“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, June 23, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆု ပေးအပ်



ဲမြန်မာပြည်သူတွေနဲ့ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆု ပေးအပ်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသူ၊ အများအတွက် ပရဟိတ လုပ်နေသူနဲ့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေး လုပ်နေသူတွေဆိုပြီး ကဏ္ဍ ၄ မျိုးခွဲပြီး ဆုပေးတာဖြစ်တယ် ဆိုတာကို ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ နိုင်ငံသမ္မလည်းဖြစ်တဲ့ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူဆုအတွက် ရရှိတာ ဖြစ်ပါတယ်။
ကွယ်လွန်သူ ဘနာဇီယာရဲ့ တနင်္လာနေ့က ကျရောက်တဲ့ ၅၇ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုပြီး သူ့ရဲ့ပါတီက ဒီဆုတွေကို ပထမဆုံး ပေးအပ်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘူတိုဟာ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်က လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။


Aung San Suu Kyi gets Benazir Bhutto Shaheed Award for democracy



STAFF WRITER 12:48 HRS IST

Islamabad, Jun 22 (PTI) Myanmar's dissident political leader Aung San Suu Kyi has become the first recipient of the new Benazir Bhutto Shaheed Award for democracy instituted by the Pakistan People's Party in the memory of the slain former premier.

The award was instituted by the ruling PPP to mark Bhutto's birth anniversary, which was observed yesterday.

It pays tribute to Bhutto's life-long struggle for democracy, human rights, improvement of the status of women and social causes.

The recipients of the award in four categories ? democracy, human rights, philanthropy and women's empowerment ? were chosen by a committee chaired by PPP chief and President Asif Ali Zardari, an official statement said.

The statement said Suu Kyi was being honoured for challenging the dictatorship in Myanmar despite remaining in detention and house arrest for many years. Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */