“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 28, 2010

ကျွန်တော်သိသောကျောင်းသားတော်လှန်ရေးသမား

Email From Htun Wai 28 June 2010
နှစ်ပေါင်း သုံးဆယ်ကျော်ခဲ့ပြီဖြစ်သော်လည်း မနေ့ တနေ့ ကလို ထင်မှတ်နေဆဲဖြစ်ပါ
သည်။ ၁၉၇၂ ခုနှစ်နွေရာသီ ကျောင်းပိတ်ရက်များ အတွင်းဖြစ်သည်။ မြန်မာပြည်
တပြည်လုံး တက္ကသိုလ်ကောလိပ် ကျောင်းသားများ "အသုံးလုံး" လုပ်အားပေးပွဲအတွက်
ကျွန်တော်တို့ ကျောင်းသားများ မန္တလေးမြို့ မှတဆင့် သပိတ်ကျဉ်းမြို့ သို့ ရောက်ရှိခဲ့ကြပြီး ထိုမှတဆင့် တာဝန်ကျရာ ကျေးရွာများသို့  မော်တော်ဘုတ်များနှင့် ခရီးဆက်ခဲ့ကြ
ပါသည်။ ကျွန်တော်နှင့် သူငယ်ချင်းနှစ်ဦးမှာ သပိတ်ကျဉ်းမြို့နှင့် ထီးချိုင့်မြို့ အကြား
ဧရာတီမြစ်လယ်တွင် သောင်ထွန်း၍ကျွန်းကြီးဖြစ်နေသည့် ရေလယ်ကျွန်းအမည်ရှိရွာ
တွင်တာဝန်ယူရပါသည်။ ရေလယ်ကျွန်းသည် အတော်အတန်ကြီးမားသည့် သောင်
ကျွန်းကြီးဖြစ်သည်၊ အရှေ့ ရွာနှင့် အနောက်ရွာဟူ၍ရှိပြီး၊ အရှေ့ ရွာတွင်ကျွန်တော်တို့ 
သုံးဦးနှင့် အနောက်ရွာတွင် ကျောင်းသားနှစ်ဦးရှိကြပါသည်။ ကျွန်တော်တို့ ရွာ၏ အရှေ့ 
ဘက် ဧရာဝတီမြစ်တဘက်ကမ်း၊ အရှေ့ ရိုးမတောင်ခြေတွင်လည်း လုပ်အားပေး
ကျောင်းသားများရှိသည် ဟုရွာခံလူကြီးများ အပြောအရသိရပါသည်။

ကျွန်တော်တို့ ရောက်ရှိရာအရပ်သည် ရွာငယ်လေးသာဖြစ်ပြီးအိမ်ခြေ(၂၀)လောက် သာရှိပါသည်။ ခလေးလူကြီးအားလုံးပေါင်းမှ (၄၀-၅၀) ထက်ကျော်မည်မထင်ပါ။သို့ သော်ချီးကျူးစရာကတော့ ဤမျှသေးငယ်သည့် ရွာတွင်စာသင်ကျောင်းရှိနေခြင်းဖြစ်ပါသည်။ ဇရပ်ပုံစံ ခြေတံရှည် အဆောက်အဦဖြစ်၍ စာသင်ခလေးဆယ့်လေးငါးယောက်ရှိပြီး၊ ဆရာတယောက်ငှာရမ်းထားရှိသည်။
ပတ်ဝန်းကျင်တွင် မည်သည့်ရွာတွင်မှ စာသင်ကျောင်းမရှိဟု ရွာလူကြီးများပြောအရ
သိရပါသည်။ ကျွန်တော်တို့ ကိုရွာလူကြီးအိမ်တွင် နေရာချထားပေးပြီး အစားအသောက်ကို
အလှည့်ကျ အိမ်တအိမ်စီက တာဝန်ယူ ကျွေးမွေးကြပါသည်။ တာဝန်မယူနိုင်သည့် အိမ်များလည်းရှိပြီး ထိုအိမ်များက ရံဖန်ရံခါဟင်းလာပို့ ပေးကြပါသည်။ ကိုင်းသီးနှံ စိုက်ပျိုးဖြစ်ထွန်း၍မြေပဲ၊ အာလူးနှင့် ငြုတ်သီးခြောက်ပေါ များစွာထွက်သဖြင့်ဆီများများ၊ ငြုတ်သီးစပ်စပ် အညာအစားအသောက် များစားသောက်ရပါသည်။

ကျွန်တော်တို့ ကျောင်းသားများလည်း ရွာရောက်ပြီးရက်ပိုင်းအတွင်း စာသင်ဆရာလေး
များဖြစ်လာကြပြီး၊ တွေ့ သမျှရွာသူရွာသားများကလည်း ဆရာလေးဟုသာခေါ်ကြပါ
သည်။ ကျွန်တော်တို့ လည်းစာသင်ရင်း၊ လူမှုရေးလုပ်ငန်းများလုပ်ရင်း ရွာသူရွာသားများ
နှင့်ရင်းနှီး ကျွမ်းဝင်လာကြပါသည်။ နှစ်ပတ်ခန့် အကြာလောက် စာသင်နေဆဲအချိန်
ရွာသားတဦးက ကျွန်တော်နှင့်တွေ့ ရန်ဧည့်သည် တဦးရောက်နေကြောင်းပြောလာ သဖြင့်
တည်းအိမ်သို့ ပြန်လာခဲ့ပါသည်။ ကျွန်တော်တို့ လုပ်အားပေးဆရာ(၃)ဦးရှိပြီး ဒေသတာဝန်ရှိသူများဆိုလျှင်လည်း စာသင်ရာနေရာသို့  လိုက်လာကြမည်သာဖြစ်
ပါသည်။ ဤအရပ်ဒေသတွင်နာမည်တပ်၍တွေ့ လိုသည်ဆိုသည့်ဧည့်သည် မည်သူမည်ဝါ ဆိုသည်ကိုတွေးရင်း(၁၀) မိနစ်ခန့် ဝေးသည့်အိမ်သို့ လျှောက်ခဲ့ပါသည်။ တည်းအိမ်၏
ခံပြင်တွင်ထိုင်နေသည့် ကျွန်တော်နှင့်အရွယ်တူခန့် လူငယ်တဦးကိုမြင်လိုက်ရပါသည်။
အိမ်ပေါ်တက်လိုက်သည်နှင့် ထိုသူမှအပြုံးနှင့် နှုတ်ဆက်လိုက်ပြီး မိတ်ဆက်စကားပြော
ပါသည်။

ဧရာဝတီမြစ် အရှေ့ ဘက်ကမ်း ရွာမှလုပ်အားပေး ဆရာဖြစ်ကြောင်း၊ အမည်မှာ
တင်မောင်ဦးဖြစ်ကြောင်း ပြောဆိုမိတ်ဆက်၍ ဤရွာသို့ ကျောက်သင်ပုန်းကြီးတချပ်
လာပို့ ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ရွာတွင်စာသင်ကျောင်းငယ်ရှိ၍ ကျောက်သင်ပုန်း
(၂)ချပ်ရှိပြီးဖြစ်၍ ယခုကျောက်သင်ပုန်း(၃)ချပ်ဖြင့် ဆရာ(၃)ဦးကျောက်သင်ပုန်းကိုယ်စီ
နှင့်ကောင်းစွာ စာသင်နိုင်ကြပြီဖြစ်ပါသည်။ အခြားရွာများတွင်မူအခုမှ ကျောက်သင်ပုန်း
ရကြ၍ ဆရာမှရေးပြသင်နိုင်ကြပြီဖြစ်ကြောင်း ကိုတင်မောင်ဦးမှပြောပြပါသည်။ ယခု
လည်းကျောက်သင်ပုန်းကို အိမ်နှင့်အတန်အသင့်လှမ်းသော လှေဆိပ်မှကိုယ်တိုင်သယ်
ပိုးထမ်းရွက်ခါပို့ ဆောင်လာခြင်းဖြစ်ပါသည်။ အချိန်မှာမွန်းတည့်(၁၂)နာရီထိုးခါနီး
ထမင်းစားချိန်နီးပြီဖြစ်ခါ၊ မကြာမီကျွန်တော့်သူငယ်ချင်း နှစ်ဦးလည်းရောက်လာတော့
မည်ဖြစ်၍ကိုတင်မောင်ဦးကို ထမင်းစားသွားရန်ဖိတ်လိုက်ပါသည်။ ၄င်းကအနောက်
ရွာသို့ ကျောက်သင်ပုန်းဆက်ပို့ ပေးရန်နှင့်ရွာမှ ထမင်းစား စောင့်နေကြမည်ဖြစ်၍
မစားတော့ကြောင်း၊ နောင်ကြုံလျှင်စားမည်ဖြစ်ကြောင်းပြော၍ ရွာလူကြီးကတော်ဧည့်
ခံပေးထားသည့် လဘက်ရည်ကြမ်းကို လက်စသတ်သောက်ပြီးပြန် ရန်ပြင်ဆင်ပါတော့
သည်။ အဖေါ်ပါမပါ မေးကြည့်ရာမပါကြောင်း၊ ရွာမှလှေကိုကိုယ်တိုင် လှော်ခတ်လာပြီး
ကျောက်သင်ပုန်း(၃)ချပ်တင်ကာ ရွာ(၂)ရွာသို့ ပို့ ရန်လာခြင်းဖြစ်ကြောင်း၊ ဒေသတာဝန်
ရှိသူများက၄င်းတို့ ရွာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ရွာများသို့  ဆက်လက်ဖြန့် ဝေ
ပေးရန်မေတ္တာရပ်ခံရာ ၄င်းကတာဝန်ယူထားလိုက်ကြောင်းပြောပြပါသည်။

ကိုတင်မောင်ဦးသည် တက်ထရွန်ရှပ်လက်ရှည်အနက်ရောင်ကို လက်ခေါက်၍ ကချင်
ပုဆိုးကိုခြေသလုံးပေါ်တိုတိုဝတ်ဆင်ထားပြီး ခါး၌ ကြိုးချီထားသည့် မျောက်ငယ်တ
ကောင်ကို ပခုံးပေါ်တင်ထားပါသည်။ ထိုမျောက်ငယ်မှာ ၄င်းရွာရောက်ပြီး၂ရက် ၃ရက်
အကြာရွာခံမုဆိုးတဦး တောလိုက်ရာမှဖမ်းယူခဲ့သည့် မျောက်ငယ်ဖြစ်၍၄င်းကတောင်း
ယူမွေးထားကြောင်း၊ သွားလေရာပခုံးထက်တင်၍ ခေါ်ယူသွားကြောင်းသိရှိရပါသည်။
ထူးခြားသည်မှာ ဘိနပ်မစီးခြင်းဖြစ်ပါသည်။ ပူပြင်းသောအညာနွေ၊ သဲသောင်မြေပူပူ
တွင်ဘိနပ်မပါဘဲသွားလာ နေခြင်းဖြစ်ပါသည်။ထိုဒေသခံရွာသားတဦးနှင့် မခြားနားဘဲ
နေထိုင်နေသည်ဟုမြင်ရပါသည်။ စတင်မြင်တွေ့ ရသည့်နေ့ မှ လုပ်အားပေးစခန်းသိမ်း
၍စုရပ်မန္တလေးမြို့ သို့ ပြန်ရောက်သည်အထိ ထိုပုံစံမပြောင်းလဲဘဲတွေ့ ရပါသည်။

များမကြာမီ အတာသင်္ကြန်နှစ်ကူးရက်များ ရောက်ရှိလာပါသည်။ သင်္ကြန်ကျောင်းပိတ်
ရက်(၃)ရက်သတ်မှတ်ကြပြီး ရွာခံကျောင်းဆရာ၏ အကူအညီဖြင့်ထီးချိုင့်မြို့သို့  ညအိပ်
သွားရောက်လည်ပတ်ကြပါသည်။ အောက်ဘက်ရှိသပိတ်ကျဉ်းမြို့နှင့်ယှဉ်လျှင်အထက်
ဘက်(မြောက်ဘက်)ရှိ ထီးချိုင့်မြို့သည် ကျွန်တော်တို့ ရွာနှင့်ပိုနီး၍သင်္ဘော/မော်တော်
လည်းအဆင်ပြေခြင်း၊ ရွာခံဆရာ၏သားချင်းအိမ်တွင်တညှ်းခိုရန်အဆင်ပြေခြင်းတို့ 
ကြောင့်ထီးချိုင့်မြို့သို့ ရောက်ဖြစ်သွားကြပါသည်။ရောက်ပြီးနောက်နေ့ နံနက်စောစော
တခုခုစားသောက်ကြရန်ထီးချိုင့်မြို့ဈေးဘက်သို့ လမ်းလျှောက်ထွက်လာကြပါသည်။
ဈေးသို့ ဦးတည်လျှောက်နေကြစဉ် နောက်နားဆီမှချူသံတချွင်ချွင်ကြားရသဖြင့်လှည့်
ကြည့်မိရာရှေးလှည်းယဉ်တစီးမောင်းလါသည်ကိုတွေ့ ရသဖြင့်ငေးကြည့်နေမိပါသည်။
အနားရောက်၍လှည်းယဉ်ပေါ်ပါလူများကိုကြည့်မိလိုက်ရာကိုတင်မောင်ဦးနှင့်အပေါင်း
အဖေါ်လေး-ငါးဦး ကိုတွေ့ လိုက်ရပါသည်။ များမကြာမီကမှ သိကျွမ်းခဲ့သောသူဖြစ်၍
လှမ်းနှုတ်ဆက်ရင်း ဘယ်သွားကြမည်လည်းဟု စပ်စုမေးလေး မေးဖြစ်လိုက်ပါသည်။
အဖြေကြားရတော့အတော်အံ့သြသင့်ရပါသည်။ " သူတည်းတယောက်ကောင်းဘို့ 
ရောက်မူ သူတယောက်မှာပျက်လင့်ခါသာ " ဆိုသည့်မြန်မာစာပေတွင်ထင်ရှားသည့်
ကဗျာကျော်ကိုရေးစပ်ခဲ့သည့်မဲဇာရောက် ရှေးစာဆိုတော်ကြီးရာဇသင်္ကြန်အမတ်ကြီး
တည်ခဲ့သောဘုရားသို့ ဘုရားဖူးဟူ၍ဖြစ်ပါသည်။ ကျွန်တော့စိတ်ကူးတွင်လုံးဝမရှိခဲ့
သောစကားလုံးဖြစ်ပါသည်။ မဲဇာသည်ထီးချိုင့်မြို့နှင့်များစွာမလှမ်းသောအရပ်တွင်ရှိ
ကြောင်း နောင်မှရွာခံဆရာပြော၍သိရပါသည်။ နွားနှစ်ကောင်ကသော မြန်မာဟန်
စစ်စစ်၊ ချူသံတလွင်လွင်လှည်းယဉ်နှင့် ရာဇသင်္ကြန်အမတ်ကြီး၏ မဲဇာဘုရားဖူးသွား
ကြသည့် ကိုတင်မောင်ဦးနှင့်အဖွဲ့ သားများ၏စိတ်ကူးစိတ်သန်းကိုစိတ်ထဲမှာချီးကျူးမိ
ပါသည်။ မည်သည့်အခါကပင် တွေးတောကြံစည်ထားခဲ့ကြသလဲ မသိနိုင်တော့ပါ။

လုပ်အားပေးများပြီး၍ကျောင်းပြန်တက်ကြတော့ ကိုတင်မောင်ဦးနှင့်အဖွဲ့ သားများကို
ငှက်ပျောတောဦးချစ်လဘက်ရည်ဆိုင်တွင်မကြာမကြာဆုံဖြစ်ပါသည်။ ယနေ့ လူငယ်
အတော်များများ ငှက်ပျောတော ဦးချစ်လဘက်ရည်ဆိုင်ကိုသိကြတော့မည်မထင်ပါ။
ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်ကျောင်းဝင်းကြီးအတွင်းရှိ တောင်ငူဆောင်နှင့် မန္တလေးဆောင်
တို့ အကြားငှက်ပျောပင်များအုံ့ အုံ့ ဆိုင်းဆိုင်းဖြင့် ဦးချစ်ဆိုသောပုဂ္ဂိုလ်ဖွင့်ခဲ့သော
လဘက်ရည်ဆိုင်ဖြစ်ပါသည်။ တော်ရုံတန်ရုံဖြင့်လဘက်ရည်ဆိုင်ရှိမည်ဟုမထင်ရသေါ
နေရာဖြစ်ပြီး အချို့ ကျောင်းပြီးသွားသော်လည်းဦးချစ်လဘက်ရည်ဆိုင်မရောက်ဘူးခဲ့
သူများရှိကြပါသည်။ ရန်ကုန်တက္ကသိုလ်အကြောင်းပြောလျှင်သစ်ပုတ်ပင်ကြီး၊စာကြည့်
တိုက်ဝန်းကျင် ကန့်ကေါ်ပင်နှင့်ခုံတန်းပြာများ မပါလျှင်မပြည့်စုံသလို ငှက်ပျောတော
ဦးချစ်လဘက်ရည်ဆိုင်မပါလျှင်လည်း မပြည့်စုံဟုပြောစမှတ်ရှိပါသည်။ ဦးချစ်လဘက်
ရည်ဆိုင်တွင်အမြဲမပြတ်ရှိနေတတ်သူများကို ငှက်ပျောတောမင်းသားများဟုပင်ခေါ်
ဆိုကြပါသည်။ လှည်းယဉ်ပေါ်တွေခဲ့ဘူးသောကိုတင်မောင်ဦးအဖွဲ့ သားများမှာကဗျာ
ဆရာ၊စာရေးဆရာ မြန်မာစာဌာနာမှကျောင်းသားများဖြစ်ကြောင်းနောင်သိရှိလာရပါ
သည်။ ကိုတင်မောင်ဦးတို့ တဖွဲ့ သားလုံး ငှက်ပျောတောမင်းသားများဖြစ်မည်ထင်ပါ
သည်။ ရှစ်လေးလုံးအရေးအခင်းနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကြီးတွင်စာသင်ကြား
မှုမလုပ်တော့ဘဲစာသင်ခန်းများကို ဝေးရာအရပ်များသို့ ပြောင်းရွှေ့ခဲ့သဖြင့်နောင်လါ
လူငယ်များ ကန့်ကေါ်တောကြီးနှင့်ဝေးရသည်ကိုများစွာစိတ်မကောင်းဖြစ်ရပါသည်။
ငှက်ပျောတောဦးချစ်လဘက်ရည်ဆိုင်လည်းမရောက်ဘူး ဖြစ်ရပါတော့သည်။

လုပ်အားပေးမှပြန်ရောက်၍ ကျောင်းပြန်တက်နေစဉ် တလခွဲခန့် အကြာလောက်ထင်
ပါသည်။ ကျွန်တော်တို့ တတိယနှစ်ကျောင်းသားများအဓိက စာသင်ဆောင်များဖြစ်
သည့် အက်စ်အီး ၃/၄ ဘက်သို့ ကိုတင်မောင်ဦးရောက်လာပါသည်။ ထိုနေ့ ကကျွန်
တော်လည်းအတန်းပြီး၍ သူငယ်ချင်းများနှင့်ဆုံရန် စာသင်ခန်းအလွတ်အခန်းတခန်း
တွင်ထိုင်ရင်းစာဖတ်စောင့်ဆိုင်းနေစဉ်အပြင်မှကိုတင်မောင်ဦးလက်ယပ်ခေါ်နေသည်
ကိုမြင်သဖြင့်အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ပါသည်။ စာသင်ခန်းအပြင်ဘက်ရှိသမံ
တလင်းအုတ်ခုံပေါ်တွင်ပင်ဖုံခါ၍ထိုင်ကြပါသည်။ အချိန်မှာညနေပိုင်းရောက်ပြီဖြစ်၍
ကျောင်သားများလည်း များစွာမရှိတော့သဖြင့်လွတ်လွတ်လပ်လပ်ထိုင်၍စကားပြော
နိုင်ကြပါသည်။ ဦးစွာ အာလပသလ္လာပ အနည်းငယ်ပြောကြပြီး မကြာမီကျွန်တော်၏
မဆလစစ်အစိုးရအပေါ်သဘောထားကိုမေးပါတော့သည်။လူချင်းကတော့လုပ်အားပေး
ပြန်လာကတည်းကမကြာမကြာဆုံဖြစ်၍ မျက်မှန်းတန်းနေသော်လည်းအေးအေးလူလူ
စကားကြာကြာမပြောဖြစ်သေးကြပါ။ သို့ သော်ယခုတွေ့ ၍(၁၀)မီနစ်ပင်မကြာသေး၊
တော်ရုံရင်းနှီးသည့်သူငယ်ချင်းများကြား၊ ယုံကြည်ချက်မတူညီသူများကြားလွယ်လွယ်
မပြောဖြစ်သည့်စကားများကိုပြောလာပါသည်။ ကိုတင်မောင်ဦးကို လုပ်အားပေးကါလ
ရေလယ်ကျွန်းရွာတွင် စတင်ဆုံစည်းစဉ်ကပင် ဖေါ်ရွေတတ်သူ၊ပွင့်ပွင့်လင်းလင်း ရဲရဲ
တင်းတင်း ပြောဆိုမည့်သူဟုအကြမ်းဖျဉ်းသတိထားမိခဲ့ပါသည်။ ယခုလည်းကျွန်တော့်
အားသွယ်ဝိုက်မနေတော့ဘဲ တဲ့တိုးပွင့်လင်းစွာပြောဆိုလာရာ၊ကျွန်တော့်အားယုံကြည်
မှုရှိ၍ပြောဆိုခြင်းဟုခံယူ၍ ကျွန်တော်လည်း ၄င်းအပေါ်ယုံကြည်မှုရှိစွာ ပွင့်လင်းစွာ
ပြောဆိုဖြစ်ပါတော့သည်။ ထိုနေ့ကနှစ်ဦးသားစကားဝိုင်းမှာ မဆလစစ်အစိုးရဆန့် 
ကျင်ရေးသဘောထားတိုက်ဆိုင်သူနှစ်ဦး အားပါးတရ သဘောထားအမြင်ဖလှယ်ဖြစ်
ကြသောနေ့ တနေ့ ဖြစ်ခဲ့ပါသည်။ မထင်မှတ်ဘဲစစ်အာဏာရှင်ဆန့် ကျင်ရေး တူညီ
သောယုံကြည်ချက်စကားများပြောဖြစ်ကြ၍ ရှေ့ အလားအလာများ၊လုပ်ငန်းစဉ်များ
ကိုပင်ဆက်လက်ပြောဆိုဆွေးနွေးဖြစ်ကြပါသည်။ ထိုနေ့ စကားဝိုင်းတွင်ကိုတင်မောင်
ဦး၏စစ်အာဏာရှင်အစိုးရအပေါ်ထားရှိသောသဘောထားကို ပြတ်သားစွာကြားသိခဲ့
ရပါသည်။ ကိုတင်မောင်ဦးက စစ်အစိုးရကို မြေအောက်တော်လှန်ရေးလှုပ်ရှားမှုများ
ဖြင့် အခက်အခဲ၊အကြပ်အတည်းများဖြစ်ပေါ်စေပြီး အုပ်ချုပ်ရေးယန္တရားများရပ်တန့် 
ပျက်စီးသွားခါ စစ်အစိုးရပြုတ်ကျသွားသည်အထိ ထိုးနှက်တိုက်ခိုက်သွားရန်ပြတ်သား
စွာသန္နိဌာန်ချမှတ်ပြီးကြောင်းပြောဆိုပါသည်။ မျက်နှာသွင်ပြင်လေးထောင့်ဆန်ဆန်
တွင်မေးကြောများထောင်လာသည်အထိ အံတင်းပြောဆိုနေသည်ကို ယနေ့ တိုင်
မျက်စိထဲမြင်ယောင်နေဆဲဖြစ်ပါသည်။ စကားသံပင်အနည်းငယ်ကျယ်သွားသလား
ထင်မိကြ၍ ထိုအခါမှမေ့နေသောပတ်ဝန်းကျင်ကိုဝေ့၀ဲကြည့်မိကြပါသည်။ ခပ်လှမ်း
လှမ်းတွင်ကားစောင့်နေသောကျောင်းသူ ၃-၄ ဦးမှအပကျောင်းသားများမရှိတော့ပါ။
နေရောင်ခြည်ပင်အတော်အားနည်း မှေးမှိန်နေပြီဖြစ်ပါသည်။

ထိုစဉ်က ကိုတင်မောင်ဦးပြောခဲ့သည်များကို အလွယ်ဆုံးဥပမာဖြင့်ခိုင်းနှိုင်းပြောဆိုရ
မည်ဆိုလျှင်(၈)လေးလုံးကာလ မဆလအစိုးရပြိုပျက်သွားသည့်အနေအထားမျိုးသည်
ကိုတင်မောင်ဦးမျှော်မှန်း၍ လုပ်ဆောင်လိုသည့်တော်လှန်ရေး တရပ်ပင်ဖြစ်ပါသည်။
အမှန်တကယ်လည်း ထိုစဉ်အခါကပင်ကိုတင်မောင်ဦးနှင့်အပေါင်းအဖေါ်များ မျိုးစေ့
ချ၍ဆောင်ရွက်ခဲ့သောလုပ်ငန်းစဉ်များသည် ၁၉၈၈ ခုနှစ်၊သြဂုတ်လတွင်ထင်ရှားသေါ
(၈)လေးလုံးအရေးတော်ပုံကြီးအဖြစ်အောင်မြင်စွာပေါ်ထွက်လာပြီးမဆလအာဏာရှင်
စနစ်ပြိုပျက်သွားရခြင်းဖြစ်သည်ဆိုက မမှားဟုဆိုနိုင်ပါသည်။ ၀မ်းနည်းဖွယ်ကောင်း
သည်မှာထိုအောင်မြင်သောဖြစ်စဉ်များကို ကိုတင်မောင်ဦးတယောက် မြင်တွေ့ မသွား
ရခြင်းဖြစ်ပါသည်။ စစ်အာဏာရှင်အုပ်စု၏ သိမ်ဖျင်းယုတ်ညံ့သောစိတ်ဓါတ်၊ လူမဆန်
သေါအောက်တန်းစားလုပ်ရပ်ဖြင့် အင်းစိန်ထောင်တွင် ခိုးကြောင်ခိုးဝှက်ကြိုးပေးသတ်
ဖြတ်မှုကြောင့် ကိုတင်မောင်ဦးတယောက်သူရဲကောင်းတို့ သွားရာလမ်းတွင် ကျဆုံး
သွားခဲ့ရပါသည်။ ယခုဆိုလျှင် ကျောင်းသားတော်လှန်ရေးသမား ကိုတင်မောင်ဦး
သူရဲကောင်းတို့ လျှောက်သော လမ်းဖြင့်တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးမငဲ့
အသက်ပေးသွားခဲ့သည်မှာ(၃၄) နှစ်ရှိခဲ့ပါပြီ။ ကိုတင်မောင်ဦးကဲ့သို့ ရိုးသားနိုးကြားစွာ
မိမိကိုယ်ကျိုးစွန့် လွှတ်၍ တိုင်းပြည်နှင့်လူမျိုး စစ်အာဏာရှင်လက်အောက်မှ လွတ်
မြောက်ရန်စွမ်းဆောင်ကြမည့် တော်လှန်ရေးသမားကေါင်းများပေါ်ထွန်းပါစေကြောင်း
မျှော်မှန်းလျှက် ကျောင်းသားတော်လှန်ရေးသမား ကိုတင်မောင်ဦးကို ဦးညွှတ်၍
အလေးပြုလိုက်ပါသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */