“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 31, 2010

နအဖ နှင့် ကရင် တော်လှန်ရေးတပ် (KNU- KNLA) တိုက်ပွဲ မှတ်တမ်း

အပြည့်အစုံသတင်းဖတ်ရန်....

ကမ္ဘာကလက်မခံနိုင်တဲ့ ဗမာပြည် အပြောင်အလဲ.. (လောလောဆယ်ဗမာပြည် ကောင်းလာရန် ဘာမှလမ်းမမြင်။

“အရပ်ဝတ် လဲထားပေမဲ့ အာဏာရှင်ဟာ အာဏာရှင်ပဲ”၊ အမေရိကန် ဝေဖန်

By ဦးသားညွန့်ဦး တနင်္လာ, 30 သြဂုတ် 2010
မြန်မာစစ်တပ် ထိပ်တန်း စစ်ခေါင်းဆောင်တွေ အတော်များများ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ဝတ်၊ အရပ်ဝတ်လဲလဲ အာဏာရှင်ဟာ အာဏာရှင်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘာမှ မတွေ့ရသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားအမြင်က မပြောင်းလဲပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်က ထိပ်တန်း စစ်ခေါင်းဆောင် အများအပြား ရာထူးက နှုတ်ထွက်သွားကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ကိုရော အစိုးရပိုင်းကိုပါ သြဇာအာဏာ ချုပ်ကိုင်ထားတုန်းပဲလို့ အများက ယူဆပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မမျှော်လင့်ကြပါဘူး။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး အတော်များများ ရာထူးက အနားယူသွားတယ်ဆိုတာ ခိုင်လုံသလောက် ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်ရှိ မရှိက အတည်ပြုလို့ မရသေးပါဘူး။

သတင်းအချို့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒု-ဦးစီးချုပ် ဖြစ်သွားတယ် ဆိုတာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ရာထူးကနေ အနားယူသွားပြီလို့ ယူဆမှုတွေလည်း ရှိပါတယ်။ တဘက်မှာတော့ နအဖ စစ်ကောင်စီက ဆက်ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။

ဒါပေမဲ့ အားလုံးနီးပါးမှာ တူညီတဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာဆက်ရှိနေတယ်၊ စစ်အာဏာရှင်စနစ် ဆက်ရှိနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေအတွက် အခုလို စစ်ဘက် အကြီးအကဲတွေ အရပ်ဝတ် ပြောင်းရုံသက်သက် အဖြေမရနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လေ (P.J Crowley) က ပြောပါတယ်။

“အရပ်ဝတ်ထားလည်း အာဏာရှင်က အာဏာရှင်ပါပဲ။ အခု သူတို့က ယူနီဖောင်း ချွတ်တာတွေ လုပ်နေပေမဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကိုတော့ ကန့်သတ်ထားတုန်းပါပဲ။ ဒါကြောင့် ကျနော်တို့အမြင်က အပြောင်းအလဲ မရှိပါဘူး။ အခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ အကဲစမ်းမှုတွေအတွက် အခုလို အရပ်ဝတ် ပြောင်းလိုက်ကြတာ အဖြေမဟုတ်ပါဘူး။”

လက်ရှိ မြန်မာစစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲအတွက် အများလက်ခံနိုင်အောင် အပြောင်းအလဲတွေလည်း အခုချိန်မှာ ဘာမှ မတွေ့ရသေးဘူးလို့လည်း ပီဂျေ ခရော်လေက ပြောပါတယ်။

“နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေး ညှိနှိုင်းရပါမယ်၊ နိုင်ငံရေး အတိုက်အခံတွေ ရှင်သန်ခွင့် ပေးရပါမယ်၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြားမှာ စစ်စစ်မှန်မှန် ယှဉ်ပြိုင်မှုသဘော ရှိစေရပါမယ်။ ဒါမျိုးတွေ မရှိဘဲနဲ့တော့ စစ်သားတွေပါပါ အရပ်ဝတ်တွေပဲပါပါ၊ လာမယ့် ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံမယ့်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး မြင်ရမှာ မဟုတ်ပါဘူး။”

အခုလို စစ်ဘက် အကြီးအကဲတွေ အပြောင်းအလဲ လုပ်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် အဓိက ပြင်ဆင်ချက်လို့ ယူဆရပါတယ်။ အထူးသဖြင့် စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီမှာ ၀င်အရွေးခံကြမယ့် ကိုယ်စားလှယ်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တဘက်မှာလည်း စစ်တပ်က ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် ကိုယ်စားလှယ်လောင်းတွေဆိုတာ ရှိပါတယ်။ စစ်ဘက် လေ့လာသူ အချို့ကတော့ လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မယ့် ကိုယ်စားလှယ်တွေဟာ စစ်ဘက်က မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ အခု အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်အပေါ်မှာ အာဏာစက် ရှိနေတုန်းပဲလို့ ယူဆပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံးဝ အနားယူသွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ စစ်တပ်ရာထူးကိုပဲ သူ့ထက် ငယ်တဲ့လူကို လွှဲပေးပြီးတော့ နိုင်ငံရေး အာဏာကိုရော၊ ကျန်တဲ့အာဏာ အားလုံးကို သူက ဆက်ပြီး ထိန်းထားတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒါကို အနားယူသွားတယ်လို့ မထင်မှတ်စေချင်ပါဘူး။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူမှာလား၊ အရန်အင်အား စာရင်းအဖြစ် နေမှာလားဆိုတာ၊ တပ်မတော်မှာ ရာထူးက အမိန့်ထုတ်တဲ့အခါ နှစ်မျိုးရှိပါတယ်။ အရန်အင်အားစာရင်း သဘောမျိုးနဲ့ နေမယ်ဆိုရင်တော့ သူက ယူနီဖောင်း ဆက်ဝတ်ရင် ၀တ်ပါလိမ့်မယ်။ အငြိမ်းစားယူတယ် ဆိုရင်တော့ သူက ဦးသန်းရွှေ ဖြစ်သွားပါလိမ့်မယ်။

“ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အကြွင်းမဲ့ ယုံကြည်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မထွက်သေးဘူး၊ နောက် ရွေးကောက်ပွဲ ပြီးရင်လည်း သူ မနားသေးဘူး၊ ကျနော် ပြောပြောနေသလိုပဲ သူသည် နောက်ကွယ်က ကြိုးကိုင်မယ့် အာဏာရှင်တယောက် အနေနဲ့ပဲ ဆက်နေနေမယ့် အနေအထားမျိုး ရှိပါတယ်။”

အခုလို စစ်ဘက် အကြီးအကဲတွေ ရာထူးက နှုတ်ထွက်တယ် ဆိုတာကို မြန်မာအစိုးရ သတင်းမီဒီယာတွေမှာတော့ မသိမသာ ဖော်ပြတာမျိုးတောင် မရှိသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လက်ရှိ ဘယ်တာဝန် ယူနေသလဲဆိုတာ အများက ဒွိဟ ဖြစ်နေကြပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နိုင်ငံဟုဆိုသော်လည်း အားကိုးရာမဲ့


ပဲခူးမြို့တွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှ စတင်တက်လာသော ပဲခူးမြစ်ရေကြောင့် ပဲခူးမြို့ရှိ ဇိုင်းဂနိုင်းတောင်နှင့်မြောက်၊ အိုးလေးစု၊ မဇင်း၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက်တို့ ရေမြုပ်နေသဖြင့် ရပ်ကွက်နေ မိသားစုများသည် နီးစပ်ရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများတွင် ယာယီမှီခိုနေကြရသည်။

ပဲခူးမြို့ မဇင်းရပ်ကွက်ထိပ် ရန်ကုန်မန္တလေးအဝေးပြေးကားလမ်းပေါ်ရှိ အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် မိသားစု (၂၀၀) ကျော်တို့မှ လူဦးရေ (၆၀၀) ကျော်တို့သည် အစိုးရမှ မည်သည့်အထောက်အပံ့မှ ပြုလုပ်ပေးခြင်းမရှိသဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် စေတနာရှင်များမှ လှူဒါန်းသော အစားအသောက်များကိုသာ အားထားနေရသည်။ ရွှေနံ့သာကျောင်းမှ နေ့စဉ် ဆန်အိတ် (၁၅) အိတ်ကို ဒုက္ခရောက်နေသူများအတွက် ပေးလှူနေရသည်ဟု ပဲခူးမြို့သားတဦးက ပြောသည်။

နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားလေ့ရှိသည့် ပဲခူးမြစ်ရေလျှံမှုသည် မြစ်ဖျားပိုင်းမိုးများသည့်အချိန်နှင့် ပဲခူးမြစ် မြစ်ဖျားခံရာ ဇောင်းတူတာတမံမှ ရေလွှတ်ချိန်တိုက်ဆိုင်ပြီး ယခုကဲ့သို့ မြစ်ရေမျက်နှာပြင် မြင့်တက်လာခြင်းဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ဝါထပ်သည့်နှစ်များတွင် ဖြစ်ပေါ်လေ့ရှိသည်။ ပဲခူးမြို့တွင်မူ ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသည်။

အစိုးရ သတင်းစာမှ သတင်းထုတ်ပြန်ချက်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၉၁၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်ထပ် (၂၄) နာရီအတွင်း ဆက်လက်တည်ရှိနေဦးမည်ဟု ဖော်ပြပါရှိသည်။ အဆိုပါရေကြီးမှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး၊ ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းမကိုလည်း ရေကျော်နေပြီဖြစ်သည်။

ကားလမ်းကို ကားငယ်များဖြတ်သန်းခြင်းမရှိတော့ဘဲ ကားကြီးများသာ ဖြတ်ကူးနေကြပြီး ရပ်ကွက်များတွင် လှေများဖြင့် သွားလာကူးသန်းနေကြရသည်ဟု ပဲခူးမြို့သား ကိုတိုးက ပြောသည်။

“ဒီနှစ်က အခုနောက်ကျမှရေကြီးတာ၊ ဝါထပ်တဲ့နှစ်တွေက ပိုဆိုးသေးတယ်။ အဝေးပြေးဝင်းဆို ခါးတောင်ကျော်နေပြီ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က (၃) လနီးပါး ပြန်လည်ပြင်ဆင်ထားသော ပဲခူးတံတားသည် နဂိုမူလထက် အနည်းငယ်ပိုမြင့်သွား၍ ရေကျော်မှုမျိုး မဖြစ်သေးသော်လည်း တံတားအောက်ခြေ နှုတ်ခမ်းဘောင်နားသို့ ရောက်ရှိနေပြီဖြစ်သည်။

ယခုအခါ ရေကြီးခြင်းကို အကြောင်းပြု၍ ယခင်က (၁၅၀) ကျပ်သာပေးရသော ခရီးတိုကို ယခုအခါ ခရီးသည်တယောက်လျှင် (၄၀၀) ကျပ်ဖြင့် ကုန်ကား၊ ဖောကား (တရုတ်လုပ် မြေသယ်ကား) များက တဘက်ရေစပ်မှ တဘက်ရေအစပ်သို့ ပို့ဆောင်ပြေးဆွဲနေကြသည်။

ယနေ့နံနက်တွင် ပဲခူးမြို့၊ တောင်သူစုကျေးရွာ ပရဟိတကျောင်းဆရာတော် ဥူးကိတ္တကျောင်းမှဦးစီး၍ ရေဘေးဒုက္ခသည်များအား ထမင်းဟင်းများ သွားရောက် လှူဒါန်းခဲ့ကြသည်။

အလှူရှင်တဦးက “ဘယ်သူမဆိုပါ၊ ဘယ်လိုလူမျိုးဒုက္ခရောက်ရောက် ကူညီသင့်တယ်။ အလှူရှင်များတော့ ပိုကောင်းတာပေါ့။ သူတို့မှာ ထမင်းချက်စားဖို့ဆိုတာ အစဉ်မပြေဘူး။ ဒီလိုဒုက္ခရောက်တဲ့သူကို စာဝတ်နေရေးအရလည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း ကူညီစောင့်ရှောက်မှု ရရင်ကောင်းတာပေါ့။ အဲဒီလိုဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ့်နိုင်ငံက သူများနိုင်ငံလို ကူညီစောင့်ရှောက်တာက ထုံးစံမရှိသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ယခုလောလောဆယ်တွင် ရေကြီးမှုကြောင့် ဖြစ်ပွားတတ်သည့် မည်သည့်ရောဂါမျိုးမှ ဖြစ်ပွားမှုမရှိသေးဟု သိရသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

သီတာရေကြည်ပမာ .. စေတနာ သုခစားသောက်ဆိုင် ကိုကျော်သူဖွင့်လစ်

သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ဖွင့် သျှင်ဒီစံ Tuesday, August 31, 2010
ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးစီး၍ သုခအာဟာရ စားသောက်ဆိုင်ကို စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
နာရေးကူညီမှု အသင်းမှ ၀န်ထမ်းများ၊ အမှုဆောင်များ၊ လုပ်အားပေးများ၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းသို့ လာသည့်လူနာများ၊ လူနာရှင်များနှင့် အလှူရှင်များ သက်သာချောင်ချိစွာဖြင့် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်ရန် အတွက် ရည်ရွယ်ပြီး သုခ အာဟာရ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း နာရေးကူညီမှုအသင်း ထူထောင်သူတဦးဖြစ်သည့် သရုပ်ဆောင် ကျော်သူက ပြောသည်။

အဆိုပါ စားသောက်ဆိုင်ကို သြဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက အမှတ် ၁၃/ က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်လိုက်သည်။

ဦးကျော်သူက ယခုနေရာသို့ ပြောင်းရွှေ့ခဲ့သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း၊ သီးခြား လုပ်ရသည့်အတွက် အဆင်ပြေကြောင်း၊ ၀န်းထဲတွင် Car Servicing ရုံနှင့် ရုံးခန်း ဆောက်လုပ်နေပြီး ဆေးခန်းမှာ ထပ်ချဲ့ရဦးမည် ဖြစ်ကြောင်းနှင့် မျိုးဆက်သစ် ကလေးငယ်များအတွက် သင်တန်း ခန်းမများလည်း လုပ်နေကြောင်း ပြောသည်။

“လုပ်ရတာ လွတ်လပ်မှုတော့ ရှိပေမယ့် လာပြီးမေးတာမြန်းတာတွေတော့ ရှိတယ်။ကိုယ်ကလည်း ဒီလူမှုရေး လုပ်ငန်းတွေပဲ လုပ်တာ။ နိုင်ငံရေး လုပ်တာမဟုတ်ဘူး၊ နိုင်ငံတော် ပုန်ကန်တာမဟုတ်ဘူးလေ။ လာမေးတာတော့ ထုံးစံအတိုင်း ဖြေရ တာပေါ့” ဟု ဦးကျော်သူက ဆိုသည်။

ဦးကျော်သူ၏ လူမှုရေး လုပ်ငန်းများတွင် စိတ်ဓာတ်ခွန်အားပေးခြင်း၊ ငွေအား၊ လူအားဖြင့် ကူညီခြင်းများ လုပ်ဆောင် ပေးနေသည့် ၎င်း၏ မိတ်ဆွေ ရုပ်ရှင် လောကသားများ ရှိနေကြောင်းလည်း ပြောပြသည်။

ဦးကျော်သူအနေနှင့် ၎င်း၏ လူမှုကူညီရေးကိစ္စရပ်များတွင် အထောက်အကူ ပြုနိုင်ရန် လူမှုဆက်ဆံရေး သင်တန်းအဖြစ် သရုပ်ဆောင်၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာ သင်တန်းများပါ ပေးနေရာ ဦးကျော်သူကို ရင်းနှီးသည့် သရုပ်ဆောင် ညီဂျော်၊ သန်းသန်းစိုး၊ ဆုရွှန်းလဲ့နှင့် ဂွမ်းပုံကြီး တို့က အကူအညီပေးကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက လာရောက် တားမြစ်မှုများ ရှိကြောင်း သိရသည်။
Kyaw_Thu_Restaurant

ဦးကျော်သူ ဦးစီးဖွင့်လှစ်သည့် သုခအာဟာရ စားသောက်ဆိုင်ဖွင့်ပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)


“လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ တဘက်က ဘယ်လောက်ပဲ မောက်မောက်မာမာပြောပြော စေတနာနဲ့ လုပ်ကိုင်ပေးရတယ် ဆိုတာကို မျက်နှာအမူအရာ နှုတ်အမူအရာတွေကို သင်တန်းအနေနဲ့ သရုပ်ပြ သင်ပေးတာပါ။ အဲဒါကို ရုပ်ရှင် အစည်းအရုံး ကနေပြီး မလုပ်ရဘူးလို့ တားတယ်။ အစည်းအရုံးက ခွင့်ပြုထားတဲ့ အဖွဲ့အစည်းကပဲ လုပ်ရမယ်လို့ပြောတယ်။ နာရေးကူညီမှု အသင်းကို ရုပ်ရှင်အစည်းအရုံးက အသိအမှတ်မပြုဘူးဆိုတဲ့သဘောလို့ ပြောတယ်” ဟု ဦးကျော်သူက ရှင်းပြသည်။

ရုပ်ရှင်အစည်းအရုံးက ကန့်သတ်ခြင်းကြောင့် ရုပ်ရှင်လောကသား မိတ်ဆွေများထဲတွင် ဦးကျော်သူနှင့် ယခင်ထက် ပိုပြီးနီးစပ် လာသူများ ရှိသော်လည်း လုံးဝ အဆက်အသွယ် မလုပ်ရဲ သူများ ရှိလာသည်ဟု သူက ဆိုသည်။

“တချို့ဆို လမ်းမှာတွေ့ရင်တောင်မှ ကျနော့်ကို နှုတ်ဆက်ဖို့ အရပ် ၈ မျက်နှာကိုကြည့်နေရတယ်။ဖုန်းလည်း မဆက်တော့တဲ့ သူတွေရှိတယ်။ အနုပညာသမားတွေ ထဲမှာတော့ ဂီတသမားတွေ၊ ပန်းချီအနုပညာသမားတွေနဲ့ စာပေသမားတွေကို ကျနော်
လေးစားတယ်။ သူတို့က နားလည်မှု အပြည့်ရှိတယ်။ ကျနော့် လုပ်ငန်းတွေကို အပြည့်အ၀ ကူညီပေးသူတွေရှိတယ်” ဟု ဦးကျော်သူက ပြောသည်။

ဦးကျော်သူသည် သရုပ်ဆောင်လုပ်စဉ် ကာလက ပိတ်ကားပေါ်မှ ၎င်း၏ သရုပ်ဆောင်မှုကိုသာ ပရိသတ်က တွေ့ခွင့် ရသော်လည်း ယခုကဲ့သို့ လူမှုရေးလုပ်ငန်း လုပ်လာသည့် အချိန်တွင် ပရိသတ်က နီးကပ်စွာ တွေ့ခွင့်ရသွားသည်ဟု ဆိုသည်။

“ပြည်သူလူထုကို နာရေးကိစ္စ၊ ကျန်းမာရေး ကိစ္စတွေ နီးနီးကပ်ကပ် လုပ်ပေးနေရတဲ့အတွက် ပရိသတ်ကို ပေးဆပ်နေရတာနဲ့ အတူတူပဲပေါ့” ဟု ဦးကျော်သူက ပြောပြသည်။

ဆက်လက်၍ သူက ရွေးကောက်ပွဲ ပြီးစီးသွားပြီး မည်သည့်အစိုးရပင် တက်သည်ဖြစ်စေ ၎င်းအနေနှင့် နာရေးကူညီသည့် လုပ်ငန်းကိုသာ ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်နဝါရီလတွင် နာရေးကူညီမှုအသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီးတည်ထောင်ခဲ့ကာ ၂၀၀၇ မတ်လတွင် သုခ ကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ယခုအခါတွင် အာဟာရသုခ စားသောက်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဦးကျော်သူသည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များအတွက် အကူအညီများ ပေးခဲ့ပြီး ယခုနှစ် နွေရာသီက ရေရရှိမှု ခက်ခဲ့သည့်အချိန်တွင် ရေလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ယခုလက်ရှိ တွင်လည်း နာရေးကူညီမှုလုပ်ငန်းများ အပါအဝင် လူမှုရေးလုပ်ငန်းများကို စိုက်လိုက်မတ်တတ် လုပ်ကိုင်လျက် ရှိသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး


NEJ / ၃၀ သြဂုတ် ၂၀၁၀
နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
1
ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Monday, August 30, 2010

တိုင်းပြည်ကို တကယ်ချစ်ကြရဲ့လား

ဒီနေ့ကျွန်တော် တို့မြန်မာနိုင်ငံသား တွေ ငါတို့ တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ အရိုးရှင်းဆုံး မေးခွန်းလေးကို ကို ကိုယ်ဟာကိုယ်ဘဲ ပြန်မေးစေချင်ပါတယ် ။ ပြည်သူလူထုသာ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒီနေ့ချိန်ခါဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အပြောင်းအလဲ တစ်ခု ဖြစ်နိုင်တဲ့ အနေအထားပါ ။ အာဏာရှင် စနစ်ဆိုးရဲ့ ယုတ်မာပက်စက်တဲ့ အကြံဆိုးနဲ့ တိုင်းပြည်ကို အမျိုးမျိး ဖျက်စီးနေကြတယ် ဆိုတာ အားလုံးလည်း သိနေကြတာပါဘဲ ။ ပြည်သူလူထု တရပ်လုံးက မကြေနပ်ဘူးဆိုတာ လည်း သိပြီးသားပါ ။
အချို့လူတွေကြတော့လည်း နှစ်ပေါင်းများစွာ ကိုယ်ကြိုးစွှန့် အနစ်နာခံခဲ့သူတွေကို ပြစ်တင်ပြောဆို လာကြတယ် ။ ဒါဟာ မတရားဘူး လို့ကျွန်တော်ယူဆတယ် ၊ သူတို့တွေ လမ်းပြခဲ့ကြတယ် ၊ ရှေ့ဆုံးက ဦးဆောင် ချီတက်ခဲ့ကြတယ် ။ ကျေးဇူးတရားကို မမေ့ကြပါနဲ့ ။
နိုင်ရာတာဝန်တောင် မထမ်းချင်ကြတဲ့ ပြည်သူလူထု အနေနဲ့လည်း တာဝန်ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒါပေမယ့် အာဏာရှင်စနစ်ရဲ့ မကောင်းကြောင်းကို ပါးစပ်ဖျားက ညီးညူ ၊ အချင်းချင်းဆုံရင် ရင်ဖွင့်ပြ နေကြရုံနဲ့တော့ ဘယ်တော့မှ ဒီစနစ်ဆိုးရဲ့ အောက်က လွတ်မြောက်လာမှာ မဟုတ်ပါဘူးဆိုတာ မြဲမြဲ မှတ်ထားပါ ။တိုင်းပြည်ကို တကယ်ချစ်ကြတယ်ဆိုရင် ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ကြရမည့် တာဝန်တွေ အများကြီး ရှိပါတယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ် ၊ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ထမ်းချင်ကြတယ် ဆိုတဲ့လူတွေ များလာရင် အာဏာရှင်စနစ်ဆိုးအောက်ကနေ မကြာခင်ရုန်းထွက်နိုင်တယ်ဆိုတာ ပြည်သူလူထု အနေနဲ့ စွဲမြဲစွာ ယုံကြည်စေချင်တယ် ။
အဲဒီတော့ ဘယ်လိုတာဝန်တွေ ယူကြရမလဲဆိုတာ ပြည်သူလူထု အနေနဲ့ မေးစရာ ရှိလာတယ် ။

အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ငါတို့ဘယ်လို တာဝန်မျိုးထိ ယူနိုင်ကြလဲ ။ ငါတို့ ဘယ်လို တာဝန်မျိုးနဲ့ သင့်တော်လည်း သေချာ စဉ်းစားကြည့်စေချင်တယ် ။
အချို့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ နေရာမှာ အရမ်းစိတ်အား ထက်သန်ကြတယ် ။ အဲဒီလို လူမျိုးတွေက လမ်းပေါ်ကို ချီတက်ဆန္ဒပြကြဖို့တောင်
ဝန်မလေးပါဘူး ။ အမှန်တရား အတွက် တိုက်ပွဲဝင်ဖို့ အတွက် အမြဲအသင့်ရှိနေတဲ့သူတွေ ။ သူတို့ကိုတော့ ပြည်တွင်း တက်ကြွ အင်အားစု လို့ သတ်မှတ်ထားကြရမှာပါ ။

ပြည်တွင်းတက်ကြွ အင်အားစုလို ကိုယ်တိုင်စိတ်အား ထက်သန်ပေမယ့် မြန်မာပြည်တွင်းမှာ မဟုတ်တဲ့ အတွက်
ပြည်သူလူထုအနဲ့ အတူ ဆန္ဒပြခွင့် မရကြပေမယ့် အခါအခွင့်သင့်တိုင်း နိုင်ငံတကာမှာ လက်ရှိအာဏာ ရှင်စနစ်ဆိုးရဲ့ ဆိုးရွားယုတ်မာမှုကို ထုတ်ဖော် ဆန္ဒပြကြသလို့ တဖက်ကလည်း ပြည်တွင်းအင်အားစု လိုအပ်ချက်တွေကို ကူညီထောက်ပံ့နေတဲ့သူတွေကို ပြည်ပ တက်ကြွ အင်အားစု အဖြစ် သတ်မှတ်ထားကြရမှာပါ ။

အချို့ကကြတော့ စိတ်အားထက်သန်ကြပါတယ် ။ ဒါပေမယ့် ငဲ့ကွက် စရာ အကြောင်းတွေ ရှိတာကြောင့် တက်ကြွအင်အားစုလို ရှေ့တန်းက မလုပ်ပြကြပေမယ့် ကူညီထောက်ပံ့ပေးဖို့ ၀န် မလေး ကြသူတွေ ။

အချို့ကတော့ ကိုယ်တိုင်လည်း လမ်းပေါ်ထွက် ဆန္ဒပြရဲလောက်အောင် အားမသန် ၊ ကူညီထောက်ပံ့ပေးဖို့ကလည်း မတတ်နိုင် တဲ့လူတွေက သတင်းဖြန့်ဖြူးပေး နိုင်ပါတယ် ။အထက်ဖော်ပြပါ လူအုပ်စု သုံးခုကို များများချီးကြူး ပြောဆိုပေးလို့ရသလို အာဏာရှင်စနစ်ရဲ့ ဆိုးရွားယုတ်မာပုံတွေကို အခါအခွင့်သင့်တိုင်း ပြည်သူလူထု ပိုမိုသိရှိနားလည် လာအောင် ပြောဆိုပေးလို့ရပါတယ် ။
အဲဒီ အုပ်စုလေးခု ထဲမှာ ကိုယ်က ဘယ်လို အုပ်စုမျိုးထဲကလူလဲ အရင် ပြန်စမ်းစစ်ကြည့်သင့်ပါတယ် ။ အဲဒီအုပ်စု လေးခုထဲ က တာဝန်မျိုးတွေကို တစ်ခုမှ မယူနိုင်ဘူးဆိုရင်တော့ ငါဟာ အခုချိန် တိုင်းပြည်ကို တကယ်ချစ်တဲ့သူ မဟုတ်ဘူးလို့သာ မှတ်ချက်ချပြီး ကိုယ့်ဟာကို ပြင်နိုင်အောင် အမြန်ဆုံး ကြိုးစားကြပါ လို့ ပထမဦးစွာ တိုက်တွန်းပြောကြားလိုပါတယ်။

တိုင်းပြည်ကို တိုးတက်ထွန်းကားစေချင်သူတွေ ရှိသလို အာဏာရှင်ဝါဒ ဆက်လက်တည်မြဲအောင် ထောက်ပံ့ပေးမယ့်သူတွေလည်း အများကြီးရှိတာပါဘဲ။
ဘယ်လိုလူမျိုးတွေလည်း ဆိုတော့ ........
လက်ရှိမှာ ရာထူးကောင်းကောင်း ရပြီး ဒီစနစ်ကြီးကို ခိုင်မြဲအောင် ကြိုးစားနေကြနေကြတဲ့ အာဏာရှင်လူတစ်စု
လက်ရှိအာဏာရှင် တွေနဲ့ပူးပေါင်းကြံစည် ပြီး ကြီးပွားချမ်းသာနေကြတဲ့ လူတွေ နဲ့ ကြီးပွားချမ်းသာ ဖို့ ခွင်ဖန်နေကြတဲ့လူတွေ
ပြည်ပမှာ ဒီမိုကရေစီ ကို အကြောင်းပြ ပြည်တွင်းလုပ်ရှားမှုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာက ထောက်ပံ့ပေးနေတဲ့ ရန်ပုံငွေ မှန်သမျှကို သူတို့ကိုယ်ကြိုးအတွက် အသုံးချနေကြတဲ့သူတွေ ။
အာဏာရှင်တွေ ပေးကမ်းထောက်ပံ့ကြေး ယူ ၊ ၀မ်းစာအတွက် အခက်အခဲကို အလွယ်တကူ ဖြေရှင်းလို့ ရသမျှ အာဏာရှင်တွေ ကြိုးဆွဲရာ ကကြမယ့်
ကြံဖွတ်တို့ စွမ်းအားရှင်တို့လို လူတစ်စု ။
သူတို့တတွေက လည်း အာဏာရှင်စနစ်ဆိုး တည်မြဲစေရေး အတွက် အစွမ်းကုန် ကြိုးစားကြ ပါလိမ့်မယ်။

အဲဒီ အုပ်စု နှစ်ခု ကြားထဲမှာ ကြားနေ၀ါဒလို့ ကိုယ့်ဟာကို ကြွေးကြော်ပြီး ကိုယ်တိုင်ဒုက္ခ မခံစားရသေးသရွှေ့ နေသာသလို နေမယ်ဆိုတဲ့ ပြည်သူလူထုက လည်း ရှိပါသေးတယ် ။ သူတို့တွေလက်သုံးစကားကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ ၊ နိုင်ငံရေး ကိုဝေးဝေးရှောင်တာ အန္တရယ်ကင်းတယ်ဆိုတဲ့ အတွေးခေါ်ကို သိမ်းပိုက်ထားကြပါတယ် ။ အာဏာရှင်စနစ်ဆိုးကို မဆန့်ကျင်ဘဲ နေတာဟ
သွယ်ဝိုက်သော အားဖြင့် ထောက်ခံအားပေးနေတယ်ဆိုတာ ကို သူတို့တွေ မသိရှိကြပါဘူး ။
အစိုးရ၀န်ထမ်း တွေနဲ့ တပ်မတော်သားတွေ ဆိုတာက အာဏာရှင်ယန္တရားကို လှည့်ပတ်မောင်းနှင်ပေးနေကြတဲ့သူတွေပါ ။
အထက်အမိန့်ဆိုတာ ကို မလွန်ဆန်နိုင်လို့ သာ သည်းခံနေကြရတာပါ ။ သူတို့တွေရဲ့ ဘ၀ဟာ လည်း ပြည်သူလူထုနဲ့ ထူးမခြားနားပါဘဲ ။

အခုလို နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးဝါးယုတ်မာမှု မှန်သမျှကို ရင်စည်းခံနေကြရတာဟာ တိုင်းပြည်ကို တကယ်ချစ်တဲ့လူ အရေအတွက်
ထက် ကြားနေ၀ါဒနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တည်မြဲစေချင်တဲ့ လူအရေအတွက် များနေလို့ပါ ။ အဲဒီတော့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျွန်တော် ပြောခဲ့တိုင်းပြည်ချစ်တဲ့ အုပ်စု လေးခုထဲမှာ ပါဝင်နိုင်အောင် အရင်ကြိုးစားကြည့်ပါ ။

နေရာတကာ ငါသာလျှင် ပဓါန ၊ ငါသာလျှင် အဓိက ၊ ငါ သိ တယ် ငါ တတ်တယ် ဆိုတဲ့ စကားတွေကို လှိုင်လှိုင်သုံး ၊ကိုယ်ကျိုးအတ္တတွေကို ရှေ့တန်းတင် ပြီး ကိုယ့် အမှားကို ဖုံးကွယ်ထားကြတယ် ။ အမှားတွေ အများကြီးလုပ်ခဲ့ကြတယ် ဆိုတာလည်း အားလုံးအသိပါဘဲ
အချိ့ကြတော့လည်း မှားနေတာ သိတယ် ။ သိနေလျှက်နဲ့ မပြင်ခဲ့ကြဘူး ။ ပြင်ရမှာ တွန့်ဆုတ်နေကြတယ် ၀န်လေးနေကြတယ် ။ ငါဆိုတဲ့ အတ္တကိုရှေ့တန်း တင် ၊ ဦးထိပ်ထား ခဲ့ကြလို့ စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။
လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေက များလာတော့ ဒီအဆင့်ကကို မတတ်နိုင်ကြဘူး ။ အပွင့်လင်းဆုံး ပြောပြမယ် နိုင်ငံရေးကို ဗန်းပြ လုပ်စားနေသူတွေ နဲ့ နိုင်ရာတာဝန် မထမ်းနိုင်တဲ့ ပြည်သူလူထုကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးဟာ များစွာ နှောင့်နှေးခဲ့ကြရတယ်။
လူတိုင်းဟာ အမှားမကင်းကြပါဘူး ။ ဒါပေမယ့် မှားနေတယ်ဆိုတာကို သိရင် ပြင်ရဲကြရမယ် ။ ကျွန်တော်ဆိုလိုတာကို နိုင်ငံရေးပညာရှင်များ
အနေနဲ့ သိရှိပြီးသားပါ
အဲဒီ အုပ်စု လေးခု ဟန်ချက် ညီညီ လုပ်ရှားနိုင်ရင် ကျိန်းသေပေါက် အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်လာပါလိမ့်မယ် ။
အရင်က မှားခဲ့တာတွေကို ပြင်ပြီး အခုချိန်မှာ စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပေးကြပါလို့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းသူများ အာလုံးကို လေးစားစွာ တိုက်တွန်းပြောဆိုချင်ပါတယ် ။

ကြားနေ၀ါဒ ကျင့်သုံးနေကြတဲ့ ပြည်သူလူထု ကို နိုင်ငံအရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်ပါတယ် ။ ယခုလိုကြားနေ၀ါဒ ကို ကျင့်သုံးတယ်ဆိုတာ
အာဏာရှင်စနစ်ကို ထောက်ခံနေတယ်ဆိုတာ သူတို့သိအောင် ကျွန်ူပ်တို့ အမြန်ဆုံးကြိုးစား ပြောဆို လမ်းပြမှ ဖြစ်မယ် ။ အမှန်တရားကို သူတို့တွေ
သိရှိနားလည်လာရင် တိုင်းပြည်ချစ်တဲ့ အုပ်စုတွေထဲ ပါလာကြလိမ့်မယ်။ နိုင်ငံရေးကို ဗန်းပြ လုပ်ကိုင်စားနေကြတဲ့ သူတွေကိုလည်း အသိတရားရအောင် စည်းရုံးပြောဆိုကြပေါ့ ။ အာဏာရှင် လက်ကိုင်ဒုတ်အဖြစ်အသုံးချနေတဲ့ ကြံ့ဖွတ်တို့ စွမ်းအာရှင်တို့ဆိုတာ က ပြည်သူလူထု
ညီညွှတ်မှုကို မြင်တာနဲ့ သူတို့ ဘာလုပ်ရမယ်ဆိုတာ အလိုလို နားလည်လာကြလိမ့်မယ် ။ အဓိက က ပြည်သူလူထု အနေနဲ့ တိုင်းပြည်ချစ်စိတ်ကို လက်တွေ့ကျင့်သုံးပြီး စည်းလုံးညီညွှတ်မှု ကို အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။

နေရာတိုင်းမှာ အကောင်းနဲ့ အဆိုးဒွန်တွဲနေတာပါဘဲ ။ နိုင်ငံရေး လုပ်ရှားသူတွေ ကြားမှာ လုပ်စားနေသူတွေ ရှိတာ ကျွန်တော် မငြင်းပါဘူး ။
အဲဒီလိုဘဲ အာဏာရှင်စနစ် ကို လက်ခံကျင့်သုံးနေတဲ့ လူတွေ ကြားမှာလည်း အမှန်တရားကို ချစ်မြတ်နိုးသူတွေ ရှိပါသေးတယ် ။

အဲဒီတော့ တကယ်တိုင်းပြည် ကောင်းကျိုးအတွက် လုပ်ရှားနေသူ တွေရဲ့ မျက်နှာကို ဘဲ ကြည့်ကြပါ ။ လုပ်စားနေသူ အနည်းငယ်ရှိတာ နဲ့
မယုံကြည် ကြဘူုးဆိုရင် ဘ၀ တစ်လျှောက် လုံး ဒီလို စနစ်ဆိုးကြီးရဲ့ အောက်က ရုန်းထွက် လွတ်မြောက်ကြဖို့ လမ်းမမြင်ဘူး ဖြစ်သွားကြလိမ့်မယ်။
ဒီနေ့ နိုင်ငံတကာ က ဘယ်လောက် ဘဲ ဖိအားပေးပေး ပြည်သူလူထုက ငြိမ်ပြနေရင်တော့ ကျွန်တော်တို့ တာဝန်မကျေရာ ရောက်ကြလိမ့်မယ်။
အခါအခွင့်သင့်တာနဲ့ တပြိုင်နက်ထဲ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ ပြည်သူလူနဲ့ ပူးပေါင်းချင်ကြတဲ့ ၀န်ထမ်းတွေနဲ့ တပ်မတော်သားတွေ လည်း အများကြီးပါ ။ ကျွန်တော်မြန်မာနိုင်ငံ ပြည်သူလူထု အနေနဲ့ တိုင်းပြည်ကို တကယ်ချစ်ကြလိမ့်မယ်လို့ ယုံကြည်ထားပါတယ် ။
အဲဒီလို ချစ်တဲ့ နေရာမှာ လက်တွေ့ ကြကြ ချစ်ပြနိုင်ဖို့ အတွက် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေး ကြပါလို့ အလေးအနက်
ထပ်မံ တိုက်တွန်းပြောကြား လိုပါတယ် ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကြိုးပမ်းနေကြသူများ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက တိုင်းပြည်ကို
လက်တွေ့ကျကျ ချစ်ပြကြကာ လွတ်လပ်၍ တရားမျှတကာ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ ညီညာစွာ
ချီတက်ကြပါစို့ .............................

ခင်မင်လေးစားလျှက်

ဗမာ့သွေး

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်အောင်ဒင်ကိုမမျှော်နဲ့

သန်းရွှေတို့မှာသူတို့အာဏာတည်မြဲရေးအတွက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊မကောင်းသည်ဖြစ်စေ လမ်းပြမြေပုံ ၇ ချက်ဆိုတာရှိတယ်။ ဒါကိုဘဲသူတို့တစ်စိုက်မတ်မတ်ကိုင်ဆွဲပြီး တစ်ဆင့်ချင်းရှေ့တိုးလာတာတွေ့ရပါတယ်။ဒါကြောင့်
လည်း ငမိုက်သားတွေကသူတို့အကြံအတိုင်းနေရာအပြောင်းလဲမလုပ်မီ တက်သုပ်ရိုက်ပြီး နာမည်ခံစီးပွားရေးသမားတွေဆီ နိုင်ငံပိုင်မြေနေရာတွေ၊စက်ရုံတွေ၊လုပ်ငန်းတွေ အားလုးံကို လွှဲပြောင်းယူသွားခဲ့တာပါ။

တပ်တွင်းအပြောင်းလဲဆိုတာဆိုတာအဏာရှင်တွေသူတို့အာဏာစစ်တပ်ထဲမှာလွှမ်းမိုးဖို့ရယ်၊ အာဏာကိုထိမ်းချုပ်ထားနိုင်ဖို့၊ စီးပွားရေး အခွင့်ရေးတွေ ပြိုင်ဘက်မရှိရနေဖို့အတွက် ဖြုတ်ထုပ်သတ်ဆိုတဲ့မရိုးနိုင်တဲ့ဓာတ်ပြားဟောင်းကြီးဖွင့်တာမျိုးဖြစ်လို့်တာ မို့ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ဗိုလ်အောင်ဒင်ကို မျှော်မနေဘဲစစ်အာဏာစနစ်ကျဆုးံရေးကိုသာ တစ်စိုက်မတ်မတ် လုပ်သင့်ပါတယ်။

ကျွန်တော်တို့ကိုယ့်အလုပ်ကိုယ် မျက်ခြေ မပြတ်သွားဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ တိုက်နေတာသန်းရွှေ၊မောင်အေး မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ဖြစ်ပါတယ်။ နောက်တစ်ယောက်တက်လာလည်း ပိုသာဆိုးဘဲနေမှာပါဘဲ။ နောက်ကြောင်းပြန်ကြည့်လိုက်ရင်
နေဝင်း၊ စောမောင်၊ ခင်ညွှန့်၊ သန်းရွှေ ဆိုးသထက်ဆိုးလာတာဘဲတွေ့ရပါတယ်။ အားလုးံဒီ ပုပ်ထဲက ဒီပဲချည်းပါဘဲ။ တစ်ဖွဲ့တက်လာအာဏာမှာ ယစ်မူး၊ လာဘ်တွေအကြီးကျယ်ယူ၊ ပြီးတော့ဆင်းသွား နောက်တစ်ဖွဲ့တက်လာ ဒီလိုနဲ့ဘဲသံသရာလည်ပြီး မြန်မာနိုင်ငံကြီး ပြာပုံလူးနေတာ ၁၉၆၂ ထဲကပါ။

ဒါကြောင့်ကျွန်တော်တို့တိုက်ရမှာကအာဏာရှင်စနစ်ဖြစ်တယ်။ဒီအာဏာရှင်စနစ်ကိုတိုက်ထုတ်ဖို့ ကျွန်တော်တို့ အာရုံစိုက်သင့်တဲ့ ကျုပ်တို့တာဝန်အရေး သုးံပါးဟာလည်း

၁။မြန်မာ နိုင်ငံစစ်အာဏာရှင်အောက်မှအမြန်ဆုးံလွတ်မြောက်ရေး

၂။မြန်မာ့ တပ်မတော်ကို စစ်အာဏာရှင် လက်ကိုင်ဒုတ် အဖြစ်မှ လွတ်မြောက်ရေး

၃။စစ်အာဏာရှင်စနစ်ကို တိုက်ဖို့ တပ်မတော်သားတွေနဲ့အမြန်ဆုးံပူးပေါင်းမိရေး

ဆိုတာပါဖြစ်သင့်တယ်။

အင်အားလေးသိန်းနီးပါးရှိတဲ့ မိစ္ဆာငမိုက်သားသန်းရွှေကို ကျွန်တော်တို့တတွေ တစ်ယောက်တစ်ပေါက်နှစ်ယောက်တစ်ဖွဲ့ ဗိုလ်တစ်ထောင် လုပ်ပြီး တိုက်နေသရွေ့တော့ သန်းရွှေအကြိုက် ဆိုက်ပြီးမြန်မာပြည်သားတွေ အတွက်တော့ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေအုးံမှာ ပါဘဲ။
အားလုံးကို သတိပြုမိစေချင်တာပါ။

ရန်နောင်

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်မည်သည်..ဇာတ်သိမ်းကောင်း ရိုးထုံးစံမရှိ

ရ၄ ခုနှစ် ဦးနေ၀င်းနှင့် ၂၀၁၀ ဦးသန်းရွှေ ငရဲမှာတခါဆုံမယ် Sunday, August 29, 2010

ရ၄ ခုနှစ် ဦးနေ၀င်းနဲ့ ၂၀၁၀ ဦးသန်းရွှေ ငရဲမှာတခါဆုံမယ်
ဦးနေ၀င်း၏နိုင်ငံရေးအာဏာရယူခဲ့ပုံနှင့် ကျဆုံးခဲ့ရပုံကို ခုခေတ်လူငယ်တွေ သိစေချင်သည်။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင်တို့ သည် မည်သည့်နည်းနှင့်မျှ အာဏာလက်မလွှတ်မချင်ခဲ့ကြပေ။ အသက်အရွယ်ကြီးမြင့်၍ ထိမ်းမနိုင်သိမ်းမရသောအခါမှသာ ဆွေစဉ်မျိုး ဆက်တဆက်လုံး ထောင်ထဲရောက်ကုန်အောင် သူ့ဇတ်လမ်းသူလုပ်သွားခဲ့သည်သာဖြစ်သည်။ ၀ဋ်လည်သည်ဟုပြော၍ရပါသည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသောအခါ ရဲဘော်သုံးကျိပ်အရှိန်က ရှိနေခဲ့သည်။ တခါတခါ နိုင်ငံရေးသမားတွေကိုခေါ်၍ ထမင်း ကျွေး အခန်းအနားတွေ ပြုလုပ်သေးသည်။ ဒေါ်အောင်အောင်ဆန်းစုကြည်မိခင် ဒေါ်ခင်ကြည်ကိုယ်တောင်မှ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်သေးသည်။ တခါတခါ သံအမတ်ကြီးရာထူးဖြင့် ထင်ရှာေးသာသူတွေကို ပို့ပေးလိုက်တတ်သည်။ များသောအားဖြင့် လူမိုက်ချီးမွမ်းခြင်းသဘောမျိုးဖြင့် မစတတ်သောအလေ့အကျင့်ရှိသည်။ ကြိုက်နှစ်သက်လွန်း၍တော့မဟုတ်။ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုရေးအတွက် အင်မတန် ထောက်ခံကြသော ရွေးကောက်ပွဲကို ပြုလုပ်ကျင်းပလိုက်သည်။ မြန်မာနိုင်ငံတနိုင်ငံလုံးသည် လှည်းနေလှည်းအောင်းမြင်းဇေါင်းမကျန် မဲပေးခဲ့ကြသည်။ တကြိမ်တခါမျှမမြင်ဖူးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို မဲပေးခဲ့ရခြင်းဖြစ်သည်။ ယင်းကိုယ်စားလှယ်တော်ကြီးများကို မဲပေးခဲ့ခြင်းအားဖြင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အတည်ပြုခဲ့သည်ဟုလည်း မည်သူမျှနားမလည်ခဲ့ကြ။ ယင်းလွှတ်တော် ကိုယ်စားလှယ်တော်ကြီးများကလည်း မည်သည့်တာဝန်တွေရှိသည်ကို ပြည်သူတွေမသိ၊နားမလည်။ သိသော နားလည် သော မြင်သောအရာတခုမှာကား ဗိုလ်ချုပ်ကြီးနေ၀င်းမှာ ဦးနေ၀င်းဖြစ်သွားခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်ပါတိ၏ဥက္ကဌကြီးဦးနေ၀င်း မှာ ဦးစန်းယုကို သမတအဖြစ် ခန့်ထားသေးသည်။ ယင်းသမတ ဦးစန်းယုမှာ လက်ကလေးပိုက်ပြီး ပါတီဥက္ကဌကြီးဦးနေ၀င်း၏ နောက်က နေပြီး ရ့ပ်နေရသည်ကို ယခုအချိန်ထိမျက်စိထဲတွင် မြင်ယောင်မိနေ ဆဲဖြစ်သည်။ သူ့မှာဘာမျအာဏာမရှိ။ ဦးနေ၀င်းနောက်ကဘဲ နေရ သည်။ ပါးစပ်က ပြုံးတောင်မပြုံးရ ။သမတကြီးဦးစန်းယုမှာ ၁၉၈၈ ခုနှစ်
ဒီမိုကရေစီအရေးတော်ပုံဖြစ်လာသောအခါ သူ့ခမြာဘာတခွန်းမျှ မပြောမဆိုလိုက်ရရှာ။ နောက်ဆုံးဦးစိန်လွင်၊ ပြီးတော့ ဒေါက်တာ မောင်မောင်စသည်တို့နှင့် ၈၈ အရေးအခင်းတွင် စစ်တပ်ကအာဏာသိမ်းသောအခါ ပထမအာဏာသိမ်းခံရသောသူတို့မှာ မြန်မာနိုင်ငံ၏ အဓိပ္ပါယ်မရှိသော သမတသာဖြစ်သည်။ တချိန်တည်းမှာပင် ဦးနေ၀င်းလည်း ကိုယ်ဖေါ်သောဆေး ကိုယ်မစားနိုင်ဘဲ နောက်ဆုံးမှာ မိသားစုတခုလုံးကို ထောင်ထဲတွင်သေဒဏ်ဖြင့် ထားခဲ့ရပြီးသူကိုယ်တိုင်လည်း လူမသိသူမသိ ပုဇွန်စာ ဂဏန်းစာ အဖြစ် လှိုင်မြစ်မှာ ချကျွှေးခံရသည်။
အကယ်၍အုဌ်ဂူဖြင့်သာ ဦးနေ၀င်းအမည်ဖြင့် ကြံ့တောတွင်ရှိနေခဲ့ပါက ပြည်သူတရပ်လုံးက ဖိနပ်နှင့်ပေါက်ပြီး နေ့စဉ်သွားရောက် ကျိန်ဆဲနေကြမည်ကို မြင်ယောင်မိသေးသည်။
ယခုလည်းဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ ဦးနေ၀င်း၏စာအုပ်ကြီးအတိုင်း လျှောက်လုပ်လိုက်ပြီဖြစ်သည်။ သူ့အပေါ်အမိန့် အာဏာလိုက်နာ သော တပည့်ကောင်းများလက်ထဲသို့ စစ်အာဏာကိုလွှဲပေးသည်။ ဗိုလ်ချုပ်မှူးကြီးရာထူးကို လွှဲပြောင်းပေးခြင်းသည် သူ့အဖို့စွန့်စားမှူကြီး တရပ်ဖြစ်သည်။ ဆင်ဖြူတော်ရရှိ၍ ဘုရင်စိတ်ပေါက်နေသောသူပီပီ နိုင်ငံတော် အာဏာကို လက်လွှတ်စွန့်စားရသည် မှာ မလွယ်လှ။ အာဏာအစွမ်းရှိကြသောသူ့အုပ်စုတခုလုံးကို ယူနီဖေါင်းချွတ်လိုက်သောအခါ နောက်ပေါက်စစ်ဗိုလ်တွေကို သူကထိမ်းနိုင်လိမ့်မည် ဟုထင်ထားသည်။ ယူနိဖေါင်းချွတ်ကြရသော ဗိုလ်ချုပ်ကြီးတို့မှာ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရမည်ဖြစ်သည်။ တချို့ မှာရွေးကောက်ပွဲမှ ၀င်၍အရွေးချယ်ခံရသော ကိုယ်စားလှယ်များဖြစ်လာမည်။ တချို့ မှာစစ်တပ်မှ ၂၅ % ရရှိထားသောစာရင်းမှ လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်လာမည်။ တချို့ မှာတသီးပုဂ္ဂလအဖြစ် ၀င်ရောက်အရွေးချယ်ခံကြသော ယူနီဖေါင်းချွတ် လူရိုသေရှင်ရိုသေ ကိုယ်စားလှယ် တော်များဘ၀ဖြင့် ပါဝင်လာကြမည်။ တချို့ မှာကြံ့ဖွံ့ပါတီမှ၎င်း ကိုယ်စားလှယ်တော်များဖြစ်လာကြလိမ့်မည်။ ယင်းကိုယ်စားလှယ်များက သမတကို ရွေးချယ်ကြမည်ဖြစ်သည်။ ပါတီဥက္ကဌကြီးမှာမူ အစိုးရအထက်မှ သို့မဟုတ် သမတအထက်မှ ရှိနေပေလိမ့်မည်။ သည်တော့ ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမည့်အရပ်သားအစိုးရအဖွဲ့တွင် သြဇါအရှိဆုံးသောပါတီဥက္ကဌကြီးသည် မည်သူဖြစ်လာနိုင်ပါမည်နည်း ။ ဦးသန်းရွှေပင်ဖြစ်လာပါလိမ့်မည်ဟု ပြောရပါတော့မည်။ အိန္ဒိယနိုင်ငံတွင် ၀န်ကြီးချုပ်ရာထူးဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။ သိုသော်သမတမှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီများမှ အဆိုတင်သွင်းသူ သို့မဟုတ်အတိုက်အခံများမှ အဆိုတင်သွင်းသူတို့ကို လွှတ်တော်မှတိုက်ရိုက်ရွေးချယ်ကြသည်။ သမတဖြစ်နိုင်သော လူရိုသေရှင်ရိုသေ အထင်ကရပုဂ္ဂိုလ်တို့မှာ တီဗွီမှ ရေဒီယိုမှ သတင်းစာမှ ပြည်သူတရပ်လုံးက ဆွေးနွေးဝေဖန်ကြသည်။ အိန္ဒိယနိုင်ငံ၏သမတ တယောက်အဖြစ် ရှိသင့်ရှိထိုက်သောအရည်အချင်းတို့မှာ ပြစ်မျိုးမှည့်မ ထင်ဖြစ်နေရသည်။ သာမန်လောက်ကလေးနှင့်မရ။ ငယ်စဉ်တောင်ကျေးဘ၀ကစလို့ အထက်တန်းကျောင်းသားမှသည် တက္ကသိုလ်ကျောင်းသာြး့ပီးတော့ နိုင်ငံ့ဝန်ထမ်းစသည်တို့အထိ မီးခိုးကြွက်လျှောက် ဆွေးနွေးကြသည်မှာ သူတို့နိုင်ငံ၏ဒီမိုကရေစီစံနုံး မည်မျှရှိသည်ကို ပြသခြင်းဖြစ်သည်။ သမတသည် ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံစရာလည်းမလို။ သို့အတူသမတမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ( ၅ ) ဦးကို သမတအာဏာဖြင့် အထူးရွေးချယ်ခန့်အပ်ပိုင်ခွင့်လည်း ရှိနေသေးသည်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအများဆုံးရသောပါတီမှာ အစိုးရဖွဲ့စည်းပိုင်ခွင့် အာဏာအပြည့်အ၀ရှိသည်။ သို့သော် မည်မျှပင်မဲ အများဆုံးရသောပါတီဖြစ်စေကာမူ ၀န်ကြီးချုပ်ကိုတော့ အရမ်းကာရောအစိုးရအဖွဲ့ ဖြစ်နေသည့်တိုင်အောင် ရွေးချယ်ခန့်အပ်၍မရ ။ တခြားအတိုက်အခံပါတီနှင့် ပြည်သူတရပ်လုံး၏ ဆန္ဒသဘာထားကို ကောက်ယူရသေးသည်။ ဤသည်မှာဒီမိုကရေစီနိုင်ငံရေးစနစ်၏ နိုင်ငံရေးအနှစ်သာရဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် မစ္စဆိုနီယာဂန္ဒီ၏ ကွန်ဂရက်-အိုင် ( Congress I -party ) ပါတီမှာ မဲအများဆုံး ရရှိသော်လည်း ပါတီဥက္ကဌဖြစ်သောဆိုနီယာမှာ ၀န်ကြီးချုပ်မဖြစ်။ ၀န်ကြီးချုပ်စနစ်ဖြင့် အုပ်ချုပ်သောအိန္ဒိယနိုင်ငံတွင် အာဏာပိုင် အမြင့်ဆုံးရာထူးမှာ ၀န်ကြီးချုပ်ဖြစ်သည်။ လွှတ်တော်တခုလုံးနှင့် အစိုးရယန္တရားတခုလုံး လည်ပါတ်ရေးမှာ ၀န်ကြီးချုပ်၏နိုင်ငံရေး လမ်းကြောင်းမျာပေါ်မှ ဖြတ်သန်းသွားရမည်ဖြစ်သည်။ ထို့ကြောင့် မဲအများဆုံးရရှိပြီး လွှတ်တော်တွင်ဥပဒေကို တင်ပြနိုင်စွမ်း ချယ်လှယ်နိုင်စွမ်းရှိသည့် ၄င်းဝန်ကြီးချုပ်ရာထူးပြသနာမှာ အနိုင်ရပါတီနှင့် အတိုက်အခံပါတီတို့၏ နားလည်မူအခြေနေပေါ်မှာလည်း အထူးမူတည်နေသည်။ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်အိုင်ပါတီက အနိုင်ရရှိသော်လည်း မစ္စဆိုနီယာကို ၀န်ကြီူးချုပ်ရာထူး မပေးကြ။ အတိုက်အခံ ပါတီိတွေ နှင့် ပြည်သူတွေကလက်မခံ။ တချို့ ကကိုယ့်ကိုကိုယ် သေနတ်နှင့် ပစ်သတ်မည်ဆိုကာ နားထင်တွင် သေနတ်နှင့် တေ့ပြီး ဆန္ဒပြကြသေးသည်။ မစ္စဆိုနီယာမှာ အီတလီနိုင်ငံသူဖြစ်၍ လက်မခံဆိုသောအခြေအနေကလည်း ရှိနေရာသူမခမြာ နောက်ဆုံး တွင် ၀န်ကြီးချုပ်ရာထူးကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်ပါတီဥက္ကဌရာထူးဖြင့် နိုင်ငံတော်အာဏာကိုချုပ်ကိုင်ထားသည်။ တခါက၀န်ကြီး ချုပ်ဖြစ်သူ မန်မဟိုဆင်းအား မစ္စဆိုနီယာ၏ သဘောတူဆုံးဖြတ်ချက်ရမှသာ ဆောင်ရွက်နိုင်ကြောင်း ရုပ်မြင်သံကြားမှာ သရော်သော ပြကွက်ဖြင့် နိုင်ငံရေးဝေဖန်ချက်တွေ ပြုလုပ်သွားသည်ကို တွေ့ရဖူးသည်။ ယင်းမှာလည်းမှန်သည်။
ယခုမြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်တော့မည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယနိုင်ငံ၏ ပါလီမန်အစိုးရ ဖွဲ့စည်းပုံ အတိုင်း ပြုလုပ်ရန်ပြင်ဆင်နေသည်။ စစ်တပ်ထဲမှ၂၅%သည် တခါတည်းဖြစ်လာမည့်ကိုယ်စားလှယ်ဖြစ်သည်ကို လူတိုင်းသိသည်။ ရွေးကောက်ပွဲမ၀င်သော ပါတီဥက္ကဌကိုလည်း နိုင်ငံတော်အကြီးအကဲအဖြစ် ခန့်အပ်ရန် ယူနီဖေါင်းကို ချွတ်ထားပြီးပြီ။ ကြံ့ဖွံ့ပါတီက္ကဌမှာ ဦးသန်းရွှေဖြစ်သည်။ ဦးသန်းရွှေကနိုင်ငံတော်ဥက္ကဌဖြစ်၍ အာဏာဟူသမျှ သူ့လက်ထဲမှာရှိနေသည်။ သမတသည် ရွေးကောက်ပွဲ အနိုင်ရပါတီမှ တင်သွင်းမည့်သူ သို့မဟုတ် နိုင်ငံတော်အကြီးအကဲမှ တိုက်ရိုက်ခိုင်းစေမည့်သူဖြစ်သည်။ ယင်းသမတမှာ စစ်ရေးအ တွေ့အကြုံရှိ သူဖြစ်ရမည်မို့ ယခု စစ်ယူနီဖေါင်းချွတ်လိုက်သူထဲက တယောက်ယောက်တော့ဖြစ်မှာသေချာနေသည်။ သည်တော့ရွေးကောက်ပွဲတွင် အနိုင်ရမည့်ပါတီက အစိုးရဖွဲ့စည်းရာမှာ ပါဝင်သည့်ကိုယ်စားလှယ်များဖြစ်ရာ မနေ့တနေ့က ယူနီဖေါင်း ချွတ် လိုက်သောသူတို့မှာ ၀န်ကြီးများဖြစ်နေပြီ။ ဆိုရလျင် ကြ့ဖွံ့ပါတီသည် တနိုင်ငံလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၄၀၀ ကျော်ဝင်ပြိုင်ကြ မည်ဖြစ်ရာ တွက်ချက်ကြည့်က သိနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အာဘောင်အာရင်းသန်သန်နှင့် စစ်အစိုးရဖက်က တသီကြီး ထောက်ခံအားပေး ပြောနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ နေမျိုးဝေပါတီမှာ ၈ ဦးမျှကိုယ်စားလှယ်သာပြိုင်မည်ဆိုသည်။ ဒေါက်တာသန်းငြိမ်းဦးဆောင်သောပါတီမှာ လူပေါင်း ၁၄၀ မျရှိသည်ဟုဆိုသည်။ ဦးအေးလွင်ပါတီအနေဖြင့် မဟာမိတ်အဖွဲ့ပြုလုပ်သည့် သုံးပါတီဖြစ်နေသည့်တိုင် သူ့ပါတီက ၁၀၀ နှင့် ၁၅၀ ကြားမှာရှိသည်ဟုဆိုသည်။ စစ်အစိုးရမှရွေးကောက်ပွဲကိုပြုလုပ်မည်ဟု ဆိုသောအခါ ရွေးကောက်ပွဲကိုဝင်မည်ဟု ပထမဆုံးပြောကြားသော ကွယ်လွန်သူဦးရွှေအုံး၏ပါတီမှာ ( ၃ ) ဦးသာရှိသည်။ ဦးသုဝေတို့ပါတီမှာမူ လူပေါင်း၁၂၀ လောက်ရှိနေသည်ဟုဆိုသည်။ ၂၆ ပါတီထဲတွင် သူတို့မှာစစ်အစိုးရ၏ရွေးကောက်ပွဲကို မဖြစ်မနေ၀င်သင့်သည်ဟု ပြောကြားကြသော တနည်းအားဖြင့် စစ်အစိုးရ၏ ပေါ်လီစီများကို ဗြောင်သော်၎င်း သွယ်ဝိုက်၍သော်၎င်း ထောက်ခံအားပေးကြသူ များဖြစ်သည်။ သဘောမှာရွေးကောက်ပွဲကိုဖြစ်အောင် ပြုလုပ်ပေးသောသူများဖြစ်သည်။ သို့သော်သူတို့၏ကိုယ်စားလှယ်စာရင်း ကိုကြည့်လိုက်သောအခါ ကိုယ်စားလှယ်ပေါင်း ( ၃၀၀ ) ခန့်မျှရှိသည်။ သူတို့၏ကိုယ်စားလှယ်များကို ပြည်သူတို့က သည်းခြေကြိုက် မဟုတ်။ ထားပါတော့။ အားလုံးပင်အနိုင်ရသည်ထားဦး။ အစိုးရဖွဲ့စည်းရာတွင် သူတို့တကောင်တမြီးမှမပါ။ သူတို့ကိုယ်တိုင်ကလည်း မနိုင်မှန်းသိသည်။ မနိုင်မှန်းသိသော်လည်းဝင်ပြိုင်ကြရသည်ဟုဆိုသည်။ အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချု့်ပုံအခြေခံဥပဒေကို ပြန်လည် ပြင်ဆင်စေမည်ဟု ဆိုကြသည်။ ဘယ်လိုမှမယုံနိုင်စရာဖြစ်သည်။ သူတို့သည် လွှတ်တော်ထဲတွင် မည်သည့်နည်းနှင့်မျ စကားတခွန်း လေတောင် ပြောခွင့်ရသူများမဟုတ်။ အကြောင်းမှာ နိုင်ငံတ်ာအကြီးအကဲဥက္ကဌဦးသန်းရွှေသည် သူတို့လောက်မအ။
တခုတော့ရှိ သည်။ ယခုပွဲကအာဏာပြသနာပွဲဖြစ်သည်။ စစ်ယူနီဖေါင်းကိုချွတ်လိုက်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ယခု အသစ် စက်စက်ဖြစ်လာ သော ခရစ္စတီးကျွန်းလူသတ်ကောင် သူရမြင့်အောင်က မည်မျလက်သင့်ခံနိုင်မည်နည်း။ ခရစ္စတီးကျွန်းလူသတ်သမား တရားခံကိုမည်သူက အတိအကျဖေါ်ကောင်လုပ်ကြမည်နနည်း။ ဗိုလ်မှူးအောင်လင်းထွဋ်က ဤအမှူမှာမြင်သမျှ သိသမျှ ကြားသမျှ သက်သေအဖြစ်စစ်ဆေးခံမည်ဖြစ်သည်။ သတ်မိန့်ပေးသူက ဦးသန်းရွှေဆိုလျင် သူရမြင့်အောင်က ဤအမှူတွင် လက်ဝင်လျှိုပြီး ဓါးစာခံလုပ်နိုင်မည်လား။ ဤအထိတော့သူရမြင့်အောင်ကလည်း မိုက်ရှူးရဲလုပ်နေမည့်သူ မထင်ရပေ။ အကြောင်းမှာဗိုလ်မှူးအောင်လင်းထွဋ်နှင့် စစ်တက္ကသိုလ်တွင် အတူတူကျောင်းတက်ဖက်ဖြစ်ရာ တယောက်အကြောင်းကို တယောက်သိ ထားကြပြီးဖြစ်သည်။ ဗိုလ်မှူးအောင်လင်းထွဋ်၏သက်သေခံထွက်ဆိုချက်ကို သူရမြင့်အောင်အနေဖြင့် ကုလသမဂ္ဂ၏စုံစမ်းစစ်ဆေးရုံးတွင် စစ်ဆေးခံမည်ဆိုလျင် သူ့လောက်မိုက်သောသူမှာ ဤကမ္ဘာတွင် မရှိတော့။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်မှူးအောင်လင်းထွဋ်၏ သက်သေထွက်ဆိုချက်များသည် ခိုင်မာတိကျကြောင်း ဗိုလ်ချုပ်မှူးကြီးသူရမြင့်အောင် သိရှိထားပြီဖြစ်သည်။ အကယ်၍သူရမြင့်အောင်အနေဖြင့် ကြံ့ဖွံ့ပါတီဥက္ကဌကြီးဦးသန်းရွှေအား ခရစ္စတီးကျွန်းအစုလိုက်အပြုံလိုက် လူသတ်မှူတွင် အဓိက တရားခံ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂတွင် အပ်နှံဖမ်းဆီးပေးမည်ဆိုလျင် ဒီမိုကရေစီသူရဲကောင်းတဦးတဖြစ် သူရမြင့်အောင်အား မြင်တွေ့သွား မည်ဖြစ်သည်။ သို့မဟုတ်ဘဲ ယာယီရရှိထားသော အာဏာစည်းစိမ်ကို ခံစားယစ်မူးနေပါက ဦးသန်းရွှေ၏ကြော့ကွင်းမှာ နေပြီး သူပြုသမျှကျေးကျွှန်ဖြစ်နေပေလိမ့်မည်။ ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အုပ်စုအတွက် သေတွင်းတူကြမည့်သူများအတွက် ဆုံစည်းရာအရပ်ဖြစ်သည်။ ယင်းဆုံစည်းရာအရပ်သည် အမင်္ဂလာအရပ်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဦးနေ၀င်းသည် ၂၀၁၀ ဦးသန်းရွှေနှင့် ဘ၀ချင်းက တထေရာတည်းတူနေကြပြီ။ ဦးနေ၀င်းမြေးများဖြစ်သောကျော်နေ၀င်း၊ရဲနေ၀င်း၊ဇွဲနေ၀င်းတို့သုံးဦးကို ထောင်ထဲတွင် သေဒဏ်ပေး ထားသလို ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်ခေါ်ဖိုးးလပြည့်ကိုလည်း သေဒဏ်ပေးပြီးထောင်ထဲပို့ချင်နေကြသည်မှာ လည်း တပုံတပင်ကြားနေရသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်မှူးကြီးအသစ်စက်စက်ဖြစ်သော သူရမြင့်အောင်အား သေဘော်ညှိနေသော ဦးသန်းရွှေကို ငရဲရောက်အောင်ပို့ရန် ကြိုးစားနေကြသောသူတို့မှာ လက်ညီတက်ညီနေကြပြီ။ ဦးသန်းရွှေငရဲမရောက်ခင် အကျဉ်းထောင် ထဲတွင် မိသားစုတခုလုံးသေဒဏ်ပေးခံရပြီး ထောင်ထဲမှာနေရခြင်းကိုလည်း တွေ့ရှိရသွားမည်ဖြစ်သည်။ သို့အတူ သူနှင့်အတူ စစ်အုပ်စု တခုလုံး ထောင်ထဲတန်းဝင်ကြမည်ဖြစ်သည်။ ဦးသန်းရွှေနှင့် စစ်ရာဇ၀တ်ကောင်အပေါင်းပါတစုတို့မှာ မြန်မာနိုင်ငံမြေ၌ အုပ်ဂူတလုံး တော့မရ။ သူတို့အားလှလှပပမြုပ်နှံထားလျှင် ဖိနပ်ဖြင့် ပစ်ပေါက်လာမည့်သူများက တန်းစီနေကြပါသည်။ ထို့ကြောင့်ငရဲသို့ရောက်အောင်ပို့ကြရပါတော့မည်။ သည်တော့ငရဲရောက်သောအခါ မြန်မာနိုင်ငံအပေါ် ဗိုလ်ကျစိုးမိုးနေခဲ့သောဦးနေ၀င်း နှင့်တခါဆုံကြလိမ့်မည်ဖြစ်သည်ဟုပြောလျှင်ယုံကြည်စရာဖြစ်ပါကြောင်း။

အောင်ခိုင်ကျော်
http://www.yeyintnge.com/2010/08/blog-post_4268.html

အပြည့်အစုံသတင်းဖတ်ရန်....

မိုက်မဲတဲ့ ခေါင်းဆောင်

“တို့မွေးမြေ” အကျိုးပြုသီချင်း ဗိုလ်ချုပ်မှူးကြီးရေးခဲ့ သျှင်ဒီစံ Monday, August 30, 2010
နိုင်ငံတော်အကျိုးပြု ပေါ်လစီသီချင်းတပုဒ်ဖြစ်ပြီး အဆိုတော် မေဆွိနှင့်အောင်ရင် သီဆိုထားသော “တို့မွေးမြေ” သီချင်းစာသားကို နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရေးသားပေးခဲ့ခြင်းဖြစ်ကြောင်း တေးရေး မြသန်းစံက ပြောသည်။

“အဲဒီသီချင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စာသားရေးပေးပြီး ကျနော်က ဆီလျော်အောင် သံစဉ်ထည့်ပါတယ်။ ပြီးမှ ကျနော့်နာမည် တပ်ခိုင်းတာပါ” ဟု သူက ဆိုသည်။

ပေါ်လစီသီချင်းများကို ရေးသားခဲ့သည့် တေးရေးမြသန်းစံက မကြာသေးမီက ၎င်းကို နိုင်ငံတော်က ချီးမြှင့်ခဲ့သော တေးရေးခ သုခုမကြေးကို သူ၏လုပ်ဖော်ကိုင်ဘက် အနုပညာသမားများအား ပြန်လည်ပေးအပ်ပွဲတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် နိုင်ငံတော်အကျိုးပြု သီချင်းတချို့ရေးစပ်ရန် ကိုယ်တိုင်ပါဝင် ညွှန်ကြားခြင်းများ ရှိခဲ့ပြီး တေးရေးတေးဆို အကော်ဒီယံအုန်းကျော် ရေးသားသီဆိုသည့် “စီးပွားရေး ပိတ်ဆို့တာ တို့မမှုပါ” အစရှိသည့် သီချင်းကို အလွန်နှစ်ချိုက်ကြောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြဝတီရုပ်မြင်သံကြားမှ အဆိုပါ သီချင်းထုတ်လွှင့်လျင် ဗိုလ်ချုပ်မှူးကြီးသည် ကြည့်ရှုရင်းမှ ဝင်ညည်းလေ့ရှိကြောင်း စစ်တပ်အသိုင်းအဝန်းနှင့် နီးစပ်သူများထံမှ သိရသည်။

“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သီချင်းတပုဒ် ထပ်ရေးဖို့လည်း နိုင်ငံတော်အကြီးအကဲက ကျနော့်ကို ပြောတယ်။ ကျနော်လည်း ၄ လလောက် အချိန်ယူပြီး သီချင်းကို ရေးဖြစ်ခဲ့တယ်” ဟု တေးရေးမြသန်းစံက သူ့အတွေ့အကြုံကို ပြောပြသည်။

တေးရေးမြသန်းစံ၏ ပြန်လည် ပေးအပ်ပွဲအခမ်းအနားကို ပေါ်ပြူလာဂျာနယ်တိုက် ခမ်းမတွင် သြဂုတ်လ ၂၈ ရက်နေ့က စာနယ်ဇင်းသမားများအား ဖိတ်ကြား၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ၎င်းပေါ်လစီသီချင်းများ ရေးသားစဉ်က အတွေ့အကြုံများ၊ နိုင်ငံတော် အကျိုးပြုသီချင်းများ ရေးသားနေရာမှ အနားယူခဲ့သည့် အကြောင်းရင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ၎င်းက လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့် သီချင်းရေးရန် ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးတဦးထံမှ တဆင့် ခိုင်းခြင်းဖြစ်ကြောင်း၊ ပြီးစီးသွားသည့် အလုပ်များနှင့် ပတ်သက်၍ တေးရေးမြသန်းစံက ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက်တင်ပြရာ ကြားခံ ဗိုလ်ချုပ်ကြီးက မကျေနပ်ကြောင်း ပြောပြသည်။

“တနေ့မှာ ကျနော် ၀န်ကြီးအဖွဲ့နဲ့ ခရီးသွားနေတုန်း ကျနော့်ကိုခိုင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးက သူ့ဆီကို ဖုန်းဆက်ခိုင်းတဲ့အတွက် ကျနော်က ဖုန်းဆက်လိုက်တယ်။ အဲဒီဗိုလ်ချုပ်ကြီးက ဖုန်းထဲကနေ မိုက်ရိုင်းတဲ့ စကားလုံးတွေနဲ့ ဒေါသတကြီးဆဲဆိုပြီး ကြိမ်းမောင်းတယ်။ ပြီးတော့ သူက ရာထူးအာဏာ ကျနော့်ထက် ပိုကြီးတယ်ဆိုတာ မသိဘူးလားလို့ မေးတယ်” ဟု မြသန်းစံက ဆိုသည်။

တေးရေး မြသန်းစံအနေနှင့် အဆိုပါ ကာလများတွင် တရားစခန်းဝင်ကာ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားကျင့်ကြံ နေပြီဖြစ်ကြောင်း၊ သို့ရာတွင် အထက်ပါ ဗိုလ်ချုပ်ကြီး၏ ကြိမ်းမောင်း စကားများကြောင့် ပူလောင်ရကြောင်း ဆက်ပြောသည်။

“သူက ကျနော် သူ့ကိုကျော်၊ အထက်လူကြီးကိုဖားပြီး နေရာယူလိမ့်မယ်လို့ ထင်နေတယ်။ ကျနော်လည်း သူ့ကို အခုလို ဒေါသကြီးအာဏာပြတဲ့ လူကြီးမျိုး တခါမှမတွေ့ဖူးဘူးလို့ပြောပြီး ဖုန်းကိုချလိုက်တယ်။ သူဖုန်းပြန်ခေါ်ပေမယ့် ကျနော် မကိုင်တော့ဘူး။ အဲဒီမှာပဲ တဆက်တည်း ကျနော် လုပ်နေရတဲ့ တာဝန်တွေဟာ ကိုယ့်အတွက် ဘာမှ အာမခံချက် မရှိတဲ့အပြင် စိတ်ဖိစီးမှုတွေနဲ့ပဲ ရင်ဆိုင်နေရတဲ့အတွက် ဒီအလုပ်ကို လုံးဝ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ အနားယူလိုက်တယ်” ဟု မြသန်းစံက ၎င်းအနားယူခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ဆက်လက်၍ ၎င်းက တပ်မတော်သားဆိုသည်မှာ လက်ရုံးရည် ရှိသကဲ့သို့ နှလုံးသားလည်း ရှိသောကြောင့် ခံစားမှု ရှိကြောင်း၊ယခု နိုင်ငံတော်က ချီးမြှင့်သည့် အနုပညာကြေးမျိုးကို ၎င်းတသက်တွင် တကြိမ်တခါမှ မရဘူးသောကြောင့် အံ့သြစရာ ကောင်းကြောင်း ပြောသည်။

တေးရေးမြသန်းစံ ရေးသားခဲ့သည့် ထာဝရ ငြိမ်းချမ်းရေး၊ ချစ်ခြင်းတရားနှင့် ပြည်ထောင်စု၊ ငြိမ်းချမ်းရေးပန်းခင်း စသော ပေါ်လစီသီချင်းများအတွက် နိုင်ငံတော်က ဂုဏ်ပြုငွေ ကျပ် ၁၅ သိန်းကို ချီးမြှင့်ခဲ့ရာ အဆိုပါ ငွေများထဲမှ ၎င်း၏ သီချင်းများ သီဆိုပေးခဲ့သော စိုင်းထီးဆိုင်၊ မေဆွိ၊ ခင်မောင်ထူး၊ ခိုင်ထူး၊ ဟေမာနေဝင်း၊ လေးလေးဝါး စသော အဆိုတော် ၆ ဦးတို့အား ကျပ် ၁ သိန်းစီ၊ တီးခတ်ပေးခဲ့သည့် မိုးသောက်ပန်းတေးဂီတ အဖွဲ့အား ကျပ် ၁ သိန်း၊ ၎င်း၏ မိခင်အား ကျပ် ၅ သိန်း၊ ၎င်း ဦးစီး ထူထောင်ခဲ့သော ဘုန်းတော်ကြီးကျောင်းအား ကျပ် ၃ သိန်းနှင့် ပုဂ္ဂလိကစာနယ်ဇင်းများအား ၎င်း၏ ကိုယ်ပိုင်ငွေထဲမှ ကျပ် ၂ သိန်း ပေးအပ်ခဲ့သည်။

အဆိုပါ ပွဲသို့ တက်ရောက်လာသော စာနယ်ဇင်းသမားများထဲမှ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ်ဦးဝင်းငြိမ်း၊ စာရေးဆရာ ဟိန်းလတ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့က အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ရာ ဦးမြတ်ခိုင်က “အခုလို ရွေးကောက်ပွဲနီးလာချိန်၊ ပါတီအောင်နိုင်ရေး သီချင်းတွေ ခေတ်စားနေချိန်မှာ ဆရာမြသန်းစံကို နိုင်ငံတော်က အခုလို ဂုဏ်ပြုတဲ့အတွက် အံ့သြစရာကောင်းပါတယ်” ဟု ပြောခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက နိုင်ငံတော်အကျိုးပြု သီချင်းများနှင့် ဓမ္မပူဇာတေးများ ရေးစပ်ပေးခဲ့သူများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကြောင်း သတင်းဖော်ပြခဲ့သော်လည်း မည်သူတို့အား မည်မျှသောငွေပမာဏ ချီးမြှင့်သည်ကိုမူ ရေးသားထားခြင်း မတွေ့ရပေ။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်အစိုးရ အနာဂတ် မရေရာ၍ အရာရှိကြီးများ လျှို့ဝှက်ရန်ပုံငွေများကို ဘေးဆီးရန်ကာ လုပ်နေကြ

ဘန်းစမစ် (Bern Smith) | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၅၅ မိနစ်

မြန်မာအစိုးရအကြီးတန်း အရာရှိကြီးများသည် သူတို့ပိုင်ငွေကြေးပစ္စည်းအားလုံးကို နိုင်ငံခြားဘဏ်များတွင် သိုဝှက် သိမ်းဆည်းနေကြပြီ ဖြစ်သည်။ ဤအချက်က စစ်အစိုးရ၏ အနာဂတ်အပေါ် စိတ်မချတော့၍ အတွင်းလူများကိုယ်တိုင်က ခုလိုဘေးဆီးရန်ကာ လုပ်နေကြတာထင်ရှားနေသည် ဟု လူသိများသော သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေး သုတေသီတဦးက ပြောဆိုလိုက်သည်။
Onion-2s

ကြက်သွန်ကို နိုင်ငံခြားတင်ပို့ခွင့်ပိတ်လိုက်၍ ရန်ကုန်မြို့ရှိဈေးတခုတွင် ကြက်သွန်အိတ်များ စုပုံနေသည်ကို မြင်ရပုံ။ ယင်းသည် အာဏာရဗိုလ်ချုပ်ကြီးများ၏ `ရူးသွပ်မှု´ ကို ပြသည့်နောက်ထပ် ဥပမာတခုပင်ဖြစ်သည်ဟု သြစတြေးလျလူမျိုး မြန်မာ့စီးပွားရေးသုတေသီ ရှောင်တားနဲလ် (Sean Turnell) က ပြောသည်။ ပြည်တွင်းပစ္စည်း ပြတ်လပ်မှု ဖြစ်မည်စိုးကာ ယခုကဲ့သို့ ပြည်ပပို့ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ (ဓါတ်ပုံ-မဇ္ဈိမ)
ဤအရာရှိကြီးများသည် မြန်မာ့အာဏာရ အဝန်းအဝိုင်း အတွင်း သူတို့မိသားစုဘဝများ လုံခြုံရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ပါမောက္ခ ရှောင်တားနဲလ် ကပြောသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဥက္ကဋ္ဌကလည်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီတွင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုနှင့်စပ်လျဉ်း၍ သွားရောက်မိန့်ခွန်း ပြောကြားခဲ့သည်။ သူသည် ဤကိစ္စကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်သည်။

သြစတြေးလျဗဟိုဘဏ် လေ့လာသုံးသပ်သူဟောင်း တဦးကလည်း အာဆီယံ၊ အိန္ဒိယ၊ တရုတ်တို့ကို စစ်အစိုးရ ပြုပြင်ပြောင်းလဲရေးအတွက် သိပ်မျှော်လင့်၍မရကြောင်း၊ သို့သော် စစ်အုပ်စုအတွင်းမှပင် ဤပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာမည့် မျှော်လင့်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

`အခုလောလောဆယ်ဖြစ်နေတဲ့ တချို့အဖြစ်အပျက်တွေက သိပ်ပြဇာတ်ဆန်တယ်။ စစ်အစိုးရထဲမှာလဲ ယိုပေါက်ဟာပေါက်တွေ အတော်လေးရှိနေတာပဲ။ ဒါပေမဲ့သူတို့က အသာစီးရနေတာ´ ဟု သူကပြောသည်။

နောက်လတွင် ကွန်ဂရက်လွှတ်တော်အမတ်များနှင့်တွေ့ရန် ဝါရှင်တန်သို့သွားရောက်မည့် တားနဲလ်က မြန်မာ့စစ်အစိုးရအတွင်း အကြီးတန်းအရာရှိကြီးများ `သွေးရူးသွေးတန်း´ဖြစ်နေကြပြီဟု ယုံကြည်နေသည်။
`ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အားလုံးပြောနေသလိုပဲ ဒီရွေးကောက်ပွဲဟာ အတုအယောင်ပဲဖြစ်မယ်ဆိုတာ ထင်ရှားလာတယ်။ အကြီးတန်းဗိုလ်ချုပ်အများစုကတော့ သူတို့လိုချင်တာရနေတုန်းပဲ´ဟု သူက ဆစ်ဒနီမြို့ရှိ သူ့အိမ်မှပြောကြားခဲ့သည်။

ဤအဓိကပုဂ္ဂိုလ်ကြီးများကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ၁၉ဝဝ စုနှစ်များအတွင်း အမေရိကန်နိုင်ငံတွင် တွေ့မြင်ရခဲ့သည့် အဖြစ်အပျက်များလိုပင် မြန်မာ့လူ့အဖွဲ့အတွင်း ထင်ရှားကြီးထွားလာနေသည့် `ဓါးပြဂိုဏ်း´ ဟု သူကပြောသည်။

အမေရိကန်တွင်လည်း စီးပွားရေးသမားများ ငွေအစုလိုက်အပုံလိုက် စုဆောင်းမိခဲ့ကြသည်။ သို့သော် တဘက်မှလည်း အမျိုးသားအမွေအနှစ် အဖွဲ့အစည်းများဖြစ်ကြသော စာကြည့်တိုက်များ၊ ဖောင်ဒေးရှင်းများနှင့် အခြေခံအဆောက်အဦများဖြစ်သော ရထားလမ်းများလည်း ပေါ်ထွက်လာခဲ့သည်။ ထိုခေတ်က အပြုသဘောဆောင်သော ဘေးထွက်အကျိုးများပင်ဖြစ်သည်။

သို့သော်မြန်မာနိုင်ငံတွင်မူ ပကတိအခြေအနေက ပို၍ပင် မျှော်လင့်ချက်မဲ့သေးသည်ဟု တားနဲလ်က ပြောသည်။ `လွန်ခဲ့တဲ့ခြောက်လအတွင်း ကျနော်တို့ တကယ်တမ်းမြင်ခဲ့ရတာကတော့ စီးပွားရေး ရာဇဝတ်ဂိုဏ်းကြီးတွေ ကြီးထွားလာတာပဲ။ ပုဂ္ဂလိကပိုင်ပြုလိုက်တာဟာ တကယ်တမ်းကျတော့ စီးပွားရေးအဆောက်အဦကြီး တခုလုံးကို မြန်မြန်ကြီး ရာဇဝတ်ဂိုဏ်းကြီးဖြစ်အောင် လုပ်လိုက်သလိုပါပဲ´။

`သူတို့ဟာ မာဖီးယားဂိုဏ်းတွေလို ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာကြတယ်။ ဒီလိုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်တဲ့ စတာလင်ပုံစံ အာဏာရှင်နိုင်ငံကို ရာဇဝတ်ဂိုဏ်းစီးပွားရေး အဆောက်အဦကြီးဖြစ်အောင် မြန်မြန်ကြီး ပြောင်းလဲပစ်လိုက်တယ်။ ဒီလိုနေရာတွေမှာ ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံတွေမှာလို မဟုတ်ဘဲ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တယောက်က ပိုပြီးစွမ်းဆောင်နိုင်တယ်´ ဟု သူကပြောသည်။

ဒီတော့ စစ်အစိုးရနဲ့ `အကပ်´ရှိတဲ့သူက တပန်းသာတယ်၊ အခွင့်ထူးတွေရနိုင်တယ်၊ လုပ်ကွက်တွေ ရနိုင်တယ်။ ဒီလိုနဲ့ ဒါကိုပဲ အဓိကထားလုပ်ရင်း ကွာခြားမှုက ကြီးလာတာပဲ။

`ကျနော်တို့ပြောနေတာ ဟွန်ဒိုင်းကားတစီး၊ ဒေဝူးကားတစီးရဖို့ ပြောနေတာမဟုတ်ဘူး´ဟု တားနဲလ်က လစ်ဘရယ်စီးပွားရေးပညာရှင်များ ပြောလေ့ရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့လည်း ဖြစ်ထွန်းလာလိမ့်မည်ဟူသောအဆိုကို ချေပပြောဆိုသွားခဲ့သည်။ `ဒီလူ (စစ်အစိုးရထံမှ အခွင့်ထူးခံစားရသူတွေ) ဟာ တီထွင်သူတွေလဲမဟုတ်၊ ထုတ်လုပ်သူတွေလဲ မဟုတ်၊ ရိုးရိုးလေးပဲ ကိုယ်ကျိုးအတွက် ဗိုလ်ချုပ်တွေဆီက အခွင့်အရေး တောင်းနေသူတွေပဲ´ ဟု သူကပြောသည်။

ဒီမှာသူတို့အခွင့်အရေးတွေကိုတောင်းဆိုမဲ့ လူလတ်တန်းစားလဲ ရှေ့တန်းကိုထွက်လာနိုင်မှာမဟုတ်ဘူး။ အသစ်တွေ့ရှိလာတဲ့ စားသုံးသူအခွင့်အရေးကို တောင်းဆိုကျင့်သုံးနိုင်မဲ့သူလဲ မဟုတ်ဘူး ဟု သူကပြောသည်။
ပြည်တွင်းပစ္စည်းပြတ်မှာစိုး၍ဟုဆိုကာ ကြက်သွန်နီတင်ပို့မှုကို မကြာမီကပိတ်ပင်ခဲ့သည့် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီးများ၏ ရာဇဝဝင်တွင်သည့် `ရူးသွပ်မိုက်မဲမှု´အဖြစ် တားနဲလ်က ထုတ်ဖော်ပြောဆိုသည်။

`လယ်သမားတွေက စာချုပ်ချုပ်ပြီးလုပ်တာ၊ ဒီစာချုပ်အရ သူတို့ဘက်က လုပ်ပေးရမှာတွေရှိတယ်။ ခုတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် စာချုပ်ချိုးဖောက်ရမဲ့ အခြေအနေတွေဖြစ်နေတယ်။ ပြီးတော့ အလားအလာရှိတဲ့ စီးပွါးရေးလုပ်ငန်းတခုလဲ ရိုက်ချိုးခံလိုက်ရတာပဲ´ ဟုလည်း သူကဆက်လက်ပြောဆို ခဲ့သည်။

သူကယခု ကြက်သွန်နီတင်ပို့မှု ပိတ်ပင်ခြင်းကို ယခင်နှစ်အနည်းငယ်က ပဲမျိုးစုံတင်ပို့မှု ပိတ်ပင်ခဲ့မှုနှင့် နှိုင်းယှဉ် ပြောဆိုသည်။ ထိုသို့ပြည်ပတင်ပို့မှု ပိတ်ပင်လိုက်၍ ပဲဈေးကွက်ပျက်သွားသောအခါ ဗိုလ်ချုပ်ကြီးများက အသာလွှတ်ပေးထားလိုက်ပြန်သည်။ ဒီလိုနှင့် ပဲဈေးကွက်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တစုံတရာ ပြန်ကောင်းလာခဲ့သည်။

`စိုက်ပျိုးထုတ်လုပ်သူတွေအတွက် အခြေပျက်မသွားရုံလေး လုပ်နေရုံကလွဲလို့ တခြားလုပ် စရာမရှိဘူး´ ဟုလည်း သူကဆိုသည်။

ဖွံ့ဖြိုးလာရင် မြန်မာပြည်သူတွေအတွက် အခွင့်အရေးတွေ ပိုရလာမယ်၊ အချိန်ကြာလာတာနဲ့အမျှ ပိုမိုညီမျှတဲ့ စနစ်တရပ်လဲ ပေါ်ထွန်းလာလိမ့်မယ်ဆိုတဲ့ အဆိုကိုလဲ တားနဲလ်က ညည်းညူပြောဆိုခဲ့သည်။ `တကယ်တမ်း ဖွံ့ဖြိုးတိုးတက်လာတာဆိုရင်တော့ ဟုတ်ပါတယ်။ ဘာမှမဖြစ်တာနဲ့စာရင် ဒီလောက်ဖြစ်လာတာက တော်သေးတာပေါ့လို့ ပြောရမှာပေါ့။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုဆိုတာက တကယ်ဖြစ်နေတာမဟုတ်ဘူး´ ဟု သူကပြောသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

အာဏာရှင်များရဲ့ ဖြုတ်ထုတ် သတ်

တင်ကျော်ကျော်စိုး၊ ၊ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊
ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး
သူရရွှေမန်း၊အပါ အ၀င် ဒုတိယ ဗိုလ်ချုပ်ကြီး ဆယ်ဦးခန့် ကို
ရာထူး မှ ဖယ်ရှား ပစ်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
၏အစီအစဉ် များ သာ ဖြစ်ပြီး ထိုသို့  ကြီးစွာသော စွန့် စားမှု များ
ကို လွန်ခဲ့သည့် နှစ်နှစ် ကျော်က စပြီးလူသိမခံ ပဲ လက်သပ်မွေး ထားသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် နေပြည်တော် တိုင်း စစ်ဌာန
ချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝေလွင် နှင့် ၎င်း၏ လက်မရွံ့ တပ် တို့ ၏
အကူအညီဖြင့် ကြာသပတေးနေ့ နှင့် သောကြာနေ့ တို့ တွင် အောင် မြင်စွာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်
ဟု ၎င်း၏မိသားစု အသိုင်းအ၀ိုင်း နှင့် နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။


ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ယခုကဲ့သို့ သွေးထွက်သံယို ရှိမည် ဟု မထင်ရသည့် ဖြုတ်၊ထုတ်၊ရှင်း ပွဲ
ကိုစီစဉ်ရခြင်း အဓိက အကြောင်းအရင်း မှာ ကုလ သမဂ္ဂ မှ ကြီး မှုး ပြီး စစ်ရာဇ၀တ်မှု များ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ စည်းခြင်း ကြောင့် နှင့် အမေရိကန် တပ်များ အာရှ ရေပိုင် နက် တွင် ပိုမို နေရာယူ လာခြင်းကြောင့်ဖြစ်သည် ဟု Freedom News Group ၏ စစ်ရေး အကဲခတ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ ဗိုလ်မှုး တင်အောင် က သုံးသပ် ပြောကြားသည်။

အခု ရာထူး စွ န့် လိုက်ရတဲ့ ပုဂ္ဂိုလ် တွေ ထဲ မှာ အမေရိကန် တပ် တွေ နဲ့ အဆက်အသွယ် ရှိ တဲ့ ဗိုလ်ချုပ်တွေပါတယ်။ သူ့ အတွက် စိတ်မချရဘူး ဒီလဆန်းက အမေရိကန် စစ်လေယာဉ် နှစ်စီးလောက် နေပြည်တော်ပေါ်က ဖြတ်ပျံတာ ကို သိပြီး ကတည်း က သူ့ လုံခြုံရေး အတွက် တော်တော် စိုးရိမ်နေတာ ၊အခုတော့ သူသက်ပြင်း ချနိုင်ပြီ …..ဗိုလ်ချုပ် သာ အေး ကတော့ အကျယ်ချုပ်ဖြစ် နေတယ်ကြားတယ် ဟု ပြောသည်။

ရာထူးမှ ဖယ်ရှား ခံရသူများ ထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ နှစ်ဦး သည်ပင် လျှင် ၎င်း တို့ နေအိမ် များ မှ ချက်ခြင်း ဆိုသလိုပင် ဖယ်ရှားပေးလိုက်ရသည် ဟု သိရသည်။

ထပ်မံကြားသိရသည့် သတင်းတစ်ပုဒ် မှာ လည်း တပ်မှုး များ နှင့် ရှေ့ တန်း စစ်ဌာနချုပ်များ မှာ မည် သူ့ အမိန့် ကိုနာခံရမည် ဆိုသည် ကို စောင့်မျှော်နေသည် ဟု သိရသည်။

ပထမ နှင့် ဒုတိယ အသုတ် ပြုတ်/နားများ မှ စစ်ခေါင်းဆောင် အချို့  AFP PHOTO / Khin Maung Win (Photo credit should read KHIN MAUNG WIN/AFP/Getty Images)

သေတစ်ပန် သက်တစ်ဆုံး ကာကွယ်ရေးဦးစီးချုပ် ဘ၀ ဖြင့် အရိုးထုတ်တော့ မည် ဟု အများက ထင်မှတ် ထားခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ သူ၏ ထိပ်တန်း စစ်ရာထူး ကို စွန့် လွှတ်လိုက် သဖြင့် မြန်မာ နိုင်ငံ၏ ကာကွယ်ရေး ၀န်ကြီးဌာန တွင် အပြောင်းအလဲ ဖြစ်သွားသည် ဟု ထင်စရာ ရှိသော်လည်း ဗဟိုအမိန့် ပေးစနစ် (Central Command)သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ထဲ မှာ ပင် ရှိ နေဆဲ ဖြစ်သည်ဟု နေပြည်တော်အမြောက် နှင့် သံချပ်ကာ ယန္တယား တပ် မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။

သူက ဆက်လက် ၍ ဗိုလ်ချုပ်မှုးကြီး တော့ မဟုတ် တော့ ဘူး ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး ပဲ လေ ဟု လက်ရှိတပ်တွင်းအခြေအနေ များ ကို သုံးသပ် ပြောကြားသွားသည်။

ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ အတူတူရေငုပ် ပြီးမှာ ကိုယ် ဖော့ ပြီး ရေပေါ် ပြန် တက်သည့် အကြံအစည် သည်လွန်ခဲ့သည့် နှစ်လခန့် က စစ်ထောက် လှမ်းရေး အကြီး အကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ကြီး ခင်ညွှန့် ပေးခဲ့ခြင်းဖြစ်သည် ဟု စစ်တပ်တွင်း သုံးသပ် ပြောကြားမှု များ လည်း ရှိသည်။

လက်ရှိ ကာကွယ်ရေး ၀န်ကြီးမှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဖြစ်ပြီး ဒုကာကွယ်ရေး ၀န်ကြီး မှာ ဗိုလ်ချုပ် တင်အေးဖြစ်သည်။

Updated ..ပထမ အသုတ် ပြုတ်/ နား နှင့် ဒုတိယ အသုတ် ပြုတ်/နား ထဲ မှ အချို့ ကို ဆဲလ်ဖုန်း ကိုင်ဆောင်မှုနှင့် အင်တာနက် ကြည့် ခွင့် နှင့် လက်နက် ကိုင် ဆောင်မှု များ စစ်ရေးချုပ် အမိန့် ဖြင့် ပြန်လည်ရုပ်သိမ်း Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Sunday, August 29, 2010

အာဏာရှင်သစ် သူရမြင့်အောင် ( ကမ္ဘာ့ စစ်ခုံရုံးမှ အလိုရှိသူ)

မိမိကံကြမ္မာသည် မိမိလက်ထဲတွင်သာရှိသည် စစ်တပ်လက်ထဲတွင်မဟုတ် ...ကြံ့  ဖွတ်လက်ထဲတွင်မဟုတ်..ကိုယ်က မဖန်တည်းသ၍............ ။

အပြည့်အစုံသတင်းဖတ်ရန်....

ရွှေမန်းရဲ့ မရိုးသားတဲ့  စွန့် လွှတ်မှု Shwe Mann quits ‘to become Burma president’

Published: 27 August 2010
The Burmese junta’s third-in-command, General Shwe Mann, has retired from his post in preparation for taking the top position after elections this year, government sources say.

The Joint Chief-of-Staff privately announced his retirement to senior cabinet members last night, and becomes the latest top-level junta official to step down from the military to pursue a ministerial position in post-election Burma.

It is rumoured that the retirement from the military of Senior General Than Shwe and vice-chairperson Maung Aye will shortly follow, an official at Burma’s foreign ministry told DVB on condition of anonymity.

Current Burmese prime minister, Thein Sein, will become the new vice president, while Than Shwe and Maung Aye will become the official president and vice president of the Union Solidarity and Development Party (USDP), which is currently headed by Prime Minister Thein Sein, who quit his military post in April. The two however will play no official role in the government or army, but instead act as patrons of the party.

The USDP has been widely tipped to win controversial elections slated for 7 November, and the foreign ministry official said that the party may stay in power for two terms, equating to 10 years.

It is not known who will take the place of the 77-year-old Than Shwe as army chief, but the current Chief of Bureau of Special Operation – 2, Min Aung Hlaing, will be promoted to Adjutant General, the official said, ranking at around sixth in the military hierarchy.

Thein Htay, who heads Defence Industry 1 and who accompanied Shwe Mann on a top-secret visit to North Korea in 2008, will become Chief of Military Ordinance, while Wai Lwin, from the Regional Military Command, will become Quartermaster General.

A number of other senior Regional Military Command members have also been promoted: Light Infantry Division (LID) 33 commander Aung Kyaw Zaw becomes the Northeastern Regional Military Commander (RMC), while LID 88 commander, whose name is not known, will become the Southern RMC. LID 99 commander Khin Maung Htay will become the Coastal Region Military Commander, and LID 101 commmander Sein Win has been transferred to the ministry of foreign affairs. The previous RMCs have all been moved to the Bureau of Special Operations (BSO) to replace their predecessors who have now retired.

The government has stipulated that no one older than 60 shall serve as the commander-in-chief of Burma’s 500,000-strong army, who’s various leaders have ruled the Southeast Asian pariah since a coup in 1962.

The Burmese junta has launched a wholesale reshuffle of its ranks in recent months, starting with Thein Sein’s resignation in April. It is only two months until the country’s first elections in 20 years, and conditions surrounding the polls appear to have been carefully orchestrated to ensure that while a cosmetic change takes place at the top of the government, the same people will continue to pull the strings after November.

The re-positioning is also apparently in accordance with a clause in the 2008 constitution that says that both the vice president and president “shall be well acquainted with the affairs of the Union, such as…military”, implying that experience in the army may be a prerequisite for the top jobs.

Moreover, the constitution rules that 25 percent of parliamentary seats must been given to military personnel, which may be a key reason behind the reshuffle.

This would rule out the vast majority of candidates running in the elections, and seems to reinforce concerns that Burma’s future is being planned before polls even take place.

Forty-one parties have so far been approved to compete, but many of the smaller groups have complained that the 500,000 kyat (US$500) registration fee for each candidate is well beyond their reach, and therefore are forced to significantly reduce the number of candidates they’ll be fielding.
Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ပြည်သူအပေါင်းရင်ထဲ ဘုရားဂါထာကဲ့ သို့ ရင်ထဲနှလုံးဆောင်ရမည့် ဆောင်ပုဒ်

ကြေးမှုံ သတင်းစာ ညာနေသည် အနှစ် ၅၀ ။

မြန် မာ့အလင်း အမှောင်ချ လိမ် နေသည် အနှစ် ၅၀ကျော်။

မြန်မာတိုင်း(မ်)ဖြီးနေသည် ။

The New Light of Myanmar ဖြီးဖြန်းနေသည်။

မြန်မာရေဒီယို လိမ်နေ၏ အနှစ် ၆၀ ကျော်။

မြ၀တီ မှိုင်း အလွှမ်း မခံကြလေနှင့်

MR TV အင်္ဂလိတ်လို ဖြီးနေ၏။

န အ ဖ ၏ ဆောင်ပုဒ်များ နားမယောင်လေနှင့် ပုခုံးကောင်းပါက နားယောင်ပါလေ။

တရုတ်အားကိုး မိစ္ဆာမျိုး စစ်ဝါဒီများ အား ဆန့် ကျင်ကြ။

ရုရှားအားကိုး သူခိုးမျိုး သူတောင်းစားဝါဒီများအား ဆန့် ကျင်ကြ။

မြောက်ကိုးရီးယားအားကိုး နလဗိန်းတုံးမျိုး တွင်းအောင်း တိရစ္ဆာန်ဝါဒီ များအား ဆန့် ကျင်ကြ။

သေနတ်အားကိုး ပြည်သူကြောက် ခွေးသူတောင်းစားများအား ဆန့် ကျင်ကြ။

ဤအာဏာ ဤ မရေရာ ဖန်တည်းထားသောစစ်ကြောင့် ကျွနုပ်တို့ သည် မိတကွဲ ဖတကွဲ ဖြစ်ကုန်သည် ။ များစွာသောသူတို့  တောင်းစားရန် ခွက်ပင် မရှိ။
(မှန်သော စကားဆို၏ မှန်သောစကားရေးချဖြစ်၏။ မှားယွင်းစေမူကား ကျွနုပ်အား မြေမျိုပါစေ။ ကံကြီးထိုက်ပါစေ။ နံစော်သော အမှိုက်ပုံတွင် အိပ်ရပါစေ။ လူအပေါင်း အကန်ခံရပါစေ။
ပြည်သူကို ချစ်သောစေတနာဖြင့်။ Dtm)

အပြည့်အစုံသတင်းဖတ်ရန်....

E 11 Sky news ..ပြည်တွင်း သတင်း နှင့် လူနေမှူဘ၀အခြေအနေ။

စက်မှုဇုန်များမှ လုပ်ငန်းရှင်အချို့ နယ်မြို့များအထိဆင်း၍ အလုပ်သမား ရှာဖွေနေရ၊ လစာနှင့် အခွင့်အရေးကြောင့် အလုပ်သမားရှားပါးနေ PDF Print E-mail
စက်မှုဇုန်များမှ လုပ်ငန်းရှင်အချို့ နယ်မြို့များအထိဆင်း၍ အလုပ်သမား ရှာဖွေလာရမှုများ ရှိလာကြောင်း စက်ရုံအချို့နှင့် စက်မှုဇုန်လုပ်သားများထံမှ စုံစမ်းသိရှိရသည်။



ယင်းကဲ့သို့ အလုပ်သမားများအား နယ်မြို့များအထိ ဆင်း၍ ခေါ်ယူလာမှုများသည် အလုပ်သမားများစွာ လိုအပ်မှုကြောင့် ဖြစ်နေပြီး စက်မှုဇုန်တွင် လုပ်ကိုင်ကြသည့် အလုပ်သမားအများစုမှာလည်း စက်ရုံ တစ်ခုတည်းတွင် ကြာရှည်စွာ လုပ်ကိုင်ကြမှုမရှိကြဘဲ မကြာခဏအလုပ်မှ ထုတ်ပယ်မှုခံရခြင်းကြောင့် သော်လည်းကောင်း၊ အလုပ်မှနုတ်ထွက် ခြင်းကြောင့် သော်လည်းကောင်း စသည်တို့ကြောင့် စက်ရုံများတွင် အလုပ်သမား လိုအပ်မှုများ ရှိလာ ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် စက်ရုံအချို့မှာ အလုပ်သမားရရှိနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မြို့နယ်များမှ အလုပ်လာလျှောက်ကြသူများကို အချိန်မရွေး အလုပ်ခန့်လာခြင်း သာမက နယ်မြို့များအထိပါ တိုက်ရိုက်ဆင်းကာ အလုပ်သမားရှာဖွေမှုများ ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း သိရသည်။


စက်ရုံများမှ အခြေခံ အလုပ်သမားများအား ခေါ်ယူရာတွင် အများအားဖြင့် ပညာအရည်အချင်းကို မူလတန်းအောင် အဆင့်ပင်ခေါ်ယူမှုများကြပြီး အချို့စက်ရုံများမှာမူ အထက်တန်းပညာ အဆင့်ရှိမှာသာ ခေါ်ယူမှုများလည်း ရှိကြကြောင်း သိရသည်။


"မင်္ဂလာဒုံ စက်မှုဇုန်မှာရှိတဲ့ စက်ရုံတစ်ခုက အခြေခံအလုပ်သမားကို လူဦးရေရာနဲ့ချီပြီး ခေါ်တာကြောင့် အလုပ်သွားလျှောက်ဖြစ်ခဲ့တယ်။ အဲဒီစက်ရုံက အထည်ချုပ်လုပ်ငန်း မဟုတ်တဲ့အတွက် အခြေခံအလုပ် သမားခေါ်တာကို ပညာအရည်အချင်း အနိမ့်ဆုံးဆယ်တန်းအဆင့် ရှိမှခေါ်ပြီး အင်တာဗျူးအရင်ဖြေလို့အောင်မှ အလုပ်ဝင်ရပါတယ်။ ပေးတဲ့လစာကတော့ တစ်လကိုကျပ်သုံးသောင်း ၀န်းကျင်ပေးပြီး သူတို့ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအရ မှား ယွင်းမှုတစ်ခုခုလုပ်မိပြီ ဆိုတာနဲ့ ဒဏ်ကြေးက ကျပ်တစ်ထောင်အနည်းဆုံး ဆောင်ရမယ်လို့ စက်ရုံကတာဝန်ရှိ သူတွေကပြောတယ်။ ကျွန်မအလုပ် စ၀င်တဲ့နေ့မှာပဲ အဲဒီစက်ရုံမှာတာဝန်ရှိတဲ့သူ တချို့က နယ်တွေကို သူတို့ ကိုယ်တိုင်ဆင်းပြီး အလုပ်သမား ရှာဖွေဖို့သွားကြတယ်။ ဘာလို့လဲဆိုတော့ စက်ရုံမှာအလုပ်သမားတွေက မကြာခဏ အလုပ်ထွက်ကြပြီး တစ်ခါထွက်ရင်လည်း အယောက် ၅၀ ၀န်းကျင်လောက် အနည်းဆုံးထွက်ကြလို့ နယ်တွေကိုဆင်းပြီး အလုပ်လုပ်ချင်တဲ့သူတွေကို နေစားငြိမ်းလိုက် ခေါ်ကြတာဖြစ်တယ်"ဟု မကြာသေးမီ ကာလက စက်ရုံတစ်ခုတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။
လုပ်သားတစ်ဦးချင်းစီရဲ့ အနိမ့်ဆုံး တစ်ရက်ဝင်ငွေကိုတော့ တစ်ရက် ကျပ် ၁၁၀၀ အောက် မရောက်စေဖို့ မေတ္တာရပ်ခံထားတာ ရှိပါတယ်။ အလုပ်သမားတိုင်းကို တစ်လငွေ ကျပ်သုံးသောင်းအထက် ရရှိအောင် သက်ဆိုင်ရာက လုပ်ငန်းရှင်တွေကို ပြောကြားထားတဲ့ သဘောပါ


ယင်းသို့ နယ်မြို့များအထိ ဆင်း၍ အလုပ်သမားရှာဖွေရာတွင် ပညာအရည်အချင်းအား အခြေခံပညာ အလယ်တန်းအဆင့်ဖြင့်ပင် အင်တာဗျူးမေးခြင်းမပြုဘဲ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်ရုံအများစုတွင် အခြေခံဝန်ထမ်းများအား နေ့ပိုင်းအလုပ်ချိန်နှင့် ညပိုင်းအလုပ်ချိန်ဟူ၍ အလုပ်ချိန်ခွဲကာ အလှည့်ကျလုပ်ခိုင်းမှုများလည်း ရှိကြကြောင်း သိရသည်။ "အလုပ်က အချိန်ပြည့်မတ် တပ်ရပ်ပြီး လုပ်ရတာဖြစ်တဲ့အတွက် ညောင်းလို့ ခဏထိုင်တာကိုတွေ့တာ နဲ့ဒဏ်ကြေးဆောင်ဖို့ နာမည်မှတ်သွားတော့တာပဲ။ ဒဏ်ကြေးဆောင်ရမှာ စိုးလို့ ဒီအတိုင်းနေပြန်ရင်လည်း မကြာခဏ ခြေထောက်ယောင်တာ တွေဖြစ်တယ်"ဟု စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောပါသည်။


မြန်မာနိုင်ငံရှိ စက်မှုဇုန်လုပ်သားများ၏ လုပ်အားခမှာ ဒေသတွင်းနိုင်ငံများရှိ စက်မှုဇုန်လုပ်သားများ၏ လုပ်အားခနှင့်နှိုင်းယှဉ်ပါက အဆပေါင်းများစွာ နည်းပါးနေသေးကြောင်း၊ ထို့ပြင် ပြည်တွင်းအလုပ် သမားများ၏ ရပိုင်ခွင့်သည်နည်းပါးနေပြီး အလုပ်ချိန်မှာ စက်ရုံအမျိုးအစား ပေါ်မူတည်၍ အမျိုးမျိုးကွဲပြားလျက်ရှိကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း" ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကစက်မှုဇုန်တွေမှာ စက်မှုဇုန်လုပ်သား တစ်ယောက်ကို အနိမ့်ဆုံးလစာ ဘယ်လောက်ပေးရမယ်။ အမြင့်ဆုံးလစာ ဘယ်လောက် ပေးရမယ်ဆိုတာမျိုး သတ်မှတ်ထားတာတော့ မရှိပါဘူး။ လုပ်သားတစ်ဦးချင်းစီရဲ့ အနိမ့်ဆုံး တစ်ရက်ဝင်ငွေကိုတော့ တစ်ရက် ကျပ် ၁၁၀၀ အောက် မရောက်စေဖို့ မေတ္တာရပ်ခံထားတာ ရှိပါတယ်။ အလုပ်သမားတိုင်းကို တစ်လငွေ ကျပ်သုံးသောင်းအထက် ရရှိအောင် သက်ဆိုင်ရာက လုပ်ငန်းရှင်တွေကို ပြောကြားထားတဲ့ သဘောပါ"ဟု ပြော ကားခဲ့သည်။


စက်မှုဇုန်ဆိုင်ရာပညာရှင်တစ်ဦး က "ဒေသတွင်းနိုင်ငံတွေထဲမှာ ဆိုရင်တရုတ်နိုင်ငံက လုပ်သားဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဈေးကွက်စီးပွားရေး စတင်စဖွင့်တုန်းက စက်မှုဇုန် အခြေခံလုပ်သား တစ်ဦးကို လစာအမေရိကန် ဒေါ်လာ ၅၀ ၀န်းကျင် ရရှိပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်း တက်လာပြီး အခုအချိန်မှာ ဒေါ်လာ ၅၀၀ လောက်အထိ ရရှိနေကြပါတယ်။ စင်ကာပူ စက်မှုဇုန်လုပ်သားတွေဆိုရင် အမေရိကန်ဒေါ်လာ ၁၀၀၀ ၀န်းကျင်၊ ထိုင်းစက်မှုဇုန် အထွေထွေလုပ်သား တွေဆိုရင် ဒေါ်လာ ၃၀၀ ၀န်းကျင် အထိ တစ်ဦးချင်းပျမ်းမျှနှုန်းနဲ့ ရရှိနေကြပါတယ်။ ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်သားတွေရဲ့လုပ်အားခတွေ သက်သာတာကြောင့် မြန်မာပြည်ကို အထည်ချုပ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ဖို့ စီစဉ်ကြပေမယ့် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် အနည်းငယ် ရင်းနှီးမြှုပ်နှံမှု နည်းနေသေးတာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။


လုပ်ငန်းမျိုးစုံရှိ အလုပ်ရှင်နှင့် အလုပ်သမားအကြား ခိုင်မာသည့် အကျိုးခံစားခွင့် ရရှိလာစေရန် သဘောတူ ကတိစာချုပ်များကို တရားဝင်ချုပ်ဆိုသည့် စနစ်ကျင့်သုံးမှုများလည်း ရှိလာကြောင်း သိရသည်။


နှစ်ဦးသဘောတူ ကတိစာချုပ်များ ချုပ်ဆိုရာတွင် အလုပ်သမားနှင့် အလုပ်ရှင်တို့၏ နှစ်ဦးသဘောတူ ရပိုင်ခွင့်၊ အခွင့်အရေးနှင့်ဖြစ်ချင်သည့် ဆန္ဒတို့အား ညှိနှိုင်းချုပ်ဆိုကြ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ချုပ်ဆိုရာတွင် ခိုင်မာစေရန် သက်ဆိုင်ရာလူကြီးများနှင့် ရှေ့နေရှေ့ရပ်များ၊ တရားဝင်တန်ဖိုးပြည့် တံဆိပ်ခေါင်းများဖြင့် အခိုင်အမာချုပ်ဆိုကြကြောင်း သိရသည်။


အလုပ်သမားများအတွက် ရပိုင်ခွင့် ပိုမိုလာစေရန် အလုပ်သမားများ၏ ခွင့်ရက်၊ အလုပ်ပိတ်ရက်နှင့် သက်ဆိုင်သည့်ဥပဒေကို သက်ဆိုင်ရာက ပြင်ဆင်ပေးခဲ့သည့် နောက်ပိုင်း အလုပ်သမားများတွင် ၎င်းတို့ရပိုင်ခွင့်များ နှင့်ပတ်သက်၍ အသိပညာများလည်း တိုးပွားလာရာ ယခုအခါတွင် အလုပ်သမားနှင့် အလုပ်ရှင်အချို့အကြား သဘောတူကတိစာချုပ်များ ချုပ်ဆိုလာကြပြီဖြစ်ကြောင်း သိရသည်။


အလုပ်သမားများ အတွက် ရပိုင်ခွင့်များပိုမိုလာစေရန် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အား ဥပဒေအမှတ် ၆/၂၀၀၆ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ ယင်း ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းကြောင့် အလုပ်သမားများ အကြား၌ အလုပ်သမားများနှင့် သက်ဆိုင်သည့် ရပိုင်ခွင့်များ နှင့်ပတ်သက်၍ အသိပညာတိုးပွားခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။


သဘောတူ ကတိစာချုပ်ချုပ် ဆိုခဲ့သည့် အလုပ်သမားများထဲတွင် စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမား အချို့နှင့်အလုပ်ရှင်အချို့ ပါဝင်ခဲ့ပြီး အမျိုးသား အလုပ်သမားများအပြင် အမျိုးသမီး အလုပ်သမားများပါ ပါဝင်ကြောင်း သိရသည်။


အလုပ်သမားအချို့သည် ၎င်းတို့လိုအပ်ချက်များနှင့် စက်ရုံလုပ်ငန်းရှင်အကြား ညှိနှိုင်းကာ သဘောတူစာချုပ် ချုပ်ဆိုဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း တရားဝင်စာချုပ်ချုပ်ဆိုမှုကြောင့် နှစ်ဦးနှစ်ဖက်ခိုင်မာသည့် အကျိုးခံစားခွင့်များ ပိုမိုရရှိလာနိုင်ကြောင်း သိရသည်။


အလုပ်သမားများက ၎င်းတို့လိုအပ်ချက်များအား အလုပ်ရှင်များနှင့် ကတိစာချုပ်ချုပ်ဆိုရာတွင် လစာထုတ်သောနေ့တွင် အလုပ်မှဆင်းခွင့်ပြု ပေးရမည့်အချိန်၊ အလုပ်ပိတ်ရက်၊ လုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရချိန်၊ နေမကောင်းဖြစ်ပါက ခွင့်နှင့်ပတ်သက်၍ အကျိုးခံစားခွင့်၊ သာရေး နာရေးနှင့်ပတ်သက်၍ ခွင့်ခံစားခွင့်၊ တစ်နှစ်လျှင် ရရှိလိုသည့်ခွင့်ရက် အရေအတွက်တို့နှင့် ပတ်သက်၍ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ သဘောထားများအပေါ် လုပ်ငန်းရှင်က သဘောတူညီပေးခဲ့ကြောင်း၊ သဘောတူစာချုပ်တွင် ပါဝင်သော အချက်အလက်များကို အလုပ်သမားကဖြစ်စေ၊ အလုပ်ရှင်ကဖြစ်စေ တစ်ဦးဦးက ဖောက်ဖျက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရနိုင်ကြောင်း သိရသည်။


အလုပ်ရှင်နှင့် အလုပ်သမား များအကြား နှစ်ဦးသဘောတူ ကတိစာချုပ်ကို တရားဝင်ချုပ်ဆို၍ နားလည်မှု ယူထားခြင်းအားဖြင့် လုပ်ငန်းအတွက် အကျိုးရှိစေပြီး အလုပ်သဘောအရလည်း အလုပ်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး ပိုမိုလေးစားမှု ရှိလာစေနိုင်ကြောင်း၊ စာချုပ်ပါ သဘော တူညီမှုကို တစ်ဦးဦးကဖောက်ဖျက် ပါကလည်း ထိရောက်စွာအရေးယူခြင်းဖြင့် လုပ်ငန်းခွင်တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း အလုပ်ရှင် အလုပ်သမားရေးရာနှင့် ပတ်သက်၍ စာတမ်းပြုစုထားသူ ဥပဒေပညာရှင်တစ်ဦးက ဆိုပါသည်။


အလုပ်သမားများ၏ ရပိုင်ခွင့် နှင့် အခွင့်အရေးများအား ဥပဒေများ ပြဋ္ဌာန်း၍လည်း ကာကွယ်ပေးထားကြောင်း သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖွတ် အသွင်မပြောင်းပါက ဖမ်းမည်ဟု ခြိမ်းချောက်စည်းရုံး (ကျောက်ခေတ်၊မြေခေတ်၊သံခေတ် ၂၀၁၀ ဖွတ်ခေတ်)

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခြိမ်းခြောက် စည်းရုံး
ရိုးမ ၃။ သြဂုတ် ၂၈၊ ၂၀၁၀
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ကျေးရွာများတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအား မထောက်ခံပါက ထောင်ချမည်ဟု ဒေသခံအာဏာပိုင်များက ပြောဆိုခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

“ကြံ့ဖွံ့ပါတီကို မထောက်ခံရင် စစ်ဆေးမယ်၊ ဖမ်းမယ်လို့ အင်္ဂပူမြို့နယ်၊ ကျဉ်ကြီးအုပ်စုက ဥက္ကဌနဲ့ စာရေးက ပြောထားတာတွေရှိတယ်” ဟု ဒေသခံက ပြောသည်။

သစ်တောဝန်ကြီး ဦးသိန်းအောင်သည် သိန်းပေါင်း သောင်းကျော်သည့် ငွေကြေးများ အသုံးပြု၍ ၎င်းဝင်ရောက်အရွေးခံမည့် အင်္ဂပူမြို့နယ်အတွင်း စည်းရုံးရေးများကို လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

ဟင်္သာတမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦး၊ ဇလွန်မြို့နယ်တွင် သမဝါယမဝန်ကြီး ဦးတင်ထွဋ်တို့က အသီးသီးဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း အဆိုပါဒေသတွင်း သတင်းများထွက်ပေါ်နေပြီး စစ်အစိုးရ ဝန်ကြီးများအနေဖြင့် အဆိုပါဒေသအတွင်း စည်းရုံးမှုများကို နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဟင်္သာတခရိုင်အတွင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များ အစည်းအဝေးကို (၂၅) ရက်နေ့က ပြုလုပ်ခဲ့ပြီး အသက်(၁၈) နှစ်ပြည့်သူတိုင်း မှတ်ပုံတင် မဖြစ်မနေပြုလုပ်ရန် သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံကြေညာနေသည်။

ယခုလ (၂၅) ရက်နေ့မှ စတင်ကာ ပြုလုပ်ရန်ကြရန် လိုက်လံကြေညာနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲပေးရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

“သူတို့က တမြို့လုံးအနှံ့ လိုက်ကြေညာတာ၊ အသက်ပြည့်ရင် လုပ်ကိုလုပ်ရမယ်ဆိုတဲ့သဘော၊ ငွေကြေး ပေးရမလား မပေးရလားတော့ မသိသေးဘူး” ဟု ဒေသခံတဦးက ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စစ်အစိုးရဝန်ကြီးများနှင့် ထိပ်ပိုင်းခေါင်းဆောင် (၃၀) ကျော် အရပ်ဝတ်လဲ၍ ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် ဒေသများတွင် အစိုးရဘဏ္ဍာငွေနှင့် ရာထူးအာဏာများအသုံးပြုကာ စည်းရုံးမှု မျိုးစုံ ပြုလုပ်နေလျှက်ရှိသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

လုပ်မစား တောင်းစား နေသူများဒဏ် မခံနိုင်တော့၍ ကျောင်းထွက်ရသူများပြားလာ

Aug 28, 2010 ငွေကြေးကောက်ခံမှုများကြောင့် ကျောင်းထွက်ရသည့် ကျောင်းသားဦးရေ များလာ
ဖြိုးကြီး။ သြဂုတ် ၂၈၊ ၂၀၁၀
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်းရှိ သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဒေသအာဏာပိုင်များက ငွေးကြေးကောက်ခံမှုများ ပြုလုပ်နေသည့်အတွက် ကျောင်းသားများ ကျောင်းထွက်နှုန်းများလာသည်။

သဲဖြူကျေးရွာအုပ်စု ဥက္ကဌနှင့် ရယက စာရေးဖြစ်သူတို့က အလယ်တန်းကျောင်းဆောက်လုပ်ရန်အတွက် တအိမ်လျှင် ကျပ်( ၅,၀၀၀) နှုန်းကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံ ကျောင်းသားမိဘတဦးက ပြောသည်။

“အခုဆို ကျောင်းတက်နေတဲ့ ကျောင်းသားထက်ဝက်ကျော်လောက် ကျောင်းထွက်လိုက်ကြတယ်၊ ကလေးမိဘတွေကလည်း အခုလို ငွေကြေးအဆမတန်ကောက်တော့ မထည့်နိုင်ကြဘူး၊ စားဝတ်နေရေးကလည်း ကြပ်တည်းလာတော့ ကျောင်းထွက်တဲ့ကလေးတွေ တနေ့ထက်တနေ့များလာတယ်” ဟု ပြောသည်။

သဲဖြူကျေးရွာ အလယ်တန်းကျောင်းတွင် ဆရာမ (၃) ဦးကို ငှားရမ်းသင်ကြားနေရသည့်အတွက် ကျောင်းသားများအနေဖြင့် အဆိုပါ ဆရာမ (၃) ဦးလစာအတွက် တလလျှင် ကျောင်းသားတဦး (၅၀၀) ကျပ်နှုန်း ပေးဆောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဒေသခံလယ်သမားများ ဘဏ်ချေးငွေထုတ်ရာတွင်လည်း အာဏာပိုင်များက လယ်တဧကလျှင် ကျပ် (၁,၅၀၀) နှုန်းထပ်မံ ကောက်ခံခဲ့သည်။ ထို့ငွေကောက်ခံမှုများကြောင့် ကျောင်းသားမိဘများအနေဖြင့် ပညာရေးထောက်ပံ့ဖို့ ငွေကြေးမတက်နိုင်သည့် နောက်ဆက်တွဲပြဿနာများက သူတို့ကလေးတွေ ပညာရေး ကျောခိုင်းလိုက်ရသည့် အခြေအနေထိ ဆိုးဝါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲ ကိုယ်ဖိတ်

အပြည့်အစုံသတင်းဖတ်ရန်....

Clear

Clear

အပြည့်အစုံသတင်းဖတ်ရန်....

ဦးတင်ဦး နိုင်ငံရေး စည်းရုံးရေးခရီးထွက်

် By ကိုဇော်ဝင်းလှိုင် စနေ, 28 သြဂုတ် 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိပေမဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး နိုင်ငံရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးနဲ့ NLD ခေါင်းဆောင်တချို့ မြစ်ဝကျွန်းပေါ်ဒေသ ခရီးစဉ်အတွင်း ပုသိမ်မြို့ကို ရောက်နေတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုကော်မီတီဝင်တချို့ ပုသိမ်မြို့နဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ မြို့နယ်အသီးသီးက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ အဖွဲ့ချုပ်ဟာ နိုင်ငံရေး အဖွဲ့အစည်းအဖြစ်နဲ့ ဆက်လက် တည်ရှိနေသေးတဲ့အကြောင်း ဦးတင်ဦးက ပြောလိုက်တာပါ။

“အခုလောလောဆယ်မှာ အဖွဲ့ချုပ်က နိုင်ငံအရေး၊ ပါတီအရေးတွေနဲ့ ဘယ်သူတွေ ဘာပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းအရ ရှိတယ်။ သူတို့လည်းပဲ သူတို့ဘက်က ဒီဟာနဲ့ပတ်သက်တာကို လုံးဝ ခံယူထားတယ်။ အဲဒီတော့ နိုင်ငံရေး အဖွဲ့အစည်းတရပ် အနေနဲ့ နိုင်ငံရေးကိစ္စ အ၀၀ကို လုပ်ရမယ်။ ဆိုလိုတာကတော့ဗျာ နိုင်ငံရေးအဖွဲ့အစည်းကို အထူးသဖြင့် ပိုမို ကျစ်ကျစ်လျစ်လျစ်နဲ့ ပိုပြီး ဖြစ်သင့်တာဖြစ်အောင် လုပ်နိုင်မယ့်ကိစ္စကို ပိုပြီးတော့ ၀ိုင်းဝန်းကြမယ်ပေါ့။ နောက်ပြီးတော့ အခြားအခြားသော အင်အားစုတွေကိုလည်း သူတို့အားလုံးနဲ့ ပိုမို ညှိနှိုင်းဆောင်ရွက်ဖို့အကြောင်းပေါ့။ ကျနော်တို့ အဖွဲ့ချုပ်က အခုလုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးကိစ္စအ၀၀တွေ ရှိပါတယ်။”

အဖွဲ့ချုပ် လုပ်ဆောင်နေတဲ့ နိုင်ငံရေးကိစ္စ အရပ်ရပ်ဆိုတာကတော့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုအထောက်အကူပြု လုပ်ငန်းတွေကို ဆိုလိုတာဖြစ်တဲ့အကြောင်း ဦးတင်ဦးက ပြောပါတယ်။ ဒါ့အပြင် နေရာအရပ်ရပ်မှာ လယ်ယာမြေ အတင်းအဓမ္မ သိမ်းဆည်း ခံနေရတာတွေ ကိုလည်း ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ ညှိနှိုင်း တိုင်ပင်ပြီး ဥပဒေနည်းလမ်းအရ ကူညီ လုပ်ဆောင်ပေးသွားဖို့ စီစဉ်နေတဲ့ အကြောင်း ဦးတင်ဦးက ပြောပါတယ်။

“နေရာအရပ်ရပ်မှာရှိတဲ့ လယ်ယာမြေတွေကို သိမ်းသွင်းတဲ့ကိစ္စတွေ မိုးကုတ်ဘက်က ကိစ္စတွေ၊ ဧရာဝတီတိုင်းဘက်က ကိစ္စတွေ ဒါတွေအပေါ်မှာလည်း ပြည်သူတွေဘက်ကနေပြီးတော့ ရပ်တည်ပြီးတော့ ဖြေရှင်းဆောင်ရွက်သွားမယ် ဆိုတာတွေကို ကျနော်တို့ လူထုအတွက် ဆောင်ရွက်နေတဲ့ကိစ္စအ၀၀ အဖြစ် ဆက်လက်ပြီး ဆောင်ရွက်သွားမှာတွေကိုလည်း လုပ်ငန်းတွေ ချမှတ်ပြီး ကျနော်တို့ ပြောကြဆိုကြ လုပ်ခဲ့တာပါ။ ဒါတွေအပေါ်မှာ အများကြီး ရှိပါတယ်။ သဘောကတော့ဗျာ နိုင်ငံရေးပါတီတရပ်အနေနဲ့ နိုင်ငံရေးအရကို ပြည်သူကြားထဲ ၀င်ပြီးတော့ လှုပ်ရှားမယ့်ကိစ္စရပ်တွေကို ကျနော်တို့က လုပ်ငန်းလမ်းစ ဖော်ပေးတဲ့အတွက် သူတို့ တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့အပိုင်းတွေမှာလည်း ဒီထက် တိုးတက်ပြီးတော့ လုပ်ရမယ်ဆိုတာတွေ ပါပါတယ်။ ဆောင်ရွက်နိုင်စွမ်း ရှိတဲ့ဟာတွေကိုလည်း ဥပဒေ အထောက်အကူပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။”

နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေဟာ မီဒီယာတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်ကို အချိန်နဲ့တပြေးညီ ကြားသိရပြီး ဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှု အောက်မှာ ဆက်လက် ရပ်တည်သွားကြဖို့ ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တနေ့တုန်းက ဦးကဉာဏ်ဝင်း သွားတွေ့ပြီး ပြန်လာတဲ့ထဲမှာ ပြောတဲ့ တချို့အချက်အလက်တွေကိုလည်း သူတို့ သဘောပေါက်ကတယ်။ သူတို့သိတယ်။ သူတို့က ပြောပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့သိတယ်တဲ့။ သူတို့က မီဒီယာတွေနဲ့ ပတ်သက်တာကို အားလုံး နားထောင်တော့ ကျနော်တို့ပြောတဲ့ကိစ္စရပ်တွေကို သူတို့အားလုံး သိပြီးသားတွေပါပဲ။ အချက်အလက်တွေ အပေါ်မှာ သူတို့ ကြားပြီးပြီ။ ကြားနာပြီး သိပြီးပြီ။ နားလည်ပြီး သဘောပေါက်ပြီးပြီ။ အဓိပ္ပါယ်ကတော့ ခုနကပြောတဲ့ NLD ကို ပေးချင် တာကို ပေးစရာမရှိရင် မပေးနဲ့ပေါ့ဆိုတောတွေ သူတို့ အကုန်လုံး သိပါတယ်။ အဲဒီတော့ မီဒီယာရဲ့ ကျေးဇူးလည်း အများကြီး ရှိတယ် ပေါ့ဗျာ။ ကျနော်တို့ ပြောတာတွေအားလုံးကို မီဒီယာတွေကလည်း ကြားပါတယ်။ အထူးသဖြင့် ကျနော်တို့ အဖွဲ့ချုပ်က လူကြီးတွေ ပြောတဲ့ စကားကို သူတို့အားလုံးကြားတယ်။ သူတို့အားလုံး နားထောင်ပြီးတော့ သိသင့်သိထိုက်တာတွေ သိရတဲ့အတွက် ဆောင်ရွက်ရမယ့် တချို့ ကိစ္စတွေကိုလည်း နားလည်ပါတယ်တဲ့။ အဲဒီတော့ ကျနော်တို့ ခုနကပြောခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ဘယ်လို သဘော သဘာဝနဲ့ ရပ်တည်ရမယ်ဆိုတာကလည်း အခု သူတို့ ရှင်းလင်းပြောပြတဲ့အထဲမှာ နားလည်ကြတယ် ဆိုတဲ့သဘော အတိုင်းအတာ တခု သူတို့ရှိကြတယ် ဆိုတဲ့သဘောမျိုး သူတို့ ပြောကြပါတယ်။”

ဦးတင်ဦးနဲ့အတူ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် ဦးဝင်းမြင့်နဲ့ ဦးလှဖေတို့လည်း လိုက်ပါ သွားကြတယ်လို့ သိရပါတယ်။

ဦးတင်ဦးဟာ ဇာတိမြေဖြစ်တဲ့ ပုသိမ်မြို့ကို နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာဖြစ်ပြီး အဲဒီကမှတဆင့် တခြား ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေကို သွားရောက် တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စပါးပိုးနှင့် ကြွက်ကျ၍ တောင်ယာစပါးခင်း ပျက်စီး

Submitted by Karen Information Center on Saturday, 28 August 2010 သြဂုတ်လ ၂၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောနှင့် ဒွယ်လိုးမြို့နယ်အတွင်းရှိ တောင်ယာစပါးခင်းများတွင် ယခင်လကတည်းက စပါး ဖျက်ပိုးနှင့် ကြွက်များကျသဖြင့် စပါးပင်များ ပျက်စီးကာ တောင်ယာစိုက်သူများ ဒုက္ခနှင့်ရင်ဆိုင်နေရသည်ဟု ဖာပွန်ခရိုင်ဒေသ ခံ ရွာသားတစ်ဦးက ပြောသည်။

၎င်းရွာသားက “စပါးပိုးကျတာက လူသောမြို့နယ်မှာ ပြီးခဲ့တဲ့လကနေ ခုထိပဲ။ ဒွယ်လိုးမှာလည်း အခု စဖြစ်လာပြီ။ ပိုးက စပါးပင်အရင်းကို စားတော့ တပင်လုံးဝါသွားတယ်။ အဲဒီစပါးပိုးထိတဲ့ စပါးပင်တွေကို လက်နဲ့သွားထိရင် လဲကျသွားတာပဲ။ အဲလို ပိုးကျတဲ့အချိန်မှာ ကြွက်ကလည်း ကျတယ်။ စပါးပင်တွေကို ကိုက်ယူဖျက်ဆီးတယ်လေ။”ဟု ပြောသည်။

ဖာပွန်မြို့နယ်အတွင်း စပါးပိုးကျသည့် တောင်ယာခင်းများ၌ ခန့်မှန်းချက်အရ လူသောမြို့နယ်ဘက်တွင် ၆၀ ရာခိုင်နှုန်းခန့်ရှိပြီး ဒွယ်လိုးမြို့နယ်ဘက်တွင် ၄၀ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။

“စပါးပိုးကျတာကို ကာကွယ်တဲ့အနေနဲ့ ကျနော်တို့က စပါးလင်နဲ့ ဆင်တုံးမနွယ်ကို ရေစိမ်ပြီး တောင်ယာစပါးခင်းတွေကို ရေ ဖျန်းပေးရမယ်။ ဘယ်လောက်ထိရောက်မယ်ဆိုတာတော့ စောင့်ကြည့်ရအုံးမယ်။”ဟု ဖာပွန်ဒေသခံ စောကလယ်ဒို့ကလည်း ကေအိုင်စီကို ပြောသည်။

ထိုနည်းမှာ ဘိုးဘွားများလက်ထက်က ယင်းသို့ တောင်ယာစပါးခင်းများ ပိုးကျလျှင် စပါးလင်နှင့် ဆင်တုံးမနွယ်ကို ရေစိမ်ပြီး ပိုး ကျနေသည့် တောင်ယာစပါးခင်းများကို ရေဖျန်းပေးခြင်းဖြင့် စပါးများကို ပြန်လည်ရှင်သန်ကောင်းမွန်လာနိုင်အောင် ပြုလုပ်နိုင် ကြောင်း သူက ဆက်ပြောသည်။

ဒေသခံတစ်ဦးက “ကြွက်တွေက အကောင်ငယ်ငယ်လေး။ အကြီးဆုံးဆို ခြေမလောက်ပဲရှိတယ်။ ကြွက်ထောင်ချောက်နဲ့လည်း မမိဘူးလေ။ အနံ့အရမ်းနံသလို စားလို့လည်း မရဘူး။ အဲဒီကြွက်လေးတွေကို ဆေးနဲ့ဖြန်းပြီး သတ်မယ်ဆိုရင်လည်း လူကို ထိ ခိုက်မှာစိုးရတယ်။ ဒါကြောင့် ကြွက်ကိုတော့ လောလောဆယ် မနှိမ်နင်းနိုင်သေးဘူး။”ဟု ဆိုသည်။

သို့သော် စပါးခင်းပျက်စီးမှုမှာ ကြွက်ကျသည်ထက် စပါးဖျက်ပိုး ကျသည်က အခြေအနေပိုဆိုးဝါးကြောင်းလည်း တောင်ယာ စပါးစိုက်သူများက ပြောသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လွန်ခဲ့သည့်နှစ်များက တောင်ယာခင်းစပါးများ၌ ပိုးနှင့် ကြွက်များ ကျလေ့ရှိသော်လည်း ယခုနှစ်တွင် လူသောမြို့နယ်၌ ကျေးရွာအုပ်စု ၂ခု။ ဒွယ်လိုးမြို့နယ်၌ ကျေးရွာအုပ်စု ၁ခု ဖြစ်ပွားသည်ဟု သိရသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

ဇောက်ထိုးမိုးမျှော်..ငိုတဲ့ သူကငို သွေးတိုးတဲ့ သူကတိုး

ရာထူးမှနားရသည့် ဗိုလ်ချုပ်ကြီးများ နေအိမ်မှ ဖယ်ရှားခံရ
ရန်ပိုင် Saturday, August 28, 2010 ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို ရုတ်တရက် ရာထူးမှ အနားယူခိုင်းခဲ့ ပြီးနောက် နေပြည်တော်ရှိ ၎င်းတို့နေထိုင်သည့် အစိုးရပိုင် နေအိမ်များမှလည်း ချက်ချင်း ဖယ်ရှားခိုင်း လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါဝင် ရာထူးမှ အငြိမ်းစားပေးခြင်း ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ နေအိမ်များမှ ချက်ချင်းဆိုသကဲ့သို့ ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ပြီး အစိုးရပိုင် ကားများ ကိုလည်း ပြန်အပ်ခိုင်းခဲ့ကြောင်း စစ်အစိုးရ အသိုင်းအ၀န်းနှင့် နီးစပ်သည့် စီးပွားရေး သမားတဦးက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ဆိုရင် တရက်လောက် နေမကောင်း ဖြစ်သွားတယ်၊ ဗိုလ်ချုပ်ကတော်ကြီးတွေလည်း သွေးတိုး တဲ့ လူ တိုး ငိုတဲ့ လူငိုပဲ”ဟု ၎င်းက ဆိုသည်။

အစိုးရပိုင် နေအိမ်နှင့် ကားများသာမက စစ်တပ်အမည်ပေါက် မိုဘိုင်းဖုန်းများကိုလည်း ပြန်လည်ပေးအပ်ခိုင်းကြောင်း အဆိုပါစီးပွား ရေးသမားကပြောသည်။

နိုင်ငံအနှံ့ ခရီးထွက်ပြီး တာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရေးပေါ် အစည်းအဝေး ဆိုကာ အမြန်လာရန် အမိန့်ပေးပြီး အစည်းအဝေးတွင် အားလုံးကို ချက်ချင်း အနားယူခိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တရားဝင် တပ်တွင်း အပြောင်းအရွှေ့ကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်၊ စစ်ထောက်ချုပ် ဗိုလ်ချုပ် ဝေလွင်၊ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် ၀င်းမြင့်၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဆွေ၊ စစ်လက်နက် ပစ္စည်းဝယ် ယူရေး အရာရှိချုပ် ဗိုလ်ချုပ် သိန်းဌေး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး(ကစထ)များ အဖြစ် ဗိုလ်ချုပ် မြင့်စိုး၊ ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ဗိုလ်ချုပ် တင်ငွေ တို့ကို ခန့်အပ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

တိုင်းမှူးများနှင့် တပ်မမှူးရာထူးများကိုလည်း ဆက်လက် အပြောင်းအလဲပြုလုပ်ခဲ့ပြီး လာမည့်တနင်္လာနေ့တွင် မိမိတာဝန်ကျရာ စစ် ဒေသများသို့ အရောက်သွားရမည်ဟု ညွန်ကြားထားကြောင်း သိရသည်။

အဆိုပါ အပြောင်းအရွှေ့များကို ဗိုလ်ချုပ်မှူးကြီး တဦးတည်းက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သည်ပင်လျှင် မသိရှိကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည်ဟု သတင်းထွက်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်မှာ ဗိုလ်ချုပ်မှူးကြီး ၏ လက်ရင်းတပည့်တဦးဖြစ်ပြီး မဟာဗျူဟာ ကျကျ တွေးခေါ်စဉ်းစားတတ်၍ ရက်စက်တတ်သူတဦး ဟု နာမည်ကြီးကြောင်း စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးကလည်း ဆိုသည်။

“ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်ထဲမှာတော့ ဦးသန်းရွှေ အငယ်စားလေးလို့ နာမည်ကြီးတယ်၊ သီဟ သူရ တင်အောင်မြင့်ဦး လိုတော့ လူမုန်း မများဘူး၊ စရဖ ချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဆွေ ကတော့ လူရိုး၊ ဒီရာထူးလောက်ဆို တော်ပြီဆိုတဲ့ လူမျိုး”ဟု ၎င်း က ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဆက်ဆံရေး ပြေပြစ်သူတယောက်ဖြစ်ပြီး မိမိ၏ အထက်အရာရှိများနှင့် အောက်ခြေ တပ်သားများ အကြား အဆင်ပြေပြေဆက်ဆံတတ်သူဖြစ်ကြောင်း၊ စီးပွားရေး အမြင်လည်း ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။

ယခုအခါ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီတွင် ဥက္ကဋ္ဌ မည်သူဖြစ်လာမည်ကို စိတ်ဝင် စား နေကြောင်း၊ ထိုနေရာတွင် ယခင်က ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တာဝန်ယူ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပပို့ကုန် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

“သွင်းကုန် ပို့ကုန်တွေ ကားပါမစ်တွေကို ပေးတဲ့သူပေါ့၊ သူဌေးတွေ ဖားပြီး အပိုင်ပေါင်းရတဲ့ ရာထူးနေရာပေါ့”ဟု ၎င်းက ပြော သည်။

မည်သူပင်ဖြစ်စေကာမူ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေဖြင့် ရာထူးတာဝန်အသစ်များ တာဝန်ယူမည့် ဗိုလ်ချုပ် များနှင့် ယခင် ကတည်းက စီးပွားရေးအရ အဆက်အဆံရှိထားသည့် အတွက် အခက်အခဲဖြစ်လိမ့်မည်မထင်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ဆို သည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေးမှာပါ


နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေ မူလေကြမ်း လွှဲပြောင်းပေနေပုံ

gw အရင်က ပို့ထားတဲ့သီချင်းပါ ပြန်ခံစားဖို့ မျှဝေလိုက်ပါတယ်။

အပြည့်အစုံသတင်းဖတ်ရန်....

Saturday, August 28, 2010

စစ်အုပ်စုအထက်ပိုင်း အပြောင်းအလဲ

ဤနေရာနှိပ်ပြီး ဆက်ဖတ်ပါ

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ခေါင်းဆောင်များ ရာထူး နုတ်ထွက်ခြင်းအပေါ် အမြင်များကွဲနေ

မင်းနိုင်သူ Saturday, August 28, 2010 စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်တပ် အရာရှိကြီးများ တပ်ရာထူးများမှ အနားယူကာ ရွေးကောက်ပွဲ ၀င်ရန် ပြင်ဆင်နေမှု အပေါ် မြန်မာပြည် နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အမြင်အမျိုးမျိုး ကွဲပြား နေကြောင်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေက"တပ်ရာထူးကနေ အနားယူလိုက်တဲ့ သတင်းကိုတော့ ကျနော်ကြိုဆိုတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တပ်အ၀တ်အစားနဲ့ဆို လူက ကြမ်းတယ် ၊ အရပ်ဝတ်နဲ့ဆို လူက ပိုပြီး သိမ်မွေ့လာမယ်လို့ ထင်တယ် ၊ ၁၉၇၄ ခုနှစ်က ဦးနေ၀င်းလုပ်သွားတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တာပေါ့လေ ၊ ဗိုလ်ချုပ်ကြီးနေ၀င်းက အရပ်သားဦးနေ၀င်းကို အာဏာ လွှဲပေးတဲ့သဘောမျိုးပေါ့လေ ၊ အရပ်ဝတ်လဲလိုက် ပေမယ့် အာဏာကတော့ စွန့်မယ့်ပုံမရှိဘူးထင်ပါတယ်"ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် စစ်တပ်အရှိကြီးများ တပ် ရာထူး များမှ အနားယူလိုက်ကြောင်း ယမန်နေ့က သတင်းများ ထွက်ပေါ်ခဲ့ရာ မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်း လှုပ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ စစ်တပ်အရာရှိကြီးများ စစ်တပ်ရာထူးများမှ စွန့်ခွာလိုက်ခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စရပ်တခုသာ ဖြစ်သည်ဟု ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။

၎င်းက"အမှန်ကတော့ အသက် (၆၀)ဆိုရင် ပင်စင်ယူရမှာလေ ၊ အခုတော့ ပင်စင်မယူဘဲ တောက်လျှောက်လုပ်လာတာ အသက် (၇၀) ကျော်တောင် ရောက်နေပြီပဲ ၊ အသက် (၇၀) ကျော် (၈၀) နားနီးထိ နေတာကတော့ အောက်ကလူတွေ ရသင့်ရထိုက်တဲ့ ရာထူးအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာပေါ့ ၊ အခုလို တပ်ရာထူးကနေ နုတ်ထွက်ပြီဆိုတော့ အောက်က ဗိုလ်ချုပ်တွေကတော့ ၀မ်းသာနေကြမှာပဲ ၊ ဗိုလ်ချုပ်မှူးကြီး တပ်ကထွက်ပြီး သမ္မတ ဆက်လုပ်မလား မလုပ်ဘူးလား ဆိုတာက လက်ရှိအခြေအနေ အရကတော့ သူလုပ်ချင်ရာလုပ်လို့ ရတဲ့သဘောမှာရှိနေတယ်"ဟု ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် ရာထူးမှ နုတ်ထွက်ချင်လျင်သော်မှ ၎င်း၏ ဇနီး နှင့် သားသမီးများ ဆန္ဒကို လွန်ဆန်နိုင်မည်ဟု မထင်မြင်ကြောင်းလည်း သခင်ချန်ထွန်းက ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ ယခုအပြောင်းအလဲသည် လူထုအတွက် အကျိုး ရှိစေမည့် ပြောင်းလဲမှုမျိုးမဟုတ်ဟု ဆိုသည်။

"ဒီတပ်တွင်းအပြောင်းအလဲဟာ လူထုအတွက် တိုင်းပြည်အတွက် အကျိုးရှိလာမယ့် အပြောင်းအလဲမျိုးမဟုတ်ပါဘူး ၊ သူတို့ဟာ စစ်ဝတ်စုံချွတ်ပြီး အရပ်သားအသွင်နဲ့ တိုင်းပြည်ကို ဆက်ပြီး အုပ်ချုပ်လို့ ရအောင် ပြင်ဆင်တဲ့သဘောပါပဲ ၊ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့ပဲမြင်မိတယ်"ဟု ဦးအေးသာအောင်က ဆိုသည်။

ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ယမန်နေ့က ခန့် အပ်လိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် နောက်တက်မည့် အစိုးရအဖွဲ့၏ သမ္မတ ဖြစ်လာမည် ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီခေါင်းဆောင်ဦးခင်မောင်ဆွေက"ဗိုလ်ချုပ်မှူးကြီး တပ်ရာထူးစွန့်ပြီး သမ္မတရာထူး ယူ မယ်ဆိုတဲ့ သတင်းထက် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သမ္မတနေရာအတွက် ပြင်နေတယ်ဆိုတာက ပိုဖြစ်နိုင်မယ်ထင်တယ် ၊ ဗိုလ်ချုပ်မှူးကြီးကတော့ တပ်ကို သူယုံကြည်စိတ်ချရတဲ့ လူတွေနဲ့ သူ့စိတ်တိုင်းကျ ပြင်ဆင်ပြီး အနားယူတော့မယ့် သဘောရှိတယ်၊ အသက်ကလည်း ၈၀ နားတောင်နီးနေပြီဆိုတော့ ဆက်လုပ်ဖို့ကလည်း မသင့်တော်တော့ဘူးကိုး"ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကမူ"နယ်ခြားစောင့်တပ်ဖွဲ့ရေး ကိစ္စတွေ ၊ တိုင်းရင်းသားကိစ္စတွေ ဖြေရှင်းမပေး နိုင်သေးခင် အခုလိုအချိန်မျိုးမှာ တပ်ရာထူးတွေကနေ နုတ်ထွက်ဖို့ဆိုတာ မလွယ်ဘူး ထင်တယ်"ဟု ပြောသည်။

အရပ်သားအသွင်ပြောင်း ဗိုလ်ချုပ်ကြီးများ ပါဝင်လာမည့်ရွေးကောက်ပွဲသည် အရပ်သားပါတီများအတွက် အခွင့်အလမ်း မရှိနိုင် တော့ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

"တပ်တွင်းက အရာရှိကြီးငယ်တော်တော်များများ ကြံ့ဖွံ့ပါတီထဲကို ၀င်သွားကြပြီ၊ သူတို့က ရွေးကောက်ပွဲနောက်ပိုင်းမှာ အာဏာ ဆက်ယူထားနိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ နည်းလမ်းစုံသုံးတော့မယ် သဘောပဲ၊ အရင်က အပြောင်းအလဲ ရနိုင်မလား တွေးခဲ့ မိတယ် ၊ အခုတော့သူတို့က ရွေးကောက်ပွဲအောင်နိုင်ရေးအပြင် နောင်လာမယ့် လွှတ်တော်မှာ တပ်ဘက်က ၂၅ ရာခိုင်နှုန်း ယူထား တဲ့အပြင် အရပ်ဝတ်ပြောင်း စစ်သား ကိုယ်စားလှယ်တွေပဲ ရှိနေအောင် လုပ်တော့မယ့် သဘောပဲ"ဟု ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

၎င်းသည် ၂၀၀၇ စက်တင်ဘာအရေးအခင်းပြီးနောက် အဖမ်းခံခဲ့ရကာ ယမန်နှစ်က ပြန်လည်လွတ်မြောက်လာပြီးနောက် ရွေးကောက်ပွဲကို ထောက်ခံသည့်ရေးသားပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရွေးကောက်ပွဲကို သပိတ်မှောက် သင့်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာသူဖြစ်သည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

နောက်လောက်ကောင် ပြောင်းသွားတာကလွဲရင် ဒုံရင်း

မြန်မာ တပ်မတော် နံပတ်တစ် နေရာ ဗိုလ်ချုပ်မှုးကြီး သူရမြင့်အောင်ဖြစ်သွားပြီ ။ သန်းရွှေခေတ်ကုန်ဆုံး သွား ပြီသတင်းထွက်
သန်းရွေ ၊ မောင်အေး၊ ရွေမန်း နှင့်တကွ စစ်တပ်အတွင်း ရာထူးအပြောင်းလဲများ ဖြစ်နေပြီလို့ သတင်းရပါတယ်။ တပ်မတော် ကြည်း၊ရေ၊လေ စီးဦးချုပ် မှာ ဗိုလ်ချုပ်မှုးကြီး သူရမြင့် အောင်ဖြစ်လာပြီဟုသိရပါတယ်။ တပ်မတော်ဦးစီးချုပ်ရာထူးမှာ တပ်မတော်အတွင်း အဏာအမြင့်ဆုံးဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှုးကြီးသူရမြင့်အောင်ဟာ အာဏာအရှိဆုံးပုဂိုလ်ဖြစ်လာပါတယ်။ မောင်အေးနေရာကို ဆက်ခံသူကတော့ ဗိုလ်ချုပ်ကြီး ကိုကို ဖြစ်လာပါတယ်။ ရွေမန်းနေရာကိုတော့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တက်လာပါတယ်။ စုစုပေါင်း ၁၈ နေရာထူးအပြောင်းလဲဖြစ်လာတယ်။ ဒီသတင်းတွေကို
အတည်ပြုကြေညာခြင်းမရှိသေးပေမဲ့ သံတမန်းလောကမှာတော့ ပြန့် နှံနေပြီဖြစ်ပါတယ်။ ၂ ရက်သုံးရက်ဆိုရင်
နအဖ က အတည်ပြုလာမယ်လို့  ယူဆရတယ်။


ဒီလုပ်ရပ်ရကတော့ ဗိုလ်ချုပ်သန်းရွေဟာ စစ်တပ်ရာထူးက နေထွက်ပြီး ရွေးကောက်ပွဲကနေ အာဏာကို ပြန်လည် တက်နိင်ဖို့ ကြိုးစားတဲ့အကွက်ဖြစ်ပါတယ်။ စစ်ယူနီဖေါင်းဝတ်ထားတဲ့ ဗိုလ်ချုပ်သန်းရွှေကတိုက်ပုံဝတ်ထားတဲ့ ဦးသန်းရွှေနေရာကို အာဏာလွဲဖို့ ကြိုးပန်းတဲ့အကွက်ဖြစ်ပါတယ်။ ဒီလိုအကွက်မျိုးက ဦ်းနေ၀င်းလုပ်ခဲ့တဲ့အကွက်ဟောင်းမျှသာဖြစ်ပါတယ်။ တကယ်က အလုပ်မဖြစ်လှပါဘူး။ မသေချာမှုတွေ က သန်းရွှေအနာဂတ်မှာ ဆီးကြိုနေပါတယ်။
ဦးနေ၀င်းမှာ အာဏာရဲ့  မူရင်း ( Source of Power ) တွေ က အခိုင်အမာရှိနေပါတယ်။ ဒါကတော့ စစ်တပ်၊ ထောက်လှမ်းရေး၊ မဆလပါတီ အမာခံများ အပြင် မီးဖို ချောင် အစိုးရ ( Kitchen Cabinet ) လို့ ခေါ်တဲ့ ဒေါ်ခင်မေးသန်းက ကျွမ်းကျင်စွာနဲ့ ဦးနေ၀င်းကူညီပေးနိင်ခဲ့ပါတယ်။
တနည်းအားဖြင့်ပြောရရင်တော့ ဦးနေ၀င်းမှာ အာဏာနု (Soft power) နဲ့  အာဏာကြမ်း ( hard pwer) နှစ်မျိုးစလုံးရှိနေတယ်။ ဒီင်္လို သိမ်မွေ့ တဲ့အပြောင်းလဲတွေမှာ အခ ရာအကြဆုံးကတော့ အာဏာနု ( Sofr Power) လို့ ခေါ်တဲ့ ပညာတတ်တွေ ခေါင်းကောင်းတဲ့သူတွေ ရဲ့  အခန်းကဏက အဆုံးအဖြတ်ဖြစ်လာပာငါတယ်။ ၁၉၇၄ ခုနစ် အပြောင်းအလဲတုံးက ဦးနေ၀င်းမှာ ပညာတတ် နိင်ငံရေးသမားတွေထုနဲ့ ဒယ်နဲ့ ရှိနေတယ်။ စစ်အေးတိုက်ပွဲ ကာလဖြစ်တဲ့အတွက် အမေရိကန် အုပ်စုရော ၊ ဆိုဗီယက်ရုရှား အုပ်စုကပါ ဦးနေ၀င်းကို အပြိုင်အဆိုင် လုနေကြတယ်။ ထောက်ခံနေကြတဲ့ကာလဖြစ်နေတယ်။
ဦးသန်းရွေအပြောင်းအလဲကိုတော့ ပျားရည် သုတ်ထားတဲ့သင်ဓုန်းဓါးကို လျက်ရတဲ့အခြေအနေဖြစ်နေပါတယ်။ ဦးသန်းရွှေလက်ထက်မှာ ဦးနေ၀င်းလို အာဏာအသိုင်းဝိုင်းကင်းမဲ့ နေတယ်။ သူအာဏာက အထီးကျန် အာဏာ( Isolated Power) ဖြစ်ပါတယ်။ သူအာဏာအ၀န်းဝိုင်းမှာ ပညာတတ်တွေ နဲ့ တပ်မတော်နဲ့ ပြည်သူက ကြည်ညိုလေးစားတဲ့သူတွေတယောက်မှမရှိပဲ ပြည်သူချဉ်ပတ်တွေပဲရှိနေပါတယ်။

ဦးသန်းရွှေ က ရဲ့  အဓိက အာဏာတော့ အဏာကြမ်း ( Hard Power) သာဖြစ်ပါတယ်။ အဏာကြမ်းက သူရဲ့  ယူနီဖေါင်း ၊သူရဲ့ ဘောင်းဘီဖြစ်ပါတယ်။ အခုသူဘောင်းဘီကိုချွတ်လိုက်ရပြီ။ သူအဏာကြမ်းမရှိတော့ ဘူးဖြစ်သွားပါတယ်။ ဒါကြောင့်သူရဲ့ အလှည်အပြောင်းဟာ အကျဖက်ကို လုံးဝဦးတည်သွားပြီလို့ သုံးသပ်လို့ ရပါတယ်။

ဘာဖြစ်လို့ လဲ ။ မြန်မာ့ တပ်မတော်ရဲ့  အစဉ်အလာ လေ့ကျင့်ပေးထားမှုနဲ့ အစဉ်အလာက ယူနီဖေါင်းပဲဖြစ်ပါတယ်။ ဘောင်းဘီပဲဖြစ်တယ်။ ယူနီဖေါင်း ၀တ်ထားတဲ့သူရဲ့ အမိန့် ကိုပဲနာခံတယ်။ ယူနီဖေါင်းရဲ့  စကားကိုပဲနားထောင်လေ့ရှိအောင် သူတို့ ပဲလေ့ကျင့်ပေးထားခဲ့တာပါ။ ကိုယ်အတတ်နဲ့ ကိုယ်စူးပါ။ နိင်ငံရေးမျက်လှည်ဆရာကြီး ဦးနေ၀င်း ကိုယ်တိုင်သည်ပင်လျင် ယူနီးဖေါင်း ချွတ်အပြီးမှာ
မဆလ ပါတီတွင်းမှာ လုပ်ကြံမှု၊ပုန်ကန်မှု ဗိုလ်ကြီးအုန်းကျော်မြင့်အရေးအခင်း၊ တင်ဦးဘိုနီး အရေးအခင်း၊ တင်ဝင်းညို-ထွန်းလင်း-သန်းစိန်ဂုဏ်း ဆန်ကျင်မှု ၊မဆလပါတီအတွင်း ချစားမှု တွေကြောင့် အာဏာဟာတည်ငြိမ်တယ်လို့ ပြောလို့ မရခဲ့ပါဘူး။ ဘုရားတပြီးနေခဲ့ရတာပါ။ ၈၈ မှာတော့ သူတရားနဲ့ သူအစီရင်ခံရတယ်။ဒါတောင်နိဂုံးချုပ် မကောင်းခဲ့ဘူးဆိုရင် ဦးသန်းရွှေဟာ ဘာသားထုမို့ လည်းဆို့ မေးခြင်ပါတယ်။ ဒီအပြောင်းလဲတွေကို ဦးနေ၀င်းလုပ်ခဲ့စဉ်က အရွယ်ကောင်းသေးတယ်။ ၆၀ ၀န်းကျင်မျှသာဖြစ်နေသေးတယ်။ ဦးသန်းရွေက သိပ်ကိုအသက်ကြီးသွားပြီဖြစ်ပါတယ်။ ဇရာကလည်း နိင်ငံရေးအာဏာချိန်ခွင်ညှာမှာ အရေးကြီးတဲ့ အချက်ဖြစ်နေတယ်။
ကြောင်အိုကြွက်မလေးဆိုတဲ့စကားက မနေ့ တနေ့ ကမှပေါ်လာတဲ့စကားမဟုတ်ပါဘူး။ မျိုးဆက်တွေလိုက် နစ်ပေါင်းများစွာ အတွေ့ အကြုံပေါ်က ထားခဲ့တဲ့ မှတ်တမ်းစကားပါ။ ကြောင်အိုဖြစ်သွားတဲ့ နေ၀င်းကို ကြွက်ပျိုဖြစ်တဲ့ သန်းရွှေက ပမာမခန့်  လုပ်ခဲ့ပြီး။ ဦးနေ၀င်းရဲ့ အချစ်ဆုံး သမီးနဲ့ မြေးတွေကို ထောင်သွင်းချခဲ့သူပါ။ ကြောင်အိုဖြစ်သွားတဲ့ ဗိုလ်ချုပ်စောမောင်ကို ဖယ်ရှားခဲ့တာ ကြွက်ပျို သန်းရွေပါ။
ဒီနေ့ ကြောင်အို အဖြစ် အလှည့် ရောက်လာတဲ့သူကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တဖြစ်လည်း ဦးသန်းရွှေ ဖြစ်လာပါပြီ။ ကြွက်ပျို ကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မူးကြီး သူရမြင့်အောင်က ဘယ်လို သဘောထားမလည်းဆိုတာ မြန်မာ့တပ်မတော် ငွေရောင်ပိတ်ကား ပေါ်မှာ သိပ်စောင့်ကြည့်စာရာမလို တော့ပါဘူး။ လပိုင်းမှာတွင်အဖြေထွက်လာပါလိမ့်မယ်။
ဦးသန်းရွှေရဲ့  အားနည်းချက် ( အာခိလိဖိနောင့်) ကတော့ သူမိသားစုဖြစ်ပါတယ်။ ဦးနေ၀င်းမိသားစုတုံးက လူထုက ဒီလောက် မမုန်းခဲ့ဘူး။ သတင်းတွေကလည်း သိပ်မထွက်ဘူး။ အိုင်တီခေတ်မဟုတ်တာလည်းပါမှာပေါ့။ အခုတော့ ဦးသန်းရွှေ သားသမီးမြေးမြစ်တစုရဲ့ ကိုယ်ကျိုးစာလဒ်စားမှုတွေကို မောင်အေးကိုယ်တိုင် ကြည့်မရဖြစ်နေတယ်။ ဒီအချက်က ဦးသန်းရွှေကို မြန်မြန် ကျဆုံးစေမှာပါ။
ကမ္ဘာ့သမိုင်းကို ကောင်းကောင်းမလေ့လာဘူးသူတွေ၊ မြန်မာ သမိုင်းကို ကောင်းကောင်းမဖတ်ဘူးသူတွေ၊ နိင်ငံတကာလုံခြုံရေးသီအိုရီတွေကို ကောင်းကောင်းမသင်ခဲ့ဘူးသူတွေကတော့ သန်းရွှေအာဏာ ဟာ တည်မြဲနေသေးတယ်။ သူက ရွေးကောက်ပွဲကနေ တရားဝင်အစိုးရဖြစ်လာတော့မယ်။ သူအာဏာဟာ ပိုပြီးတော့တရားဝင်လာပြီလို့ ကယောင်ကတန်း ကောက်ချက်ချမိနိင်ပါတယ်။
ဒါပေမဲ့ ကောင်းကောင်းလေ့လာဘူးသူတွေကတော့ဒီနေ့ မြန်မာ ပြည်ရဲ့ အာဏာရှင်အသစ်ကတော့ ဗိုလ်ချုပ်မှုးကြီးသူရမြင့်အောင်ဖြစ်သွားပါပြီ။ သန်းရွှေခေတ်ကုန်သွားပြီ။

မြန်မာ့ နိင်ငံရေးအချိုးအဆစ်အလှည့်အပြောင်း က ဒီနေ့ စပြီလို့ ပြောရမယ်။ ဒီအလှည့်အပြောင်းက အာဏာရှင်တွေတွက် နေ၀င်ချိန် တစတစနီးလာပြီ ၊ ဒီမိုကရေစီ ရောင်နီ ထွန်းလင်းလာတော့မည်လို့ ဆိုခြင်တယ်။

Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

စစ်ခေါင်းဆောင်များ ရာထူးမှ နုတ်ထွက် VOA

By မခင်ဖြူထွေး သောကြာ, 27 သြဂုတ် 2010
မြန်မာနိုင်ငံရဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးက နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ သူနဲ့အတူ ထိပ်တန်း အရာရှိကြီး ၂၀ လောက် စစ်ရာထူးတွေကို စွန်လွှတ်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အရပ်သား အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် အခုလို နုတ်ထွက်ကြတာဖြစ်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း အပြည့်စုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ ထိပ်တန်း ခေါင်းဆောင်တွေဟာ စစ်ရာထူး အသီးသီးက နုတ်ထွက်လိုက်ကြပြီ ဖြစ်ပါတယ်။ စစ်ရာထူးကို စွန့်လွှတ်ကြတဲ့ အရာရှိကြီး ၂၀ နီးပါး အနက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကတော့ နိုင်ငံတော်အကြီးအကဲ နဲ့ ဒုတိယ အကြီးအကဲတွေ အဖြစ် ဆက်လက်ရှိနေကြဦးမယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် ကျန် ဗိုလ်ချုပ်ကြီးတွေကတော့ အရပ်သားတွေအဖြစ်နဲ့ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ နေပြည်တော် အသိုင်းအ၀ိုင်း သတင်းရပ်ကွက်က ဆိုပါတယ်။

ဦးသန်းရွှေနဲ့ ဦးမောင်အေး တို့ ရွေးကောက်ပွဲဝင်မယ် မ၀င်ဘူးဆိုတာတော့ မသိရသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အသက် ၇၈ နှစ် ရှိပြီဖြစ်ပြီး အခု နုတ်ထွက်ကြရတဲ့ အရာရှိကြီး အားလုံးဟာ ၆၀ ကျော်အရွယ်နဲ့ အများအားဖြင့် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အမှတ်စဉ် (၁၇) မှာ တက်ရောက်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ ဒီရာထူးနေရာ အတော်များများကို ဗိုလ်သင်တန်း အမှတ်စဉ် (၁၈)၊ (၁၉) က အရာရှိ တွေနဲ့ အစားထိုးတယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနေရာမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ယခင် စစ်ရေးချုပ် သူရမြင့်အောင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နေရာမှာ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို တို့ကို အစားထိုးခန့်အပ်ပြီး ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း ရေ လေ အဖြစ် ယခင် စစ်ဆင်ရေး အထူးအဖွဲ့ (၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

တပ်မတော် လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နေရာကို အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ကျော်ဆွေနဲ့ အစားထိုး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ရေတပ်နဲ့ လေတပ်ရာထူးတွေမှာတော့ အပြောင်းအလဲရှိတယ်လို့ မကြားရပါဘူး။

လာမယ့် တနင်္ဂလာနေ့ သြဂုတ်လ (၃၀) ရက်နေ့ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ဖြစ်ပါတယ်။ အဲဒီနေ့အမီ စာရင်းတင်နိုင်ဖို့အတွက် အခုလို ရာထူးက နုတ်ထွက်ကြတာ ဖြစ်လိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒီလို အချိန်မီ စာရင်းတင်သွင်းနိုင်ဖို့ သက်ဆိုင်ရာ ရုံးတွေ၊ ဘဏ်တွေကို အခု စနေနဲ့ တနင်္ဂနွေနေ့ တွေမှာပါ ဖွင့်ထားပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ ဒီလို စစ်ဗိုလ်ဘ၀က အရပ်ဝတ်လဲပြီး ရွေးကောက်ပွဲ ၀င်မယ့်သူတွေဟာ အခု ရွေးကောက်ပွဲအပြီး အာဏာပိုင်အဖွဲ့အစည်းတွေမှာ စစ်တပ်က ရယူမယ့် ၂၅ % မှာ အကျုံးမ၀င်တဲ့ စစ်အရာရှိ တဖြစ်လဲတွေလည်း ဖြစ်ကြပါတယ်။Rest of your post

အပြည့်အစုံသတင်းဖတ်ရန်....

Friday, August 27, 2010

၈၈ ကျောင်းသား နိုင်ငံရေးအကျဉ်းကျနေသူ ကိုမြအေးသမီးဖြစ်သူ မဝေနှင်းပွင့်သုန်နှင့် မေးမြန်းခန်း

အပြည့်အစုံသတင်းဖတ်ရန်....

Don't kill yourself...သေချင်ရင်မဲပေး..တမျဉ်းမျဉ်းနဲ့ ဆီပူအိုးထဲလိမ့် နေရမယ့်  (မဲ)

အပြည့်အစုံသတင်းဖတ်ရန်....

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူး နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်တပ် ရာထူးများမှ နှုတ်ထွက်

FNG | မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့၏ ရာထူး အသီးသီး ကို စွန့်လွှတ် လိုက်ကြသည်ဟု သတင်း ရရှိသည်။ ဗိုလ်ချုပ်မှုးကြီးသန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့်လွှတ်လိုက် သော်လည်း တိုင်းပြည်၏ အာဏာ ကို ဆက်လက် ချုပ် ကိုင်ထားဆဲဟု ရန်ကုန် မှ လာသည့် အေပီ သတင်း တွင် ဖော်ပြထားသည်။

မြန်မာ စစ်ခေါင်းဆောင်များ သည် နိုဝင်ဘာ လ ၇ ရက် နေ့ တွင် ကျင်းပမည့် ရွေးကောက် ပွဲ တွင် ပါဝင် ယှဉ်ပြိုင် နိုင်ရန် အတွက် ၎င်းတို့ ၏ ရာထူးအသီးသီး ကို စွန့် လွှတ် လိုက်ကြသည် ဟု သတင်း ရရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ကာကွယ်ရေး ဦးစီးချုပ် နှင့် ဒု ကာကွယ်ရေး ဦးစီးချုပ် ဆိုသည့် စစ်တပ် ရာထူးများကို စွန့်လွှတ် လိုက်သော်လည်း တိုင်းပြည် ၏ အာဏာကို ဆက်လက် ချုပ်ကိုင် ထားဆဲဟု ရန်ကုန်မှ လာသည့် အေပီ သတင်းတွင် ဖော်ပြ ထားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ နေရာ ကို ဆက်ခံသူမှာ ယခင်က စစ်ရေးချုပ် ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖြစ်ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ် ဒုဗိုလ်ချုပ်ကြီးကိုကို က ဆက်ခံ သည် ဟု သတင်းရရှိသည်။

ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းမှာလည်း အလာတူ နှုတ်ထွက်သည့် ထဲတွင် ပါဝင်ပြီး သူ၏ နေရာကို ယခင် စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဆက်ခံသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မှာ အသက် ၇၇ နှစ် အရွယ်ရှိပြီး ဒု ဗိုလ်ချုပ်မှူးကြီး မှာ အသက် ၇၃ နှစ် အရွယ် ရှိပြီ ဖြစ်သည် ။ ၎င်းတို့ နှစ်ဦး စလုံးသည့် စစ်တပ် ရာထူး နေရာ များကို ချုပ်ကိုင် ထားရာ၌ စစ်တပ် စည်းမျဉ်းများ ဖြစ်သည့် အသက် ကန့်သတ်ချက်ကို ကျော်လွန် နေပြီ ဖြစ်သည်။

လက်ရှိ ရာထူး နေရာ များမှ နှုတ်ထွက် သွားသည့် စစ်ခေါင်းဆောင် များသည် ၎င်းတို့ နေထိုင်ရာ နေပြည်တော် တိုင်း မဲဆန္ဒ နယ်မှ ပါဝင်ယှဉ်ပြိုင် မည့်သူများ ဖြစ်သည်။

source by : FREEDOM NEWS GROUP

အပြည့်အစုံသတင်းဖတ်ရန်....

မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်

မြန်မာ ပြည်သူ လူထုသို့ ပန်ကြားချက်။

စစ်အစိုးရသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ရက်စက်စွာ လူအမြောက်အမြား များကို သတ်ဖြတ်ပြီး အာဏာ သိမ်းခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာလွှဲ ပေးရန် ငြင်းဆန်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲရန်ဟု ဆိုကာ အမျိုးသား ညီလာခံကို တဖက်သတ် ကျင်းပခဲ့သည်။ ၁၉၉၀ ခုနှစ် ဒီမိုကရေစီရေး ကျောင်းသား လှုပ်ရှားမှူကို ရက်စက်စွာ ဖြိုခွင်း နှိမ်နှင်းပြီး ကျွန်တော် အပါအ၀င် ကျောင်းသားများကို နှစ်ရှည် ထောင်ဒဏ် ချမှတ် ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များကို ရက်စက်စွာ သတ်ဖြတ်ပြီး ပြည်သူ့ ဆန္ဒကို လျစ်လျှူရှုခဲ့သည်။ ပြည်သူ့ အသံကို ပိတ်ခဲ့သည်။ ထောင်ပေါင်း များစွာသော သံဃာတော်များ၊ ကျောင်းသား လူငယ်များကို ထောင်သွင်း အကျဉ်းချ ခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂါစ် မုန်တိုင်း အတွင်းတွင်ပင် ပြည်သူ့ ဆန္ဒခံယူပွဲ ကျင်းပပြီး စစ်အစိုးရ တဖက်သတ် ရေးဆွဲ ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူကို ခြိမ်းခြောက် အကြပ်ကိုင်ခြင်း၊ မဲလိမ်ခြင်း၊ မဲခိုးခြင်း စသည့် နည်းလမ်း များဖြင့် မည်သည့် သက်သေ ၊ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့မှ မရှိပဲ အတည် ပြုခဲ့သည်။

မည်သို့ပင် ဖြစ်စေ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်မည့် ဒီမိုကရေတစ် အစစ် ဖြစ်သည့် ပါတီများကို မဲပေးရန် ကျွန်တော်တို့ ဦးဆောင်သော လူငယ်များက ဆော်သြ လှုံ့ဆော် ခဲ့သည်။ သို့သော် စစ်အစိုးရ၏ လုပ်ရပ်များသည် ပို၍ ပို၍ တဖက်သတ် ဆန်လာပြီး ယုတ်မာ ကောက်ကျစ် လာသည်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးမတည်ဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် အစစ် ဖြစ်သည့် ပါတီများကို တဖက်စောင်းနင်း နှိပ်ကွပ် လာသည်။

ထိုအခြေအနေမှာ မည်သို့မှ လက်မခံ နိုင်သော အခြေအနေ ဖြစ်သည်။ ကျွန်တော်တို့မှာ ၂၀၁၀ နိုဝင်ဘာလ " ၇ " ရက် ရွေးကောက်ပွဲအား သပိတ်မှောက်ရန်မှ အပ ရွေးရန် နည်းလမ်း မရှိတော့ပေ။

ကျွန်တော်တို့ ဘက်မှ မည်သို့ပင် အလျှော့ပေး၍ အမျိုးသား သင့်မြတ်ရေး နိုင်ငံတော် ဖွံ့ဖြိုးရေးကို ဦးတည်ကာ အပြုသဘောဖြင့် ချဉ်းကပ် ခဲ့သော်လည်း စစ်အစိုးရ၏ အဖျက်သဘော ဆောင်သော လုပ်ရပ်များကြောင့် လာမည့် ၂၀၁၀ နိုဝင်ဘာလ ၇ - ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတုကို ၀ိုင်းဝန်း သပိတ်မှောက်ကြရန် ဆန္ဒရှိသည့် အားလျှော်စွာ ပြည်သူကို ပန်ကြား အပ်ပါသည်။

သပိတ်မှောက်ရန်မှ အပ ရွေးရန်လမ်း မရှိတော့ပါ။

မျိုးရန်နောင်သိမ်း
ကျောင်းသား ခေါင်းဆောင် (၈၈- မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့)။

လက်ရေးမူရင်းဖိုင်

အပြည့်အစုံသတင်းဖတ်ရန်....

 
----------------------------------------- */ /* EOT ----------------------------------------- */