ရိုင်းတယ်လို့တော့မထင်ပါနဲ့။ ဒီလိုနှိုင်းယှဉ်ရတာက သက်မဲ့ဝထ္တုပစ္စည်းနဲ့သက်ရှိ လူသားတို့ရဲ့အသုးံချခံရခြင်း ၊အဖြည့်ဆည်းခံရခြင်းဆိုတဲ့ဓါတ်သဘောတူနေလို့ပါ။Condom ကတော့အားလုးံသိတဲ့အတိုင်းလူသားတွေရဲ့သွေးသားလိုအင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့အသုးံမချခင် နေရာရ အဆောင်ခံရပြီး ကိစ္စပြီးမြောက်သွားတဲ့အခါကြရင်တော့ အညစ်ကြေးတစ်ခု အနေနဲ့နဲ့စွန့်ပစ်ခံရတယ်။
ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေရဲ့ဘဝတွေကကော Condom နဲ့ဘာများထူးခြားပါသလဲ။ အာဏာရှင်တွေအလိုကျ အသုးံတော် ခံကြရပြီးခွေးကလေး၊ ကြောင်ကလေးတွေလို စွန့်ပစ်ခံနေရပါတယ်။သာမန်ဝန်ထမ်းတွေကျတော့အသက် ၆၀ ကျရင် ပင်စင်သွားရပြီး သန်းရွှေတို့အုပ်ကတော့ ၇၀ ကျော် ၈၀ ကပ်လာတောင်ကုလားထိုင်မြဲဖို့ လူသတ်လို့ကောင်းတုန်း ရှိပါသေးတယ်။
သန်းရွှေမန္တလေးသွားပြီးမန္တလေးတောင်ပေါ်ကနေအားအားယားယားမှန်ပြောင်းတစ်လက်နဲ့ လက်ကမြင်းတော့ရွှေညဏ်တော်စူး ရောက်လှတဲ့ ဗိုလ်ရှုပ်တွေက ပုသိမ်ကြီးမှာရှိတဲ့ တိုင်းရင်းဆေးတက္ကသိုလ်က ဆရာမတွေကိုကျောင်းရှေ့နေပူထဲထွက်ပြီးသူတို့ဆီကနောက် ထပ်ဖုန်းမလာမချင်း လက်ထွက်ပြခိုင်းပါတယ်တဲ့။ ဟိုကဘယ်ကြည့်လို့ကြည့်မှန်းမသိ၊ မြင်ရလား၊မမြင်ရလား မသိဘဲနဲ့စာသင်ဖျက်ခိုင်းပြီး သူတို့ကိုပျော်တော်ဆက်ရပါသတဲ့။ မြန်မာပြည် ကတက္ကသိုလ် ဆရာမတွေရဲ့စစ်ကျွန်ဘဝရင်နာဖို့ကောင်းလိုက်တာ။
နှစ်ပေါင်း ၂၀ ကျော်နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေပင်စင်ယူတဲ့ အခါဘယ်လိုထောက်ပံ့မှုတွေ၊ ပံ့ပိုးမှုတွေရရှိပါသလဲ။မယုံကြည်နိုင်စရာဘဲ။ သာမန်အောက်ခြေဝန်ထမ်း တွေမပြောနဲ့ ပြန်တန်းဝင်အရာရှိကြီး တွေရဲ့အငြိမ်းစားလစာငွေကို ကြည့်ကြပါစို့၊
ဒုဗိုလ်မှုးကြီး (ငြိမ်း) ပင်စင် - ၁၂၀၀ ကျပ်
ပါမောက္ခ (ဆရာဝန်ကြီး ငြိမ်း ) ၁၅၀၀ ကျပ်
အိုမင်းမစွမ်းတော့တဲ့အခါ ဆန်တစ်ပြည်ဖိုးတောင်မရှိတဲ့တစ်လစာနဲ့ ဘယ်လိုနေထိုင်ကြမလဲ။ ကျန်းမာရေးမကောင်းခဲ့ရင်ကော ဘယ်လိုဆေးဝါး ကုသမှုခံယူကြမလဲ။ ဝန်ထမ်းအများစုကလည်း ဝန်ထမ်းအလုပ်ကလွဲပြီး တခြား အလုပ်မလုပ်တတ်သူတွေများတော့တခြားသူတွေထက်ပိုပြီး ဒုက္ခရောက်ကြရပါတယ်။
မကြာခင်က ဝန်ထမ်းလစာတွေ တိုးပေးတာဟာ တကယ်ဘဲ စေတနာပါလို့လား၊ဒါမှမဟုတ် မီးလို များများလောင်နိုင်အောင် ထင်းထည့်ပေးတာမျိုးလားဆိုတာ ရှင်းပါတယ်။ဒါကြောင့် ဝန်ထမ်းများအနေနဲ့ စစ်အဏာရှင်တွေရဲ့အစွန့်ပြစ်ခံ အမှိုက်ဘဝ မရောက်ခင် အမှိုက်က ရွှေဖြစ်ဆိုသလို အမှန်တရားကို လက်ကိုင်ထားပြီးပြည်သူတွေဘက်က မားမားမတ်မတ် ရပ်တည်ပါလို့ ပန်ကြားအပ်ပါတယ်။
ရန်နောင်။
Wednesday, April 07, 2010
Condom နှင့် နိုင်ငံ ဝန်ထမ်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment