“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 06, 2010

စိတ်ချင်းတူလျင် လက်တွဲရန် အသင့်

ရင်နှင့် စရာအလွန်ကောင်းသည်၊ ကိုယ့်ကိုယ်ကို သတ်သေဖို့ ရာကလည်း သတ္တိကမရှိ သေရန်လည်း မသင့်သေးဟု တွေးဖြစ်သော်လည်း ရှင်နေခြင်း ကလည်း အဓိပ္ပါယ်မရှိ ။ မည်သူမဆိုမွေးဖွားလာကြခြင်းမှာ ဘ၀ရဲ့အဓိပ္ပါယ်နှင့် ဘ၀ရဲ့ အနှစ်အရသာကို လွတ်လပ်စွာ ကိုယ်တိုင်စိုက်ပျိုး စွတ်ခူးရန်ဟု တွေးဖြစ်ပေမယ့် စိုက်ပျိုးခွင့်မရှိ စွတ်ခူးခွင့်လည်းမရှိ။

ဗမာတွေ သတ္တိမရှိကြ ၊ ဒီအတိုင်းဆက်သွားလျင် ဘယ်တော့မှ မဆုံးနိုင်သော ဒုက္ခပင်လယ်ထဲတွင် နှစ်ရင်း ကနှစ်လျက် အဆုံးသတ်တော့မည်မထင်။ ဘာသာရေး အရ သီးခံခြင်းသည် အရာရာအောင်မြင်သည်ဆိုခြင်းမှာ နေရာတချို့ တွင်အောင်မြင် ပေမယ့် နေရာတိုင်းတွင်တော့ မဖြစ်နိုင်။ ကိုယ်လုပ်စရာရှိတာ ပြတ်ပြတ်သားသား လုပ်ဖို့  ကိုယ်ဘာလုပ်နေသည်ကို ထင်ထင်ရှားရှားသိဖို့  လိုသည်။

နောက်တခုက ဗမာတွေ မညီညွတ်ကြ၊ ဒါဟာအဓိက ပြသနာဖြစ်သည်။ ပန်းတိုင်ရောက်မည်မကျန်သေး နေရာလုဖို့ က အရင် ။ ရန်သူကို မတိုက်ခင် အချင်းချင်းတိုက်ရင်း အစိတ်စိတ်ကွဲကုန်သည်။ဒါဟာ ဗမာတွေရဲ့ သမိုင်းအဆက်ဆက် ငြင်းမရနိုင်တဲ့  သာဓက များဖြစ်သည်။

တိုင်းပြည် လွတ်မြောက်ရေးအတွက် တကယ် တိုင်းပြည်ကို စေတနာသန့် သန့် နှင့် ကူညီချင်သောဆန္ဒရှိလျင် ၊ငါမှ ခေါင်းဆောင်ဟူသော နိမ့်ကျသည့်  အယူကိုပယ်ဖျက်ပြီး ကျရာနေရာမှ ကိုယ့်တာဝန် ကိုယ်ကျေပြွန်အောင်ထမ်းဆောင်နိုင်လျင်၊ ယ္ခုတိုင်းပြည်တွင်း နိုင်ထက်စီးနင်း ဗိုလ်ကျ မတရားအုပ်ချုပ်နေသာ သူများအား ချက်ခြင်းမဟုတ်သော်ငြား တဖြည်းဖြည်းနှင့် ညီညွတ်စွာအောင်မြင်အနိုင်ယူရနိုင်ဖို့ ရန် သေခြာသည်။

ဗမာစစ်တပ်သည် ယိုင်နဲ့ သော စုစည်းမှုဖြင့်တည်ဆောက်ထားသည်။ မ၀ ယုံတမည် ကျွေးပြီး အမိန့့် အာဏာဖြင့် စည်းလုံးနေသယောင်ဖွဲ့ စည်းထားသည်။ လောလောဆယ် စစ်တပ်တခုလုံးကို ဘယ်ပြည်သူမှ မကြည်ငြို အယုံကြည်လည်းမရှိကြ။ ပြည်သူ သည်တအုပ်စု စစ်တပ်သည် တအုပ်စု ဖြစ်နေသည်။ အမှန်အတိုင်းမြင်ရလျင် စစ်တပ်သည် ပြည်သူကို ကြောက်၏ ၊ ပြည်သူကို ရန်သူသဖွယ် အမြဲမြင်နေသည်။

ဗမာပြည်သည် ကျွန်ခေတ်သာသာရှိသည်၊ ဘာမှ မတိုးတက်ခဲ့  အနှစ်ရာနှင့်ချီတော့မည်။ ကျွန်စိတ် မမွေးစေလို သခင်စိတ် နှင့် ညီညွတ်ကြစေလိုသောဆန္ဒဖြင့် ။

တောင်ပံနီ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */