“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 16, 2011

ရုရှပြန်စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း

ပေးပို့ သူ -eimmet mahotpar
http://phopa-dwm.blogspot.com/2011/06/blog-post_3218.html#more
ရုရှပြန်စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက်ဘလော့များတွင် ပုဂ္ဂိုလ်ရေးအရမကပဲ
အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင်
ရေးသားဖေါ်ပြလာတာတွေ့ရပါတယ်။ ဒီဘလော့ တွေဟာ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်း တွေကို
နည်းမျိုးစုံနဲ့ တိုက်ခိုက် ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။

၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့
ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။ ခိုးယူသွား တဲ့ အကောင့်ကို
ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က
ဆိုတာ တွေ့ရပါတယ်။ အင်တာနက်ရာဇ၀တ်မှု (cyber crime) ကို ကျူးလွန်ပြီး၊
ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့
ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်း ရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့
ကျမရဲ့ ယုံကြည် ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူး ဆိုတာ
အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ် သားသား တုန့်ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျမအပေါ်တိုက်ခိုက်ရေးသားချက်တွေကို
ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်း
ဖြန့်ဝေရေးသားတာတွေ့မြင်ရပါတယ်။

ကျမနဲ့ ခင်ပွန်းဖြစ်သူ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသား
နိုင်ငံရေးလှုပ်ရှားထဲ ဖြတ်သန်းခဲ့ က တည်းက မမှန်မကန်စွပ်စွဲ
ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့
ဒီကိစ္စမှာ ရင့်ကျက် ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ
ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ
ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့လုပ်ရပ်
အပေါ်တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။

အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်သက်သက်နဲ့
နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့
ရုရှပြန်စစ်ဗိုလ်အုပ်စုလုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား၊
အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာမေးခွန်း ထုတ်ရပါလိမ့်မယ်။

နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို
အလွဲသုံးစားလုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက် အကြပ်ကိုင်
ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ ရုရှပြန် စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ်
တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ ရင်လေးစရာပါ။

နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့မရတဲ့ Cyber Crimes၊
အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊
လူလူချင်းထိခိုက်နစ်နေစေတဲ့လုပ်ရပ်တွေ ရုရှပြန် စစ်ဗိုလ်တွေ
ကျူးလွန်နေတဲ့ အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့
လိုအပ်ပါတယ်။

အခုကိစ္စနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်
စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့
ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့ အပေးအယူ
မဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူ လုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ
မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ
အဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။

ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင်
ခြိမ်းခြောက်ခံရသူ အားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြမှာလို့ မေတ္တာရပ်ခံပါတယ်။

ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။

၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမတရုံး၊ ပြည်ထောင်စုသမတမြန်မာနိုင်ငံ
၂. ဦးဝဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်
၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ
၆. ပြည်တွင်း ပြည်ပသတင်းဌာနများ

အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု
+1 202 731 1791
Ingjinnaing@gmail.com
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */