“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, April 14, 2010

ပြည်သူတို့ လိုက်နာစေ..


ချွင်းချက် မြေးအရွယ် ကောင်မလေးများနဲ့  ကဲသော နအဖ အဖိုးကြီးများ မပါ။ တပြည်လုံး မှ ကောင်းတာမှန်သမျှ ရှိသမျှ ရုံခါစားနေသော တေဇ ဇော်ဇော် မိသားစုမပါ blayboy စိန်မျောက်မျောက်မပါ...

ယဉ်ကျေးမှုဝန်ကြီးဌာန၏ နှိုးဆော်ချက်

မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် ကဆုန်ကဆန်း ၂ ရက်မှ ၄ ရက်နေ့သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်အခါတော် ဖြစ်ပါသည်။

ဤအခါသမယတွင် မြန်မာတို့သည် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာရပြုခြင်း၊ ရှင်ပြုရဟန်းခံ အလှူမင်္ဂလာများ ကျင်းပခြင်းနှင့် တိရစ္ဆာန်များ ဘေးမဲ့လွှတ်ခြင်းစသော မင်္ဂလာအမှုတို့ကို ပြုမြဲဖြစ်ပါသည်။

ဓလေ့အစဉ်အလာ

ထို့အပြင် နှစ်ဟောင်းတွင် အညစ်အကြေးများရှိခဲ့ပါက ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကြည်လင်သန့်ရှင်း မွှေးပျံ့သင်းသည့် နံ့သာရည်များကို သပြေခက်ဖြင့် ပန်းဖျန်းကြသည့် ဓလေ့အစဉ်အလာ လည်း ရှိပါသည်။

သို့သော် လူငယ်တို့သဘာဝ အပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားကို အနာတရ ဖြစ်စေခြင်း၊ တစ်ဖက်သားမခံချင်အောင် နောက်ပြောင်မိခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်အန္တရာယ်ကျ ရောက်ခြင်း စသည့် အမင်္ဂလာများလည်း သက်ရောက်တတ်ပါသည်။

ရည်ရွယ်ချက်များ

၁၃၇၁ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အောက်ပါရည်ရွယ်ချက်များနှင့်အညီ ကျင်းပ သွားရန် ဖြစ်ပါသည်-
(က) ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊
(ခ) ပြည်သူများ စိတ်ရွှင်လန်းချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊
(ဂ) ပြည်သူများသည် မိမိတို့ ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေပြီး နိုင်ငံတော်၏ တာဝန်များကို နှစ်သစ်တွင် စွမ်းအားအပြည့်ဖြင့် ဆောင်ရွက်နိုင်ကြစေရန်၊
(ဃ) မြန်မာမှု မြန်မာ့ဟန် မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေး စရိုက်လက္ခဏာများကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်ကြစေရန်။

နှိုးဆော်

သို့ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ မွန်မြတ်သော ရည်ရွယ်ချက်များကို မထိခိုက်စေရန် အတွက် အောက်ပါတို့ကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည် -
(က) မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် ၀တ်စားဆင်ယင်မှု၊ နေထိုင်မှု၊ ပြုမူမှုများ၊
(ခ) ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ၊
(ဂ) သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါး နှောင့်ယှက်မှုများ၊
(ဃ) တစ်ပါးသူ၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ။

ဧပြီ ၁၁ ရက် 2010 မြန်မာ့အလင်းသတင်းစာ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */