“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, May 14, 2011

စစ်တပ်အရာရှိ ၇ ဦးကျဆုံးဟု ရှမ်းပြည်တောင်ပိုင်းပြော

ကျော်ခ | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၁ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရစစ်ကားတန်းကို ရှမ်းပြည်တောင်ပိုင်းတပ်မတော်က ချုံခိုတိုက်ခိုက်သဖြင့် အရာရှိ ၇ ယောက်အပါအဝင် ၉ ယောက်ကျဆုံးကာ ၁၅ ဦး ဒဏ်ရာရကြောင်း ရှမ်းတပ်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အခြေစိုက် စကခ ၇ လက်အောက်ခံ ခလရ ၄၂၂ တပ်ရင်းက စစ်သည် အင်အား ၃ဝ ခန့် ပါဝင်သည့် စစ်ကားကို မိုင်းကိုင်မြို့နယ်၊ တုံလောမြို့နယ်ခွဲ ဆားတောကျေးရွာအုပ်စုသို့ ဖြတ်သန်းနေစဉ် နယ်မြေခံ SSA တပ်ရင်းတရင်းက မေလ ၉ ရက်နေ့ ညနေပိုင်းက ချုံခိုပစ်ခတ်ခဲ့သည် ဆိုသည်။

SSA-S မူလထုတ်ပြန်ချက်၌ သေဆုံးသူများထဲတွင် စစ်တပ်
SSA1

ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော ရှမ်းပြည်တောင်ပိုင်း တပ်မတော် (ဓါတ်ပုံ မဇ္ဈိမ)
တပ်ရင်းမှူး ဗိုလ်မှူးကြီး သန်းထိုက်ဝေ ကျဆုံး ကြောင်း ပါသော်လည်း နယ်မြေခံ စစ်တပ်နှင့် ဆေးရုံထံမှ ရသည့် သတင်းများအရ ဒုရင်းမှူး ဗိုလ်မှူး သိန်းဝင်းဖြစ်သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍
နေပြည်တော်ဘက်က နှုတ်ပိတ်နေဆဲဖြစ်သည်။

ဗိုလ်မှူး သိန်းဝင်း၊ အရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်းလွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ တပ်သား ကိုဇော် နှင့် မျိုးဇော်ဦးတို့ နေရာတွင် ကျဆုံးသွားပြီး ကျန်ရဲဘော် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သဖြင့် အနီးရှိ မိုင်းကိုင် မြို့နယ်ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်နေသော ရှမ်းတပ်က ပြောသည်။

“သူတို့ စစ်ကားတက်လာတာကို ကျနော်တို့က အရင်ကြိုတွေ့တာပေါ့။ အဲဒီမှာကျနော်တို့က နေရာအရင်ယူပြီး ချုံခို တိုက်ဖြစ်သွားတာပါ။ သူတို့မှာ လက်နက်ခဲယမ်းအပြည့်အစုံပါပါတယ်။ ရုတ်တရက်ဆိုတော့ သူတို့ ထိကုန်တာပါ။ အဲဒီနေရာကို ကျနော်တို့ ချက်ချင်းရှင်းဘို့ အချိန်မရတဲ့အတွက် ကျနော်တို့ လက်နက်တွေ မရခဲ့ပါဘူး။ ဒီအတိုင်းပဲ ပြန်ဆုတ်လာခဲ့တာပါ” ဟု SSA-S ဒုပြောရေးဆိုခွင့်ရှိသူ စိုင်းသျှန်မိန်း က မဇ္ဈိမကိုပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် SSA-S နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲပေါင်း ၁ဝ ကြိမ်မက ဖြစ်ခဲ့သည်ဟု စိုင်းသျှန်မိန်းက ပြောဆိုသည်။

SSA

လက်နက်ပစ်ခတ်မှုကို သရုပ်ပြနေသော ရှမ်းပြည်တောင်ပိုင်း တပ်မတော်မှ တပ်သားတဦးကိုတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
“အစိုးရသစ်တက်လာတယ်ဆိုတာကလည်း သူတို့ တိုင်းရင်းသားတွေအပေါ်ပဲဖြစ်ဖြစ်ပေါ့နော်၊ အပစ်ရပ်တွေပေါ်မှာပဲ ဖြစ်ဖြစ်၊ အတိုက်အခံ တွေပေါ်ပဲဖြစ်ဖြစ် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘူး။ စစ်တပ်တွေပိုတိုးချတာ၊ စစ်အင်အားသုံးပြီးတိုက်တာတွေ အများကြီးတွေ့ရတာပေါ့” ဟု စိုင်းသျှန်မိန်း က ပြောသည်။

ဧပြီလကုန်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံအချို့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းထွက်ပြေးခိုလှုံခဲ့ကြသည်။

အလားတူပင် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၁ နှင့် ၂၃ဝ တပ်ရင်း လုံခြုံရေး စခန်းများကို မေလ ၁၁ ရက် မနက်ပိုင်းက ကရင်လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA တို့က ပြောက်ကျား စနစ်ဖြင့် တိုက်ခဲ့ကြသည်ဟုဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ခလရ ၂၃ဝ တပ်ရင်းမှ တပ်ခွဲမှူး နေနိုင်ဦး နှင့် တပ်သား နှစ်ဦး ကျဆုံးသွားသည်ဟု DKBA ဗဟိုလုံခြုံရေး တပ်သား စူပါစွမ်းက မဇ္ဈိမကိုပြောသည်။

လွှတ်တော်၌ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စခုန်တိန့်ယိမ်း၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သည့် အမေးကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ယခုအချိန်တွင် အလင်းဝင်သူများ ရှိနေပြီး ကျန်အဖွဲ့များကိုလည်း ကြိုဆိုသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */