“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, June 29, 2010

“ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်ပါ” ဆန်မှုန့် ရောင်ဆင်မ သန်းရွှေခွတော်မူပါတော့မယ် ခင်မျ

မောင်တောတွင် ဆင်ဖြူတကောင် ဖမ်းမိ
ခိုင်စု | အင်္ဂါနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၀၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆင်ဖြူပေါ်လျှင် နိမိတ်ကောင်းသည်ဟု မှတ်ယူသည့် စစ်အစိုးရအတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အဖြူရောင်အဆင်းရှိ ဆင်မတကောင်ကို ဒေသအာဏာပိုင်များက ယခုလ ၂၆ ရက်နေ့တွင် ဖမ်းဆီးရမိလိုက်သည်။

မောင်တောမြို့အနောက်ဘက် ၁၂ နှစ်မိုင်ခန့်ရှိ ဖက်ဝန်းချောင်းရွာအနီး တောင်တန်းပေါ်၌ အခြားတောဆင် ၄ ကောင်နှင့် သွားလာနေစဉ် ဆင်ရှာဖွေရေးအဖွဲ့များက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဘူးသီးတောင် အခြေစိုက် စကခ (စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်) ဗျူဟာမှူးနဲ့ နေပြည်တော် နယ်စပ်ဒေသ စစ်ဆေးရေးနဲ့ ကွပ်ကဲရေးဌာန (နစက) ညွှန်ချုပ် ဗိုလ်ချုပ်မောင်မောင်အေး ဦးစီးပြီး ဆင်ဖြူလိုက်နေတာ။ ၄ ရက်လောက်အကြာမှာ ဖမ်းမိတာပါ။ ဆင်ရှာအဖွဲ့က မေ့ဆေးသေနတ်နဲ့ ပစ်ဖမ်းတယ်လေ” ဟု မောင်တောအခြေစိုက် (နစက) နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သွားရောက်ကြည့်ရှုခဲ့သူ မောင်တောမြို့ခံတဦးက “ဖြူဖွေးနေတယ်လို့တော့ ပြောလို့မရဘူး။ ဆန်မှုန့်ရောင်ပါ” ဟု ပြောသည်။

ယင်းဆင်ဖြူကို ယခုလ ၁၄ ရက်နေ့တွင် မောင်တောမြို့နယ် ဖက်ဝန်းချောင်ရွာအနီး၌ ရွာသားများက တွေ့ရှိခဲ့ရာ အာဏာပိုင်များထံ သတင်းပေးပို့ခဲ့ပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း နစကနှင့် နီးစပ်သူက ပြောသည်။

စစ်အစိုးရထုတ် ယမန်နေ့ ကြေးမုံသတင်းစာထဲတွင်လည်း ဒေသခံပြည်သူတို့၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာ ဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ယခုလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ဆင်ဖြူတော်တစီး ဖမ်းဆီးရမိကြောင်းနှင့် အသက် ၃၈ နှစ်ခန့်ရှိ ဆင်မဖြစ်ပြီး အရပ် ၇ ပေ ၄ လက္မရှိကာ လုံးပတ်မှာ ၁ဝ ပေ ၁၁ လက္မရှိကြောင်း ဖော်ပြထားသည်။

ယခုလ ၂၃ ရက်နေ့မှ စတင်ကာ ဘူးသီးတောင်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၇၆ နှင့် မောင်တောမြို့ ၄ မိုင်အခြေစိုက် လုံထိန်းတပ်ရင်း ၂ ရင်းမှ တပ်သားအင်အား ၇ဝဝ ခန့်အား နေပြည်တော်မှ နစက ညွှန်ချုပ် ဗိုလ်ချုပ် မောင်မောင်အေးနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ) ၁၅ ဗျူဟာမှူးတို့က မောင်တော နစက ဌာနချုပ်မှနေ၍ ဦးစီးကွပ်ကဲပြီး စစ်ဆင်ရေးတရပ်အနေဖြင့် ဆင်ဖြူတော်ရှာဖွေရေး ပြုလုပ်နေစဉ် ယခုလို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဆင်ဖြူမအား မောင်တောမြို့နယ် ဖါးဝပ်ချောင်းရွာ ဘုန်းကြီးကျောင်း၌ ထားရှိပြီး သစ်တောရဲက အနီးကပ် စောင့်ရှောက်ကာ နစက၊ စစ်တပ်နှင့် လုံထိန်းတပ်သားများက လုံခြုံရေးယူထားသည်။ ယခုလ ၂၆ ရက်နေ့၌ပင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သေးသည်။

၂ဝဝ၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မောင်တောခရိုင် မယူတောင်တန်း၌ ဆင်ဖြူတကောင်နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မောင်တောမြို့နယ်၌ ဆင်ဖြူတကောင်စီ တွေ့ရှိခဲ့သေးကြောင်း နယ်စပ်သတင်းများ ပေါ်ထွက်ခဲ့သေးသည်။

မယူတောင်တန်းမှ ဆင်ဖြူကိုမူ ထိုစဉ်က စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ရန်ကုန် အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော်တွင် ရတနာဆင်ဖြူတော် အမည်ရှိ ဥယျာဉ်တခု တည်ဆောက်ပေးကာ ထားရှိခဲ့သည်။

ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ခံယူခြင်း၊ မင်းကောင်းမင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ကာ ဆင်ဖြူပေါ်လျှင် ၎င်းတို့အတွက် အတိတ်နိမိတ်ကောင်းအဖြစ် စွဲလန်းမှုများ ရှိခဲ့သလို လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်ပါ ထိုသို့သော စွဲလန်းမှုမျိုး ရှိနေကြောင်း လေ့လာသူများက ပြောဆိုလေ့ရှိသည်။

သို့သော်လည်း ယခု ဆင်ဖြူဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ ဒေသခံများအကြား စိတ်ဝင်စားမှု မရှိကြောင်း မောင်တောမှ သံဃာတော် တပါးက မဇ္ဈိမကို မိန့်သည်။

ဦးဇင်းက “ဆင်ဖြူဆိုပေမယ့် ဖွေးဖွေးဆွတ်ဖြူနေတဲ့ ဆင်မျိုးတွေ မဟုတ်ဘူးလေ။ အရင်တုန်းကရတဲ့ ဆင်တွေလည်း ကြီးလာတော့ တဖြည်းဖြည်းနဲ့ မည်းလာတာပဲ။ အဲဒီအတွက် ပြည်သူတွေကလည်း သိပ်ပြီးတော့ စိတ်ဝင်စားမှု မရှိတော့ဘူး” ဟု ဆိုသည်။

၂ဝဝ၅ ခုနှစ်အတွင်းက ကွယ်လွန်ခဲ့သည့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း (၈၂ နှစ်) ကလည်း ဆင်ကို ဖြူသည်ဖြစ်စေ၊ မည်းသည်ဖြစ်စေ တိရစ္ဆာန်ပင်ဖြစ်သဖြင့် ရှစ်မခိုးအပ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

(အချက်အလက်အချို့အား ငြိမ်းချမ်း ပေးပို့သည်။)Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */