“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, June 25, 2010

ဆင်နွှဲကြပါစို့ ..နိုင်ငံလုံးကျွတ် လွတ်မြောက်ရေးလုပ်ရှားမှု

အားလုံးသော မြန်မာ နိုင်ငံသူ နိုင်ငံသားပေါင်းတို့ခင်ဗျာ
လက်ရှိ စစ်အစိုး၏ တရားမျှတမှုမရှိသော အုပ်ချုပ်ရေး စနစ်များကြောင့် ကျွန်ူပ်တို့တိုင်းပြည် ၏ အခြေအနေသည် လွန်စွာ ဆိုးဝါးလျှက် ရှိပါသည်။
ထိုသို့ သော အုပ်ချုပ်ရေးစနစ်ကို ပိုမိုအထောက်အပံ့ပေးမည့်  တရားမျှတမှုမရှိသည့်ရွေးကောက်ပွဲကို ကျင်းပကာတနိုင်ငံလုံး အား ကျွန်အဖြစ် သွတ်သွင်းရန်ကြိုးစားနေသည်ကို တွေ့ရှိ၇ပါသည်။
ယနေ့ ကျွန်ူပ်တို့ ထိုရွေးကောက်ပွဲကို လက်ခံလိုက်လျှင် နောင် တဘ၀လုံး ယူကြုံးမရ ဖြစ်ကာ နောင် တကြီးစွာ ရပေလိမ့်မည်။
ထိုကြောင့် အားလုံးသော မြန်မာနိုင်ငံသားများအနေဖြင့် ကျရာ အခန်းဂဏ္ဍကနေ ရွေးကောက်ပွဲ့ကို ဆန့်ကျင်သင့်ပေသည်။
ကျွန်ူပ်ယနေ့ရေးသားထားသော စာများကို ဟောပြောပွဲများ တွင် ပြောကြားချင်ပါသော်လည်း လူအခွင့်အရေးဟူသမျှအားလုံး ပျောက်ဆုံးနေသောနိုင်ငံတွင် ဘာမှ လုပ်ပိုင်ခွင့် မရှိသောကြောင့်စာအနေဖြင့်သာ ရေးသားတင်ပြလိုက်ရပါသည်။


ပြည်သူ့ဝန်ထမ်းများ ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ ပြည်သူဝန်ထမ်းများခင်ဗျာ ကျွန်ူပ်တို့ တိုင်းသူပြည်သားများ အထူးသဖြင့် ၀န်ထမ်းများ စိတ်ထဲတွင် စွဲနေအောင် လက်ရှိစစ်အစိုးက ရိုက်ထည့်ထားသော အကျင့်ဆိုးလေး တစ်ခုရှိပါသည်။ ထိုအကျင့်မှာ နေရာတိုင်း ၊ ဌာနတိုင်း လဘ်စား တတ်အောင် သင်ပေးထားခြင်းပင်ဖြစ်သည်။
ထို့အကျင့်ကို အကောင်အထည်ဖော်ရန် ၀န်ကြီးမှ စ၍ သန့်ရှင်းရေး သမား အဆုံး မလိုက်နာ မနေရ ဥပဒေ ပြဌာန်းသား သကဲ့သို့
ဖြစ် အောင် ပြည်သူ့ ၀န်ထမ်းအားလုံးကို ပုံသွင်းပေးခဲ့လေသည်။
ထိုကဲ့သို့ ဖြစ်လာအောင်လည်း မလောက်ငသော လစာ ရိက္ခာများကို သာ ၀န်ထမ်းများအားကို သာ ပေးလေ့ရှိသည်။
ယနေ့ ကျွန်ူပ်တို့၏ နိုင်ငံတွင် ၀န်ထမ်းမှန်သမျှ လဘ်စားရမည် ။လဘ်မစားလျှင် အလုပ်ပြုတ်မည်။ ထိုသို့သော မမှန်ကန်သော
ပုံသွင်းမှုများကြောင့် ၀န်ထမ်းတိုင်း၏ အကျင့်စာရိတ္တမှာ လွန်စွာဆိုးဝါး ပျက်စီးလာသည် ကို တွေ့၇ှိရပါသည်။
ဥပဒေ ဘောင်အတွင် မတရားလဘ်စားမှုများ ၏ဆိုးကျိုးကိုပြန်လည် ခံရသည်မှာလည်း ထိုသို့အခြေခံ ပြည်သူဝန်ထမ်းများသာ
ဖြစ်သည်။

ယနေ့ ကမ္ဘာနှင့်အ၀ှမ်း ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် မည်သူမျှ အဂတိလိုက်စားရန်မလိုဘဲ ဘ၀ကိုကောင်းစွာ
ရပ်တည်နိုင်သည်ကိုလည်း ၀န်ထမ်းအားလုံးသိစေချင်ပါတယ်။
လိုအပ်သော လစာကို ပြည်သူ့ဝန်ထမ်းများအားပေးကာ အကျင့်ပျက်ခြစားမှုကို ပြင်းထန်သော ဥပဒေများထုတ်၍
အားလုံးလိုက်နာကျင့်သုံးနိုင်ရန် ဖန်တီးပေးထားကြသည်။
မည်သူမျှ လဘ်စားရန်မလိုဘဲ လူတိုင်းစေ့နေနိုင်အောင် အားလုံးပြည့်စုံအောင်ထောက်ပံ့ပေး ကြသည်ကို ၀န်ထမ်းတိုင်း
သိစေချင်လှပါသည်။
မြတ်ဗုဒ္ဓ၏ တရားတော်များကြောင့် ထိုသို့မတရားလဘ်စားမှု များသည် ပစ္စပ္ပူန်တွင်လည်း မကောင်း နောင်သံသရာ
ဘ၀များစွာ ခံရမည်ကို သိနေကြပါသော်လည်း လက်ရှိဘ၀၏ ငတ်မွတ်ခေါင်းပါးမှုကို မခံနိုင်သောကြောင့် ရေစုန်မြောလိုက်ကြရသည့်
ဝန်ထမ်းများစွာ ရှိပါသည်။
ယနေ့ဖြစ်ပွားနေရသော နေရာတိုင်း၌ အကျင့်ပျက်ခြစားမှုသည် လက်ရှိစစ်အစိုး၏ အုပ်ချုပ်ရေး
စနစ်ကြောင့်သာဖြစ်ပါသည်။ ကျွန်ူပ် အကြံပေးလိုသည်မှာ ထိုကဲ့သို့ ဘ၀မျိုးမှ လွတ်မြောက်ရန် လက်ရှိစစ်အစိုးရကို ဆန့်ကျင်၍
တရားမျှတကာ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံ တော်ကြီးကို ချီတက်ရန်ကြိုးပန်းစေလိုပါသည်။
တိုးတက်ပြီး နိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၀န်ထမ်းများ၏ အခန်းဂဏ္ဍမှာ လွန်စွာ အရေးပါလှသည့်အပြင်
ပြည်သူလူထုမှ လည်း များစွာ ချီးမွမ်းခြင်းကို ခံရ၏ ။
ယနေ့ကား ယူနီဖောင်းမြင်လျှင် ရွံရှာစက်စုပ်ဖွယ် အကြည့်များဖြင့် အကြည့်ခံနေရခြင်းမှာ ၀န်ထမ်းများသည် စစ်အစိုး၏
မတရားသော အုပ်ချုပ်ရေး စနစ်ကို အဓိက မောင်းနှင်ပေးသော သူများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။
အားလုံးသော ပြည်သူ့ဝန်ထမ်းများ ခင်ဗျာ မိမိတို့မိသားစုဘ၀ သာမက တိုင်းပြည်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်
လက်၇ှိစစ်အစိုးရ၏ တရားမျှတမှု မရှိသော စနစ်ဆိုးကြီး ကို ရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် လက်တွဲ ကာ ၀ိုင်းဝန်း
ဖြိုဖျက်ကြပါစို့လို့ တိုက်တွန်း နိုးဆော်လိုက်ရပါတယ်။

တပ်မတော်သားများ ၏ အခန်းကဏ္ဍ

ကျွန်ူပ်တို့တိုင်းပြည်၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးကာ တည်ထောင်မျိုးစေ့ချခဲ့သော တပ်မတော်သည် တိုင်းသူပြည်သား များတွင်ကျရောက်လာသော အန္တရယ်များ အား ကာကွယ်ပေးရန်ပင် ဖြစ်သည်ကို တပ်မတော်သားများ အားလုံးသိရှိပြီးဖြစ်ပါသည်။
သို့သော် လက်ရှိစစ်အစိုး၏ ရည်ရွယ်ချက်မှာ ထို့သို့ မဟုတ် လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေးအတွက် တပ်မတော်သား များကိုအသုံးချကာ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပေသည်။
အမိန့်ဆိုသော စကားကို အလွဲသုံးစားလုပ်ကာ တိုင်းသူပြည်သားများ အား ရက်စက်စွာ အုပ်ချုပ်ရန် သင်တို့၏ စိတ်များထဲသို့
မကောင်းသော ဗီဇများကို ရိုက်ထည့်ပေးလျှက်ရှိသည်။
ကျွန်ူပ်တို့ ယနေ့ မြတ်ဗုဒ္ဓ၏ စစ်မှန်သော တရားတော်များကို နားကြားသိရှိရသည်မှာ သံဃာတော်များ၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။
ထိုသို့သော ရတနာ သုံးပါးတွင် တပါး အပါအ၀င်ဖြစ်သော သံဃာတော်များကို ပင် ရက်စက်စွာ နှိမ်နှင်း သတ်ဖြတ်ရန် အမိန့်ဆိုသော စကားကို
အသုံးချလျှက် တပ်မတော်သားအချို့အား အသုံးချခဲ့ပြီး ဖြစ်သည် ကိုတပ်မတော်သား အားလုံး သိရှိပြီး ဖြစ်သည်။
ထိုသို့သော မဟုတ်မမှန် တရားမျှတမှုမရှိသော အမိန့်ကို ဆန့်ကျင် လိုပါသော်လည်း ဆန့်ကျင် နိုင်သည့်  စွမ်းအား မရှိခြင်းကြောင့်
ဒေါသများကို ထိန်းချုပ်ထားရသည့် မျိုးချစ် တပ်မတော်သားများစွာ ရှိသည်ကို လည်း အားလုံးသိပြီး ဖြစ်ကြသည်။
နိုင်ငံတကာတွင် စစ်သား ဆိုသည် မှာ တိုင်းသူပြည်သားတို့၏ အချစ်တော်ပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်မှ တပ်မတော်သားများသည်လည်း ထိုကဲ့သို့ ပြည်သူလူထု၏ မေတ္တာကို ခံယူကာ တိုင်းတပါးနယ်ချဲ့များကို မောင်းထုတ်နိုင်ခဲ့သည် ကို အားလုံးအသိပင်ဖြစ်သည်။

ယနေ့တွင် မူ စစ်သားဆိုသော စကားကို မကြားလိုသောသူများ တဖြည်းဖြည်း များပြားလာကာ အမုန်းတရားပွားနေရ ခြင်းမှာ
လက်ရှိ အစိုးရ၏ အာဏာတည်မြဲရေး ကို အဓိကထောက်ပံ့ထားသူများ မှာ တပ်မတော်သားများ ကြောင့်ဖြစ်ပေသည်။
ထိုကဲ့သို့ အဓိကထောက်ပံ့ပေးထားသော တပ်မတော်များမှာ စားဝတ်နေရေး အတွက် ပင်ရုန်းကန်လုပ်ရှားနေ၍ ၊အထက်မှ

အာဏာရှင်များမှာမူ တိုင်းပြည်၏ အဆီအနှစ်များ ကို ကိုယ်ကျိုးအတွက် အသုံးချကာ စည်းစိမ်ခံနေကြပါသည်။
ထိုကဲ့သို့လူတစ်စုကောင်းစားရေး အတွက် အသုံးချခံ တပ်မတော်သားများ အဖြစ်မှ တိုင်းကျိုးပြည်ပြုတပ်မတော်သားများဖြစ်အောင်
ပြည်သူများနှင့်လက်တွဲ ပူးပေါင်းဆောက်ရွက်ကြပါရန် နှင့် လေးစားစွာ တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်ူပ် အထူးမေတ္တာရပ်ခံလိုသည်မှာ ယနေ့စစ်အစိုးရ၏ တရားမျှတမှု မရှိသော လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲကို
ကျွန်ူပ်တို့ နှင့် အတူ လက်တွဲကာ ပါဝင်ဆန့်ကျင်ပေးကြခြင်း ဖြင့် ပြည်သူအများ၏ လေးစားကြည်ညိုမှု ကို ခံရသော တပ်မတော်သားအဖြစ်သို့ပြန်ရန်ရောက်ရှိရန် ၀ိုင်းဝန်းလက်တွဲစေလိုပါသည်။
ထိုသို့သာ မက တိုင်းသူပြည်သားများ၏ အေးချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်နှိမ်နှင်းမည့် အဖွဲ့များ၏ ရန်မှလည်း ကာကွယ်ပေးရန်
လေးစားစွာတိုက်တွန်းနိုးဆော်လိုက်ပါသည် တပ်မတော်သားအပေါင်းတို့ ခင်ဗျာ။

ကျောင်းသားများ၏ အခန်းကဏ္ဍ

ယနေ့စစ်အစိုး၏ မြန်မာနိုင်ငံ ပညာရေး အပေါ် သဘောထားချက်များသည် ပညာတတ်မြောက်ရေးထက် ၄င်းတို့ အုပ်ချုပ်မှုအာဏာ တည်မြဲရေးယန္တယားလည်ပတ် စေရန်သာ သင်ကြားပေးနေခြင်းဖြစ်သည်။
သက်ဆိုင်ရာ ကျောင်းအသီးသီးတွင်လည်း ပညာတတ်ပါမောက္ခများ အစား စစ်တပ်အုပ်ချုပ်ရေးပိုင်းမှ လူများကိုသာ ကျောင်းအုပ်များ အဖြစ်ခန့်အပ်၍ကျောင်းသားများ၏ အခွင့်အရေးများကိုထိန်းချုပ်နိုင်ရန် ကြိုးစားနေသည် ကို အားလုံးသိရှိပြီး ဖြစ်ပါသည်။
ထို့အပြင်ကျောင်းသားများ စည်းလုံးညီညွတ်မှု မရှိစေရန် အမြို့မြို့အနယ်နယ်တွင် မပြည့်စုံသည့် ကျောင်းခွဲများ ဖွင့်လှစ်ကာ ကျောင်းသာထု ညီညွတ်ရေးကို ဖြိုခွင်းလျှက်ရှိပါသည် ။
ကျောင်းများကို ကျောင်းသားများ သွားလာရခက်ခဲသော မြို့နှင့် အလှမ်းဝေးကွာ သော နေရာများတွင် ဖွင့်လှစ်ထားခြင်းကြောင့်
အချိန်များစွာကို အကျိုးမရှိ ကုန်စေရန်လည်းဖန်တီးထားပါသည်။
သက်ဆိုင်ရာ သင်ကြားပေးသည့်ဆရာဆရာမများသည်လည်း ဌင်းတို့ သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း မရှိသည့် အတွက်ကြောင့် ပြင်ပကျူရှင်များ တွင် ထက်မံအချိန်ကုန်ရသည်ကို လည်း လက်တွေ့ကျကျသိရှိပြီးပါသည်။
ကျောင်းအသီးသီး၌ ထို့သို့ခက်ခဲစွာ ပညာသင်ကြားခဲ့ရသော်လည်း သက်ဆိုင်ရာ ဌာနအသီးသီးမှ ထိုဘာသာရပ်များတွင် ကျွမ်းကျင်စွာ
သင်ကြားတတ်မြောက်ပြီးသည် ဟု ယူဆ၍ ဘွဲ့များချီးမြှင့်ခြင်းဖြစ်သော် လည်း ပြင်ပကမ္ဘာ၌ စာတွေ့ကော လက်တွေ့ပါ တတ်မြောက်ခြင်း မရှိဟု ယူဆကာ မည်သည့်အလုပ်မှ လွယ်လွယ်ကူကူ ရရှိသည်ဟူ ၍ မရှိပါ။
ထိုသို့ ပညာရပ်ဆိုင်ရာတွင် အားနည်းကာ စဉ်းစားတွေခေါ်မှုညဏ် ကျဆင်းစေရန် အစိုးရမှ ရည်ရွယ်ချက်များ ချကာ အကောင်အ ထည်ဖော်လျှက်ရှိပါသည်။
မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် လက်ရှိပညာစနစ် သည် အဆိုးဝါးဆုံးဖြစ်သည် ကို တွေ့ရှိနိုင်ပါသည်။ သမိုင်းဆို၍ ယနေ့ ကျောင်းသား လူငယ်များကိုလည်း သမိုင်းအမှန်ကို မသိအောင်အစိုးရက အထူးကြိုးစားကာ ဖုံးကွယ်ထားပေသည် ။
မြန်မာနိုင်ငံရေး သမိုင်းတွင် ကျောင်းသားများ ၏ အခန်းဂဏ္ဍသည် လွန်စွာ အရေးပါသည်ကို ဖြစ်ရပ်မှန်သမိုင်းစာ အုပ်များကို ဖတ်ရှု လေ့လာခြင်းဖြင့်သိရှိနိုင်ပါသည်။
ယနေ့ကျောင်းသားလူငယ်များ သည် နောင်တချိန်တွင် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်လာမည် ဖြစ်သောကြောင့်သမိုင်းကို အထူး ပင်သိနား လည်ထားသင့်သည်။
ထိုကြောင့်မိမိတို့ သိနားလည်ထားသော ဗဟုသုတများကို ကျောင်းများတွင် စာစု၍ဖတ်ခြင်း ၊ သဘောတရားများဖလှယ်ခြင်း
စာပေ ဟောပြောပွဲ များကျင်းပခြင်း။ ကျောင်းသားအခွင့်အရေးများ တောင်းဆိုခြင်း တို့ ကို ပြန်လည် လေ့ကျင့်ပျိုးထောင်ကာ
စည်းလုံး ညီညွတ်မှုရှိသော ကျောင်းသားသမဂ္ဂ ကို ပြည်လည်ဖွဲ့စည်းသင့်သည်။
အနှစ်ချုပ်ဆို ရပါလျှင် လက်ရှိပညာရေးစနစ် သည် လုံးဝကောင်းမွန်ခြင်း မရှိသည့်အပြင် ကျောင်းသားလူငယ်များ၏ လွတ် လပ်ခွင့်များကိုများစွာ ချုပ်ခြယ်ထား ကာ ကျွန်ပညာရေး စနစ်အဖြစ် ဖန်တီးထားသော ကြောင့် ကျောင်းသားမဂ္ဂကို အမြန်ပြန်လည် ဖွဲ့စည်းပြီးလက်ရှိအစိုးရ၏ အဖျက်လုပ်ရပ်များအား ဆန့်ကျင်ကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်လိုက် ပါသည်။
ကျောင်းသားလူငယ်မောင်မယ်အပေါင်းတို့ခင်ဗျာ။

ဆရာတော်သံဃာအပေါင်းတို့ခင်ဗျာ

တပည့်တော်တို့ ရိုသေစွာလျှောက်ထားလို သည်မှာ ၊ ယနေ့သံဃာတော်များသည် ဘုရားရှင်၏ သာသနာတော် တည်မြဲရေး အတွက်
အပင်ပန်းခံကာ ဆောင်ရွက်ပေးသည်ကို တပည့်တော်တို့ များစွာ အားရမိပါသည်။
သို့သော် လက်ရှိစစ်အစိုးသည် သာသနာတော် အစဉ်တည်တံ့စေမည့် သံဃာတော်များ ၏ တရားပွဲများအားလိုက်လံအနှောက်အယှက် ပေးနေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါသည်။
ဒကာဒကာမ များ၏ စားဝတ်နေရေး ကျပ်တည်းမှု ကို ဂရုဏာကြီးစွာ ဖြစ်မိ၍ နိုင်ငံလုံးကျွတ် ပရိတ်တရားပွဲများ လှည့်လည်ရွတ်ဆို သည်ကို အစိုးရမှ အကြမ်းဖက်နှိမ်နှင်းကာ အချို့သော သံဃာအာဇာနည်များ ကို မတရားဖမ်းဆီးချုပ်နှောင်ကာ အကျဉ်းထောင် ထဲထည့်၍ မတရား နှိပ်စက်ခဲ့သည်ကို ဆရာတော်သံဃာတော်များသိရှိပြီး ဖြစ်ပါသည်။
ထိုသို့ အကြမ်းဖက်မှု မလုပ်ရှားမှီ ည၈နာရီ တွင် မြန်မာ့အသံမှ သာသနာရေးဝန်ကြီး နှင့် သံဃာနာယက အဖွဲ့ချုပ် တို့ တွေ့ဆုံမေး
မြန်းခန်းကို ပြသခဲ့သည်ကို အထောက်အထား အဖြစ် တွေ့ရှိရပါသည်။ လက်ရှိအစိုး၏ ရည်ရွယ်ချက်မှာ ထိုသို့ ရဟန်းတော်များ
လှည့်လည် ပရိရွတ်ဆိုခြင်းသည် ဘုရားရှင်၏ တရားတော်နှင့် ကိုက်ညီမှု ရှိမရှိ သံဃာနာယက ဆရာတော်အားလျှောက်ထားရာတွင်
ရဟန်းတော်များသည် ၀တ်နည်းနှင့်မညီညွတ်ကြောင်း တရားတော်ဘက် မလိုက်ဘဲ အစိုးဘက်ကို လိုက်ကာ ဖြေကြားခဲ့သည်
ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရပါသည် ဘုရား။
ယနေ့တွင် သာသနာတော် ရည်ရှည်တည်တံ့ရေး နှင့်သာသနာတော်ပြန့်ပွားစေရေး အတွက် နိုင်ငံတော်သံဃာ နာယက အကျိုးတော် ဆောင်ဆရာတော်များ တွင် တာဝန်ရှိပါသော်လည်း ဖြစ်ပွားခဲ့သည့် ကိစ္စများတွင်သံဃာတော်များအတွက် မည်သို့သော ဆောင်ရွက်ချက်တစုံတရာမျှ မတွေ့ရှိခဲ့၍ တပည့်တော် များစွာ စိတ်မကောင်းဖြစ်ခဲ့ရသည် ။
ထိုကြောင့် ဘုရားရှင်၏ တရားတော်နှင့်အညီ သာသနာ့တော်အစဉ်တည်တံ့စေရေးအတွက် နိုင်ငံတ၀ှမ်းလုံး မှ ဆရာတော် သံဃာတော်များကို ကိုယ်စားပြုကာ ဘုရားရှင်၏သာသနာတော်ကို စော်ကားမှုများမှ ကာကွယ်နိုင်ရန် နှင့် သာသနာတော် စည်ပင် ပြန့်ပွား စေရေး အတွက် မြန်မာသံဃာ့နာယက အဖွဲ့အား ပြန်လည်ရွေးချယ်တင်မြှောက်သင့်သည်ဟု တပည့်တော် ယူဆမိပါ သည်ဘုရား။
တပည့်တော်တို့ ဘုရားရှင်၏ သာသနာတော်နှင့် တွေ့ဆုံရသည်မှာ ရဟန်းသံဃာများ၏ ကျေးဇူးကြောင့်သာ ဖြစ်ပါသည်။
ထိုသို့ရဟန်းသံဃာတော်များ ကို သံဃာမဟုတ်ဟု စွပ်စွဲကာ မတရားဖိနှိပ်ရက်စက်ခြင်း သည် သာသနာ တော်ကို ဖျက်စီးခြင်းဟု
တပည့်တော်တို့ ခံစားမိပါသည်ဘုရား။
ထို့ကြောင့်တပည့်တော်တို့သည် လက်ရှိအစိုးရ၏ အမျိုးဖျက်ဆီးခြင်း ၊ သာသနာ့ကွယ်အောင်လုပ်ဆောင်ခြင်း၊ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်စေရေးအစား ဌင်းတို့အာဏာတည်မြဲရေး နှင့် ကိုယ်ကျိုးရှာလူတစ်စု ကောင်းစားရေး ဆန့်ကျင်လျှက်ရှိပါသည်။
အမျိုးဘာသာသာသနာ အရှည်တည်တံ့စေရေးနှင့် သာသနာတော် သန့်ရှင်းပြန့်ပွားရေးကို ကြိုးစားလုပ်ကိုင်နေ ကြသော
ဆရာတော်သံဃာတော်များ အနေဖြင့်လည်း တပည့်တော်တို့ အား လမ်းညွှန်ဆုံးမပေးပါရန် နှင့်တိုင်းပြည်တိုးတက်ရေး ကို
တပည့်တော်တို့နှင့် ပူးပေါင်းကူညီပေးပါရန် တပည့်တော်တို့မှ နဖူးမြေစိုက် ဦးခိုက်လျှက် ရိုသေစွာ လျှောက်ထားအပ်ပါသည်
ဆရာတော်သံဃာ အပေါင်းတို့ဘုရား။

ပြည်သူလူထု၏ အခန်းကဏ္ဍ

ကျွနူပ်တို့တိုင်းပြည်၏ ကောင်းကျိုးဆိုးကျိုးများ ကို အဓိက စံစားခံစားရသည်မှာ ပြည်သူလူထု အပေါင်းတို့ပင်ဖြစ်ပါသည်။
ယနေ့ လက်ရှိအစိုးရ ၏ ကိုယ်ကျိုးရှာ လုပ်ရပ်များကြောင့် သန်းပေါင်းများစွာသော ပြည်သူလူထုကြီး ဒုက္ခကြီးစွာ ရောက် နေရသည်ကို
အထူးပင်သိရှိနားလည်ခဲ့ပြီး ဖြစ်ပါသည်။
အထူးသဖြင့် နာဂစ် မုန်တိုင်းကြောင်း ပြည်သူများစွာ ဆင်းရဲ့ဒုက္ခရောက်ခဲ့သော်လည်း လက်ရှိ အစိုးရသည် ကူညီခြင်း မပြုသည့်အပြင်
ဟန့်တားနှောက်ရှက်ခြင်းများ ရှိခဲ့သည်ကို အားလုံးသိရှိပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံအခြေအနေ ဆိုးဝါးမှုကို သိရှိ၍ နိုင်ငံခြားတိုင်းပြည်များမှ အလှူငွေများစွာလှူဒန်းခဲ့ကြပါသည်။ သို့သော်လည်း လက်ရှိအစိုးရသည်
တိုင်းပြည်အတွက် အကျိုးမရှိသော နျူးကလီးယား စီမံကိန်း နှင့် ဌင်းတို့နေထိုင်မည့် စစ်တပ်မြို့တော်ကြီးများ တည်ဆောက် ကာ
တိုင်းပြည်ဘဏ္ဍာများကို ပြည်သူတို့ လိုအပ်သည့်နေရာတွင် အသုံးမချကြဘဲ ဌင်းတို့ စိတ်တိုင်းကျဖြုန်းတီးခဲ့ကြသည်ကို တွေ့ရှိရပါသည်။
ပြည်သူ့ဘဏ္ဍာများ အားပြည်သူအတွက် အသုံးချရမည် ဖြစ်သော်လည်း ဌင်းတို့အာဏာတည်မြဲရေးအတွက် သာ အစဉ်တစိုက် အသုံးချခဲ့ကြ၍၉၅% သောပြည်သူလူထုကြီး ကြီးစွာဒုက္ခရောက် နေကြရပြီဖြစ်သည်။
လက်ရှိအစိုးရသည် တိုင်းပြည်ဘဏ္ဍာရရှိအောင် ပြည်တွင်းမှ သယံဇာတ အမျိုးမျိုးကို နိုင်ငံခြားတိုင်းပြည်များသို့ရောင်းချနေပါ သော်လည်းရရှိလာသည့်တိုင်းပြည်ဘဏ္ဍာငွေများ မှာ ကိုယ်ကျိုးရှာလူတစု ၏ စည်းစိမ်ခံစားနိုင်ရေး အတွက် ပင် အသုံးချနေကြပါသည်။
ပြည်သူလူထု ရရှိမည့် လူအခွင့်အရေးများ ကို ပိတ်ပင်တားဆီး ကာ နေရာ တကာ တွင် လက်နက်ပြ အနိုင်ကျင့် စိုးမိုးနေကြသည်ကို လည်းပြည်သူလူထု အားလုံးနားလည် သဘောပေါက်ပြီး ဖြစ်ပါသည်။
ယနေ့တွင်လည်း နိုင်ငံတကာမှာ ဖိအားဒဏ်များ လွတ် မြောက်၍ ဌင်းတို့ စိတ်တိုင်းကျ တိုင်းပြည်အား ထပ်မံ ဒုက္ခပေးရန် တရားမျှတသော ရွေးကောက်ပွဲဟု အမည်တပ်ကာ အာဏာရှင်စနစ် ကို အသွင်ပြောင်းအုပ်ချုပ်ရန် ကြိုးစားနေသည်ကို လည်း မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
ဒါတွေကို သိပါလျှက်နဲ့တော့ မထောက်ခံကြပါနဲ့။ ပြည်သူ့ဂုတ်သွေးစုပ်အဖွဲ့တွေကို ဆန့်ကျင်ဖို့ကြိုးစားကြပါ။
မတရား တာကို မတရားဘူးလို့ ရဲ့ဝံ့စွာ ပြောဆိုကြပါ။ အာဏာရှင်တွေရဲ့ လက်ဝေခံ အကြမ်းဖက်ပါတီများ၏ မတရားမှုများကိုလည်း ဆန့်ကျင်ကြပါ။
ဥပမာ ပြောပြရလျှင် မိမိတို့ရပ်ကွက် တွင်းတွင် ထို့သို့မတရားမှုတွေ့ပါက တရပ်ကွက်လုံး ပါဝင်ကူညီဖြေရှင်းပေးပါက နောက်နောင်တွင်
ထိုသို့မတရားမှုမျိုး ထပ်မံပေါ်ပေါက်လာစရာ အကြောင်းမရှိချေ။
ထိုကဲ့သို့ပင် မိမိတို့ရပ်ကွက်၊ကျေးရွာ၊မြို့နယ် ခရိုင် တိုင်း နောက်ဆုံးနိုင်ငံတ၀ှမ်းလုံး တက်ညီလက်ညီ စည်စည်းလုံးလုံးဖြင့် မတရားမှုများကိုဆန့်ကျင်ပါက မည်သည့်အဖွဲ့အစည်းမှ ဗိုလ်ကျစိုးမိုး၍ မရနိုင်ပါ။
ယနေ့တွင် ၀မ်းနည်းဖွယ်တွေ့ရှိ၇သည်မှာ နေရာအနှံ့အပြားတွင် ထိုသို့ဗိုလ်ကျစိုးမိုးမှု များ လက်ခံ၍ မိမိအရေးမဟုတ်ထင်ကာ လက်ပိုက်ကြည့်နေ
ကြခြင်းပင်ဖြစ်သည်။ လက်ရှိပစ္စုပ္ပန်တွင်မိမိနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း နောင်တွင် ထို့သို့သောဒုက္ခမျိုး သည် မိမိထံသို့ရောက်ရှိလာနိုင်သည်ကို တွေးရုံဖြင့်ပင် သိသာထင်းရှားလွန်းလှပါသည်။
ပြည်သူလူထုမှ ထိုသို့ မတရားသည်ကို ငုံ့မခံလျှင် မည်သူအဖွဲ့အစည်းက မှ အနိုင်ကျင့်စိုးမိုးနိုင်မည် မဟုတ်၍ တိုင်းပြည်၏ အုပ်ချုပ်ရေး အခန်းဂဏ္ဍသည်လည်းပြည်သူ့စိတ်တိုင်းကျ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
နောက်ဆုံးအနေဖြင့် ပြောကြားလိုသည် မှာ မိမိတို့နိုင်ငံ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်စေလိုပါလျှင် မိမိတို့ကျရာအခန်းဂဏ္ဍမှ အာဏာရှင်စနစ်ဆိုးကိုဝိုင်းဝန်းတိုက်ထုတ် ကြပါစို့လို့ လေစားစွာတိုက်တွန်းပြောဆို လိုက်ပါသည် ပြည်သူလူထု အပေါင်းတို့ခင်ဗျာ။

ပြည်ပရောက်မြန်မာနိုင်ငံသား အပေါင်းတို့ခင်ဗျာ ယနေ့တွင် တိုင်းပြည်၏ ဆိုးဝါးလှသော အခြေအနေများကြောင့်တိုင်းတပါး နိုင်ငံများ သို့မထွက်ခွာလိုသော်လည်း ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးခြင်း နှင့် မတရားသဖြင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် သွားရောက် ဒုက္ခခံကာ လုပ်ကိုင်နေကြရသည် ကို အားလုံးသိရှိပြီး ဖြစ်ပါသည်။
သို့သော်လည်း တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်စေရေး အတွက်ကိုမူ ပြည်ပရောက်မြန်မာ လူမျိုးများ အားလုံးသည်လည်း
ပြည်တွင်းမှ လူများကဲ့သို့ပင် ထပ်တူထပ်မျှ လိုလားတောင့်တလျှက်ရှိပါသည်။
ပို၍ အသိအမြင် ကျယ်လာသည် နှင့် အမျှ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေသည် လူအခွင့်အရေး ဟူသမျှ အားလုံးပျောက်ဆုံး လျှက်ရှိသည် ကိုမိမိတို့ရောက်ရှိနေသော တိုင်းပြည်များနှင့်ယှဉ်လျှင် ပိုမိုသိသာထင်းရှားလာပါသည်။
ထို့အပြင် မိမိတို့၏ ၀င်ငွေခွန်များ ကို ပေးဆောင်ရသည့် အရာ၌ လည်း ကမ္ဘာ ၀င်ငွေခွန်အများဆုံးပေးဆောင် ရ သည့်နိုင်ငံများတွင်
ကျွနူ်ပ်တို့နိုင်ငံသည်လည်း အပါအ၀င် ဖြစ်သည်ကို အားလုံးသိရှိခဲ့ပြီးဖြစ်ပါသည်။
ထိုသို့ အစိုးရအား တရားဝင် အခွန်များပေးနေရသော်လည်း ပြည်ပရောက်အလုပ်သမားများ အရေးကိစ္စနှင့်ပက်သက်၍
မြန်မာနိုင်ငံရုံးများ မှာ မည်သည့် အကူအညီမှ မပေးသည့်အပြင် အခွန်ပေးဆောင်သည့်အခါတွင်လည်း ရိုင်းပြစွာ ပြောဆိုခြင်းများကို
ကိုယ်တွေ့ကြုံကြပြီး ဖြစ်ပါသည်။
တိုင်းပြည်၏ ဒုက္ခအခက်အခဲများကို လိုအပ်သည့်နေရာတွင် ထောက်ပံ့ကာ ပြည်ပရောက်အင်အားစုများ၏ စည်းလုံးညီညွတ်မှု နှင့်
ကိုယ်ချင်းစာစိတ်များကို အားလုံးသိအောင် ပြသခဲ့သည်ကို နာဂစ်မုန်တိုင်းဒုက္ခသည်များအား ထိရောက်သော အကူအညီ များပေးခြင်းနှင့် လတ်တလော ဖြစ်ပွားခဲ့သော ပြည်သူများ ရေငတ်မွတ်ခေါင်းပါးမှု တို့တွင် မိမိတို့တတ်နိုင်သည့်ဘက်မှ
ပါဝင်ကူညီခဲ့သည် ၀မ်းမြောက်ဂုဏ်ယူဖွယ်တွေ့ရှိရပါသည်။
ယနေ့တွင် လက်ရှိစစ်အစိုးရ၏ တရားမျှတမှု မရှိသော ရေးကာက်ပွဲကျင်းပခြင်း ကို ဆန့်ကျင်ရန် ပြည်တွင်းဆန့်ကျင်ရေးအဖွဲ့များမှ
နိုင်ငံတ၀ှမ်းလုံးဆန့်ကျင်ရေး ကို ထောက်ခံအားပေးသည့် အနေဖြင့်မိမိတို့ရောက်ရှိရာ နိုင်ငံတိုင်း၏ သံရုံးများရှေ့တွင် စည်လုံးစွာဖြင့်
ဆန္ဒပြပေးကြပါရန် နှင့် ပြည်တွင်း အဖွဲ့အစည်းများသို့ မိမိတို့တတ်နိုင်သလောက်
ပေးပို့လှူဒန်းကြပါရန် လေးစားစွာတိုက်တွန်း နိုးဆောင်အပ်ပါသည်။


တောင်သူလယ်သမားများ၏ အခန်းကဏ္ဍ

တောင်သူလယ်သမား များခင်ဗျာ
ယနေ့လက်ရှိ အစိုးရသည် တပြည်လုံးငတ်မွတ်ခေါင်းပါးကို ဦးတည်လျှက် တိုင်းပြည်၏ ကောင်းမွန်သော ထွက်ကုန်မှန်သမျှ ကို
လက်ဝါးကြီးအုပ်ကာ မတရားသဖြင့် စိုးမိုးဗိုလ်ကျလျှက်ရှိ သည်ကို အားလုံးသိပြီးဖြစ်ပါသည်။
မိမိတို့ အရပ်ဒေသတွင် မည်သည့်သီးနှံမျိုး စိုက်ပျိုးဖြစ်ထွန်းနိုင်သည် ကို သိရှိပါသော်လည်း အစိုးရစီမံကိန်း ဟုဆိုကာ
ရေမြေသဘာဝ နှင့်မကိုက်ညီသော သီးနှံများကို အတင်းအဓမ္မ စိုက်ပျိုးခိုင်း နေသည် မြန်မာနိုင်ငံတ၀ှမ်းလုံးမှ တောင်သူလယ်သမားများ
အား အထူးပင်ရှင်းပြစရာမလိုတော့ပေ။
ဒါ့အပြင် အစိုးရ၏ စီမံကိန်းများ ဟု ဆိုကာ တောင်သူလယ်သမားများ၏ မြေယာ များကို မတန်တဆဈေးဖြင့် တန်ဖိုးဖြတ်ကာ သိမ်းယူလျှက်ရှိ သည်ကိုလည်း ကိုယ်တွေ့ကြုံခဲ့ကြပြီး ဖြစ်သည်။
စိတ်ကူးပေါက်တိုင်း ထအကြံပေးတတ်ကြသည့် လူအစု၏ ဒုက္ခပေးမှုကြောင့် ယနေ့တောင်သူလယ်သမား၏ စားဝတ်နေရေး မှာ လွန်စွာ ကြပ်တည်းကျဉ်းမြောင်းလာသည်ကို တွေ့ ရှိရသည်။
အသံကောင်းမျိုးစုံဟစ် လျှက် ဆည်ရေသောက်စီမံကိန်းများ အကောင်အထည်ဖော်နေ သော်လည်း လက်တွေ့ဘ၀ တောင်သူလယ် သမားများ မှာသောက်စရာ ရေပင် မရှိခဲ့သည်ကို ယနေ့ မြန်မာနိုင်ငံအနှံ့အပြားတွင် ၀မ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရသည်။
လက်ရှိအစိုးရ၏ ရွေးကောက်ပွဲကိုသာ လက်ခံလိုက်လျှင် တောင်သူလယ်သမားများ သာမက တနိုင်ငံလုံး အငတ်ဘေးဆိုက်မည့် ကိန်းကို
ဦးတည်လျှက်ရှိ သော ကြောင်း ကျွန်ူပ်တို့၏ ကျေးဇူးရှင် တောင်သူလယ်သမား များ အား တင်ပြအပ်ပါသည်။
ပြည်သူ့ဘ၀ကောင်းစားရေးထက် ကိုယ်ကျိုးရှာ လူတစုကောင်းစားရေးကို ဦးတည်နေသည့် လက်ရှိအစိုးရ၏ ရေးကောက်ပွဲကို ကျရာ အခန်းကဏ္ဍပါဝင်ကူညီပေးကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်လိုက်ပါသည် တောင်သူလယ်သမား အပေါင်းတို့ခင်ဗျာ။

* လက်ရှိအစိုးရမှ တာဝန်ရှိသူများ ခင်ဗျာ *

သင်တို့သည် အနှစ် ၂၀ လုံးလုံး လက်နက်ဖြင့်ခြိမ်းခြေက်ကာ အမိန့်ဆိုသော စကားကို ရေလဲသုံးလျှက်အမျိုး ဘာသာ သာသနာ နှင့် တိုင်းပြည်ကို အမျိုးမျိုး အဖုံဖုံ ညှင်းပန်း နှိပ်စက် ဒုက္ခပေးလျှက်၇ှိသည်။
တိုင်းပြည်၏ သယံဇာတ သဘာဝအရင်းအမြစ်များကို လည်း သင်တို့ကိုယ်ကျိုးအတွက် ပင် အသုံးချခဲ့ကြသည်။
သင်တို့ ယခုကျင်းပမည့် ရွေးကောက်ပွဲသည်လည်း နိုင်ငံတကာမှ ဖိအားဒဏ်များ လွတ်မြောက်ရန် ရည်ရွယ်၍ စစ်အုပ်ချုပ်ရေး ကို
အသွင်ပြောင်းသည့် အနေဖြင့် သာဟန်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူများ အားလုံးသိ၇ှိ နားလည်ပြီးဖြစ်သည်။
သင်တို့သည် ဆောင်ပုဒ်များရည်ရွယ်ချက်များ နှင့် စီမံကိန်းများ ကို တရားဝင်ကြော်ငြာခဲ့သော် လည်းမည်သည့်စီမံကိန်းကို မှ ထိရောက်စွာ မဆောင်ရွက်နိုင်သည့် အပြင် တိုင်းသူပြည်သားများ ဒုက္ခများစွာ ရရှိအောင်ကြိုးပမ်းလျှက်ရှိနေသည်ကို ရပ်တန့်ရန် တောင်းဆိုလိုက်ပါတယ်။
အထူးထပ်မံပြောကြားလိုသည်မှာ စနစ်ဆိုးကြောင့် ရေလိုက်ငါးလိုက်နေ ရသည်ဟု ကျွန်ူပ်ထံသို့ဆက်သွယ်ရင်ဖွင့်ထားသော
နိုင်ငံ တော်၏ အုပ်ချုပ်ရေးပိုင်းမှ ခေါင်ဆောင်များကို လိုက်လှဲကြိုဆိုကြောင်းနှင့် မည်သူမဆို တိုင်းပြည်ကောင်းစားရေးအတွက်ဆို
ပြည်သူလူထုမှ ၀မ်းမြောက်စွာ ကြိုဆိုကြောင်း အသိပေးပြောကြားလိုက်ပါတယ်။
တရားမျှတ၍ လွတ်လပ်သောရွေးကောက်ပွဲကျင်းပမည့် ပြည်သူလူထု အားအာဏာလွှဲပေးကြောင်း ကြော်ငြာချက်ထုတ်ပြန်ရန် ၊

မတရားဖမ်းဆီး ချုပ်နှောင်ထားသော နိုင်ငံရေးအကျဉ်းသားများနှင့်သံဃာတော်များအား ချက်ချင်း ပြန်လွှတ်ပေးရန်။

အထက်ပါ အချက်များ ကို မလိုက်နာပါက နိုင်ငံလုံးကျွတ်ဆန္ဒပြပွဲကြီး မကြာမှီတွင် စတင်တော့မည်ဖြစ်ကြောင်း အသိပေး
ကြေငြာလိုက်သည်။

" ကျွန်ူပ်တို့ ပြည်သူလူထု ၏ တောက်ခေါက်သံသည် သင်တို့နားထဲတွင် ဗုံးပေါက်သလို ခံစားစေရမည်။
ပြည်သူလူထု၏ ကြွေးကြော်သံသည် သင်တို့အား မုန်တိုင်းတိုက်သကဲ့သို့ခံစားစေရမည်။
ပြည်သူလူထု ၏ ချီတက်ဆန္ဒ ပြမှု သည် သင်တို့အား ငလျင်လှုပ်သကဲ့သို့ ခံစားစေရမည်။
ကျွနူပ်တို့၏ ယခု ဒီမိုကရေစီတိုက်ပွဲ သည် သမိုင်းတွင် ပြီးပြည့်စုံမှု အရှိဆုံး လူထုတိုက်ပွဲဖြစ်သောကြောင့်
သင်တို့ မည်သည့်နည်းနှင့်မျှ ဟန့်တားနိုင်မည် မဟုတ်ကြောင်း အသိပေးလိုက်ပါသည်။ "

* ကျွန်ူပ် သည် နိုင်ငံရေး ပညာရှင်မဟုတ်ပါ။ မည့်သည့်နိုင်ငံရေးပါတီမှ လည်း မဟုတ်ပါ။ အမျိုးပျက်ကာ သာသနာ့ကွယ်ကာ တိုင်ပြည်ပျက်မည့် အရေးကို ရင် လေးမိသောကြောင့် မိမိတတ်နိုင်သည့်ဘက်မှ အများပြည်သူသိရှိရန် တင်ပြရေးသားခြင်းသာဖြစ်ပါသည်။
ကျွန်ူပ်တို့ လုပ်စရာရှိသည်များ ကို အားလုံးဝိုင်းဝန်းဆွေးနွေး အကြံပြု တင်ပြပေးပါရန် အားလုံးကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
ဤစာစုထဲတွင် မဟုတ်မမှန်သော စကားတခွန်းမှ မပါဟု ကျွနူပ်ရဲရဲကြီး အာမခံရဲပါသည်။ *

တိုင်းပြည်ကို အင်မတန်ချစ်မြတ်နိုးသည့်

ဗမာ့သွေး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */