“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 28, 2010

ဗမာပြည်အတွက် ဘာမှ အကျိုးမရှိတဲ့  လောဘသားများ ( မိုးမခ မှ)

Sunday, 27 June 2010
ဗိုလ်ချုပ်ကြီးတို့၏ ချင်းတွင်းမြစ် ရွှေတူးဖော်ရေးလုပ်ငန်း အကျိုးအမြတ် များပြား
မိုးမခအထောက်တော်၊ ရန်ကုန်
ဇွန် ၂၇၊ ၂ဝ၁ဝ နာမည်ကျော် သူဌေးကြီး ဦးတေဇ ပိုင်ဆိုင်သည့် ထူးကုမ္ပဏီ၏ လုပ်ကွက်များကို ချင်းတွင်းမြစ်ရှိ ရိုးလာရွှေမှော်တွင် တွေ့နိုင်သည်။ (ဓာတ်ပုံများ-ချင်းတွင်းနတ်သမီး)

ဗိုလ်ချုပ်ကြီးတို့၏ သားသမီးများ၊ နီးစပ်သူများ ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် ချင်းတွင်းမြစ်တလျှောက် ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် အကျိုးအမြတ် ကြီးစွာ ရရှိနေကြောင်း သိရသည်။

ကိုယ်တိုင် ရွှေတူးဖော်ခြင်း မပြုဘဲ ရွှေတူးလိုသူ ဒေသခံ လုပ်ငန်းရှင်အသေးစားများထံမှ လစဉ်ကြေး ကောက်ခံနေခြင်းဖြစ်သည်။

လုပ်ငန်းရှင်များက ဗိုလ်ချုပ်ကြီးတို့၏ကုမ္ပဏီများကို တလလျှင် ရွှေ ၅ ကျပ်သားခန့် ပေးပြီး ၀င်ရောက် လုပ်ကိုင်ကြသည်။ သို့သော်လည်း လုပ်ငန်းရှင်တိုင်း အဆင်ပြေကြသည်မဟုတ်ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

“တချို့လည်း ရကြပြီး၊ တချို့လည်း မရကြပါဘူး။ အခွန် မဆောင်နိုင်ရင် ကိုယ့်မော်တော်ကို ဘေးကပ်။ တရက် အဲဒီထဲ ၀င်လုပ်တာနဲ့ တလစာ အခွန် ဆောင်ရတော့တာပါပဲ။ ဒါတောင် အလုပ်သမားခ၊ ဆီဘိုး မပါဘူးနော ... တနေ့ ကုန်ကျစရိတ်ဟာ ၂ သိန်းခွဲကနေ ၃ သိန်းကြားမှာ ရှိတယ်” ဟု သူက ရှင်းပြသည်။

ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေး အကြီးအကျယ် လုပ်ကိုင်နေကြသောကြောင့် သဘာဝ ငါးမျိုးစိတ်များ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေကြောင်း၊ သဘာဝ ပတ်ဝန်းကျင်လည်း ပြောင်းလဲ ပျက်စီးနေကြောင်း ဒေသခံများထံမှ သိရသည်။

မုံရွာ၊ မော်လိုက်၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စသည့် ဒေသများက ချင်းတွင်းမြစ်ရေကို သောက်သုံးရေအတွက် သာမက ဆက်သွယ် သွားလာရေး အတွက်ပါ အသုံးပြုနေကြသည်။ ခေတ်ပေါ် နည်းပညာများဖြင့် ရွှေ အကြီးအကျယ် တူးဖော်နေသဖြင့် မြစ်ရေလည်း ကြည်လင်မှု မရှိတော့ပေ။

ရွှေတူးဖော်မှုကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြခြင်း ဖြစ်သော်လည်း ဒေသခံများက မိသားစု စားဝတ်နေရေးအတွက် လက်မှုပစ္စည်းများဖြင့် ရွှေကို ကျင်ယူကြခြင်း ဖြစ်သည်။

ယခုအခါ ထိုသို့ မဟုတ်ဘဲ ချင်းတွင်းမြစ်တလျှောက်တွင် မော်တော်များ တန်းစီပြီး ဗြုံးစုပ်ယူကာ ရွှေထုတ်လုပ်နေကြခြင်း ဖြစ်သည်။


မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ အားကောင်းခြင်း မရှိသောကြောင့်လည်း ချင်းတွင်းမြစ်အတွင်းမှ လုပ်ငန်းကြီးများနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများ ထွက်ပေါ်မလာသေးပေ။


ကလေးဝမြို့ အထက်ဘက် မော်လိုက်မြို့နယ်တွင် ရှိသော သငါရွာ ရွှေမျော။ အကြီးအကျယ် လုပ်ကိုင်နေသော ရွှေတူးဖော်မှုများကြောင့် ချင်းတွင်းမြစ်၏ အနာဂတ်ကို စိုးရိမ်ကြောင်း ဒေသခံ တချို့က ဆိုကြသည် ချင်းတွင်းမြစ်ဘေးမှ ထူးကုမ္ပဏီ ရုံးခန်း

တရားဝင် တူးဖော်ခွင့်ကို ဒေသခံ လုပ်ငန်းရှင်များက မရရှိဘဲ ဗိုလ်ချုပ်များနှင့် နီးစပ်သည့် ကုမ္ပဏီကြီးများကသာ ရရှိကြသည်

ချင်းတွင်းမြစ်အတွင်း အကြီးအကျယ် လုပ်ကိုင်နေသော ရွှေမျောတိုက်လုပ်ငန်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများသို့ အနယ်နယ်မှ အလုပ်သမားများ၊ ဈေးသည်များ ရောက်ရှိနေကြသည်

လုပ်ငန်းရှင်က ပစ္စည်းကရိယာများ၊ အသုံးစရိတ်များ၊ အလုပ်သမား လစာများ၊ သိန်း ၄၀ ၀န်းကျင်ခန့် တန်သည့် စက်လှေဖိုး စသည်တို့အတွက် ကုန်ကျရမည် ဖြစ်သောကြောင့် သိန်း တရာကျော် ရှိမှ လုပ်ငန်း အစပြုနိုင်မည် ဖြစ်သည်

ရွှေမှော်ထဲမှ အလုပ်သမားများ အစုအဆောင်း ကောင်းပါက တလအတွင်း ငွေ သိန်းဂဏန်းပိုက်ပြီး အိမ်ပြန်နိုင်သည်

ဖျားနာသောကြောင့် လည်းကောင်း၊ အပျော်အပါး လောင်းကစားများကြောင့် လည်းကောင်း စုထားသော ငွေများ ကုန်သွားသူများလည်း ရှိသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */