ယူရေနီယမ်ထွက်ရှိမှုကြောင့်မိုးကုတ်ကလီစူးရွာ ၃ ရွာပြောင်းရွှေ့ခိုင်း Friday, 03 September 2010 17:26 မွေခေါင်
မိုးကုတ်မြို့အနောက်ဘက် မိုးကုတ်-၀ါးဖြူတောင်ကားလမ်းပိုင်း/လမ်းဧရိယာအပါအ၀င်းအနီးတ၀ိုက်ရှိ ယူရေနီယမ် သတ္တုစီမံကိန်းခွင်နှင့်မလွတ်ကင်းသောလီစူးရွာ ၃ ရွာမကြာခင်ပြောင်းရွှေ့ခံရဖွယ်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
“ယူရေနီယမ်တူးမယ်ဆိုတော့ အဲ့ဒီဒေသမှာရှိတဲ့လီစူးရွာ ၃ ရွာလဲ မကြာခင်ပြောင်းရတော့မယ်။ တရွာဆိုအိမ်ခြေ ၅၀ ကျော်ရှိမယ်” ဟု မိုးကုတ်ဒေသခံတစ်ဦးကပြောပါသည်။
ထိုလီစူးရွာသည် မိုးကုတ်မြို့အနောက်တောင်ဘက် ၇-၈ မိုင်အကွာ၌တည်ရှိသည်ဟုဆို၏။ နအဖက ထိုဒေသတွင် ယူရေနီယမ်တူးဖော်ရေးစီမံကိန်းကြီးပြုလုပ်နေသောကြောင့်ဖြစ်သည်။
ထိုယူရေနီယမ်တူးဖော်ရေးစီမံကိန်းကြောင့် မိုးကုတ်-၀ါးဖြူတောင်သွားလမ်းကို နအဖကပိတ်မည်ဟုလည်းသတင်း ထွက်နေခဲ့ပြီး မိုးကုတ်မှမန္တလေးကားလမ်းသစ်တစ်ခုအစားထိုးဖောက်လုပ်ပြီးစီးလုနီးပြီဟုဆို၏။
“မြေမြို့ရဲ့မြောက်ဘက်ကနေမိုင်းလုံ-မိုးကုတ်ကိုတိုက်ရိုက်ဖောက်ထားတာ။ လမ်းသစ်ပြီးစီးသွားရင် မိုးကုတ်ပြည်သူတွေ မန္တလေးသွားရင် ဒီလမ်းကိုသုံးရမယ်တဲ့ ” ဟု ၎င်းကဆက်လက်ပြောပါသည်။
မေမြို့-မိုင်းလုံ-မိုးကုတ်လမ်းသစ်ကို ယခုနှစ်ဆန်းပိုင်းမှစတင်ဖောက်လုပ်ခဲ့ပြီး မိုင် ၆၀ ကျော်ရှည်မည်ဟုဆိုသည်။
“မြေဖို့ကျောက်ခင်းတာအားလုံးပြီးလုနီးနီးရှိပြီ။ ကတ္တရာဆက်ခင်းနေတယ်။ ဒီနှစ်ကုန် အပြီးခင်းမယ်ဆိုဘဲ။ အားလုံး ပြီးသွားရင်တော့ မေမြို့ကနေမိုးကုတ်ကို ၂ နာရီကြာမောင်းရမယ်” ဟု တောင်ကြီးရောက်မိုးကုတ်ကုန်သည်လီစူး အမျိုးသားတစ်ဦးကပြောပါသည်။
ယခုနှစ် ဂျွန်လဆန်းပိုင်း၌ နအဖစစ်အုပ်စုက ယူရေနီယမ်သတ္တုသုံး နျူးကလီးယားလက်နက်လျှို့ဝှက်စွာ ထုတ်လုပ် နေသည်ဟုသတင်းထွက်ပေါ်ခဲ့သည်။ စက်မှု ၁ ၀န်ကြီးဦးအောင်သောင်းကလည်း သြဂတ်စ် ၁၁ ရက် နေပြည်တော် ကြံ့ဖွတ်သင်တန်းဆင်းပွဲတစ်ခုတွင် “နျူးကလီးယားလက်နက်ထုတ်သင့်လျှင်ထုတ်ရမည်”ဟု RFA သတင်းဌါနက ထုတ်လွှင့်ခဲ့ပါသည်။ Rest of your post
Monday, September 06, 2010
ဘာမဆို ထွက်ရှိတဲ့ ဗမာပြည်ကို ရွှေပြည်လို့ ခေါ်တွင်ပေမယ့်၊ ပြည်သူတွေခင်မျာ မွဲ၊ ခွေးသူတောင်းစားတွေခင်မျာ မတော့ အမဲဖျက်သလို လုပ်ချင်တိုင်း လုပ်နေကြ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment