“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 25, 2010

ရေဘေးဒဏ်ခံ ရခိုင်ဒေသ အကူအညီများ လိုအပ်နေ

ဧရာဝတီ Thursday, June 24, 2010
ရခိုင် ပြည်နယ်တွင် လူ ၆၀ ကျော် သေဆုံးခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုခြင်းများ ဖြစ်ပွားပြီးနောက် လူပေါင်း ထောင်နှင့်ချီ ပျောက်ဆုံးကာ အိမ်ခြေ အဆောက်အအုံ သိန်းချီ ပျက်စီးသွားသည့် အတွက် ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

[ဘူးသီးတောင် မြို့နယ် အတွင်းမှ မြေပြိုနေသည့် နေရာတခု (ဓာတ်ပုံ - ဧရာဝတီ)]


ဘူးသီးတောင် မြို့နယ် အတွင်းမှ မြေပြိုနေသည့် နေရာတခု (ဓာတ်ပုံ - ဧရာဝတီ)
ခန့်မှန်းခြေ မိသားစုပေါင်း ၂၇၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး ကယ်ဆယ်ရေး ပစ္စည်းများ အကူအညီ လိုအပ်နေ သည်ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများက ထုတ်ပြန် ပြောကြားသည်။

“အိမ်တွေက တောင်စောင်းနဲ့ တောင်ခြေ တွေမှာ ဆောက်လုပ် ထားတဲ့ အတွက်ကြောင့် များသောအားဖြင့် လူတွေ သေကြတာ များတယ်။ ပြီးတော့ သူတို့ အိမ်တော်တော် များများကလည်း ရွှံ့နံရံတွေ၊ ၀ါးတွေ၊ အမိုးတွေက သက်ကယ်တွေနဲ့ လုပ်ထားကြ တာ”ဟု ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ ဒုတိယ ကိုယ်စားလှယ် Sanaka Samarasinha က ဧရာဝတီသို့ ပြောသည်။

ဇွန်လ ၁၃ ရက် မှ ၁၅ ရက်အတွင်း မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်များ အပါ အ၀င် ရခိုင်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်ကာ မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၁ ရက်နေ့အထိ တရားဝင် ထုတ်ပြန်ချက်များအရ လူအသေ အပျောက် ၆၃ ဦးရှိပြီး ထို့ထက် ပိုမို များပြားလာဖွယ်
ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် အိုးအိမ်နှင့် အဆောက်အအုံ ၅ သိန်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၆၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း Japan International Cooperation Agency (JICA) အဖွဲ့က ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စင်ကာပူရှိ JICA ထောက်ပံ့ရေး ဌာနက ရေဘေး ဒုက္ခသည်များကို ယာယီတဲများ အပါအ၀င် ရေသန့်စင်စက်၊ ရေတိုင်ကီများ နှင့် မီးစက်များကို ပေးပို့ကြောင်း သိရသည်။

ထို့အပြင် ဂျပန်အစိုးရကလည်း ရေဘေး ဒုက္ခသည်များကို ကူညီရန် ဂျပန် ယန်းငွေ တသန်း ထောက်ပံ့ပေးသွားမည်ဟု ဆို သည်။

ရန်ကုန် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် တခြားသော နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့ အစည်းများသည် မြန်မာအစိုးရနှင့် ပူးတွဲ၍ ရေဘေး ဒုက္ခသည်များကို ကူညီနေသည်ဟု အဆိုပါရုံးမှ တာဝန်ခံ တဦးက ပြောသည်။

ရေကျသွားပြီ ဖြစ်သော်လည်း အဆိုးရွားဆုံး ဒဏ်ခံခဲ့ရသည့် ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များတွင် ရေဘေး ဒုက္ခသည်များအနေဖြင့် ပြန်လည် အခြေချရန် စိုးရိမ်ရသော အခြေအနေတွင် ရှိသေးကြောင်း Sanaka Samarasinha က ပြောသည်။

“ရေကြီးတဲ့ အချိန်မှာ အိမ်ထဲကို ရွှံ့တွေဝင်တယ်။ အိမ်ရဲ့ ကြမ်းပြင်တွေဟာ နေထိုင်လို့ မရအောင် ရွှံ့တွေနဲ့ ပြည့်သိပ်နေပြီ။ အဲဒီ ကိစ္စကို ဖြေရှင်းဖို့ အဖွဲ့အစည်း တော်တော်များများက စဉ်စားနေကြတယ်”ဟု Sanaka Samarasinha က ပြောဆိုသည်။

ရေကြီးမှုနှင့် မြေပြိုများကြောင့် တံတားများ၊ လမ်းများသာမက ခြေကျင်လူသွားလမ်းများပါ ပျက်စီးကုန်ပြီး ကူညီကယ်ဆယ်ရေး အဖွဲ့များမှာ ရေဘေး ဒုက္ခသည်များထံ ရောက်ရှိရန် ခက်ခဲနေကြောင်းလည်း သိရသည်။

ဘူးသီးတောင်နှင့် မောင်းတောကြား လမ်းမကြီးကို အစိုးရက ပြင်ဆင်နေသည်ဟု သတင်းရရှိသည်။ ဘူးသီးတောင်တွင် စာသင်ကျောင်း ၄၀ မှာလည်း ရေဘေးကြောင့် ပျက်စီးသွားသည်။

ရေကြီးသည့် ကာလ အတွင်း အစာရေစာ ပြတ်လပ်ကုန်သဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ရေဘေးဒုက္ခသည် များကို ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိသည့် အစားအသောက်များ ဖြန့်ဝေပေးလျှက်ရှိသည်။ WFP က စားနပ်ရိက္ခာ တန်ချိန် ၁၀၇၉ တန်ကို ရေဘေးဒုက္ခသည် မိသားစုများထံ ဖြန့်ဝေ သွားရန် စီစဉ်ထားပြီး လတ်တလောတွင် စားနပ်ရိက္ခာ တန်ချိန် ၄၀၀ ကို ဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။

ယင်း ဒေသသို့ သွားရောက်ခဲ့သော ဆွီဒင်အစိုးရ၏ နိုင်ငံရေး အတိုင်ပင်ခံ Liselott Agerlid ဆိုသူ အမျိုးသမီးက အိမ် အများ အပြားမှာ ရွှံ့နှင့် မြေကြီးအောက်တွင် ရောက်ရှိသွားကြောင်း၊ မိသားစုများ အစုလိုက် အပြုံလိုက် သေနေသည်ကို တွေ့ခဲ့ရပြီး ထောင်နှင့်ချီသော လူများ ထွက်ပြေးနေကြသည်ကို တွေ့ခဲ့ရကြောင်း ပြောသည်။

“ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်တွေကို စွန့်ပစ်သွားခဲ့ကြရတယ်။ ရေတွင်း ရေကန်တွေက ရွှံ့တွေ အနည်တွေနဲ့ ပြည့်နေပြီး တော့ စပါးတွေလည်း ပျက်စီးကုန်တယ်”ဟု Liselott Agerlid က ပြောပြသည်။

ရေတွင်းရေကန်များကို သန့်ရှင်းပေးရန်နှင့် လယ်သမားများ ဆုံးရှုံးသွားသော မျိုးစပါးများကို ပြန်လည် ဖြည့်ဆည်းပေးနိုင်ရန် ကုလသမဂ္ဂမှ တာဝန်ရှိသူများက အလေးပေး ပြောကြားထားသည်။

“ရှေ့လာမယ့် သတင်းပတ် ၃-၄ ပတ် အတွင်းမှာ ကျနော်တို့ အနေနဲ့ လယ်သမားတွေကို မျိုးစပါးတွေ ပြန်လည် မပေးနိုင်ဘူး ဆိုရင် ဒီရာသီမှာ လယ်သမားတွေ ဘာမှ စိုက်ပျိုးနိုင်မှာ မဟုတ်ဘူး” ဟု ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ဆိုသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */