“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

မြန်မာစစ်တပ် အင်အားထပ်မံတောင်းဆို၊ တိုက်ပွဲရပ်မည့်ပုံ မပေါ်သေးဟု SSPP/SSA တပ်မှူးပြော

Wednesday, 08 June 2011 17:09 သျှမ်းသံတော်ဆင့် (ပေးပို့ သူ-ဗမာ့သွေး)
E-mail Printဓါတုလက်နက် အသုံးပြုသည်ဟုယူဆရသော မြန်မာ စစ်တပ်နှင့်SSPP/SSA တို့၏ မိုင်းကောင်မြို့ တောင် ဖက် တိုက်ပွဲအပြီး စစ်ကူ ထပ်မံပို့ပေးရန် နေပြည် တော်သို့ တင်ပြတောင်းဆိုထားသဖြင့် ထိုးစစ်ဆင် တိုက် ခိုက်မှု ရပ်တန့်မည့်ပုံမပေါ်သေးကြောင်း တန့်ယန်း ဒေသခံ တဦးကပြောသည်။“

ဂျွန်လ ၃ ရက်နေ့က မိုင်းကောင်တောင်ဖက် ကျနော်တို့ ရဲ့ လွယ်ဂျန့်ကင့် ၇ မိုင် တပ်စခန်းကို မြန်မာစစ်တပ် က ဝင်တိုက်တာ။ အဲဒီတိုက်ပွဲ မှာအဦးဆုံးဓါတုလက်နက်သုံးတယ်။တိုက်ပွဲ နောက်ပိုင်း စစ်ကူတွေထပ်ပို့ပေးဖို့ နေပြည်တော်မှာရှိတဲ့ တိုင်းချုပ်ဆီု တင်ပြတယ်ဆို က တည်းက ကျနော်တို့ကို ထိုးစစ်ဆင်နေတာရပ်တန့်မယ့် ပုံမပေါက်ဘူး” ဟု တပ်မဟာ ၃၆ မှ တပ်မှူးတဦးကပြောသည်။

အဆိုပါတိုက်ပွဲတွင် မိုင်းကောင်အခြေစိုက် ခလရ ၃၃ တင်မကဘဲ မိုင်းပန် မခရ ၅၇၅ ၊ ကိုးကန့်ဒေသမှလာသော တပ်မ ၃၃၊ တပ်မ ၅၅၊ တပ်မ ၉၉ တို့အပြင် မိုင်းရှူးမှလာသော လင်းခေး၊ မိုင်းပန်အခြေစိုက် မြန်မာတပ်များ လည်း ပါဝင်ရာ အင်အား ၁၇၀ နှင့် ၂၀ဝ ကြားတွင်ရှိကြောင်း အဆိုပါတပ်မှူးကပြောသည်။“လက်နက် ကြီးအလုံး ၅၀-၆၀ လောက်ပစ်တယ်။ ဓါတုလက်နက်က ၄ လုံး ၅ လုံးပါတယ်။ အဲဒီဓါတုဗုံးက ပေါက်ကွဲ တဲ့ အသံက ရိုးရိုးကျည်လောက်မကျယ်ဘူး။ မီးခိုးက ပိုမည်းတယ်။



ယမ်းငွေ့ ရှူမိရင် မူးတယ်။ အန်ချင် တယ်။ အသက်ရှူကျပ်တယ်။ မျက်လုံးစပ်တယ်။ သတိလစ်တယ်။ ကျနော်တို့တပ်သား ၂ ယောက် ယမ်းငွေ့ရှူ မိလို့ မူးရူးပြီး အဖွဲ့ကွဲသွားတာ မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခံလိုက်ရတယ်” ဟု လည်း သျှမ်းသံတော်ဆင့်သို့ ပြောပြ သည်။မြန်မာစစ်တပ်ဖက်မှ အယောက် ၂၀ ထက်မနည်း သေဆုံးရာ ဗိုလ်မှူးတဦးအပါအဝင် အရာရှိအရာခံများလည်း ပါဝင် ကြောင်း၊ အယောက် ၄၀ ထက်မနည်း ဒဏ်ရာရရှိကြောင်း သိရသည်။အလားတူ ၃ ရက်နေ့ ည ၉ နာရီ ၌ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ မှ တပ်ရင်းတရင်းက မိုင်းကောင်မြောက်ဖက် နားယန်းရွာ ရှိ မြန်မာစစ်တပ်လမ်းကင်းတခုကိုဝင်ရောက်တိုက်ခိုက်ရာ ခလရ ၃၃ မှ တပ်သား ၃ ယောက် သေဆုံးကြောင်း အဆိုပါ တပ်မှူးက ဆက်ပြောပြသည်။



“ ၄ ရက်နဲ့ ၅ ရက်နေ့ကျတော့ မိုင်းကောင်-တန့်ယန်းက ချောကား ၁၀ စီးကျော်ချောဆွဲပြီး တိုက်ပွဲက ဒဏ်ရာရ စစ် သားတွေကို သွားတင်ဖို့နဲ့ ရိက္ခာတွေ သယ်ဖို့။ အဲ့ဒီ ၄ ရက်နေ့ ညမှာလဲ ကျနော်တို့ တပ် မဟာ ၃၆ က ဒု-ဗိုလ် လျဲန်းခေးဦးဆောင်တဲ့ တပ်ရင်း ၁၂၉ က တန့်ယန်းအသွားလမ်း မိုင်းကောင်အထွက် ခုန့်ညောင်ဂိတ် စောင့် လှုပ်ရှားရဲနဲ့ ပြည်သူ့စစ်တွေကို ဝင်ပစ်တာ။ ပြည်သူ့စစ် ၅ ယောက် သေသွားတယ်။ ၁ ယောက်ဒဏ်ရာ ရတယ်” ဟု ဆိုပါသည်။



အဆိုပါ ပြည်သူ့စစ်များအား မြန်မာစစ်တပ်နှင့်ပူးပေါင်းခြင်းမပြုရန်၊ တိုက်ပွဲအတွက် မြန်မာစစ်တပ်အား ရှေ့ဆောင် လမ်းပြမပြုရန် အကြိမ်ကြိမ် ဆက်သွယ်ဖြောင်းဖြသတိပေးတားမြစ်ခဲ့ဖူးသော်လည်း ゞင်းတို့က နားမထောင်သဖြင့် ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု လည်း ဆိုပါသည်။



ဓါတုလက်နက်သုံးသည့် တိုက်ပွဲအား လားရှိုးရမခတိုင်း လက်အောက်ခံ တန့်ယန်းအမှတ်(၃) စစ်ဗျူဟာ ကတိုက်ရိုက်ကွပ်ကဲ အမိန့်ပေးသည်ဟု ရှေ့တန်းတက် သျှမ်းတပ်သားများ ပြောကြောင်း၊ ဓါတုဗုံးသီးကို အသုံးပြုတိုက်ခိုက်သည်မှာ ခလရ(၂၉၁)နမ့်ပေါင်၊ ခလရ(၃၃)မိုင်းကောင်ဖြစ်ကြောင်း အဆိုပါ တပ်မဟာ(၃၆) တပ်မဟာမှူး ဒုဗိုလ်မှူးကြီး ပင်းမိန်းက အတည်ပြုပြော ဆိုသည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */