“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

ပြည်သူ့စစ်ခေါင်းဆောင် ရာဘဆေးပြား ရောင်းဟု ဆို

Wednesday, 08 June 2011 17:05 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
မြန်မာစစ်တပ် ကျောထောက်နောက်ခံ ပြုထားသည့် နမ့်ခမ့်မြို့နယ် ဟိုကန်ရပ်ကွက် ပြည်သူ့စစ်ခေါင်း ဆောင် စိုင်းအိုက်ခေး ကိုယ်တိုင် ဒေသတွင်း ရာဘ ဆေးပြားများ ရောင်းချနေကြောင်း
ဒေသခံများ အဆိုအရ သိရသည်။


ပြည်သူ့စစ်ခေါင်းဆောင် စိုင်းအိုက်ခေးနှင့် အဖွဲ့ဝင် ၈ ဦးခန့်သည် နမ့်ခမ်းမြို့နှင့် ၂ မိုင်ခန့်ဝေးသည့် ကွန်ဟိုင်း ရွာဂိတ် တာဝန်ကျနေရာ ၄င်းဒေသတွင်းရှိ လူငယ်များအား ရာဘဆေးပြားများ ရောင်းချနေကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။


“ဒီနှစ်ဆန်းပိုင်းမှာပဲ ဂိတ်တာဝန်ကျတာ အရင်က ပြည်သူ့စစ် ၃ ယောက်ပဲရှိတယ် အခုက ၈ယောက်လောက်ရှိ တယ် သူ တို့က စခန်းမှာပဲစောင့်ပြီး ရောင်းချတာ။ ကွန်ဟိုင်း ၊ နောင်မ ၊ နောင်ခမ်းရွာက လူငယ်တော်တော် များများ ရာဘ ဆေးစွဲနေပြီ” ဟု သူက ဆိုသည်။


လက်ရှိ အညံ့စားရာဘဆေးတစ်ပြား ကျပ် ၁၅၀ဝ ဝန်းကျင်နှင့် အကောင်းစားဆေးတစ်ပြား ကျပ် ၂၀ဝ၀ ဝန်း ကျင်ခန့် ရောင်းချနေသည်ဟု ဆိုသည်။


“အညံ့စား ၁၀ ပြားဈေးက ကျပ် ၇၀ဝ၀ ရှိတယ် တစ်ပြားဈေးက တရုတ်ငွေနဲ့ဆိုရင် ၁၄ ယွမ်ရှိတယ်။ မြန်မာငွေ က ၁၅၀ဝ။ အကောင်းစား တစ်ပြား ၂၀ဝ၀ လောက်ပေါက်တယ်။ သူတို့ကိုယ်တိုင်လဲ မူးယစ်ဆေးဝါး သုံးစွဲတယ်” ဟု ဆိုသည်။


ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက ယခုကိစ္စ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး အာဏာပိုင်များ မူးယစ်ဆေးဝါးနှိမ်နှင်းမှု ပြုလုပ်နေရာ မေလကုန်ပိုင်းက မူစယ်မြို့ စိတ်ကြိုက်ယာဉ်လှိုင်းဂိတ်တွင် ရာဘဆေးပြား တစ်သိန်းကျော် ဖမ်းမိကြောင်း ဆိုသည်။


“လွန်ခဲ့တဲ့လကုန်ပိုင်းတုန်းကပဲ စိတ်ကြိုက်ကားလှိုင်းဂိတ်မှာ ရာဘဆေးပြား ၁ သိန်းကျော်ဖမ်းမိတယ်။ ပိုင်ရှင် တော့မမိ ဘူး။ အဲဒီပစ္စည်းတွေနဲ့ ဆက်စပ်တဲ့ လူတချို့ကိုတော့ ဖမ်းဆီးအရေးယူထားတယ် ” ဟု ဆိုသည်။

ゞင်းကွန်ဟိုင်းဂိတ်မှတဆင့် တရုတ်နယ်စပ်သို့ မီးသွေးနှင့် ဆောက်လုပ်ရေးသုံး ဂဝံကျောက်များ တင်သွင်းနေရာ ပြည်သူ့ စစ် အဖွဲ့ရံပုံငွေ ကောက်ခံကြောင်း သိရသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */