“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 30, 2010

သြစတြေးလျားရောက် ပညာတော်သင် စစ်ဗိုလ် သမီး အိမ်ပြန်ရမည်

(မည်သည့် နိုင်ငံတွင်မဆို ကမ္ဘာအရပ်ရပ်တွင် ပညာတော်သင်တက်နေသော နအဖ မှ သားသမီးများ ၏ အချက်အလက်များသိရှိပါက သတင်းပေးပို့ ကြပါခင်များ ၊ အဆိပ်ပင်ရေမလောင်း နိုင်တော့သော သြစတြေးလျားမှ သင်ခန်းစာဖတ်ရှုနိုင်ပါတယ်)
စိုင်းဇွမ်ဆိုင်း Wednesday, June 30, 2010 . သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် မဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ဗိုလ်မှူးချုပ် ဇင်ယော်၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။

ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

၂၀၀၀ ပြည့်နှစ် မေလ ၂၄ ရက်နေ့က အနောက်နိုင်ငံများမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်း တွင်လည်း ဗိုလ်မှူးချုပ် ဇင်ယော်နှင့် ဒေါ်ခင်သီရိ တို့ ပါဝင်နေခဲ့ပြန်သည်။

University of Western Sydney တွင် စာရင်းကိုင် ပညာဖြင့် မဟာတန်း တက်ရောက်နေသူ အသက် ၂၅ နှစ် အရွယ်ရှိ မဇင်မွန်အေး ၏ ရှေ့နေဖြစ်သူ တိုနီ ဆေးလ်ဗား က“သူ့မှာ အပြစ်မရှိဘူး ဆိုပေမယ့် အပြစ်ပေးခံရတော့မှာဖြစ်တဲ့ အတွက် ဝမ်းနည်း မိပါတယ်”ဟု The Australian သတင်းစာသို့ ပြောကြားထားသည်။

မဇင်မွန်အေးသည် သြစတြေးလျ နိုင်ငံသို့ ၂၀၀၈ ခုနှစ်က ရောက်ရှိနေခြင်းဖြစ်ပြီး ၎င်းကို နေထိုင်ခွင့်ပေးခဲ့သော သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စတီဖင် စမစ် ကို ပြည်ထောင်စု တရားရုံးက မေးခွန်းထုတ်ခဲ့သေးသည်။

ပြည်ထောင်စု တရားရုံး၏ တရားခွင်အတွင်း၌ မဇင်မွန်အေးက“သူမ၏ ဖခင်သည် မြန်မာ စစ်အစိုးရအုပ်စုအတွင်းတွင် ပါဝင်နေသဖြင့် သူမက မိဘဖြစ်သူများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့ကြောင်း”တရားရုံးသို့ ထွက်ဆိုခဲ့သည်ဟု ယနေ့ထုတ် The Australian သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍“သူမသည် မိဘများကို ငွေကြေးအရပင် ပတ်သက်မှု မရှိကြောင်း၊ ကိုယ်ပိုင်အလုပ်လည်း ရှိ ကြောင်း” တရားရုံးတွင် ထွက်ဆိုထားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ မဇင်မွန်အေး က အယူခံဝင်ခဲ့သော်လည်း အယူခံ ပယ်ချခံခဲ့ရကြောင်း သိရသည်။

မဇင်မွန်အေး က“စစ်ဗိုလ်ချုပ် သားသမီးများ ဖြစ်နေသော်လည်း စစ်အာဏာရှင် စနစ်ကို မထောက်ခံသည့်အတွက် သြစတြေးလျ နိုင်ငံ အနေဖြင့် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မပြုသင့်ကြောင်း”လျှောက်လဲချက် ပေးခဲ့ကြောင်းလည်း The Australian သတင်းစာကဖော်ပြသည်။

ထို မဇင်မွန်အေး တဦးတည်းသာ မဟုတ်ဘဲ ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ၏ သားသမီး များစွာ ကျန်ရှိနေသေးကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */