“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, June 21, 2010

ဆင်ခြေထောက်ရောဂါ, ခြင်ပေါတဲ့ မြန်မာ


မြန်မာနိုင်ငံမှာမိုးရာသီရောက်လာပြီမို့  ခြင်တွေပွားများလာနေတာကို ဂျာနယ်တွေမှာ ခြင်ဆးခွေ ကြော်ငြာတွေကြည့်ရင် သိသာနေပါပြီ ။ တကယ်တော့ ခြင်ဆေးခွေဆိုတာနိုင်ငံတော်အတွက်လဲ ငွေ ယိုပေါက်ကြီးတခုဖြစ်သလို မိသားစုတွေအတွက်လဲ ငွေကုန်ပေါက် ကြီး ဖြစ်တဲ့အ ပြင်အပြင်ဒီဆေးခွေတွေကြောင်မီးအန္တရာယ် ၊ကျန်းမာရေး ပြသနာတွေကလဲ မသေးလှဘူး ။ ဒါကြောင့်ဒီဆောင်းပါးလေးကိုရေးလိုက်ပါတယ် ။

ဒီဆောင်းပါးထဲမှာပါတဲ့အချက်တချို့ဟာသိပ္ပံပညာရှင်တွေသတိမထားမိသေးတာလေးတွေလဲပါနေပါတယ် ။ ကျနော် က စနစ်တကြလေ့လာထားတာမဟုတ်ဘဲတွေ့မိ ကြုံမိတာလေးတွေ ရေးထားရတာလေးဘဲရှိပါတယ် ။ မပြည့်စုံနိင်ပါ ။ အားလုံး ကိုယ်စီ လေ့လာကြမယ်ဆိုရင်ကျနော်တို့ မသိတာလေးတွေ ပိုသိလာရင် မြန်မာနိင်ငံသားတွေကို တချိန်လုံးဒုက္ခပေးလာတဲ့ ဒီခြင်တွေကို အမြစ်ပြတ်အောင် လုပ်နိုင်မဲ့နည်းလမ်းတွေ ပေါ်လာနိင်ပါတယ် ။ ပေါ်လာမယ်လို့  ထင်မိပါတယ် ။

ဒီတွေ့ ရှိချက်တွေကထောင်ထဲမှာ တွေ့ ရှိခဲ့ရတာတွေပါ ။ ကျနော် ထောင်ကျတော့ဒီလိုမိုးဦိးကျဖြစ်တဲ့အ ပြင်တိုက်ခန်းထဲ မှာခြင်ထောင် ကလဲ အသုံးပြုခွင့် လုံးဝမရှိပါဘူး ။ ခြင်တွေကလဲ တညလုံးကိုက်ပြီးတာတောင် မနက်ပိုင်းထိအခန်းနံရံတွေမှာ ခိုကပ်နေတဲ့အကောင် ကိုက တမနက်ကိုအကောင် ၈၀၀ ကနေ ၁၅၀၀ အထိရှိတာ ။ ( အားနေတာနဲ့ ကြိုးစားဖမ်း ပြီိးရေတွက်ကြည့်တာပါ ။)

တိုက်ခန်းမှာကသံတခါးကိုသော့ခတ်ပြီးးရင်သောက်ရေအိုးနဲ့ ပိတ်ထားတာ ။ တညတော့ ပူလွန်းတာနဲ့ ဝန်ထမ်းမသိအောင်ရေသန့် ပုလင်းထဲ ရေကိုခိုးထဲ့ပြီးအခန်းကွယ်မှာ မတ်တပ်ရပ် ရေလောင်းချိုးတော့ အိုးထဲ ရေနည်းနည်းဘဲကျန်ပါတော့တယ် ။ မနက်ကျတော့ အိုးကိုထိလိုက်တာနဲ့ ခြင်ကောင်တွေက( ဟူ ) အသံမြည်ပြီးအများကြိးပျံထွက်သွားတာ သတိထားမိလိုက်တယ် ။ ခြင်တွေက တညလုံး ကိုက်ခြင်တိုင်းကိုက်ပြိးအလင်းရောင်လာတာနဲ့ အခန်းထဲက ပြန်အထွက်မှာရေအိုးထဲ ၀င်ခိုအောင်းနေတာကိုး ။

နောက်နေ့ တော့ ဒီခြင်တွေဖမ်းမယ် ဆိုပြီးရေအိုးကိုအ၀တ်အစအနက်ရောင်နဲ့  တ၀က်ဖုံးထားလိုက်တယ် ။ ရေလဲ မနေ့ ကအတိုင်းသုံးပုံ တပုံလောက်ဘဲချန်ထားလိုက်တယ် ။ ပြီိးတော့ ( အသာလေး ) အိုးနားကပ်ပြီးအ၀တ်စလေးကိုအိုးကိုလုံးဝဖုံးအုပ်လိုက်ပါတယ် ။ ပြီိးတော့ အ၀တ်အောက်ကို လက်လျှို နှိုက်ပြီးရေတွေကိုဘောင်ဘင်ခတ်အောင် လက်နဲ့ လှုပ်လိုက်တဲ့အခါခြင်ကောင်တွေ ရေမျက်နာပြင်ပေါ် ကပ်သွားပါတော့တယ် ။

အဲဒီမှာ ခြင်ကောင်တွေကိုဇွန်းကလေးနဲ့ ခပ်ပြီး ရေတွက်ကြည့်တာ လားလား တညတည ကို ကိုယ့်လာပြီးပွဲတော်တည်နေတဲ့ ခြင်အကောင်က၁၅၀၀ ကနေ ၂၀၀၀ လောက် များတာပါလားလို့ ။ နေ့ တိုင်းရေတွက်တာ ။ နောက်တော့ ဘေးအခန်းတွေကပါ လိုက်လုပ်လါကြတာခြင်အကောင်အရေအတွက်က၁၂၀၊၁၈၀ ကနေ နောက်ဆုံးဆယ်ဂဏန်းအထိ ကျဆင်းသွားတယ် ။

တခါ ဒါကျနော် တို့ တိုက် ( ၁ ) တိုက်မှာလျှော့သွားတာနော် ။ ကျနော်တို့ တိုက်နဲ့  အကွာအဝေး ပေ ၅၀- လောက်မှာ ( ၂ ) တိုက်ပေ ၂၀၀ ကျော် လောက်မှာ ( ၃ ) တိုက် ရှိတာ ။ အဲဒီတိုက်တွေမှာ ခြင်တွေက သောင်းကျန်းမြဲ သောင်းကျန်းနေတုံး ။ ဘာကို သတိထားမိသလဲဆိုတော့ ခြင်ကောင်ဆိုတာသိပ်ဝေးဝေးမသွားဘူးဆိုတာ သိလာပါတယ် ။ နောက် တခြားတိုက်တွေကိုပြောပြတော့ လိုက်မလုပ်ကြဘူး ။
ထောင်ထဲရောက်ပြီးလေးလလောက်အရမှာကပ်ပယ်အိတ် ( ဝှေးစေ့ ) ယောင်ပြီးအောင့်လာပါတယ် ( ဆင်ခြေတောက်ပိုးကြောင့် epiditimitis @ orchitis ) ။ ဆရာဝန်ကိုပြတော့ထောင် မှာတာဝန်ကျတဲ့ဆရာဝန်တွေဟာဘယ်လောက် ခြာသလဲဆိုတော့ ။ ( ဒါထောင်ကျသူတိုင်းဖြစ်လေ့ရှိတဲ့အိမ်သတိရရောဂါ ဆိုပြီး ) မဟုတ်တရုပ်တွေ ပြောတယ် ။ ဆေးလက်မှတ်တောင်း တာတောင်မပေးဘူး ။ နောက်တခြားသူတဦိးနံမည်နဲ့ ဆေးလက်မှတ်တောင်းသောက်ရမှ သက်သာလာတယ် ။

တခါထောင်ကလွှတ်တော့လူမှုရေးလုပ်ရင်းမြန်မာနိင်ငံရဲ့ ခြင်အများဆုံးမြို့ ဖြစ်တဲ့ မအူပင်ဘက်ရောက်တော့လူငယ်လေးတွေ အူကျလို့ ဆိုပြီးခွဲကုနေကြတာ တော်တော်များနေတာတွေ့ ရပြီးထပ်ကာထပ်ကာပြန်ဖြစ်နေလို့  ကျနော့် ကိုတိုင်ပင်လို့ စမ်းသပ်ကြည့်တော့ ခြင်ကြောင့်ဖြစ်တဲ့ ဆင်ခြေတောက်ပိုး ၀င်လို့ ဖြစ်တဲ့ ဝှေးစေ့ ယောင်ရောဂါဖြစ်နေကြတာတွေ့ ရတယ် ။ ဒါနဲ့  ဆေးညွှန်းလိုက်တော့ သက်လဲသက်သာရေရှည်မှာ ပြန်မဖြစ်ကြတော့ဘူး ။ ခွဲ စရာမလိုတော့ဘူး ။

ဒါကိုခွဲစိတ်ဆရာဝန်တွေကငွေရပေါက်တခုထဲကြည့်ပြီးလွယ်လွယ်ခွဲပေးကြတော့အရင်းခံ ဆင်ခြေတောက်ပိုး.Filaria ပိုးကိုမသတ်တော့ခြွဲပီိးမကြာဘူး ပြန်ဖြစ်ကြတာတွေ့နေရတယ် ။ ဒီနေရာမှာဆင်ခြေတောက်ကြောင့်ဖြစ်ရင်ဝှေးစေ့ အထက်မှာကို အကြောက ထုံးနေသလို ထူနေတယ် ။ နာတယ် ။ အနာက အဲဒီ အထက်မှာ ပိုနေတာ သတိထားစေချင်ပါတယ် ။ တခြား ရောဂါတွေလဲ ဆင်တူရိုးမားတွေရှိပါတယ် ။ ခက်တာက.ကျနော်တို့ ဆေးကျောင်း သင်ရိုးညွှန်းတမ်းစာအုပ်တွေကဖွံ့ ဖြိုးပြိးနိုင်ငံတွေက စာအုပ်တွေဆိုတော့အဲဒီစာအုပ်တွေမှာဆင်ခြေတောက်ပိုးအကြောင်းတောင်မပါတော့ မသိကြဘူး ။ ဒါတွေက အန္ဒိယ ဆေးကျောင်းစာအုပ်တွေမှာတော့ကောင်းကောင်းပါတယ်

သေခြာတာကတော့ ဆင်ခြေတောက်ပိုးရှိ မရှိ သွေးစစ်လို့ လွယ်ကူတဲ့နည်းတွေရှိနေပါပြီ ။ ၁၉၉၈ -မတိုင်ခင်ကဆိုရင်အထူးသဖြင့် ( မ.ဆ.လ ) ခေတ်ကထည်းကဆင်ခြေတောက်ပိုးသတ်ဆေး ( FILACIDE ) ဟာ အရောင်းထိုင်းဆေးဖြစ်နေလို့  အပြင်မှာ ၁၀၀-ပါတပုလင်းကိုမှ၂.၅၀ ကျပ် လောက်ဘဲရှိပါတယ် ။ ၁၉၉၈ -ခုနစ်မှာကုလသမဂ္ဂမှ ခြင်အလွန်နည်းသောရွှေဘိုမြို့နယ်တွေဘက်မှာ သွေးစစ်ကြည့်တော့ဆင်ခြေတောက်ပိုးရှိနေသူ၁၈-% မကများနေတာ တွေ့ ရတော့မှ အဲဒီဆင်ခြေတောက်ဆေး Filacide ဟာဆေးတပြား၂၅ ပြားလောက်တန်ရာကနေတပြားကို၂၀-ကျပ် အထိကို ခုန်တက်သွားပါတော့တယ် ။ ရှားလဲရှားပါးလာတယ် ။

ဒါနဲ့ ပတ်သက်ပြိး ထူးခြားမှုလေး နှစ်ခုကို သတိပြုမိပါတယ် ။ ၁၉၉၀ ၀န်းကျင်ကမိတ်ဆွေ မိသားစု နှစ်ခုမှာယောက်ကျားလေး နှစ်ယောက်တဦးးက ၃-နစ်အရွယ်တဦးးက၄-နှစ်ကျော်ကျော်တို့  ကပ်ပါယ်အိတ်ယောင်ပြိး နာလို့ ငိုနေကြရပါသည် ။ တခြားဆရာဝန်တွေကပဋိဇီဝဆေးတွေပေးပေမဲ့မသက်သာဘူး။ဆေးထိုးမယ်လုပ်တော့မှ ကျနော်ဆီရောက်လာပါတယ် ။ ကျနော်က ရှင်းပြပြီးဆင်ခြေတောက်ဆေး ပေးလိုက်တော့နှစ်ရက်လောက်နေတော့ယောင်ပြီိး နီရဲ နေတာလေးတွေဟာခရမ်းချဉ်သီး၊သရက်သီး အမှဲ့ လွန်တဲ့အခါအရေခွံလေးတွေရှုံ့တွ သလိုရှုံ့တွ လာပြီးသက်သာလာပါတယ် ။ မနာတော့ မငိုလဲမငိုကြတော့ပါဘူး ။ ကျနော်ကလဲ နိုင်ငံရေးနဲ့ ထောင်ကျသွားလေတော့သူတို့ ဆေးပတ်လည်အောင် သောက်ဘို့ မညွှန်ကြားနိုင်ခဲ့ပါ ။

ဒါပေမဲ့အဲဒီလူငယ်လေး နှစ်ဦးဟာ အခုနည်းနည်းမိန်းမစိတ်ပေါက်နေတာလေးအတွက် သတိထားမိတာလေးကို သတိပေးလိုပါတယ် ။ ဒီအတွက်ကြောင့်ဖြစ်တယ်လို့  ယတိပြတ် မပြောနိင်သလို မဆိုင်ဘူးလို့ လဲ ယတိပြတ် ငြင်းဘို့ ခက်နေပါတယ် ။ တခြား များစွာသော.အကြောင်းရင်းတွေလဲ ရှိပါတယ် ။ တိုက်ဆိုင်တယ်ဘဲထားပါ ။ ပေါ့ပေါ့တော့ သဘောထားလို့ မရပါ ။ ပါးကျိတ်ယောင်တဲ့..mumps ဟာ ဗိုင်းရပ်ကြောင့် ပါးကြိတ်ယောင်တာ ။ သူက အခန့် မသင့်ရင်.ဝှေးစေ့ ကိုပါယောင်စေနိုင်တယ် ။ အဲဒီလိုယောင်ရင်ပန်းအားနည်းတာကိုတော့လိင်ဘက်ဆိုင်ရာပညာရှင်တွေက တရေးတယူ မေးခွန်းထုတ်တာမို့  ဆက်စပ်မှုကို ချင့်ချိန်ကြည့်ပါ ။

ထားပါတော့ဒါက အသေးအမွှား ရောဂါပါ ။ ဒါပေမဲ့ ကြီိးလာရင်ပြသနာကို မေ့လျှော့နေမှာမို့ ရေးရတာပါ ။ ဒီရောဂါထက် ကြောက်စရာကောင်းတာတွေကတော့

( ၁ ) သွေးလွန်တုတ်ကွေး ( ၂ ) ဥိးဏှောက်အမှေးပါးယောင်ယမ်းတာ ကလဲ ခြင်က တဆင့်ကူးတာ ။ ( ၃ ) ငှက်ဖျားရောဂါ စတာတွေက အလွန်ကြောက်စရာကောင်းပါတယ်။

ဒီတော့ ကျနော် တတွေကျနော်တွေ့ ရှိမိထားတာလေးတွေထက် ပိုပြိး စူးစူး စမ်းစမ်းလေး လေ့လါကြပါလို့ တိုက်တွန်းရင်း ပြည်တွင်းကို လဲအိမ်မှောင်တဲ့နေရာတွေမှာရေအိုးအဟောင်းနဲ့  ခြင်တွေထောင်ဖမ်းပြီးးခြေဖေါ့ဖေါ့ လေးနင်းပြီးတ၀က်ပိတ်ထားတဲ့အ၀တ်စလေးကို ပိတ် ( အ၀တ်စလေးကိုကြိုးနဲ့ လှမ်းဆွဲ လို့ ရအောင်လဲလုပ်ထားနိင်ပါတယ် ) ခြင်ကောင်တွေ ကိုယ်စီ နှိမ်နှင်းကြမယ်ဆိုရင် မြန်မာ ကလေးငယ်လေးတွေရဲ့ အသက်တွေ ကိုကယ်တင်နိုင်ပါမယ်လို့  တင်ပြရင်းပြည်တွင်းကိုလဲ သတင်းမျှဝေပေးကြပါရန် ။
နောက်တပတ် စိတ်ဝင်စားသူ များရင်ယင်ကောင်ထောင်ဖမ်းရှင်းလင်းတာလေး တင်ပြချင်ပါတယ် ။ ယင်ကောင် မျိုးမပြုတ်နိင်တောင် နည်းသွားစေရပါမယ် ။

ဒေါက်တာလှိုင်မြင့်။



0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */