“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 29, 2010

ယခုနှစ်သည် လာနီညာ နှစ် ဖြစ်ပါက မုန်တိုင်း အန္တရာယ် ပိုမို သတိထားသင့်


ယခုနှစ် သည် လာနီညာ နှစ် ဖြစ်ပါက မိုးနှောင်း နှင့် မိုးလွန်ကာလများ တွင် မုန်တိုင်း အန္တရာယ်ကို ပိုမို သတိ ထားသင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။ အကယ်၍ ဒီနှစ်သာ လာနီညာနှစ် ဖြစ်မယ်ဆိုရင် မိုးနှောင်း နဲ့ မိုးလွန် ကာလ တွေမှာ မိုး ကောင်းနိုင်မယ်။ ပြီးတော့ အဲဒီ ကာလ တွေမှာ မုန်တိုင်း ပိုဖြစ်နိုင်ပြီး မြန်မာပြည် အတွက်လည်း အန္တရာယ် ရှိနိုင်တယ်။ ပြီးတော့ ဒီနှစ်ဆောင်း တွင်း မှာ ပိုအေး နိုင်တယ်ဟု ၄င်းက ပြောပါသည်။ ယခုလ တိုင်းထွာ ချက်များ အရ လာနီညာနှစ် ဖြစ်နိုင် ခြေ ၄၆ ရာခိုင်နှုန်း၊ ကြားနေနှစ် ၅၁ ရာခိုင်နှုန်းနှင့် အယ်နီညို ၃ ရာခိုင်နှုန်း ရှိနေပြီး၊ လာနီညာနှစ် ဖြစ် မဖြစ်ကိုမူ ဇူလိုင်လကုန်တွင် အတိအကျ သိရှိရမည် ဖြစ်သည်။ အကယ်၍ လာနီညာနှစ် ဖြစ်ပါက သက် တမ်းမှာ ယခုနှစ် နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင့်မည် ဖြစ်သည်။ ခုတောင် လာနီ ညာနှစ် ဖြစ်နိုင်ခြေက ၄၆ ရာခိုင်နှုန်း ဆိုရင် နောက်လတွေမှာ ပိုများ လာနိုင်တယ်။
လောလောဆယ်မှာ မကြေ ညာနိုင် သေးပေမယ့် လာနီညာနှစ် ဖြစ်နိုင်ခြေ ပိုများတယ်ဟု ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။ အကယ်၍ လာနီညာနှစ် ဖြစ်ခဲ့ပါက သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလ များတွင် မိုးကောင်း နိုင်ပြီး ယင်း မိုးသည် သက်နုနှင့် သက်လတ် စပါးများ စိုက်ပျိုးလိုသူ တောင်သူ လယ်သမားများ အတွက် အဖျက်မိုး ဖြစ်နိုင်သဖြင့် သက် ကြီး စပါးမျိုးကိုသာ စိုက်ပျိုး သင့်ကြောင်း ၄င်းက ထည့်သွင်း ပြောဆိုပါသည်။

၂၉ . ၆ . ၂၀၁၀
http://www.htwd.info/2010/06/storm.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */