လူထုခေါင်းဆောင်၏ မွေးနေ့ အထမ်းအမှတ်သွေးလှူပွဲ
(၁၉.၆.၂၀၁၀)ရက်နေ့ တွင်ကျရောက်သောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက်မွေးနေ့ အထိမ်း အမှတ် အဖြစ်ရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့်  ကျောင်းသားလူငယ် စုစုပေါင်း(၆၅)ကစုပေါင်း၍ သွေးလှူဒါန်းခြင်း ကို ရန်ကုန်မြို့ပေါ်ရှိဆေးရုံအသီးသီးတွင်နေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အာဏာပိုင်များ၏စောင့်ကြည့်နှောက်ယှက်မှုများရှိသည့်အတွက်ကြောင့်တနေရာထဲတွင် သွေးလှူဒါန်းခြင်းမပြုနိုင်ပဲ ယခုကဲ့သို့ နေရာခွဲ၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းသွေးလှူဒါန်းခဲ့ရာတွင်ကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့ သူကျောင်းသားလူငယ်တစ်ဦးက ပြောကြားခဲ့ သည်။
(”လူထုခေါင်းဆောင်အမေစုတိုင်းပြည်နဲ့ လူမျိုးအပေါ်မှာပေးဆပ်မှုနဲ့ စာရင်ကျွန်တော်တို့ ဖောက်ထုတ်ခဲ့ တဲ့ သွေးတွေက ဘာမှ မပြောပလောက်ပါဘူး၊ အမေ့ ရဲ့ ပေးဆပ်မှုတွေကိုတန်ဖိုးထားလေးစားတဲ့ အနေနဲ့ ကျွန်တော်တို့ ပေးဆပ်နိုင်သလောက် လေးပြန်လည် ပေးဆပ်တာပါ၊ သွေးလှူနေတဲ့ ကျွန်တော့် ကုတင်ဘေးမှာ အမေကိုယ်တိုင်ရပ်ပြီးပီတိအပြုံးနဲ့ အားပေးနေတယ်လို့ စိတ်ထဲက မြင် ယောင်ပြီးကြည်နူးမိပါတယ်၊နောင်နှစ်နောင်နှစ်တွေမှာမွေးနေ့ ရှင်ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်တဲ့ မွေးနေ့ ဖြစ်ပါစေလို့ လဲကျွန်တော်တို့ ကျောင်းသားလူငယ်တွေကပြည်သူတရပ်လုံးကိုယ်စားဆုတောင်းပေးပါ တယ်”ဟုအထက်ပါ ကျောင်းသားလူငယ်မှ ဆက်လက် ပြောကြား သွားပါသည်။
မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ
Wednesday, June 23, 2010
သာဓု သာ ခေါ်လှဲ့ ပါ အမေ..
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment