ရန်ကုန် မြစ်ကြောင်း တစ်လျှောက် မြစ်ရေ အတက် အကျကို အချိန် ကိုက်၍ ရေအောက် ပစ္စည်း ရှာဖွေ နေသည့် ရေငုပ် အဖွဲ့များ လှုပ်ရှား နေသည်ကို နေ့စဉ် မြင်တွေ့ နေရသည်။ ထိုသူများ မည်သို့ ရှာဖွေ ကြသည်ကို သိရှိနိုင်ရန် ရေငုပ်အဖွဲ့ တစ်စု နှင့် လိုက်ပါ၍ မေးမြန်း စူးစမ်းဖြစ် ခဲ့သည်။
မောင်မောင်မြင့်(၁၆) နှစ်
(၁ဝ) နှစ်သားက စပြီး လိုက်ခဲ့ တာပါ။ အစပိုင်း ဆိုတော့ လှေပေါ်မှာ ပိုက်ကိုင်၊ ကြိုးကိုင်၊ လှေစောင့် စတဲ့ အလုပ်ကို သင်ရတယ်။ တစ်ခါ တလေ ''ချွန်း''ပေါ်မှာ ညအိပ် ရတယ်။ လှေတစ်စီးမှာ (၄/၅)ဦးပါ။ ရရှိ လာတဲ့ ပစ္စည်းတွေ ရောင်းချပြီး အစုခွဲ ရတယ်။ စက်လှေ ပိုင်ရှင်က (၂)စု ရတယ်။ တချို့ ပိုင်ရှင် တွေက ကိုယ်တိုင် လိုက်ပါပြီး ရေငုပ်သမား က (၁)စု၊ အလုပ်သင် တွေက စုဝက် ရတယ်။ ပုံမှန်တော့ မရှိပါဘူး။ ပစ္စည်းရတဲ့ အပေါ် မူတည်ပြီး ရတယ်။ နည်းရင် (၁ဝဝဝိ) ကျပ်၊ (၁၅ဝဝိ) ကျပ် ကနေ (၂၅ဝဝိ) ကျပ် (၃ဝဝဝိ) ကျပ် ရတယ်။ အဲဒီ ကနေ နည်းနည်း ကျွမ်းကျင်တော့ သင်္ဘော ပျက်တွေ ဆင်းစမ်း ရတယ်။ သင်္ဘော စမ်းတာ ကလည်း မလွယ်ပါဘူး။ သင်္ဘောထဲ ဝင်ရင် ဝင်လမ်း ထွက်လမ်း တွေကို သေသေ ချာချာ မှတ်သား ရတယ်။ ရေအောက်မှာ ဆိုတော့ ဘာမှ မမြင်ရဘူး။ စမ်းတဝါး ဝါးနဲ့ သွားရတာ။ မျက်စိကန်း နေတဲ့လူ အတိုင်းပဲ။ ရေငုပ်ခေါင်း ကိုလည်း သေချာ တပ်ထား ရတယ်။ လေရှူငုပ်သမား ဆင်းရင် ကွန်ပရက်ဆာ ပန့်ခေါင်း ပြုတ်မထွက် အောင် ဂရုစိုက်ရ တယ်။ အဲဒီက တစ်ဆင့် ပိုက်ကနေ ရေငုပ်သမားဆီ လေရောက်တယ်။
ပန့်ခေါင်း ပြုတ်ထွက် ရင် လေ မထွက်ဘဲ လေပြန် စုပ်လို့ ရေငုပ်ခေါင်း ဝတ်ထားတဲ့သူ စုပ်အားကြောင့် မျက်လုံး ကျွတ်ထွက် တာတွေ ရှိတယ်။ သေတဲ့ အထိ မတွေ့ရ သေးပါဘူး။ ရေအောက်မှာ ဘာမှ မမြင်ရတော့ လက်နဲ့ စမ်းရတယ်။ တွေ့တဲ့ ပစ္စည်းကို ပါလာတဲ့ ဇကာ ပိုက်ထဲကို ထည့်ရ တယ်။ အတွေ့များ တာက ကျောက်မီးသွေး၊ သံတို သံစနဲ့ ကျောက် (ကျောက်ဆူး) တွေ အရင်က သံတို သံစနဲ့ ကျောက်ငုပ်တယ်။ ဒီနောက်ပိုင်း ကျောက်မီးသွေး တွေလည်း ယူရ တယ်။ ကျောက်မီးသွေး တုံးတွေက အရင်ေ ကျာက်မီးသွေးနဲ့ မောင်းတဲ့ သင်္ဘောတွေမြှုပ် တာတို့ ပြုတ်ကျ တာတို့ကြောင့် မြစ်ထဲမှာ ရှိနေတာပါ။ အခက် အခဲက ရေငုပ်ပိုက် တွေကို အပေါ်က ဖြတ်သွားတဲ့ သင်္ဘော ပန်ကာက ဖြတ်သွားတဲ့ အခါမှာ အဲဒီပိုက်က ကိုယ်ကို ပတ်မိ တာကြောင့် သေတတ်တယ်။
မရတဲ့ ရက်ဆို (၁ဝ) ပိဿာ ရတဲ့ ရက်ဆို ပိဿာ (၄၊၅) ဆယ် ရတယ်။ သံတိုသံစ (၁) ပိဿာကို (၄ဝဝ) ကျပ်၊ ကျောက်မီးသွေး (၁၂ဝ) ကျပ်နဲ့ ကုပ်(၂၅ဝ) ကျပ်ရတယ်။ ကုပ်ဆိုတာက ကျောက်မီးသွေး ပုံစံ ပါပဲ။ ပန်းဘဲဖို တွေမှာ သုံးကြတယ်။ နွေရာသီ ဆိုရင် ရေငန် တိုးတော့ နုန်းအုပ်တော့ ဘာမှ ဆယ်လို့ မရဘူး။ ဆောင်းနဲ့ မိုးရာ သီမှာ အလုပ် ဖြစ်တယ်။ ရေငုပ်ရ တာက ရေတက် ရေကျ ချိန်ရဲ့ ကြားကာလ ရေတန့် နေတဲ့ အချိန် (၁) နာရီပဲ ရှိတယ်။ ရေပြန် တက်မယ့် အချိန် မှန်းပြီး ကိုယ်ငုပ်မယ့် နေရာကို ကြိုသွား ရတယ်။ နွေရာသီ ဆိုရင် အထက်ပိုင်း ရွှေပြည်သာ၊ ထန်းတပင်ဘက် တက်ပြီး သစ်တုံးတွေ မြုပ်နေတာ ဆယ်ရတယ်။ သစ်တော ဦးစီးက ဆယ်မဲ့ အဖွဲ့ တွေကို အလံတွေ ထုတ်ပေး ထားတယ်။ ကိုယ့်စရိတ်နဲ့ ကိုယ်စားပေါ့။ သစ်တုံးတွေ ရရင် စက်လှေ ဘေးမှာ ကပ်ချည်ပြီး သတ်မှတ် နေရာကို ပို့ပေးရတယ်။ သစ်တစ်တန်ကို (၇ဝဝဝဝိ) ရတယ်။ သင်္ဘောပျက်တွေ ကတော့ လူကြီး တွေနဲ့ ပူးပေါင်းပြီး မိုးကောင်းတို့ ဧရာဝတီ သင်္ဘော နဲ့ နာဂစ်တုန်းက တံတား၊ အပျက်တွေ ဆယ်ရ ဖူးတယ်။ သင်္ဘော အပေါ် မူတည်ပြီး တိုင်လီခွံတွေကြီးရင် တောတွေနဲ့ ဆယ်ရတယ်။ အဲဒီ အခါကျရင် အိမ်လည်း မပြန်ရဘူး။ စက်လှေပေါ် မှာပဲ စားအိပ် ရတယ်။ ကျောက်ဆူး ရရင် တစ်ဦးကို (၅ဝဝဝဝိ) လောက်ရတယ်။ မိသားစု (၈) ဦး ရှိတယ်။ အဖေက ချယ်ရီတောင်တန်း ကုမ္ပဏီမှာ လုပ်တယ်။ အဖေရယ် ကျွန်တော်က စီးပွားထွက် လုပ်တယ်။ (၄) တန်းအထိ ပညာ သင်ယူဖူး ပါတယ်။
ထွန်းကို(၁၄)နှစ်
ဒီစက်လှေရဲ့ နာမည်က ပျံလွှား ၊ေ ဒသ အခေါ် စက်လှေလို့ မခေါ်ပါဘူး။ ''ချွမ်း'' လို့ ခေါ်တယ်။ ပိုင်ရှင်က ကျွန်တော့် ဦးလေး မောင်ဌေး ပိုင်တာပါ။ ပြီးခဲ့တဲ့ သီတင်းကျွတ်က စလိုက် တာပါ။ အလုပ်သင် ဆိုတော့ အပေါ်မှာ နေတယ်။ ကွန်ပရက်ဆာကြည့်၊ ပိုက်ဆွဲကြိုးဆွဲ စတဲ့ တောက်တို မည်ရ အလုပ်တွေ လုပ်ရတယ်။ အရင်နေ့ တွေက လူကြီး (၂) ဦး ပါတယ်။ အပေါ် ကျွမ်းကျင်မှ အောက်ကို ဆင်းရတယ်။ နေ့တိုင်း ထွက်တယ်။ ရွှေပြည်သာ နားမှာ ကျောက်ဆူး တစ်ခု ရဖူးတယ်။ အဲဒီတုန်းက တစ်ဦးကို (၁၅ဝဝဝဝ) ဝေစု ရတယ်။ ရေတက် ရေကျ မနက် တစ်ခါ နေ့ခင်း တစ်ခါ ထွက်တယ်။ သွားတာက ဒလကနေ ကျောက်တန်းနား အထိ သွားတယ်။ စက်လှေ အကျယ် အဝန်းက (၁ဝ'x၃၅') ရှိတယ်။ မြင်းကောင်ရေ (၁၆) ကောင်ရှိတဲ့ အင်ဂျင ပါတယ်။ တန်ဖိုးက သိန်း (၅ဝဝ) ရှိတယ်။ ကျောက်မီးသွေး နဲ့ သံတို သံစတွေ အရ များတယ်။ သံတို သံစ ကလည်း ဆယ်ရင်သာ ကြီးတာ။ တူနဲ့ ထုခွဲ လိုက်ရင် ဘာမှ မကျန်ပါဘူး။ အစ်ကိုမြင်တဲ့ အတိုင်း ပါပဲ။ မိသားစု (၆) ဦး ရှိတယ်။ ကျောင်း မနေဖူးပါဘူး။ ကိုရင် (၇) ဝါ အထိ စာလိုက် ဖူးတယ်။
အောင်လေး(၁၄)နှစ်
လိုက်နေတာ (၃) နှစ်ရှိပြီ။ တောက်တိုမည်ရ အပြင် ညဘက် ချွန်းပေါ်မှာ အိပ်လို့ စုဝက် ရတယ်။ တစ်ခါ တလေ မနက် (၄) နာရီ ထထွက် ရတယ်။ အလုပ် ကတော့ ဒီလိုပဲ အတုမြင် အတတ်သင်ပါ။ သင်္ဘော ဆယ်တဲ့ အထဲ ပါဖူးတယ်။ ဆယ် မပြီးမချင်း ချွန်းပေါ်မှာ အိပ်ရတယ်။ ဝိုင်းဝန်း ကူညီ ရတယ်။ အဲဒီတုန်းက (၅ဝဝဝဝိ) ရပြီး ပီပါ ခွံတွေနဲ့ ဆယ်ရတာ။ အခု ကြိုးစားမှ ရေငုပ် သမား ဖြစ်မယ်။ ပြီးရင် စက်လှေ ပိုင်ရှင်ပေါ့။ ဒီနေ့ဆို ကျောက်မီးသွေး (၁ဝ) ပိဿာပဲ ရတယ်။ ဆီဖို နှုတ်ရင် ဘာမှ မကျန်တော့ပါဘူး။ ပိုင်ရှင်က သဘောကောင်း လို့ (၅ဝဝ) ရတယ်။ (၆) တန်း အထိ နေခဲ့တယ်။ စီးပွားရေး အခြေ အနေကြောင့် ဆက်မတက် ဖြစ်တော့ပါဘူး။ မိသားစု (၆)ဦးရှိတယ်။
ရဲရင့်(၁၄)နှစ်
နာဂစ် မဖြစ်ခင် ကတည်းက လိုက်နေတာပါ။ ဒီလှေမှာ လိုက်တော့ ကျောက်ဆူး ရလို့ ဝေစု(၁၅ဝဝ၀ဝိ) ရတယ်။ တစ်ခါ ဆင်းဖူးတယ်။ နားကိုက်လို့ ပြန်တက် ရတယ်။ သင်္ဘောပျက် ဆယ်ဖူးတယ်။ တိုင်ကီ (၁၇၂) လုံးနဲ့ (၂) လ ဆယ်ရတယ်။ အဲဒါ ကလည်း ရေတက် ရေကျ ချိန်ကိုက် လုပ်ရ တာပါပဲ။ ကျပ် (၅ဝဝဝဝ) ရတယ်။ အဖွဲ့တွေ များလာလို့ လုပ်ရ ကိုင်ရ တာ အဆင် မပြေ တော့ပါဘူး။ ကျွန်တော်တို့က ဒီလိုပဲ မှန်းပြီး ရေငုပ်နေရတာ။ လုပ်ငန်းကြီး သမား တွေက သင်္ဘောပျက် ဆယ်တာတို့၊ တချို့ သင်္ဘောတွေ အင်ဂျင် ပြုတ်ကျလို့ ပြန်ဆယ်တဲ့ ကန်ထရိုက် စနစ်တွေ ရတယ်။ မနက်နဲ့ နေ့လယ်ပိုင်း ထွက်ကြတယ်။ ညဘက်ဆို မထွက်ကြ တော့ဘူး။ ရေငုပ်တာ ကတော့ တစ်စီးမှာ (၂) ဦးပါတယ်။ အစ်ကို ပါလာတဲ့ နေ့ မှ လူကြီးတွေ မအားလို့ ကျွန်တော်တို့ (၄) ဦးထွက် လာတာပါ။ အမြဲတမ်း လုပ်နေရလို့ ဘာအခက် အခဲမှတော့ မရှိပါဘူး။ ရေငုပ် သမားတွေက တစ်ခါ ငုပ်ရင် မိနစ် (၂ဝ )လောက် ကြာတယ်။ ကွန်ပရက်ဆာခေါင်း ပြုတ်မထွက်အောင် စက်မပျက်အောင် ဂရုစိုက် ရတယ်။
ရေငုပ် အဖွဲ့ များ၏ ရာသီချိန်သည် မိုးဥတု ဖြစ်ပြီး နယုန် လကုန်မှ စ၍ ပြာသိုလကုန် အထိ အဆက် မပြတ် ရှာဖွေ ကြပြီး ကျန် လများတွင် ရံဖန်ရံခါ ရှာကြသည်ဟု သိရသည်။ အဆိုပါ လများသည် ရေချို ဝင်ရောက် မှုကြောင့် ရေအောက် ပစ္စည်း ရှာဖွေရ လွယ်ကူပြီး ကျန်လများတွင် ပင်လယ် ရေငန် ဝင်ရောက်မှု နှုန်းများ ကျဆင်းမှု တို့ကြောင့် ရှာဖွေရ မလွယ်ကူ ကြောင်း သိရသည်။ နွေရာသီတွင် ရွှေပြည်သာ၊ ထန်းတပင်သို့ သွားရောက် ကြပြီး သစ်တော ဦးစီးဌာန ၏ ခွင့်ပြု ချက်ဖြင့် ရေအောက်တွင် နစ်မြုပ်နေသည့် သစ်များကို ရှာဖွေ ဆယ်ယူ၍ အပ်နှံရကြောင်း အပ်နှံပါက သစ်တ စ်တန်လျှင် ကျပ် (၇ဝဝဝဝိ) ရရှိကြောင်း သိရသည်။
ရေငုပ် ရှာဖွေ ရာတွင် ရရှိလာသည့် ပစ္စည်း အပေါ် မူတည်၍ ဝေစုခွဲ ရပြီး စက်လှေ ပိုင်ရှင်သည် (၂) စု၊ ကျွမ်းကျင် ရေငုပ်သမားသည် (၁) စု တောက်တို မည်ရ လုပ်သား များသည် စုဝက်၊ တစ်မတ် စသည်ဖြင့် ခွဲဝေယူ ရကြောင်း သိရသည်။ ရေငုပ် ရာတွင် ကျွမ်းကျင်မှု အပေါ် မူတည်၍ ရေအောက် ပစ္စည်း အနည်း အများ ရရှိကြောင်း၊ ရေငုပ် နေစဉ် စက်ပျက်သွား ပါက သတ်မှတ် ကြိုးကို (၂) ချက်ဆွဲ သတိပေးရ ကြောင်း၊ ရေငုပ်မည့် နေရာတွင် ဘလဲ (ခေါ်) ကျောက်ဆူးကို ချ၍ ကြိုးပတ်ဝန်းကျင်၌သာ ရှာဖွေမှု ပြုရပြီး ရေငုပ် သမားသည် ရေအောက်၌ ကြိုတင် ချထားသည့် ကြိုးကို မြဲမြဲစွာ ကိုင်တွယ် လှုပ်ရှား ရကြောင်း သိရသည်။
၁၁ . ၈ . ၂၀၁၀ | လျှပ်တပြက်Rest of your post
Wednesday, August 11, 2010
ရန်ကုန်မြစ်ကို အန်တု နေသည့် သူရဲကောင်း (၄) ဦး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment