ဆရာတော်ကြီး၂၃ရက်နေ့နံနက်မြန်မာပြည်သို့ ပြန်လည်ကြွရောက်ပါမည်၊၊ကျေးဇူးတော်ရှင် (န၀မ) ဗန်းမော်ဆရာတော်ဘုရားကြီး၏ ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီး
အားလုံးသော ကမ္ဘာတစ်ဝန်းလုံးရှိ ဓမ္မမိတ်ဆွေအပေါင်းတို့အား အသိပေး ကြေငြာအပ်ပါသည်။
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ ဗန်းမော်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကမ္ဘာသူ ကမ္ဘာသားများ အန္တရာယ်ကင်းရှင်းစေရန်၊ သမ္မာဒေ၀ နတ်မြတ် နတ်ကောင်းတို့၏ စောင့်ရှောက်ကူညီမှု ရရှိစေရန် နှင့် ကမ္ဘာကြီးငြိမ်းချမ်းစေရန် ရည်ရွယ်၍ ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၂၀-၆-၂၀၁၀) တနင်္ဂနွေနေ့ ဂျပန်စံတော်ချိန် ညနေ ၆-နာရီ အချိန်၌ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော် ဘုရားကြီး အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ဦးဆောင်ပြီး ကမ္ဘာအရပ်ရပ်ရှိ ဓမ္မမိတ်ဆွေ သူတော်စင်ပရိတ်သတ်အပေါင်းတို့မှ တပြိုင်နက် မြတ်ပဋ္ဌာန်းကို ရွတ်ပွားပူဇော်ကြမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် ကမ္ဘာတစ်ဝန်းရှိ ဓမ္မမိတ်ဆွေအပေါင်းတို့ ပါဝင်ရွတ်ပွားသရဇ္ဈာယ် ကုသိုလ် ယူနိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
နေ့ ရက် - (၂၀၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့ 
အချိန် - ဂျပန်စံတော်ချိန် ညနေ (၆) နာရီ
နေရာ - MCWA (မြန်မာ့ထေရ၀ါဒ ဗုဒ္ဓသာသာဘုန်းတော်ကြီးကျောင်း)၊ နာဂအီတဘရှိ၊ တိုကျို။
မှတ်ချက်
* တိုကျိုမြို့  မှ ဓမ္မမိတ်ဆွေ သူတော်စင်တို့အနေဖြင့် ပဋ္ဌာန်းအကျယ် (ပစ္စယုဒ္ဒေသ) စာအုပ်များ ကို ယူဆောင်လာကြပြီး ဆရာတော်ကြီးများနှင့်အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော်အပ်ပါသည်။
* Internet ပေါ်မှတဆင့် တရားနာယူနေကြမည့် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကလည်း မိမိတို့ ၏ နေရာဒေသ အသီးသီးမှ ပဋ္ဌာန်းတရားတော်ကို အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော်အပ်ပါသည်။
အင်တာနက်မှ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်
Website: www.livedhamma. com
ဂျပန်စံတော်ချိန် ညနေ ၆ နာရီ
စင်္ကာပူစံတော်ချိန် ညနေ ၅ နာရီ
မြန်မာစံတော်ချိန် ညနေ ၃း၃၀နာရီ
ရုရှားစံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက်စံတော်ချိန် နံနက် ၅ နာရီRest of your post
Saturday, June 19, 2010
အဂ္ဂမဟာပဏ္ဍိတ ဗန်းမော်ဆရာတော်ဘုရားကြီး၏ တရားနာလိုပါလျင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment