“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 25, 2010

ရွေးကောက်ပွဲ ရက်က ၂ဝ၁ဝ ဒီဇင်ဘာ ၃၁ ရက် နေ့လား

“ - - - အောက်တိုဘာမှာ ကျင်းပမယ် လို့ ဂျင်ဝက်ကို ပြောလိုက်သူဟာ ရမ်းတုပ်ပဲ ဖြစ်မှာ - - -”

ဟိုတလောက လာ မလိုလို နဲ့ မလာဖြစ်တဲ့ အမေရိကန် ဂျင်ဝက် ကတော့ မြန်မာနိုင်ငံက ရွေးကောက်ပွဲများဟာ ၂ဝ၁ဝ အောက်တိုဘာ ထဲမှာ ဖြစ်မယ်လို့ သူသိရကြောင်းနဲ့ မြန်မာ့ ရွေးကောက်ပွဲကို အားပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ အောက်တိုဘာမှာ ကျင်းပမယ် လို့ ဂျင်ဝက်ကို ပြောလိုက်သူဟာ ရမ်းတုပ်ပဲ ဖြစ်မှာမို့ ရမ်းတုပ် စကား နားထောင်ပြီး ရွေးကောက်ပွဲ အားပေးဖို့ ပြောတဲ့ ဂျင်ဝက်ကိုလည်း ရမ်းတုပ် လို့ပဲ ပြောရမှာပါ။ အောက်တိုဘာမှာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာကို ရမ်းတုပ်လို့ ပြောတာကတော့ ဒီလို တွက်ချက်ကြည့်မိလို့ပါ။

အခု ဆောင်းပါး ရေးနေတဲ့ (၂၂- ၆-၁ဝ) နေ့ အထိ ပါတီများ တည်ထောင်ခွင့် လျှောက်ဖို့ နောက်ဆုံးရက်ကို မကြေညာ သေးပါဘူး။ နောက်ဆုံးရက် ကြေညာရင်လည်း ဒီနေ့ ကြေညာ နက်ဖန်ခါ တန်း လုပ်လို့ မရပါဘူး။ အနည်းဆုံး တပတ်လောက်တော့ ကြေညာရက်နဲ့ ပိတ်ရက် ခွာထားရမှာပါ။ အခုပဲ ဇွန်လ နောက်ဆုံးပတ်ထဲ ရောက်တော့မယ့်ဆဲဆဲမို့ ဒီ တရက် နှစ်ရက် အတွင်း ကြေညာရင် တောင်မှ ဇွန်လကုန် နောက်ဆုံး ဖြစ်မှာပါ။

ဒီတော့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ အရ

၁။ တည်ထောင်ခွင့်ပြုရန် ပြန်ကြားခြင်း (ပုံ စံ-ခ) နဲ့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခြင်း (ပုံ စံ - င) အဆင့် (၂) ဆင့် ကြားထဲ မှာ နည်းဥပဒေ ပုဒ်မ (၇) အရ ရက် ၃ဝ အချိန် ပေးထားပါတယ်။

၂။ မှတ်ပုံတင်ခွင့် ပြုရန် ကော်မရှင်က နည်းဥပဒေ (၉) (၁ဝ) (၁၁)နဲ့ (၁၂) တို့ အရ ဆောင်ရွက်ဖို့ အမြန်ဆုံး လုပ်ရင်တောင်မှ ၇ ရက် ခန့်မှန်းရပါတယ်။

၃။ မှတ်ပုံတင်ခွင့် ရပြီး ပါတီကို ပါတီဝင် အင်အား ၅ဝဝ (သို့မဟုတ်) ၁ဝဝဝ ရအောင် ခွင့်ပြုချိန် ရက်(၉ဝ) ကို နည်းဥပဒေ ၁၃(က) အရ ခွင့် ပြုရပါမယ်။

နောက် ရွေးကောက်ပွဲ နည်းဥပဒေများ အရ-

၎။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ အမည် တင်သွင်းရန် နည်းဥပဒေ ၁၆ (ခ) နောက်ဆုံး နေ့ရက် နဲ့ အချိန် (ကိုယ်စားလှယ်လောင်းများ ပြင်ဆင်ရန် အချိန်ပါ) အနည်းဆုံး ၁၅ ရက်။

၅။ နည်းဥပဒေ (၂၆) အရ ကိုယ်စားလှယ် လောင်းများ၏ တင်သွင်းလွှာများကို စီစစ်ခြင်း နှင့် ( ကန့်ကွက်သူ ရှိပါက ၇ ရက် အတွင်း ပြီးပြတ်အောင် စုံစမ်း စစ်ဆေးခြင်း အပါအဝင်) လက်ခံခြင်း လက်မခံခြင်း အမိန့် ထုတ်ပြန်ရန် အနည်းဆုံး ၁၅ ရက်။

၆။ နည်းဥပဒေ ပုဒ်မ ၃၁ (က) အရ အထက်ပါ ကော်မရှင်ခွဲ၏ အမိန့်အား မကြေနပ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မရှင်ခွဲများသို့ အယူခံခြင်း ၁၅ ရက်။

၇။ နည်းဥပဒေ ပုဒ်မ (၃၂) အရ တိုင်းဒေသကြီး နှင့် ပြည်နယ် ကော်မရှင်ခွဲများက ဆောင်ရွက်ရန် (၇) ရက်နှင့် အယူခံသူထံ ပြန်ကြားရန် ၃ ရက်။ နှစ်ခုပေါင်း ၁ဝ ရက်။

၈။ နည်းဥပဒေ ပုဒ် မ (၃၃) အရ ကိုယ်စားလှယ်လောင်း တစ်ဦးအား တင်သွင်းလွှာ ရုပ်သိမ်းလိုကြောင်း ရုပ်သိမ်းလွှာ တင်ရန် ကန့်သတ်ရက်။ (အတိအကျ ဖော်ပြခြင်း မရှိသဖြင့် ခန့်မှန်းရက် ၇ ရက် )

ဒီတော့ ဒီရက်တွေ ကျော်ပြီးမှ ရွေးကောက်ပွဲဟာ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒီတော့ ဒီရက်တွေကို ပေါင်းကြည့်ရအောင်။
အဆင့်(၁) က၃ဝ ရက်
အဆင့်(၂) က၇ ရက်
အဆင့်(၃) က၉ဝ ရက်
အဆင့်(၄) က၁၅ ရက်
အဆင့်(၅) က၁၅ ရက်
အဆင့်(၆) က၁၅ ရက်
အဆင့်(၇) က၁ဝ ရက်
အဆင့်(၈) က၇ ရက်
----------------------------------------------
ပေါင်း၁၈၉ ရက်
ဟိုကြား ဒီကြား လေလွင့်ရက်၁၁ ရက်
-----------------------------------------------------
စုစုပေါင်း ရက် ၂ဝဝ =၆ လ နှင့် ရက် ၂ဝ
အစပိုင်းက ဖော်ပြခဲ့သလို တည်ထောင်ခွင့် လျှောက်လွှာ ပိတ်နိုင်ချေက ဇွန်လကုန် ဆိုတော့ အဲဒီနောက် ၆လခွဲ ကြာမှ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်ရက် ဖြစ်ပါတယ်။ ဒီရက်တွေကို ကော်မရှင်ဟာ တွက်ချက်ပြီးမှ ရွေးကောက်ပွဲရက်ကို ကြေညာရမှာ ဖြစ်တော့ ဇွန်လ ကုန်ပြီးနောက် ၆ လခွဲဟာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလထဲ ရောက်သွားပါပြီ။

၂ဝ၁ဝ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ် ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ စကား တည်အောင် ဆိုရင်တော့ ပါတီ တည်ထောင်ခွင့် ပြုရန် လျှောက်ထားဖို့ နောက်ဆုံးရက်ကိုလည်း အမြန်ဆုံး ကြေညာ၊ ဟိုကြားသည်ကြား လေလွှင့်ရက်တွေလည်း နည်းနိုင်သမျှ နည်းအောင် လုပ်ပါမှ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့သာပဲ အစောဆုံး ရွေး ကောက်ပွဲ ကျင်းပမယ့် နေ့ရက် ဖြစ်နိုင်ပါတယ်။ ။

source by : မိုးမခ

1 comments:

Unknown said...

ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကြီးကို လုံးဝ အရေးမစိုက်ဘဲ “အခု ရွေးကောက်ပွဲလည်း ပြီးသွားပြီ ဆိုတော့ နျူ စီမံကိန်းကြီးကို ဆက် အကောင် အထည် ဖော်ဖို့ပဲ လိုတော့တယ်” ဟု အားပါးတရ ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဗျာ။ ဘယ်လို။ ဘယ်တုန်းက ရွေးကောက်ပွဲ လုပ်လိုက်တာလဲ။ မဟုတ်တာဗျာ။ ကျင်းပမယ့်ရက်တောင် မကြေညာရ သေးဘဲနဲ့။

ချိုကုပ်။ ။ သြော် … ပြီးပါပြီဆိုဗျာ။ ခင်ဗျားကို ကျုပ်က ခင်လို့ပြောပြတာ။

ရုက္ခစိုး။ ။ လာမရွှီးပါနဲ့ဗျာ။ အခုမှ တချို့ပါတီတွေ စည်းရုံးရေး ဆင်းမလို့ လုပ်တုန်းရှိသေးတယ်။ တချို့ဆို ပိုက်ဆံမရှိလို့ ဘယ်က ဘယ်လို ဘာစလုပ်ရမှန်းတောင် မသိသေးဘူး။

ချိုကုပ်။ ။ ပြီးနေပါပြီဆိုဗျာ။

ရုက္ခစိုး။ ။ မဟုတ်သေးပါဘူး။ အခုမှ မဲ ဘယ်လို ထည့်ရတယ် ဘာညာ သရုပ်ပြ လုပ်ပြနေတာဆို။ ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲက ပြီးသွားတာလဲ။

ချိုကုပ်။ ။ ဒါကတော့ မျောက်ပြဆန်တောင်း … အဲ … အဲ … ရွေးကောက်ပွဲကို ပြပြီး ပိုက်ဆံတောင်းမယ်သူတွေ တောင်းလို့ ကောင်းအောင် အပြလေး လုပ်ပေးထားတာ။ တကယ်က လုံး … ဝ …ပွဲ ပြီးသွားပြီ။ ပြီးသွားလို့ အခု ကျုပ်တောင် ထမင်းကြမ်းလေး ယပ်ခပ်စားပြီး ဘောပွဲအေးအေး ဆေးဆေး ကြည့်နေတာလေ။

ရုက္ခစိုး။ ။ တကယ်ပြီးသွားပြီလား။

ချိုကုပ်။ ။ တကယ်ပါဆို ...။ ကြံ့ဖွံ့က မဲရုံဆောက်မယ်၊ ကြံ့ဖွံ့ပါတီက ဝင်ပြိုင်မယ်၊ မဲရုံစောင့်မယ်သူကလည်း ကြံ့ဖွံ့ပဲ၊ မဲ ရေတာလည်း ကြံ့ဖွံ့ပဲ၊ ရွေးကောက်ပွဲ ကော်မရှင်မှာလည်း ကြံ့ဖွံ့က ထည့်ထားတဲ့ သူတွေ ချည်းပဲ။ ကြံ့ဖွံ့ဆိုတာကလည်း စစ်သားက လူဝတ်လဲထားတာတွေ ချည်းပဲ။ အဲဒီတော့ ရွေးကောက်ပွဲ ပြီးပြီပေါ့။

 
----------------------------------------- */ /* EOT ----------------------------------------- */