“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, May 23, 2011

တကယ်လုပ်ရင် အဟုတ်ခက်တယ် (ဒေါက်တာ ခင်မောင်ညို)

http://8888newgenerations.blogspot.com/2011/05/blog-post_2212.html(ပေးပို့ သူ eimmet
mahotpar )
အခု အပြောင်းအလဲတွေ လုပ်နေတာ ပေါ့လေ အဲဒါ Change လို့ ခေါ်တာပေါ့နော် ဟုတ်လား ဆရာ။
ဆရာကတော့ Transformation လို့ ထင်ပါတယ်။
ဆရာ အိုဘားမားက သမ္မတ မဲဆွယ်တရားဟောစဉ်က change ဆိုပြီး ပြောခဲ့တယ် မဟုတ်လား။
မှန်ပါတယ် သူပြောတာက တစ်မျိုးပေါ့။ အမေရိကန် ပြည်ထောင်စုမှာ လူမည်း သမ္မတ
တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒီတော့ လူတွေရဲ့ အစွဲ mind-set
ကိုပြောင်းတာမျိုးနဲ့ ပိုဆိုင်တယ်လို့ ဆရာထင်တယ်။ အခုဟာက Good Governance
နဲ့ Clean Government ဖြစ်ရေးပေါ့။ ဒါကို ပြုပြင် ပြောင်းလဲမှုကို အစိုးရက
ပြုလုပ်မှာ ဖြစ်တယ်၊ ဒါ Transform လုပ်တယ်လို့ ဆိုရမလားပဲ။

ဆရာပြောတဲ့ Good Governance နဲ့ Clean Government ဆိုတဲ့ နေရာမှာ ဘယ်ဟာက
ပိုခက်လဲ ဆရာ။

သူတို့နှစ်ခုဟာ ဒွန်တွဲနေတယ်လို့ ဆိုနိုင်ပါတယ်၊ နှစ်ခုစလုံးကတော့
ခက်တာပဲ၊ ဒါပေမယ့် ခက်ပုံ ခက်နည်းကတော့ မတူဘူး၊ ဒီနှစ်ခုဟာ သဘော သဘာဝ
ချင်းလည်း မတူဘူး။

ဘယ်လိုလဲ ရှင်းပါဦးဆရာ။

Good Governance ကိုစပြောမယ်။ မြန်မာလိုဆိုတော့ ကောင်းမွန်တဲ့
အုပ်ချုပ်ရေးပေါ့လေ၊ အုပ်ချုပ်ရေးကို Admin ဒါမှမဟုတ် Administration
ဆိုတာကို ကြားဖူးကြမှာပါ။

ရုံးတွင်းတွေမှာ ဒါကို ကြားဖူးပါတယ်။

Good Governance ဆိုတာ ပြည်သူကို အုပ်ချုပ်ခြင်း Public Administration
လို့ဆိုနိုင်တယ်။ ပြည်သူလူထု အတွက် အစိုးရက ဆောင်ရွက်ပေးခြင်း ဆိုတဲ့
အလုပ်ပါပဲ။ Government on behalf of people လို့ဆိုပါတယ်။ ခက်တာက
ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံကြမယ့် သဘောပဲ။

ဘယ်လို မျိုးလဲ ဆရာ။

ပြည်သူတွေ လိုအပ်တာတွေကို ဆောင်ရွက်ပေးသလို တစ်ချိန်တည်းမှာ လမ်းကြောင်း
တည့်ပေး ရတယ်။ ဒီလို တည့်မတ်ပေးဖို့ဟာ အာဏာလိုတယ်။ ဒါပေမယ့် ဒီအာဏာမှာ
ကန့်သတ်မှုတွေ ထားရှိရပါတယ်။ ဒီတော့ ထိရောက်တဲ့ အုပ်ချုပ်မှုမှာ တစ်ဦး
ချင်းစီရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်အောင် လုပ်ရတော့တာပါပဲ။

ဆရာဆိုလိုတာက အုပ်ချုပ်ရေးကို ဘောင်ခတ် ထားတာမျိုးပေါ့နော်။

ဟုတ်ပါတယ်၊ အုပ်ချုပ်သူတွေဟာ ဒီလို ဘောင်ခတ်ခံထားရတာကို မနှစ်သက်
ကြပါဘူး။ သူတို့ အတွက် အခက်အခဲများစွာ ရှိပါတယ်။ ခုလတ်တလော ဖြစ်နေတဲ့
ရန်ကုန်မှာ ကြွပ်ကြွပ် အိတ်တွေ ပိတ်ပစ်တဲ့ ကိစ္စမျိုးပေါ့။
ကြွပ်ကြွပ်အိတ်တွေဟာ ပတ်ဝန်းကျင်ကို အတော်လေး ထိခိုက်စေတယ်၊
ပိတ်ပစ်သင့်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့က လက်ခံတယ်၊ ဒါဟာ ကောင်းတဲ့
လုပ်ရပ်ပဲ၊ ဒါပေမယ့် တစ်ဖက်ကကြည့်ရင် ကြွပ်ကြွပ်အိတ်တွေကို ဘာနဲ့အစားထိုး
မလဲ၊ ပြည်သူ လူထုကို ပိုပြီး ၀န်ပိစေမှာလား။

ဆရာအရင်ခေတ်က စက္ကူတွေ၊ ဖက်တွေကို သုံးကြတယ် မဟုတ်လားဆရာ။

ဟုတ်ပါတယ် ယနေ့မှာ အဲဒီ စက္ကူတွေ ဖက်တွေ မလုံလောက်တော့ဘူး၊ လူအင်အားလည်း
ပိုသုံးရမယ်၊ ခုစက်ရုံတွေ ပိတ်လိုက်ရင် လုပ်ငန်းရှင်တွေ ထိခိုက်သလို
ဒီလုပ်ငန်းကို မှီခိုနေတဲ့ လုပ်သားတွေနဲ့ မိသားစုတွေပေါ့လေ လူဦးရေ
ငါးသောင်းလောက် အလုပ်လက်မဲ့ ဖြစ်မှာကိုလည်း စိုးရိမ်ရတာပါပဲ။

ဟုတ်ကဲ့ဆရာ ဒါပေမယ့် ခုခေတ်မှာ ပတ်ဝန်းကျင် ပြသနာက အရေးကြီးတယ် မဟုတ်လား။

ဟုတ်ပါတယ် ဒါပေမယ့် လုပ်ငန်းခွင်တွေနဲ့ အလုပ်သမားတွေလည်း အရေးပါတယ်၊ ၁၉၇၉
ခုနှစ်မှာ ကျိုတို သဘောတူညီချက်ဆိုပြီး စာချုပ်တစ်ခု ဆောင်ရွက်ကြတယ်။
နိုင်ငံ (၁၃၀) လောက်က တက်ရောက် လက်မှတ်ရေးထိုးကြတယ်၊ ဒါပေမယ့် အမေရိကန်
အပါအ၀င် နိုင်ငံ အချို့က လက်မှတ်မထိုးဘူး။

ဘာသဘော တူညီချက်လဲ ဆရာ။

ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေးအတွက်ပါပဲ၊ အမေရိကန်က
သူတို့ရဲ့ စက်မှု လုပ်ငန်းတွေကို အထိအခိုက် မခံနိုင်ဘူးတဲ့။ နောက်ပိုင်း
(၂၀၀၉) ခုနှစ်များမှာ ပြုလုပ်တဲ့ ကိုပင်ဟေဂင်မှာ လည်းလက်မှတ် မထိုးဘူး။
(၂၀၁၀) ခုနှစ်မှာ လုပ်တဲ့ ကင်ကွန်း (Cancun) ညီလာခံက ဆုံးဖြတ်ချက်မှာလည်း
ဒီလို ကာဗွန်ဒိုင်အောက်ဆိုဒ် လျှော့ချဖို့ အမေရိကန်က ဘာမှ ထိထိရောက်ရောက်
ပါဝင် ဆောင်ရွက်တာ မရှိဘူး။

ဒါဆို ကျွန်တော်တို့က ဘယ်လို စဉ်းစားသင့် သလဲဆရာ။

ဒါက အုပ်ချုပ်သူတွေရဲ့ အလုပ်ပါပဲ၊ သူတို့က ကောင်းမွန်တဲ့ အုပ်ချုပ်ရေး
တစ်ခု လုပ်မယ်ဆိုရင် ပြသနာတွေ ရှိလာတာကို မြင်လို့ တင်ပြရုံ သက်သက်ပါ၊
ဆရာက ကောင်းတာ မကောင်းတာကို ပြောပြနေတာ မဟုတ်ပါဘူး။ တစ်ကယ်လုပ်ရင် အဟုတ်
ခက်တယ် ဆိုတာပါပဲ။

ဒါဆိုရင် Clean Government အကြောင်းလည်း ဆက်ပြောပါဦး ဆရာ။

နောက်တစ်ပတ်မှ ဆက်ပြောကြတာပေါ့။

ဟုတ်ကဲ့ဆရာ ကျွန်တော် မှတ်ထားလိုက်ပါ့မယ်။

Good Governance ဆိုတာ တစ်ကယ်လုပ်ရင် အဟုတ်ခက်တယ်လို့။

ခက်ပါတယ်။

ဒေါက်တာ ခင်မောင်ညိုRest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */