“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, April 16, 2010

ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု အမေရိကန် ရှုတ်ချ

16 April 2010

မြန်မာနိုင်ငံ ရန်ကုန်မြို့က ရိုးရာ အတာသင်္ကြန် ဆင်နွှဲနေတဲ့ နေရာမှာ ဗုံးတွေပေါက်ကွဲခဲ့လို့ သေကျေထိခိုက်မှုတွေ ကြုံရတဲ့အတွက် အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာအသိုင်းအ၀န်းက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မနေ့တုန်းက အတာသင်္ကြန် အကြတ် နေ့ မွန်းလွဲပိုင်း ၃ နာရီလောက်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးအနီးက X2O ရေကစား မဏ္ဍပ်အနီး ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှု တွေအတွင်း လူ ၈ ဦး သေဆုံးပြီး ၁၇၀ ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ခဲ့ရတဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေ အပေါ် ရှုတ်ချခဲ့ကြတာပါ။
အခုအချိန်အထိ ဘယ်သူဘယ်ဝါ လက်ချက်မှန်း မသိရပေမဲ့ အကြမ်းဖက် လုပ်ရပ် မှန်သမျှကို လက်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့က အခင်းဖြစ်ပွားပြီး နောက်မှာပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"ဘယ်သူ့လက်ချက်ဖြစ်တယ်၊ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ အပြစ်မဲ့ အရပ်သားတွေ ဓားစားခံဖြစ်ရတဲ့ ဘယ်လို အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုမဆို ကျနော်တို့ကတော့ ရှုတ်ချပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်တွေ၊ ဘာတွေ ထွက်ပေါ် လာမလဲဆိုတာပဲ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။"

အလားတူ အရပ်သားတွေ သေကြေခဲ့ရတဲ့ သင်္ကြန်ကာလ ဗုံးခွဲမှုနဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံကလည်း ဒီကနေ့မှာ ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ နှစ်သစ်ကူး အချိန်ကာလမှာ အရပ်သား အများအပြား ထိခိုက်ဒဏ်ရာတွေရသူရ၊ သေဆုံးသူ သေဆုံး ဖြစ်ကြရတဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ စင်္ကာပူနိုင်ငံက ရှုတ်ချကြောင်း၊ ထိခိုက်သေကြေ သူတွေရဲ့ မိသားစုတွေကိုလည်း ၀မ်းနည်းစကား ပါးလိုကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ မနေ့တုန်းက ဗုံးပေါက်ကွဲမှု တွေအတွင်း အနည်းဆုံး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၁၂၅ ဦးနဲ့ အမျိုးသမီး ၄၅ ဦး စုစုပေါင်း ၁၇၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရ သတင်းစာတွေမှာတော့ ရိုးရာ အတာသင်္ကြန် ဆင်နွှဲနေချိန် အဖျက်အမှောင့်သမားတွေရဲ့ ဖျက်လိုဖျက်ဆီး လုပ်တဲ့ လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အဖျက်သမားတွေကို ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ကြိုးပမ်းနေဆဲ ဖြစ်ပြီး၊ အသွင်ပုံစံ အမျိုးမျိုးနဲ့ရှိနေတဲ့ အဖျက်သမားတွေရဲ့ လုပ်ရပ်ကို သတိထားဖို့နဲ့၊ သက်ဆိုင်ရာကို အကြောင်း ကြားဖို့ နှိုးဆော်ခဲ့ပါတယ်။

ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ မနေ့တုန်းကတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ တခြားမြို့ရွာ အသီးသီးမှာ သင်္ကြန်ကာလကို အေးအေးချမ်းချမ်း ဆင်နွှဲနေတယ်ဆိုပြီး ရေကစားနေတဲ့ ဓာတ်ပုံတွေနဲ့တကွ အစိုးရပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။ နေပြည်တော် က သင်္ကြန်ပွဲကိုတော့ သံတမန်အသိုင်းအ၀န်းနဲ့ အစိုးရတာဝန်ရှိသူတွေ မနေ့တုန်းက ပါဝင် ဆင်နွှဲခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
http://www.voanews.com/burmese/2010-04-16-voa4.cfm

6 comments:

Tun Lin said...

ထွက်ပေါက်မရှာဘဲ ဖောက်ထွက် လိုသူတို့  သူသေကိုယ်ရှင် တိုက်ပွဲဝင်လိုသူတို့  အသံတိတ် နေကြပါလား။ အကြမ်းဖက်မူ နဲ့ အကြမ်းဖက် သမားတို့  လုပ်ရပ် ဟာ မကောင်းဘူး၊ ရှုတ်ချဖို့  လိုတယ်ဆိုတာ ကော်မန့် တွေ မပေးကျပါလား၊ မီဒီယာ တွေကလဲ အင်တာဗျူး မလုပ်ကျတော့ဘူးလား

Unknown said...

ထွန်းလင်းဆိုတဲ့ ငနဲ က လောက်လား
စောက်ပေါလား

Unknown said...
This comment has been removed by the author.
Unknown said...

အကြမ်းဖက်တာ မင့်ရဲ့ စောက်သုံးမကျတဲ့ စစ်ဗိုလ်ချုပ်တွေပဲ အေးအေးချမ်းချမ်းတောင်းဆိုတာကို ဆွေးနွေးညှိနှိုင်းမှုနဲ့ မဖြေရှင်းဘဲ သေနတ်နဲ့ရှင်းတာ ခုမှ မဟုတ်ဘူး။ ဦးသန့်အရေး၊ ၁၉၈၈ အရေး၊ မန္တလေးသံဃာသတ်မှု၊ ၂၀၀၇ သံဃာသတ်မှု၊ ဒီပဲယင်း ရိုက်သတ်မှု။ အဲဒီအဖြစ်အပျက်တွေက အကြမ်းဖက်တာပဲ။ အကြမ်းဖက်သမား ဆိုတာ အဲတာကိုခေါ်တယ်။ သောင်းကျန်းသူ ဆိုတာ အဲတာကိုခေါ်တယ်။

Tun Lin said...

"အပြစ်မဲ့ အရပ်သားတွေ ဓားစားခံဖြစ်ရတဲ့ ဘယ်လို အကြမ်းဖက် တိုက်ခိုက်မှုမျိုးကိုမဆို ကျနော်တို့ကတော့ ရှုတ်ချပါတယ်။ စုံစမ်းစစ်ဆေးမှုတွေရဲ့ ရလဒ်တွေ၊ ဘာတွေ ထွက်ပေါ် လာမလဲဆိုတာပဲ ကျနော်တို့ စောင့်ကြည့်သွားရမှာပါ။"
(အမေရိကန် နိုင်ငံခြား ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့က အခင်းဖြစ်ပွားပြီး နောက်မှာပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။)

အစိုးရ အနေနဲ့  ဗုံးပေါက်တဲ့ သတင်းကို မြန်မြန် ဆန်ဆန်ထုတ်တာကို အစိုးရကို လက်ညိုး ထိုးချင်ကြသေးတယ် ထွက်ပေါက်မရှာဘဲ ဖောက်ထွက် လိုသူတို့  သူသေကိုယ်ရှင် တိုက်ပွဲဝင်လိုသူတို့  အစိုးရကို ထိပ်တိုက်ရင်ဆိုင်ဖို့  လုပ်နေသူတို့  အသံတိတ် နေတာကို စဉ်းစားမိကြရဲ့ လား။

ပြည်သူကို ကာကွယ်လိုတဲ့ အစိုးရ အနေနဲ့  ဒီလို ဗုံးပေါက်တဲ့ သတင်းကို မြန်မြန် ဆန်ဆန်ထုတ် မှ တစ်ခြား မြို့ တွေ လဲသိပြီး ပြည်သူတွေ ကြိုတင် အကာအကွယ် ယူနိုင် သတိထားနိုင်မှာပေါ့။

ဗုံးပေါက်တာနဲ့ ခဏတွင်းမှာ ပြည်ပ မီဒီယာတွေကို ပြည်တွင်းက သတင်းပို့ ဖုန်းဆက်တာနဲ့ ပြည်ပက အကုန် သိပါတယ်။ အစိုးရ သတင်းမထုတ်ခင် အယ်လ်ဂျာဇီးယား က ညနေ ငါးနာရီခွဲမှာ ဗုံးကွဲတယ်၊ ဒါဇင်နဲ့ချီပြီး ထိခိုက်တယ်လို့ လွှင့်သွားတယ်။ အဲဒီအချိန်မှာ မြန်မာပြည်သူ အကုန်တောင် မသိသေးဘူး။

အစိုးရကို ထိပ်တိုက်ရင်ဆိုင်ပြီး တော်လှန်ဖို့  လုပ်ဆောင် နေကြတဲ့သူတွေ အနေနဲ့ ကတော့ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်ကန့် ကွက်ကြမလဲ။ သင်္ကြန်ဗုံးကွဲတဲ့ ကိစ္စကိုတောင် ဝမ်းနည်းကြောင်း ကြေငြာချက်တောင် မထုတ်နိုင် လောက်အောင် ဒီကိစ္စကို နှေးကွေး နေကြတာ ဘာသဘောလဲ။

အကြမ်းဖက်မူ နဲ့ အကြမ်းဖက်သမား နဲ့ တစ်သားတည်းလား။
အကြမ်းဖက်မူ နဲ့ အကြမ်းဖက် သမားတို့  လုပ်ရပ် ဟာ မကောင်းဘူး၊ ရှုတ်ချဖို့  လိုတယ်ဆိုတာ ကော်မန့် တွေ ဝေဝေဆာဆာ မပေးကျပါလား၊

ထွက်ပေါက်မရှာဘဲ ဖောက်ထွက် လိုသူတို့  သူသေကိုယ်ရှင် တိုက်ပွဲဝင်လိုသူတို့  အသံတိတ် နေကြပါလား။

မီဒီယာ တွေကလဲ အင်တာဗျူး မလုပ်ကျတော့ဘူးလား

Tun Lin Naing said...

ဟေ့ ခွေးမသား ထွန်းလင်း၊

လူတိုင်းကမင်းကို ဒီလောက်ဆဲနေတာတောင်
မင်းရေးနေတာတွေ မှန်တယ်ထင်နေသေးလားကွ၊
ခုလို ကပ်ဖားယပ်ဖားရေးတာ ပိုက်ဆံဘယ်လောက်ရလဲ၊
မင်းလိုချင်တဲ့ပိုက်ဆံ ငါပေးမယ်၊ လာစမ်း၊ ငါ့ခြေထောက်ကို မင်းမေးစေ့နဲ့ လာပွတ်ပြီးနှိပ်စမ်း၊
ခွေးမသား။ ခွေးသူတောင်းစား။

 
----------------------------------------- */ /* EOT ----------------------------------------- */