“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 16, 2011

ပြည်တွင်းစစ်၊ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ဒေါ်လာဈေး ဦးဝင်းတင်နဲ့ မေးခွန်းများ

http://moemaka.com/index.php?option=com_content&task=view&id=9141&Itemid=1
“လက်ရှိတပ်မတော်ကနေပြီးတော့ တိုင်းရင်းသားတွေကို စစ်တိုက်နေတာက လွှတ်တော်ရဲ့သဘောထားလား၊
Via - eimmet mahotpar
အခြေခံဥပဒေရဲ့ ဘောင်အတွင်းကနေလား။ စစ်တပ်ရဲ့ နဂိုမူလသဘောထားပဲလား ဆရာ။”
စစ်တပ်မှာက သူတို့ကွန်စတီကျူးရှင်းထဲမှာ နယ်ခြားစောင့်တပ်
ဖွဲ့ရမယ်လို့ သတ်မှတ်ထားပြီးသား၊

သူတို့ကွန်စတီကျူးရှင်းက အတည်ဖြစ်တယ်ဆိုရင် စစ်တပ်ရဲ့
စစ်ဦးစီးချူပ်အောက်မှာ ဘော်ဒါဂတ်တွေ ရှိရမယ်လို့

ပြောထားပြီးသားဆိုတော့ ရှောင်နေလို့ မရတော့ဘူး။ ဒါနဲ့
ပတ်သက်ပြီးတော့လည်း တိုင်းရင်းသားတွေဖက်ကလည်း

အချင်းချင်း မဟာမိတ်တွေ ဖွဲ့ထားကြပြီးသားဖြစ်တယ်ဆိုတယ်။ သူတို့ဖက်က
ခုခံစစ်နဲ့ ပြန်ပြီး တုန့်ပြန်မယ်လို့

ဆုံးဖြတ်ပြီးပြီပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေက သူတို့ကို လာထိရင်
ခုခံစစ်နဲ့ ပြန်တိုက်မယ်ဆိုပေမယ့်လည်း

တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ကချင်အပါအ၀င် ငြိမ်းချမ်းရေးကိုတော့
ခေါ်နေဆဲပဲ ဖြစ်တယ်။ ဒီလို

ငြိမ်းချမ်းရေးခေါ်နေတဲ့အချိန်မှာ စစ်တပ်က ၀င်တိုက်တယ်ဆိုတာကတော့
ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။


“ဘာဖြစ်လို့ ကချင်တိုင်းရင်းသားအဖွဲ့ ကေအိုင်အိုကို
တိုက်ရတာလဲ ဆရာ။”
ကျနော်ထင်တာကတော့ ကချင်တိုင်းရင်းသားအဖွဲ့က
ဟိုးအစွန်အဖျားမှာဆိုတော့ ကျန်တဲ့အဖွဲ့တွေက

ဝိုင်းကူမယ်ဆိုရင်တောင် ကူဖို့ မလွယ်ဘူးပေါ့။
မြန်မာပြည်တောင်ဖက်မှာဆိုရင် ကရင်မှာ ဖြစ်တယ်ဆိုရင်

ကျန်တဲ့အဖွဲ့တွေက ၀ိုင်းကူနိုင်မယ် ထင်တယ်လေ။ ဒါကြောင့် ကချင်အဖွဲ့ရဲ့
နယ်မြေထဲ ၀င်ပြီး တိုက်တယ်ပေါ့။

တိုက်တယ်ဆိုတာကလည်း ကချင်တို့က သူတို့နယ်ထဲ ၀င်လာတဲ့ စစ်တပ်တွေကို
ပြန်ဆုတ်ပေးပါလို့

တောင်းဆိုတဲ့ကြားထဲကနေ နောက်မဆုတ်ဘဲ စစ်တပ်ကတိုက်တာလို့ ဆိုတယ်။

“ဒါက မြန်မာပြည်မှာ ပြည်တွင်းစစ်ပြန်ဖြစ်ပြီလို့ ဆိုနိုင်သလား ဆရာ”
အခု ဒီကိစ္စဟာ သာမန်ကိစ္စလိုမျိုး သဘောမထားနိုင်ဘူး။
အရင်တလောက SSA တောင်ပိုင်းကို တိုက်တယ်။

နောက်ဆို ကေအင်ယူတို့၊ ကယားတို့ကို တိုက်လာနိုင်တယ်။ စစ်တပ်အနေနဲ့က
ဖြန့်ပြီးတော့ တနံတလျား

တိုက်လာနိုင်တယ်လို့ ပြောနိုင်တယ်။ စစ်တပ်အနေနဲ့ကလည်း
တိုက်မယ်ဆိုရင်လည်း တိုက်နိုင်တဲ့ အင်အားရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကိုလည်း လက်မခံဘူး။ တွေ့ဆုံဆွေးနွေး
စကားပြောဖို့လည်း လက်မခံဘူးဆိုရင် စစ်တပ်ဟာ

အဲသည်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်တိုက်ပြီး ဖြေရှင်းမယ့်သဘောပဲ
ဖြစ်လာတယ်။ ဒီလိုဆိုရင် မြန်မာပြည်တွင်းမှာ

ပြည်တွင်းစစ်ဖြစ်ဖို့ အစဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ စစ်အုပ်စုက
တွေ့ဆုံဆွေးနွေးရေးကို တိုင်းရင်းသားတွေနဲ့လည်း

မလုပ်နိုင်ဘူး၊ လက်နက်ကိုင်ပြီး အကြမ်းဖက်ဖြေရှင်းတော့မှာလား။ ဒါကို
ကျနော်တို့က စောင့်ကြည့်ရမယ်

“ပြည်တွင်းစစ်ဖြစ်လာတယ်ဆိုရင် ပြည်တွင်းက
နိုင်ငံရေးအင်အားစုတွေက ဘာပြောလာကြမယ် ထင်သလဲ ဆရာ”
ကချင်အဖွဲ့ကိုယ်တိုင်ကလည်း ပြည်တွင်းမှာ
နိုင်ငံရေးလှုပ်ရှားမှုတွေကို နအဖစစ်အစိုးရလက်ထက်မှာကော၊ အခု

ကြံ့ဖွံ့အစိုးရလက်ထက်မှာပါ လုပ်ကိုင်ဖို့ ကြိုးစားတာတွေ ရှိခဲ့တယ်လေ။
အမျိုးသားညီလာခံ တက်တာ၊ ရွေးကောက်ပွဲ

ဝင်တာ၊ ပြီးတော့ တိုင်းရင်းသားအဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေး
စကားပြောဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာ အားလုံး မြင်တဲ့

အတိုင်းပဲလေ။ ဒီလို တိုင်းရင်းသားအဖွဲ့ကိုတောင် စစ်တပ်က စစ်ရေးနဲ့
အရေးယူတယ်ဆိုတော့ ပြည်တွင်းက

နိုင်ငံရေးအင်အားစုတွေကလည်း စဉ်းစားရမှာပေါ့။

“ပြည်ပအိမ်နီးချင်းဖြစ်တဲ့ တရုတ်ပြည်ကိုယ်တိုင်က
ဘယ်လိုတုန့်ပြန့်သလဲ ဆိုတာကိုလည်း စဉ်းစားကြလိမ့်မယ်

ထင်သလား ဆရာ”
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်လို့
စစ်ပြေးတိုင်းရင်းသားတွေကို တရုတ်အာဏာပိုင်တွေက လက်မခံဘူး၊

ပြန်ပို့တယ်ဆိုရင် နောက်တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေဖြစ်လာရင်ကော
ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေကိုယ်တိုင်က

ဘယ်လိုရင်ဆိုင်ကြမှလည်း သူတို့လည်း စဉ်းစားကြရတော့မယ်။

“ဒါဆိုရင် လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းပေါ့လေ။
စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ကြားထဲက

လက်နက်တွေကိုင်ထားပြီးတော့ ငြိမ်းချမ်းရေး ယူတာတို့၊
စေ့စပ်ဆွေးနွေးတာတို့ကို ဘယ်လို မြင်သလဲ ဆရာ”
ဒါကတော့ ကျနော်တို့အနေနဲ့ တိုင်းရင်းသားတွေက အခု
စစ်တပ်ကို အကြိမ်ကြိမ်ခေါ်နေတဲ့ စေ့စပ်ဆွေးနွေးရေးတို့

ဘာတို့ဆိုတာကို စစ်တပ်တွေရဲ့ ထုံးစံတွေဘာတွေကို မသိတဲ့အတွက်
ကျနော်တို့အနေနဲ့ သေသေချာချာ

မပြောနိုင်သော်လည်း၊ တိုင်းရင်းသားတွေက သဘောရိုးနဲ့ ကမ်းလှမ်းတယ်လို့
မြင်ပါတယ်။ ပြီးတော့လည်း စစ်တပ်ချင်း

ယှဉ်ကြရင် တပ်မတော်စစ်အုပ်စုရဲ့ အင်အားက ကွာတာကိုး။ ဒါကြောင့်
တိုင်းရင်းသားတွေက စေ့စပ်ဖို့ ကမ်းလှမ်းကြတယ်လို့

မြင်ပါတယ်။ ဘာပဲပြောပြော စေ့စပ်မှု ကမ်းလှမ်းတာကို စေ့စပ်တဲ့နည်းနဲ့ပဲ
ဖြေရှင်းသင့်တယ်။ ပြည်တွင်းစစ်မီးပွားမယ့်နည်းနဲ့

မဖြေရှင်းသင့်ဘူးလို့ မြင်တယ်။

“ဟုတ်ကဲ့ပါဆရာ။ နောက်တခု မေးချင်တာကတော့ ၈၈မျူိးဆက်မိသားစုတွေ၊

ဒီမိုကရေစီအရေးတော်ပုံမျိုးဆက်မိသားစုတွေ ယခင်အပတ်က တွေ့ဆုံပြီးတော့
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို

ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုမယ်လို့ ပြောဆိုဖြစ်ကြတယ် ဆရာ။
ဆိုတော့ အသစ်တက်လာတဲ့ ကြံ့ဖွံ့အစိုးရရဲ့

သမ္မတကြီး သိန်းစိန်တို့မှာက ယခင်စစ်အစိုးရရဲ့ တရားစီရင်ချက်တွေကို
သူတို့က ပြန်လှန် စစ်ဆေး မေးခွန်းထုတ်ခွင့်

ရှိပါ့မလား”
ကျနော့်အမြင်ကတော့ အခုတက်လာတဲ့ အရပ်သားအစိုးရခေါင်းဆောင်
သမ္မတဦးသိန်းစိန်တို့မှာ

လွတ်ငြိမ်းချမ်းသာခွင့် ချပေးခွင့်ရှိတယ်ဆိုပေမယ့် တကယ်တမ်းကျတော့
ပြစ်ဒဏ်ကနေ တနှစ်လောက်ကိုပဲ

လျော့ပေါ့ပေးနိုင်ခွင့် ရှိတာာ ဖြစ်နေတယ်။ သမ္မတရဲ့ သြဇာ၊ သူ့ အာဏာက
သည်လောက်ပဲ အကန့်အသတ်ရှိတယ်လို့ပဲ

ပြောရမလား မသိဘူးပေါ့။ နောက်ပြီး သမ္မတကြီးရဲ့ အကြံပေးထဲက
နေဇင်လတ်တို့ဘာတို့က နောက်ထပ်

လာစရာရှိပါသေးတယ်လို့ ပြောနေတော့ ဘယ်လိုမျိုး လာမယ်လဲတော့ မသိဘူး။
ကွန်စတီကျူးရှင်းထဲက အဆိုအရ

နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကော်မီတီ ဟုတ်လား၊
စစ်ကောင်စီရဲ့ အဆုံးအဖြတ်မပါသေးလို့လား။ သမ္မတက

စတိပဲပေးတာ ဖြစ်နေသေးတယ်။ စစ်အုပ်စုရဲ့ တပ်မတော်ရဲ့ စစ်ကောင်စီက တကယ့်
လွတ်ငြိမ်းချမ်းသာခွင့်

ထုတ်ပြန်ပေးနိုင်တာလားလို့ မေးစရာ၊ စောင့်ကြည့်စရာ ဖြစ်လာတယ်။

“ဒီတခါမှာ သူတို့ဖက်က လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို
ယခင်တုန်းက ဗိုလ်ချူပ်ခင်ညွန့်ကို သူတို့ကိုယ်တိုင်

ဖြုတ်ချပြီးတဲ့နောက်၊ ကိုမင်းကိုနိုင်တို့တွေကို
လွှတ်ပေးလိုက်သလိုမျိုး ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ မလုပ်နိုင်ရတာလဲ
ဆရာ

…”
ကျနော်ပြောချင်တာက လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စဆိုတာ
တမျိုးသားလုံးနဲ့ ဆိုင်နေတယ်။

သာမန်လူငယ်နိုင်ငံရေးလှုပ်ရှားသူတွေကို ပေးရုံနဲ့ ပြီးတာမဟုတ်ဘူး။
အခု စစ်တပ်က ဖမ်းဆီးထားတဲ့

အကျဉ်းထောင်တွေထဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အများကြီးရှိနေတယ်။
SNLD က ဦးခွန်ထွန်းဦးတို့တတွေ

ရှိနေတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊
ကိုကိုကြီးတို့တတွေ ရှိနေတယ်။

အင်န်အယ်ဒီပါတီလိုမျိုးက ခေါင်းဆောင်တွေ ရှိနေတယ်။ မျိုးဆက်သစ်
လူငယ်တွေ၊ ကျောင်းသားတွေလည်း အများကြီး

ရှိနေတယ်။ သူတို့တွေက အခုလို နိုင်ငံရေးခေါင်းဆောင်တွေ၊
မျူိးဆက်ဟောင်း မျိုးဆက်သစ်တွေကို လွှတ်ပေးလိုက်လို့

တိုင်းပြည်မှာ ဒီမိုကရေစီရေးကို ဦးတည်တဲ့ လှုပ်ရှားမှုတွေ
ဖြစ်ပေါ်လာမှာကို မလိုလားလို့၊ မဖြစ်ပေါ်စေချင်လို့

မလုပ်နိုင်တာလို့ မြင်တယ်။ အခုအချိန်မှာကလည်း သူတို့ကို ပြည်တွင်း
ပြည်ပကပါ ဖိအားတွေ ပေးနေတာကိုလည်း

ရှိနေတော့ သမ္မကြီးကိုယ်တိုင်ရဲ့ သဘောထားလား၊ စစ်ကောင်စီတွေ ဘာတွေရဲ့
သဘောထားလားဆိုတာကို

စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

“ဟုတ်ကဲ့ပါဆရာ။ တဆက်တည်းပဲပေါ့လေ။ တိုင်းပြည်မှာ
အမျိုးသားရေးအကြပ်အတည်းတွေ ဖြစ်နေတယ်။

ပြည်တွင်းစစ်ကို ဦးတည်နေတယ်။ နိုင်ငံရေးအကျဉ်းသားတွေကလည်း
တိုင်းပြည်အနှံ့မှာ ချုပ်နှောင်ထားတယ်။

စီးပွားရေးကလည်း ကြပ်တည်းလာတယ်။ အခုဆိုရင် ဒေါ်လာငွေဈေးတွေ ပျက်တယ်။
ကုန်ဈေးနှုန်းတွေက တက်သည်ထက်

တက်နေတယ်။ ဒါကို မြန်မာငွေဈေး ခိုင်မာလာပြီ။ စီးပွားရေး ကိုင်တွယ်မှု
အပြောင်းအလဲတွေ ရှိလာပြီ ပြောလာကြတယ်။

အဲဒါ ဟုတ်သလားဆရာ”
ကျနော်မြင်တာက စီးပွားရေး ပြုပြင်ပြောင်းလဲမှု မဟုတ်ပါဘူး။
အခုဖြစ်နေတာက ဒေါ်လာဈေးပျက်တယ်။

လူတွေမှာ အလုပ်အကိုင်တွေ ပျက်ကုန်တယ်။ ကုန်ဈေးနှုန်းတွေက တက်သည်ထက်
တက်လာတယ်။ စီးပွားရေးက

အကြပ်တည်းဆုံးကို ရောက်လာတယ်။ အစိုးရနဲ့ အပေါင်းအပါတွေကိုယ်တိုင်ရဲ့
လက်ထဲမှာ ဒေါ်လာတွေ အမြောက်အများကို

တိုင်းပြည်သယံဇာတတွေ ရောင်းချပြီး၊ အဆောက်အအုံတွေ ရောင်းချပြီး
ရထားတယ်။ သူတို့က သူတို့ဒေါ်လာတွေကို

ဈေးကွက်ထဲမှာ ဖြည့်ပြီး ထပ်ထည့်လိုက်တယ်။ ကျပ်ငွေကို သူတို့က
ထိန်းလိုက်သလိုဖြစ်သွားတယ်။ ဒီလိုဖြစ်တာက

စီးပွားရေးကိုင်တွယ်မှုတွေ ဘာတွေအရ ဖြစ်တာမဟုတ်ဘူး။ အစိုးရက
တိုင်းပြည်ရဲ့ ငွေကြေးစီးဆင်းမှုတွေကို မကိုင်တွယ်၊

မဖြေရှင်းဘဲထားလို့ ဖြစ်တယ်လို့ ပြောချင်တယ်။ စီးပွားရေးပုံသဏ္ဍန်အရ
မြန်မာငွေကြေး တောင့်တင်းလာတာမဟုတ်ဘူး။

ကုန်ဈေးနှုန်းတွေက တက်သည်ထက် တက်နေတာပဲ။ Monetary Crisis ပေါ့။

“ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်တယ်”



ရန်ကုန်တွင် ကချင် ကျောင်းသားများ နေခွင့်မပေးတော့
http://www.irrawaddy.org/bur/index.php/news/6609-2011-06-15-08-55-31

ရန်ကုန်မြို့တွင် ကျောင်းတက်ရန် ရောက်လာသော ကချင်တိုင်းရင်းသား
လူငယ်များကို သန်လျင်မြို့နယ် အုပ်ချုပ်ရေးရုံးက

နေထိုင်ခွင့်မပေးတော့ဘဲ ချက်ချင်းပြောင်းရန်နှင့် မပြောင်းပါက
ဖမ်းဆီးမည်ဟု ဖိအားပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါ လူငယ်များသည် ရန်ကုန်မြို့တွင် ကျောင်းတက်ရန်အတွက်
ဇွန်လဆန်းပိုင်းက ရောက်လာပြီး သန်လျင်မြို့အေး

သာယာရပ်ကွက် ဗိုလ်ချုပ်ကျေးရွာရှိ ကချင်အမျိုးသားတဦး ပိုင်သောအိမ်တွင်
တည်းခိုနေထိုင်နေကြခြင်းဖြစ်သည်။

“ကျမတို့က ဒီကလေးတွေကို ဧည့်သည်အဖြစ်နေဖို့ ၈ ရက်နေ့ကတည်းက ဥပဒေအတိုင်း
အကြောင်းကြားထားတာ။ ၁၃

ရက် နေ့ကျတော့ အုပ်ချုပ်ရေးမှူးက နေခွင့်မပေးနိုင်ဘူးပြောတာ။ ရဲတွေက
နေ့လယ် ၁၂ နာရီမှာ မနေနဲ့ တော့လို့ လာပြော

တယ်”ဟု ၎င်းလူငယ်များကို ကူညီပေးနေသော ရှေ့နေ ဒေါ်ဘောက်ဂျာ က ပြောသည်။

မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့် ကျောင်းသား ၁၉ ဦးခန့်နှင့်
ချက်ပြုတ်ကျွေးမွေးစောင့်ရှောက်မည့် သူများ အပါအ၀င်

၂၃ ဦးခန့်ကို နေအိမ်မှ ယနေ့ညနေ ၆ နာရီတွင် ချက်ချင်းရွှေ့ပြောင်းပေးရန်၊
မပြောင်းရွှေ့ပါက ဖမ်းဆီးခံရမည်ဟု

ခြိမ်းခြောက်ထားကြောင်း ၎င်းက ဆိုသည်။

“ဘာလို့ နေခွင့်မပေးလည်းလို့ မေးတော့ သေသေချာချာမပြောဘူး။ ချင်းဖြစ်ဖြစ်
ကချင်ဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေပဲ၊

နေခွင့် ရရမှာပေါ့။ ခရစ်ယာန်ဖြစ်လို့ ဘုရားရှိခိုးတယ်ဆိုလည်း ဘာဖြစ်လဲ။
အခုက ဘာသာရေးလွတ်လပ်ခွင့်မရှိသလိုလည်း

ဖြစ်နေ တယ်။ တိုင်းရုံးမှာ ဧည့်စာရင်းသွားတိုင်ပါလို့ ပြောတယ်”ဟုလည်း
ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

ကချင်ကျောင်းသားများကို နေထိုင်ခွင့်မပေးသည့်အကြောင်း
သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှ အကြောင်းပြချက် စာရေးပေးရန်

ကူညီသူများက တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ ယင်းကိစ္စကို
အထက်ရုံးများနှင့် နိုင်ငံတော်သမ္မတ အဆင့်အထိ

တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကချင်လူငယ်များကို သက်ဆိုင်ရာ အာဏာပိုင်များက နေထိုင်ခွင့်
ဧည့်စာရင်းမပေးဘဲ ဖိအားပေးမှုသည် လတ်

တလော၌ ကချင်ပြည်နယ်တွင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး
တပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်နေချိန်နှင့်လည်း

တိုက်ဆိုင်နေသည်။

ယမန်နေ့ကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ နမ်ဖတ်ခချောင်းကူး
တံတားကို KIA တပ်ဖွဲ့ ၀င်များက ဗုံး ခွဲ

ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်မှ တပ်ရင်း ၁၅ နှင့်
အစိုးရတပ်များသည် လအတန်ကြာ စစ်ရေး

တင်းမာ ခဲ့ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး
သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့သည်။



ကချင်ကျောင်းသားများ နေရပ်ပြန်ရန် အနှင်ခံရ
http://www.mizzimaburmese.com/news/inside-burma/7734-2011-06-15-08-36-49.html

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ရန်ကုန်တိုင်း
သန်လျင်မြို့၌ နေထိုင်ပညာ သင်နေသည့်

ကချင်ကျောင်းသားကျောင်းသူ ၁၉ ဦးအား ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍
နေရပ်ရင်းပြန်ရန် ဒေသအာဏာပိုင်များက အမိန့်ပေးထားကြောင်း
အမျိုးသားဒီမိုကရေစီိအင်အားစု NDF ပါတီဝင်

ဒေါ်ဘောက်ဂျာက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၏ ညွှန်ကြားချက်အရ ရဲ၊
စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက

မထွက်ခွါလျှင် ဖမ်းဆီးအရေးယူမည့် အကြောင်း အင်္ဂါနေ့ ည ၁၂ နာရီတွင် လာရောက်
သတိပေးထားခြင်း ဖြစ်သည်။

အသက် ၈ နှစ်မှ ၂ဝ နှစ်အတွင်းရှိ ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၇ ဦးမှာ
ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့်

ဆွမ်ပရာဘွမ် မြို့နယ်များမှဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊
အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက်

ပညာသင်ကာ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ အုပ်စုရှိ နေအိမ်တအိမ်ကို
စုပေါင်း ငှားရမ်းထားကြသည်။

“ကျောင်းသားတွေကို ဧည့်စာရင်း မပေးတော့ဘူး။ ကချင်ပြည်နယ်ကို ပြန်ဖို့ ညက
နောက်ဆုံးအကြိမ်ဆိုပြီး

လာသတိပေးတယ်။ အဲဒါကို မလိုက်နာဘူးဆိုရင် ကလေးတွေကို ဖမ်းမယ်လို့ ညက
လာသတိပေးပြီးပြီ” ဟု

ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ဒေါ်ဘောက်ဂျာသည် NDF ကိုယ်စားပြုကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပြည်သူ့လွှတ်တော်

ကိုယ်စားလှယ်လောင်းအဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။
သို့သော် ၎င်းမဲဆန္ဒနယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး

ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် အနိုင်ရခဲ့သည်။

စာသင်ရန် လာကြသဖြင့် နေရပ်ပြန်မည် မဟုတ်ဘဲ၊ ဖမ်းဆီးမည် ဆိုပါက အဖမ်းခံသွားမည်ဟု
ကျောင်းသားကျောင်းသူများက ဆုံးဖြတ်ထားကာ ၎င်းအိမ်၌ပင် နေထိုင်ဆဲဖြစ်သည်။

“ကျနော်တို့က ဘာမှလည်း မဟုတ်ဘူး။ ပညာသင်ချင်လို့ ဒီကိုရောက်လာတာ။
ဖမ်းမယ်ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့” ဟု

တညီတည်း ပြောဆိုကြကြောင်း ဒေါ်ဘောက်ဂျာထံမှ သိရသည်။

ငှားရမ်းထားသော အိမ်ကို လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့်
ကချင်အမျိုးသားတဦး ပိုင်ဆိုင်ပြီး၊ ယခုနှစ်
ကျောင်းအပ်ရာသီ မေလပိုင်းမှစ၍ ဧည့်စာရင်းတိုင်ကာ ငှားရမ်းထားခြင်း ဖြစ်သည်။

နေရပ်ဌာနေသို့ ပြန်ခိုင်းခြင်းနှင့် ဧည့်စာရင်း မပေးခြင်းကို သိနိုင်ရန်
ဒေါ်ဘောက်ဂျာက မြို့နယ်အုပ်ချုပ်ရေးမှူး

ဦးမိုးခိုင်ထွန်းထံ သွားရောက် မေးမြန်းခဲ့သည်။

“တိုင်းရင်းသားတွေ ဘာတွေ နားမလည်ဘူးတဲ့၊ လာမပြောနဲ့တဲ့။ ဧည့်စာရင်း
မပေးရဘူးလို့ ဘယ်ဥပဒေမှာ
ပြောထားသလဲလို့ ပြောတဲ့အခါကျတော့ ဘာမှ လာမပြောနဲ့တဲ့ အုပ်ချုပ်ရေးမှူးက
အဲလိုပဲ ပြောတယ်။ ကျမတို့ကတော့

နိုင်ငံသားလည်း ဖြစ်တယ်၊ ကျမတို့က အကြောင်းကြားထားပြီးသား ဖြစ်တဲ့အတွက်
ဘယ်လိုပဲဖြစ်ဖြစ် နေမှာပဲလို့ ကျမက

ပြောခဲ့တယ်” ဟု ဒေါ်ဘောက်ဂျာက ပြန်ပြောပြသည်။

ဆက်လက် နေထိုင်ခွင့်ရရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်မည် ဖြစ်ကာ၊
သမ္မတဦးသိန်းစိန်ထံ တိုက်ရိုက်

တိုင်ကြားရေးအတွက် ဒေါ်ဘောက်ဂျာ စီစဉ်နေသည်။

နှင်ထုတ်ခံနေရသည့် ကျောင်းသားကျောင်းသူများ နေထိုင်ရာ ကချင်ပြည်နယ်အတွင်း
ကချင်လွတ်မြောက်ရေး တပ်မတော်

KIA နှင့် အစိုးရ စစ်တပ်များအကြား တိုက်ပွဲများ အပြင်းအထန်
ဖြစ်ပွားနေသဖြင့် ၎င်းဒေသရှိ
ဒေသခံပြည်သူအချို့မှာ တရုတ်နိုင်ငံနှင့် တောတွင်းများသို့ သွားရောက်
ပုန်းရှောင်နေကြသည်။



မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလှမ်းချက် ထုတ်ပြန်
http://kachinnews.com/burmese/2010-01-18-05-43-21/463--kia--.html
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ
ပူးပေါင်းရန် ဆန္ဒရှိသူအား

ကြိုဆိုလျက်ရှိကြောင်း ကြေညာချက်အား ယနေ့ ထုတ်ပြန်လိုက်သည်။

“ရှေ့တန်းစစ်မျက်နှာပြင်၌ မလွှဲမရှောင်ရင်ဆိုင်တိုက်ခိုက်စဉ် KIA
တပ်မတော်ထံသို့ ပူးပေါင်းဝင်ရောက်လာသော

မြန်မာ့တပ်မတော်သားများအားလုံးကို နိုင်ငံတကာ စည်းမျဉ်း
စည်းကမ်းများနှင့်အညီ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။”

ဟု ရေးသားဖော်ပြထားသည်။

ယင်းကြေညာချက်နှင့်ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ
နိုင်ငံရေးပြောရေးဆိုခွင့်ရှိသူ

ဒူကဘာလနန်မှ “ကျတော်တို့ တပ်အသီးသီးကို ပေးပို့ထားလိုက်ပြီ။ ဒါဟာ
ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။”

ဟု ဆိုသည်။

ရှေ့တန်းရောက် KIA အရာရှိတစ်ဦးကမူ “မနက်က ၀rder ကျတယ်၊ ပူးပေါင်းလာတဲ့လူတွေကို

ကောင်းကောင်းမွန်မွန်လက်ခံဖို့၊ ဒဏ်ရာရလာတဲ့သူတွေကို နောက်တန်းကို
အမြန်ဆုံးပို့ဖို့” ဟု ပြောသည်။

ကြေညာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား
စစ်ရေးဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့်

စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရ
တော်လှန်နေခြင်းသာ ဖြစ်ကြောင်း

ဆိုသည်။

တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့
လျင်မြန်စွာရောက်ရှိရေး

အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */