“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 21, 2011

အစိုးရ ဆက်သွယ်ရေး စည်းကမ်းသစ် RSF ရှုတ်ချ

http://www.irrawaddy.org/bur/index.php/news/6427----rsf-(ပေးပို့ သူ eimmet mahotpar )
ရန်ကုန်မြို့ရှိ အင်တာနက်လုပ်ငန်းများကို အစိုးရသစ် မြန်မာ့ဆက်သွယ်ရေးဌာနမှ ပိုမို တင်းကျပ်သော စည်းကမ်းချက်
အသစ် များ ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ နယ်စည်းမခြား
သတင်းထောက်များအဖွဲ့(RSF)က ရှုတ်ချလိုက်သည်။

မြန်မာအစိုးရ၏ ယင်းစည်းမျဉ်းသစ်များသည် အာဆီယံ ပဋိညာဉ် စာချူပ်ပါ အခြေခံ
ကျသည့် လွတ်လပ်မှုများ၊

လူ့အခွင့်အရေး ဆိုင်ရာကာကွယ်စောင့်ရှောက်မှု မြှင့်တင်ရေး၊ လူမှု
အဖွဲ့အစည်းဆိုင်ရာ တရားမျှတမှုတိုးတက်ရေး

ဆိုင်ရာများအား ချိုးဖောက် သည့် အပြုအမူမျိုးဖြစ်၍
လက်ခံနိုင်စရာမရှိကြောင်း RSF ၏ အင်္ဂါနေ့က ထုတ်ပြန်သည့်

ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူများအား ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော
အကြောင်းအရာများနှင့်ပြတ်တောက်

သွားစေရန် အစိုးရအနေဖြင့် အင်တာနက်တင်းကျပ်မှုများကို
ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း RSF က ပြောဆိုသည်။

ထို့အပြင် RSF ကြေညာချက်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာအစိုးရသစ်အား

ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းများက ချမှတ်ထားသည့် စည်းကမ်းဥပဒေများကို
လိုက်နာစောင့်ထိန်းရန်

တွန်းအားပေးသင့်သည်ဟု တိုက်တွန်းထားသည်။

မြန်မာ့ဆက်သွယ်ရေး၏ လတ်တလော ထုတ်ပြန်လိုက်သည့် Public Access
Centre(PAC)များလိုက်နာရမည့်

စည်းကမ်းချက် ဥပဒေတွင် အချက် ၁၂ ချက်ပါဝင်ပြီး လိုက်နာခြင်းမရှိပါက
လိုင်စင်ပိတ်သိမ်း အရေးယူသွားမည်ဟု ဆိုသည်။

စည်းကမ်းချက်များတွင် အင်တာနက်ဆိုင်များသည် လာရောက်အသုံးပြုသူများဧ။်
အမည်၊ မှတ်ပုံတင်နံပါတ်၊ နိုင်ငံခြားသား

ဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ
ကိုမှတ်ပုံတင်ထားရှိရမည် စသည်တို့ ပါဝင်သည်။

အင်တာနက်စနစ်ကိုအသုံးချ၍ မြန်မာ့ဆက်သွယ်ရေးမှ ခွင့်ပြုထားခြင်းမရှိသည့်
နိုင်ငံတကာဖုန်းခေါ်ဆိုမှုများကိုလည်း

မပြုလုပ်ရဟု ပါဝင်သည်။ထို့အပြင် အင်တာနက်ဆိုင်များဧ။် ကွန်ပျူတာများတွင်
Floopy Drive ၊ CD Drive ၊ USB Port နှင့်

အခြား External Driveများ တပ်ဆင်ထားခြင်း၊ အသုံးပြုခြင်း မပြုရဟုလည်း ဖော်ပြထားသည်။

ထို့အပြင် PAC များသို့ ၀န်ကြီးဌာနများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက
လိုအပ်ပါက ၀င်ရောက်စစ်ဆေးမှုများလည်း

ပြုလုပ် ပိုင်ခွင့်ရှိကြောင်းနှင့် နိုင်ငံတော်ဧ။် လုံခြုံရေးနှင့်
အကျိုးစီးပွားကို ထိခိုက်စေနိုင်သည့် သတင်းအချက်အလက်

ပေါက်ကြားမှုများ မရှိစေရန် အင်တာနက်ဆိုင်များသည် စည်းကမ်းချက်များအား
လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး

ဖောက်ဖျက်လျှင် ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေး၏
စည်းကမ်းချက်များ၌ ပါရှိသည်။

အင်တာနက် ဆိုင်ရှင်များအနေဖြင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသို့
သုံးစွဲသူမှတ်တမ်းအား ၁ လ တကြိမ်ပေးပို့ရန်၊

မြန် မာ့ဆက်သွယ်ရေးမှ တရားဝင်ခွင့်ပြုထားခြင်းမရှိသော Software များ၊
Program များ အသုံးမပြုရန် စသည့်

အင်တာနက် ဆိုင်များနှင့်ပတ်သက်၍ တင်းကျပ်သည့်ဥပဒေများထုတ်ပြန်မှုကြောင့်
အခက်အခဲကြုံနေကြရကြောင်း

အင်တာနက်ဆိုင်လုပ်ငန်းရှင် များက ပြောသည်။

“USBအသုံးပြုတာတွေ တားမြစ်ထားတော့ ကျနော်တို့အနေနဲ့ အခက်ကြုံရတယ်၊
သုံးစွဲသူ လူငယ်တွေ အများစုက Memory

Stick လေးတွေထဲမှာ သီချင်းကူးတာတွေ၊ ၀က်ဘ်ဆိုက်တွေကနေ သူတို့လိုချင်တဲ့
အချက်အလက်တွေ ကူးယူတာမျိုး သုံးကြ

တာဆိုတော့ ဆိုင်ကစက်တွေမှာ CD Drive တို့ USB port တို့ မတပ်ထားရင်
အဆင်မပြေဘူး၊ စည်းကမ်းထုတ်ထားတော့

ကျနော် တို့ဆိုင်က နိုင်ငံတကာဖုန်းခေါ်တဲ့ဝန်ဆောင်မှုကို လျှော့ချလိုက်တယ်၊
ကျန်တာကတော့

သုံးစွဲသူတွေအဆင်ပြေအောင် ၀န်ဆောင်မှုပေးနေဆဲပါ”ဟု ရန်ကုန်
ကမာရွတ်မြို့နယ် လှည်းတန်းရှိ

အင်တာနက်ဆိုင်ရှင်တဦးကပြော ပြသည်။

ယခင်က အင်တာနက် ၀န်ဆောင်မှုများနှင့်ပတ်သက်သည့်
လုပ်ငန်းလိုင်စင်ကြေးများကို မြန်မာအင်ဖိုတက် ၀င်းအတွင်းရှိ

မြန် မာ တယ်လီပို့ သို့ ပေးဆောင်ရပြီး ယခုလမှစတင်ကာ
မြန်မာ့ဆက်သွယ်ရေးသို့ပေးဆောင်ရန် ညွှန်ကြားထားပြီး

လိုင်စင်ကြေး သွားသွင်းသည့် ဆိုင်ရှင်များအား
အဆိုပါစည်းကမ်းချက်များပေးသည်ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပ

မြို့နယ်မှ အင်တာနက် ဆိုင်ရှင် မသင်းသင်း က ပြောပြသည်။

“လွန်ခဲ့တဲ့၂ လလောက်ကစပြီးတော့မှ နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုတွေ
မပြုလုပ်ဖို့ စည်းကမ်းထုတ်ပါတယ်၊ Voice Mailမှန်သမျှ

ပေးမသုံးတာပါ၊ ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် နိုင်ငံတကာကို
ဖုန်းခေါ်ဆိုကြမယ့် သုံးစွဲသူတွေက အရေးယူခံရမှာ စိုးရိမ်ပြီး

လာရောက် သုံးစွဲသူတော့ နည်းသွားပါတယ်၊ အစ်မတို့ဆိုင်ကတော့
သုံးစွဲသူကခေါ်ချင်ရင် ခေါ်ပေးပါတယ်၊

သူတို့စည်းကမ်းတွေအတိုင်း လိုက်နာနေရင်တော့ ဘာမှ လုပ်ကိုင်လို့ရတော့မှာ
မဟုတ်ဘူး”ဟုလည်း ဆိုသည်။

အင်တာနက်လုပ်ငန်းရှင်များသည် ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေနှင့်
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး

ဌာနမှ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာအမှတ်(၃/၂၀၀၂)အရ တားမြစ်ချက်များ၊
အခါအားလျော်စွာ အစိုးရအဖွဲ့နှင့်

ဝန်ကြီး ဌာနများမှ ထုတ်ပြန်သည့် အမိန့် နှင့် ညွှန်ကြားချက်များအား
လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း

သိရသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */