“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, June 27, 2010

ပေါ်တော်မူလာသော ပေါ်တော်မူစေတီ

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်
နတ်စဉ်ဝကျေးရွာတွင် ပေါ်တော်မူလာသော ပေါ်တော်မူစေတီ ဖြစ်စဉ်အကျဉ်း
ပေါ်တော်မူစေတီတော် ပေါ်ထွန်းတော်မူရာ ဘုရားကုန်းတော်သည် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ နတ်စဉ်ဝကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၂၃AN) ဦးပိုင်အမှတ် ၁၄/၁ အတွင်း လယ်သမားကြီးဦးမင်းအောင်၏ လုပ်ပိုင်ခွင့်ရ လယ်မြေအတွင်းတည်ရှိပါသည်။
ဤဘုရားကုန်းတော်သည် ရှေးနှစ်ပေါင်း (၂၀၀)ကျော်ခန့်က ဘုရားကုန်းဖြစ်ပါသည်။ ထိုအချိန်က လယ်သမားကြီးများ လယ်ယာမြေကိုမီးရှို့လျှင် ဤကုန်းတော်ကြီးကိုလည်း မီးရှို့၍ရှင်းလင်းခဲ့ပါသည်။ ယင်းကာလနောက်ပိုင်းလယ်သမားကြီးဦးကျော်သိန်းက ဤကုန်းပေါ်တွင် ကျွဲများသိပ်ခြင်း၊ ကောက်ရိုးပုံခြင်းများပြုလုပ်ခဲ့ပါသည်။ ၁၃၂၆၊ ၁၃၂၇ ခုနှစ်ခန့်က ဘိုးတော်ရသေ့ကြီး(ခေါ်)ရသေ့ကြီးတပါး ရောက်ရှိလာပြီး ဤကုန်းတော်သည် ရှေးဘုရားကုန်းဖြစ်သည်။ ငါဘုရားတည်ဖို့လာခဲ့သည် ဟုဆိုပြီး သူ၏ တပည့်များနှင့်အတူ ကုန်းတော်ပေါ်ရှိ မြေဆွေး၊ ကောက်ရိုးဆွေးများ ဖယ်ရှာြး့ပီး ကုန်းတော်အားမြေ ညှိ၍ ၁၃၃၁ ခုနှစ်တွင် စေတီတော်တစ်ဆူ တည်ထားခဲ့ပါသည်။ ၁၃၄၈ ခုနှစ်တွင် ၄င်းစေတီတော် မြေခခဲ့ပါသည်။
ထို့နောက်ကုန်းတ်ာပေါ်တွင် ခြုံနွယ်များမရှသေးသဖြင့် လယ်သမားများ၊ ပျိုးနှုတ်၊ ကောက်စိုက်သမားများ၊ ထမင်းဝိုင်းစားခြင်း၊ နားနေခြင်းများပြုလုပ်ခဲ့ကြပါသည်။ နောက်ပိုင်းခြုံနွယ်များ ရှုတ်ထွေးလာသောအခါ မည်သူမျှလာရောက်ခြင်းမရှိပဲ ကြွက်တူးသမား၊ ကြွက်ထောင်သမား၊ ငှက်ပစ်သမားများသာ ရောက်ရှိခဲ့ပါသည်။
ယခု ၁၃၇၀ ခုနှစ်၊ တပို့တွဲလကွယ်နေ့ညတွင် နတ်စဉ်ဝကျေးရွာ၊ အဖ ဦးစံမောင်၊ အမိ ဒေါ်ခင်စိန်တို့၏သမီး မသန်းသန်းစိုး အသက် (၂၆) နှစ်သည် တညတည်း၌ ညဥ့်ဦး(၂)ခါ ၊ နံနက်လင်းပိုင်း(၁) ခါ ၊ (၃) ခါအိပ်မက် မက်ခဲ့ရာတွင်နင်တို့ရဲ့မြောက်ဖက် ဘုရားကုန်းပေါ်မှာ ဘုရားပေါ်နေသယ်။ မယုံလျှင် လိုက်ဖူးဟုပြောသဖြင့် လိုက်ဖူးခဲ့ရာတွင် စေတီတော်တစ်ဆူလုံး ဖူးတွေ့ခဲ့ရသည်ဟု အိပ်မက် မက်ခဲ့ပါသည်။ နံနက်မိုးလင်းသောအခါ အိမ်သားအားလုံးကို ပြောပြခဲ့ရာ မသန်းသန်းစိုး၏ မောင်ဖြစ်သူ မောင်သိန်းထိုက်က ဘုရားကုန်းတော်ကို သွားရောက်ကြည့်ရှုခဲ့ရာတွင် ငှက်ပျောဖူးဟုယူဆရသော အရာဝတ္ထုတစ်ခုကို တွေ့ရသဖြင့် ရပ်မိရပ်ဖဖြစ်သူ ဦးလှကြည်အား အကြောင်းကြားခဲ့ပါသည်။ ဦးလှကြည်က နတ်စဉ်ဝဆရာတော်နှင့် ကျေးရွာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ခေလ်ါယူကာ ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း(၅)ရက် ၊ ၂၈.၂.၂၀၀၉၊ စနေနေ့၊ နေ့လည်နှစ်နာရီတွင်သွားရောက် ကြည့်ရှုရာ စေတီတော်၏ ငှက်ပျောဖူးတစ်ခုလုံးကို မြေကြီးချိုင့်အတွင်း ဖူးတွေ့ရပါသည်။ ၄.၃.၂၀၀၉ ရက်နေ့တွင် စေတီတော်၏ သပိတ်မှောက်ထိ ပေါ်ထွက်လာသည်ကို ဖူးတွေ့ရပါသည်။



(ကျွန်ုပ်ကိုယ်တိုင်ဖူးခဲ့ရပါသည်။ ဒါကြောင့် သူငယ်ချင်းတွေလဲ ကျွန်ုပ်နှင့်ထပ်ထူဖူးစေနှိုင်ရန် ရွယ်၍ တင်ပြလိုက်ပါတယ် ။ ဖြစ်နှိုင်ရင်ဧရာဝတီတိုင်းထိ သွားရောက်ပြီးဖူးစေချင်ပါတယ်။)
တင်ပြသူ (ဘေဘီစိန်)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */