“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 09, 2011

အာဏာပိုင်နှင့် နီးစပ်သည့် ကုမ္ပဏီများ ၅ သိန်းတန် GSM ချပေးခွင့်ရရှိ

ဧရာဝတီ Tuesday, 07 June 2011 19:39 (ပေးပို့ သူ-ဗမာ့သွေး)
ကျပ် ၅ သိန်းတန် GSM ဖုန်းချထားပေးသည့် လုပ်ငန်းများကို အာဏာပိုင်များနှင့် နီးစပ်သော ကုမ္ပဏီ ၃ ခုက အကျိုးတူ လုပ်ကိုင်ခွင့် ရရှိထားပြီး အဆိုပါ ကုမ္ပဏီများတွင် လျှောက်ထားနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဦးက တရားဝင် ပြောဆိုလိုက်သည်။
ပုဇွန်တောင်မြို့နယ် မြန်မာ့ဆက်သွယ်ရေး သင်တန်းကျောင်းတွင် ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့သော ဆက်သွယ်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီး ပြည်တွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဦးသိန်းဦးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ယူ ချထားပေးလျက်ရှိသော ကျပ် ၅ သိန်းတန် GSM ဖုန်းများကို ဦးတေဇပိုင် E-Lite Techကုမ္ပဏီ၊ ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် Asia Mega Linksတို့တွင် တိုက်ရိုက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်းနှင့် ထိုသို့ လျှောက်ထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေကို ကျပ် ၅ သိန်းတန် GSM ချပေးတဲ့ လုပ်ငန်း လွှဲပေးတယ်လို့တော့ တရားဝင်မပြောဘူး။ သူပြောတာက အကျိုးတူ လုပ်တာပေါ့။ ဒါပေမယ့် ဒါက လွှဲပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီကုမ္ပဏီတွေမှာ သွားလျှောက်ရင် ချက်ချင်းရမယ်။ နေ့ချင်းပြီး တခါတည်း၊ တချိန်တည်း၊ တနေရာတည်းမှာ One Stop Service နဲ့ လုပ်ပေးမယ်” ဟု အခမ်း အနား တက်ရောက်ခဲ့သော သတင်းထောက်တဦးက ဆိုသည်။

ဦးတေဇပိုင် E-Lite Tech ကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကျပ် ၅ သိန်းတန်CDMA 800 MHz ဖုန်းများချထားပေးသည့် လုပ်ငန်းအပြင် ဖုန်းနှင့် အင်တာနက်ချိတ်ဆက် တပ်ဆင်ပေးသော လုပ်ငန်းများကိုပါ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

မေလ ၃၁ ရက်နေ့တွင် သတ်မှတ်ဖုန်း အလုံးရေ ပြည့်မီသွားသည့်အတွက် CDMA 800 MHz ဖုန်းများချထားပေးမှု ရပ်ဆိုင်းခဲ့ကာ ယခုကဲ့သို့ ကျပ် ၅ သိန်းတန် GSM ဖုန်းချထားပေးသည့် လုပ်ငန်းကို ထပ်မံလုပ်ကိုင်ခွင့် ရရှိသွားခြင်း ဖြစ်ကြောင်း E-Lite ကုမ္ပဏီမှ သိရသည်။

“CDMA 800 MHz က ဖုန်းအလုံးရေ ၂ သိန်းပြည့်သွားလို့ ရပ်လိုက်တာပါ။ ဖုန်းချထားပေးတာတွေ ရပ်ပေမယ့် CDMA 800 MHz ဖုန်းတွေမှာ အင်တာနက် တပ်ဆင်ခွင့်တော့ ပြန်ပြီးလုပ်ပေးဖို့ ရှိပါတယ်” ဟု ဗဟန်းမြို့နယ် ပုလဲကွန်ဒိုရှိ E-Lite Tech ရုံးချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

E-Lite Tech ကုမ္ပဏီသည် ရတနာပုံမြို့သစ်တွင် ဖုန်းဟန်းဆက်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဖိုက်ဘာ ကြိုးမျှင်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ကျပ် ၅ သိန်းတန် CDMA 800 MHz၊ GSM၊ CDMA 450 MHz ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် လုပ်ငန်း၊ တခါသုံး ဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းအပါအ၀င် ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများစွာကို လုပ်ကိုင်ခွင့် ရရှိထားသည်။

E-Lite Tech အပြင် အာဏာပိုင်များနှင့်နီးစပ်သည့် ရတနာတယ်လီပို့နှင့် Asia Mega Link ကုမ္ပဏီတို့သည်လည်း ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ပိုင်ခွင့် ရရှိထားသည်။

“ရတနာပုံ တယ်လီပို့ရော၊ Asia Mega Link ရောက ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုး အသိုင်းအဝန်းတွေ ရှယ်ယာပါထားတဲ့ ကုမ္ပဏီတွေပါ။ ဒီလိုကုမ္ပဏီမျိုးတွေပဲ လုပ်ကိုင်ခွင့်ရတာ မဆန်းပါဘူး” ဟု အပတ်စဉ်ထုတ် ဂျာနယ်တခုမှ စီးပွားရေး သတင်းထောက် တဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအင်ဂျင်နီယာချုပ် ဦးသိန်းဦးက မြန်မာနိုင်ငံမှ GSM ဖုန်းများကို အာဆီယံ ၁၀ နိုင်ငံနှင့် အာရှနိုင်ငံ များသို့ သယ်ဆောင် အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပြီး အပြန်အလှန်အားဖြင့် ပြည်ပနိုင်ငံများမှ ဖုန်းများကိုလည်း မြန်မာနိုင်ငံတွင် သယ်ဆောင် အသုံးပြုခွင့် ပေးမည်ဖြစ်ကြောင်း၊ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */