ကိုသိုက် ၊ ကောင်းဝါ ။ ဇွန် ၁၆၊၂၀၁၀။
ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းရွာနှင့် ခုန်းခမ်းရွာအကြား ဇွန်လ(၁၄)နံက်(၉)နာရီအခိျန်တွင် မိခင် တပ်ရင်းကိုပြန်မည့် ခမရ(၂၈၄)တပ်ရင်းနှင့်တပ်မဟာ(၆)ဒေသ ကေအာန်ယူတပ်ရင်း(၁၆)တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ အဆိုပါခြုံခိုတိုက်ပွဲကြောင့် ခမရ(၂၈၄)ဘက်မှ (၃)ယောက်ထိခိုက်ဒါဏ်ရာရခဲ့သည်ဟု ဒေသ ခံ ရွာသားများမှပြောပါသည်။
ဇွန်လ(၁ဝ)ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့မရောက်ခင် ဇီးနှစ်ပင်ရွာနှင့် ရဲတံခွန်ရွာကြား၌ ခမရ(၄ဝ၁) တပ်ရင်းနှင့် (၄ဝ၉)တပ်ဖွဲ့ စစ်ယာဉ်တန်းများကို ကေအာန်ယူတပ်ရင်း(၁၆)မှ ခြုံခိုတိုက်ခိုက်ခဲ့သေးသည်။ ကေအာန်ယူဘက်မှထောင်ထားသော အဲဗါးမိုင်း(ခေါ်) ရှေ့ထွက်မိုင်းဒါဏ်ကြောင့် စစ်အစိုးရတပ်ဖွဲ့မှ ထိခိုက်မှု များပြားခဲ့သည်ဟုဒေသခံရွာသားတစ်ဦးက အခုလိုပြောပါသည်။
“ဗျူဟာက(၁၃)ယောက်ကျဆုံးသွားတယ်။ တော်တော်များများဒဏ်ရာရတယ်။ ကေအာန်ယူဘက် ကတော့ အဲဗါးမိုင်းဆွဲတဲ့အခါကျတော့ သူတို့မှာတော့ ထိခိုက်မှုမရှိဘူးပေါ့။ ရွာသားတွေလည်း ထိခိုက်မှု မရှိပါဘူး၊ ရွာနဲ့မနီးတဲ့နေရာဖြစ်တဲ့အတွက် ရွာသားတွေအပေါ် ရိုက်တာတို့ ဖမ်းတာတို့မရှိဘူး။”
ဇွန်လဆန်းမှစ၍ ကေအာန်ယူနှင့်စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွါးမှု များပြားလာသည့်အပေါ် ကေအာန်ယူတပ်မဟာ(၆)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေ မှ ယခုလိုပြောပါသည်။
“အခုတလော(၆)လပိုင်းအတွင်းထဲမှာတော့ တိုက်ပွဲတော့တော်တော်လေးဖြစ်လာပြီး။ ဘာဖြစ်လဲဆို တော့ နအဖကပိုပြီးလှုပ်ရှားလာတဲ့အပေါ်မှာ ကျွန်တော်တို့တပ်ကလဲ ကိုယ့်ကိုယ်ကို ပြန်လည်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ကိုယ်နယ်မြေကိုကိုယ်ပြန်ထိမ်းတဲ့အနေနဲ့ ဒါတိုက်ပွဲဖြစ်တာဖြစ်တယ်။ တခြားသောဒေသ မှာလဲထိုနည်းတူပေါ့။ ဥပမာ မွန်ပြည်သစ်ပါတီနယ်မြေထဲမှာရော ကချင်တို့နယ်မြေထဲမှာရော ရှမ်းနယ်မြေထဲမှာ ရော ပိုပြီးတော့ဝင်ရောက်လှုပ်ရှားမယ်ဆိုလို့ရှိရင်တော့ ဒါ တိုက်ပွဲဖြစ်မှာတော့သေချာတယ်။”
ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးသည် နှစ်ပေါင်း(၆ဝ)ကျော် စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲ ဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုအချိန်အထိ အပစ်အခတ်ရပ်စဲရေးပြုလုပ်ခြင်း မရှိသေးသည့် ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါသည်။
Rest of your post
Wednesday, June 16, 2010
တပ်မဟာ(၆)ဒေသဘက်တွင်တိုက်ပွဲထပ်မံဖြစ်ပွါး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment