“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, June 24, 2010

အမေရိကန်များ...ကြောက်သွားမလားလို့  ဖြဲခြောက်ပြနေ


ဆန်နဲ့  လဲထားတဲ့ မြောက်ကိုရီးယားက ဒုံးပျံတဲ့ ဗျ..အထက် ဘယ်နှစ်ပေတက်မလဲ မပြောတတ်ဖူး..
သံဖြူဆိုင်က လုပ်တဲ့ ဒုံးပျံကြနေတာဘဲ.. မရှိဖင်ဂေါင်းကျယ်ဆိုတာ ဒါပေါ့ ။ ဟိုက မိုးပေါ်က ကျလာမဲ့ ဗုံးကို နေပြည်တော်မှန်း..GPS နဲ့  ပစ်လိုက်ရင်..ဗန္ဓု ဓနူ ရွှေဥ ဗုံးမှန် ဆိုသလို ပက်ပက်စက်စက် သေမှာ မတွေးတတ်ဖူး..လူပါးဝတဲ့ ကျောက်ဆည်သားက..
သူတို့ တောကျောင်း..ဘုန်းကြီးပျံ လောင်တိုက်သွင်းတဲ့ ဒုံးကမှ သူ့ ထက်သာဦးမယ်..


မြန်မာစစ်တပ်မှ Missile ဒုံးပျံများ အပစ်ရပ်နယ်မြေအနီးသို့ ဖြန့်ကျက်Thursday, 24 June 2010 17:56 သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်မှ ဒုံးပျံ အစီးရာပေါင်းများစွာကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး အာခံနေသော လက်နက်ကိုင်အဖွဲ့များ ရှိရာ ကချင်ပြည် နယ်နှင့် သျှမ်းပြည်အတွင်းရှိ ဒုံးပျံတပ်ရင်းများသို့ မေလကုန်ပိုင်းက ပို့ဆောင်လိုက်ကြောင်း စစ်ဘက် သတင်းများအရ သိရသည်။

မေလပိုင်းက ကချင်နှင့်သျှမ်းပြည်အတွင်းရှိ မိုးညှင်း၊ ကျိုင်းတုံ နှင့် နောင်ချိုမြို့နယ်များ၌ မြန်မာစစ်တပ်မှ ဒုံးပျံတပ်ရင်း (၃) ရင်းအား ဖွင့်လှစ်ခဲ့ရာ ၄င်းတပ်ရင်းသစ်များသို့ အတွဲလိုက်ပစ်ခတ်နိုင်သော ၁၂၂ မမ ဒုံးပျံ အစီး တစ်ထောင်ခန့်နှင့် ဒုံးပစ်ရာတွင်အသုံးပြုသည့် ယာဉ်များကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။



[မြောက်ကိုးရီးယား ဒုံးလက်နက်]

မြောက်ကိုးရီးယား ဒုံးလက်နက်

အသစ်ဖွဲ့စည်းထားသည့် ဒုံးပျံတပ်ရင်းများအား ကကဒုံး (ခေါ်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ဒုံး) မှ ကွပ်ကဲ အုပ်ချုပ် မည်ဖြစ်ပြီး မြောက်ကိုးရီးယားနိုင်ငံလုပ် ဒုံးများဖြစ်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလက ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မြောက်ကိုးရီးယား သဘောင်္ တစ်စီးပေါ်တွင် ဒုံးပျံနှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာကြောင်း သတင်းထွက်ခဲ့သည်။

မြန်မာစစ်တပ်အနေဖြင့် ၁၉၈၈ ခုနှစ်မှစတင်၍ စစ်တပ်အင်အားကြီးထွားရေးကို အရှိန်အဟုန်မြှင့် တိုးချဲ့လျှက်ရှိရာ ထိုစဉ် က မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေးတပ်ရင်း ၁၈၉ ရင်းခန့်သာရှိသော်လည်း ယခုအခါ စစ်သည်အင်အား ၄ သိန်း ကျော် ခန့် ရှိပြီဖြစ်သည်။

ခေတ်နောက်ကျကျန်ပြီး ဆင်းရဲတွင်းနက်နေသည့် မြန်မာနိုင်ငံတွင် စစ်တပ်အင်အားချဲ့ထွင်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆက်စပ်နေပြီး စစ်တပ်ကျောထောက်နောက်ခံဖြင့် တိုင်းပြည်ကို ပိုင်နိုင်စွာ အုပ် ချုပ်နိုင်ရန် နယ်မြေစိုးမိုးရေးကို အကွက်ချ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်သည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */