငန်း

တာဝန်တရပ် မဟုတ်ပါ။ အမျိုးသားလုံခြုံရေးနှင့်အတူ
အခြားအရေးပါသောအချက်များဖြစ်သည့် လူမှုရေး၊ စီးပွါး ရေးနှင့်

လူသားလုံခြုံရေးကိစ္စများကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ တရုတ်မြန်မာဆက်ဆံရေးတွင် မညီမမျှဖြစ်နေသည့်အချက်က မြန်မာ
စစ်တပ်နှင့် လက်ရှိအရပ်သားများကို

ဗန်းပြထားသော အစိုးရအကြား ဆုံးဖြတ်ချက် ချမှတ်ရေး ဖြစ်စဉ်များကို
လွှမ်းမိုးသက်ရောက်စေသည်သာ မဟုတ်ပါ။

မြန်မာ့အတိုက်အခံများ၏ တကိုယ်တော် အထီးကျန် မူဝါဒများကလည်း
နိုင်ငံအများအပြား၏ နိုင်ငံခြားရေးမူ

ဝါဒများချမှတ်ရာတွင် ရောင်ပြန်ဟပ် ဖော်ပြနေသည်ကိုလည်း
ထည့်သွင်းစဉ်းစားရမည် သာဖြစ်ပါသည်။ ပြည်တွင်းနှင့်

နိုင်ငံတကာ အဖွဲ့အစည်းများ၏ လက်ဦးမှုရှိရှိ ထိတွေ့ဆက် ဆံရေးမူဝါဒများကို
အတိုက်အခံများ၏ အကျီုးစီးပွါးကို

ထိခိုက်စေသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ယင်းတို့ကို
မြှင့်တင်လုပ်ဆောင်ဘို့ လိုပါသည်။ ယင်းသို့

လုပ်ဆောင်ရာတွင် သာမန် တွေ့ဆုံဆွေးနွေးရေး
ဖြစ်ပေါ်ဘို့တင် မဟုတ်၊ သဘောတရားရေးအရ ကွဲပြားနေမှုများ ရင်ကြားစေ့ရေး
အတွက်ကိုလည်း ရှေ့တန်းတင်၍

ကြိုးပမ်းဘို့ ရည်မှန်းချက် ထားရှိရပါမည်။ မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန် အထူးကိုယ်စားလှယ်၏ အသစ် ချမှတ်လိုက်သော

သဘောထား ရပ်တည်ချက်ကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ထောက်ခံလိုက်ခြင်းမှာ အားရှိစရာ ဖြစ်ပါသည်။

သို့သော် နိုဘယ်ဆုရှင် အနေဖြင့် မြန်မာနိုင်ငံ၏ အာဏာရများထံ ဝင်ထွက်
ပြောဆိုပေးနိုင်သူများကို အလားတူ

စိတ်ဓါတ်အရ ပို၍ပင် ပျော့ပျော့ပျောင်းပျောင်း၏ ပြောဘို့ လိုပါသေးသည်။
သို့သော် ထိုသို့ ပျော့ပျော့ပျောင်းပျောင်း

ပြောသည်ဆိုခြင်းမှာ အတိုက်အခံများ၏ ရေရှည် ရည်မှန်းချက်များအတွက် ပို၍ပင်
အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။

မြန်မာနိုင်ငံသည် လက်တွေ့အရ တရုတ်၏ ကိုလိုနီတခု ဖြစ်သွားလိမ့်မည်ဟု
လိုသည်ထက်ပို၍ ခြောက်လှန့်
ပြောဆိုနေသည့် အချိန်တွင် ပီကင်းအဘို့ ကွဲပြဲနေသော မြန်မာနိုင်ငံတွင်
နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ အစီအစဉ်များ

ပြုလုပ်ရာတွင် သူတို့လိုချင်သည့် စည်းကမ်းချက်များ လိုလားချက်များကို
တဘက်သတ် အသာစီးလိုသလို ရယူနိုင်စွမ်း

ရှိနေစေပါသည်။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးအရ ပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့်
လှုပ်ရှား ဆောင်ရွက်နိုင်ဘို့ လိုသေးသော

မြန်မာနိုင်ငံအဘို့ တရုတ်နှင့် ဆက်ဆံရာတွင် ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးရေး
ရည်မှန်းချက်များအပြင် မြန်မာနိုင်ငံသားများ၏

အခွင့်အရေး ကာကွယ် မြှင့်တင်ပေးရေး ကိုလည်း ထည့်သွင်း
စဉ်းစားလုပ်ဆောင်နိုင်စွမ်း ရှိစေရပါမည်။

တိုတိုပြောရလျှင် မြန်မာနိုင်ငံအဘို့ ကိုယ့်ပြည်တွင်း အခြေအနေကို
နိုင်နင်းအောင် အရင်လုပ်ရပါဦးမည်။ ထိုအချိန်

မရောက်မချင်း တရုတ်နိုင်ငံအနေနှင့် မိမိနိုင်ငံ မိမိနိုင်ငံသား
အကျိုးစီးပွါးများကိုသာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင်

တဘက်သတ် အမြတ်ထုတ်ခွင့် ရရှိနေစေဦးမည် ဖြစ်သည်။

ထိုအကျိုးစီးပွါးဆိုသည်များမှာလည်း မြန်မာနိုင်ငံသားများ၏
အကျိုးစီးပွါးအတွက် မဟုတ်သည်မှာ သေချာလှပါသည်။

ထိုအချက်သည် မြန်မာခေါင်းဆောင်များအဘို့ ဖန်တီးမှုရှိစွာ ရှေ့တန်းတင်
စုပေါင်းအဖြေရှာရမည့်ကိစ္စ ဖြစ်ပါသည်။

တရုတ်မှ ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးမည်ဆိုသော်လည်း စီမံကိန်း၏ အဓိက ပင်မ ဒေသ
အကျိုးခံစား ရနိုင်ဖွယ် မရှိ
http://www.narinjara.com/detailsbur.asp?id=3211
မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း
နှစ်နိုင်ငံအကြား ရထားလမ်း တည်ဆောက်ရေး

အပါအ၀င် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန်
သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊

ထိုလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ၇၆၃ သန်း

ထုတ်ချေးလိုက်ကြောင်း သတင်း ရရှိသည်။

ဦးသိန်းစိန်၏ တရုတ် ခရီးစဉ် အတွင်း မြန်မာနိုင်ငံ အနောက်ဘက်
ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှ

အရှေ့ဘက်နယ်စပ်မြို့ မူဆယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်
ရူလီအထိ ကီလိုမီတာ ၈၁၀ ရှည်လျားသည့်

ရထားလမ်းတစ်ခုကို တည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်ဟု
တရုတ်နိုင်ငံ၏ အကြီးဆုံး ရထားလမ်း

တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် China Railway Group Limited မှ
မြန်မာသမ္မတ၏ ခရီးစဉ် အဆုံးသတ်ခဲ့သည့်

ယမန်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာသမ္မတ၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အတိုင်း
၎င်း ကျောက်ဖြူ-မူဆယ်-ရူလီ

ရထားလမ်းကို အဆိုပါ တရုတ်ရထားလမ်းတည်ဆောက်ရေးကုမ္ပဏီမှ တည်ဆောက်သွားမည်
ဖြစ်ကြောင်း သိရှိရသည်။

၃ နှစ်အတွင်းအပြီးသတ်တည်ဆောက်ရန်စီစဉ်ထားသည့် အဆိုပါရထားလမ်းဖြင့်
မြန်မာနှင့် တရုတ်တို့ အကြား အကျိုးတူ

စီးပွါးရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာနိုင်မည်သာမက
မြန်မာ၏ ဒေသတွင်း စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုကိုလည်း

အထောက်ကူ ဖြစ်လာစေလိမ့်မည် ဟုRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */