“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 16, 2011

ပြင်သစ်နေ အယ်လဂျီးရီးယားမွေးသူ နိုင်ငံသားလျှောက်ထားမှု ငြင်းပယ်ခံရ

http://freedomnewsgroup.com/2011/06/12/refused-french-nationality/ ပေးပို့ သူ -eimmet mahotpar
၊ပြင်သစ်နိုင်ငံသူတဦးနှင့်လက်ထပ်ကာ ပြင်သစ်နိုင်ငံတွင်လက်ရှိနေထိုင်နေသူ
အယ်လ်ဂျီးရီးယားနိုင်ငံသား တစ်ဦး၏
ပြင်သစ်နိုင်ငံသားခံယူခွင့်လျှောက်ထားခြင်းအား ပြင်
သစ်လူဝင်မှုကြီးရေးမှ ငြင်းပယ်လိုက်သည်။ ငြင်းပယ်ရခြင်း၏
အဓိကအကြောင်းရင်းမှာ ထိုသူသည် ၄င်း၏ပြင်သစ်နိုင်ငံသူဇနီးအား
ဆော်ဒီအာရေးဗီးယားပုံစံဆန်ဆန် လွတ်လပ်စွာ
ပြင်ပသွားလာခွင့်မပြုခြင်းကြောင့်ဖြစ်သည်။ ထိုသူ၏
ဇနီးဖြစ်သူအားလိင်ပိုင်းဆိုင်ရာခွဲခြား
ဆက်ဆံမှုသည်ဥပဒေကြောင်းအရ ပြင်သစ်နိုင်ငံ၏ ကျားမတန်းတူညီမျှရှိမှုနှင့်
ဆန့်ကျင်နေ၍ဖြစ်သည်ဟု ပြင်သစ်
ထိပ်တန်းအရာရှိတဦးမှ ပြောကြားသွားခဲ့သည်။

ပြင်သစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပြုနိုင်သူများအား
ပြင်သစ်အစိုးရမှ၎င်းတို့အား နိုင်ငံ
သားအဖြစ်မှရပ်စဲခြင်း သို့မဟုတ် နိုင်ငံသားအဖြစ်လျှောက်ထားခြင်းအား
ငြင်းပယ်မှုပြုနိုင်သည်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဖြစ်သူ ကလော့ဒ်ဂူးရ်ရဲန့် (Claude Guéant) မှနေ၍
၎င်းအနေဖြင့် နိုင်ငံသားအဖြစ်လျှောက်ထားသူများအား
ပြင်သစ်လူ့အဖွဲ့အစည်းနှင့် အတူတကွပေါင်း
စည်းရုံသာမက တသားတည်းဖြစ်မှုကိုပါ မျှော်လင့်ထားကြောင်း ရှင်းလင်းခဲ့သည်။

ထိုသူ၏နိုင်ငံသားခံယူခွင့်လျှောက်လွှာကို လုပ်ထုံးလုပ်နည်းအဆင့်ဆင့်အရ
စိစစ်ဆောင်ရွက်နေစဉ်တွင်း
ရဲတပ်ဖွဲ့မှ တွေ့ဆုံမေးမြန်းစဉ်
လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုနှင့်ပတ်သက်နေသည့် စိုးရိမ်ပူပန်မှုများ
ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ဖြစ်ပြီး၊ ယခုငြင်းပယ်မှုအား
ဥပဒေပြုခြင်းနှင့်ပတ်သက်၍ ပြင်သစ်အစိုးရအား
အကြံပေးရသည့် ဥပဒေဆိုင်ရာအဖွဲ့အစည်းဖြစ်သော ပြင်သစ်နိုင်ငံတော်ကောင်စီ
(State Council) မှ အတည်ပြုခဲ့ပြီးဖြစ်သည်ဟု
ပြင်သစ်ပြည်ထဲရေးဝန်ကြီး၏ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

ဥပဒေကြောင်းအရ ပြင်သစ်လူ့အဖွဲ့အစည်းနှင့်တသွေးတသားတည်းဖြစ်ခြင်းအား
လေးစားမှုကင်းမဲ့သူ သို့မဟုတ်
ပြင်သစ်လူ့အဖွဲ့အစည်းနှင့်တသွေးတသားတည်းမဖြစ်သူ သို့မဟုတ်
ဇနီးအများအပြားယူသူ (Polygamist)တို့၏
နိုင်ငံသားခံယူခွင့်လျှောက်ထားမှုအား ပြင်သစ်အစိုးရမှ
ငြင်းပယ်နိုင်ပေသည်။

ပြင်သစ်နိုင်ငံသူအား လွန်ခဲ့သည့် ၄ နှစ်ကျော်က လက်ထပ်ခဲ့သည့်ထိုသူသည်
ပြင်သစ်နိုင်ငံသားလျှောက်ရန်
အကျုံးဝင်သူဖြစ်ခဲ့သည်။ ယခုကိစ္စတွင် ရဲစခန်း၌တွေ့ဆုံမေးမြန်းစဉ်
ထိုသူ၏အပြုအမူများမှ ၄င်းသည် အထူး
တလည်သတိထားမိလောက်အောင်ပင် ကျားမတန်းတူရှိမှုနှင့်ပတ်သက်၍
ပြင်သစ်လူ့အဖွဲ့အစည်းနှင့် တသွေးတသားတည်းဖြစ်သူမဟုတ်ကြောင်း
ပေါ်လွင်ခဲ့သည်။ ၄င်း၏အပြုအမူများသည် ပြင်သစ်သမ္မတနိုင်
ငံတော်မှ တန်ဖိုးထားသည့်စံများနှင့်ကွဲလွဲနေမှုက
ထိုသူ၏နိုင်ငံသားအဖြစ်လျှောက်ထားခြင်းအားငြင်းပယ်မှုမှာ
မှန်ကန်ကြောင်းပေါ်လွင်စေခဲ့သည်။ ယခုကိစ္စအား ပြင်သစ်နိုင်ငံတော်ကောင်စီ မှ
စစ်ဆေးခဲ့ပြီး ငြင်းပယ်ရန်ဆုံးဖြတ်မှု မှန်ကန်ကြောင်းသဘောတူညီခဲ့သည်။

ယခုကိစ္စသည် လက်ယာစွန်းခေါင်းဆောင်ဖြစ်သူ မရီးန်လီပင်းန် (Marine Le Pen)
မှ ဒွိနိုင်ငံသားခံယူမှု
(Dual Citizenship) သည် ပြင်သစ်သမ္မတနိုင်ငံတော်မှတန်ဖိုးထားသည့်စံများကို
အားနည်းစေ၍ ပြင်သစ်
လွှတ်တော်အမတ်များအား ဒွိနိုင်ငံသားခံယူနိုင်ခြင်းကို ထောက်ခံမှုအား
ရပ်တံ့ရန်တောင်းဆိုခဲ့ပြီး တပတ်မျှ
အကြာတွင် ဖြစ်ပျက်ခဲ့သည်။ လီပင်းမှ ဤတောင်းဆိုမှုသည် အယ်လ်ဂျီးရီးယား၊
မော်ရိုကို နှင့် တူနီးရှားနိုင်ငံများမှ
ဝင်ရောက်လာသူများကို ရည်ရွယ်ကြောင်းကြေငြာခဲ့သည်။ ထို့နောက်
လက်ရှိအာဏာရလက်ယာပါတီဖြစ်သည့်
ယူအင်မ်ပီပါတီ (Union pour un Mouvement Populaire, UMP) ၏
လွှတ်တော်အမတ်ဦးရေ ၅၀ မှ နှစ်နိုင်ငံ
သားခံယူခြင်းကို အဆုံးသတ်နိုင်ရန်အတွက် ပြင်သစ်သမ္မတနစ်ကိုးလပ်စ်ဆာကော်ဇီ
(French President Nicolas Sarkozy) နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး
သမ္မတဆာကော်ဇီသည်လည်း ထိုအကြံပေးမှုအား အလွန်ပင်လိုလိုလားလားရှိသည်ဟု
ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် လွှတ်တော်အမတ်တဦးမှ ပြောကြားခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */