ရန်ကုန်မြို့၊ဒဂုံမြို့နယ၊်ဗိုလ်ရာညွန့်လမ်းရှိတန်းလျားအမှတ် ၈၉ ရှိအိမ်ထောင်စု ၈ စုအားစည်ပင်သာယာမှခေါ်ယူတွေ့ဆုံပြီး၎င်းတို့နေအိမ်များမှ ဖယ်ပေးရမည်ဖြစ်ပြီး စည်ပင်မှ မြို့သစ်တစ်ခုခုတွင် မြေကွက်ပြန်ပေးမည်ဖြစ်ကြောင်းနှင့် ယခုကိစ္စအား မီဒီယာများကို ပေါက်ကြားပါက ဖမ်းဆီးအရေးယူမည် ဟုခေါ်ယူခြိမ်းခြောက်ခဲ့ပါတယ်။
ဖယ်ရှားခိုင်းသည်အဓိကရည်ရွယ်ချက်မှာဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှ ရန်ကုန်မြို့တော်ဝန်အား လာဘ်ငွေပေးပြီးအမှတ် ၈၉ တန်းလျားနှင့် ကပ်ရပ်ရှိစည်ပင်ပိုင် မြေကွက်လပ်နှင့် ပေါင်းပြီး ဆောက်လုပ်နိုင်ရန်အတွက်အမှတ် ၈၉ တွင်နေထိုင်သော အိမ်ထောင်စုများအား အတင်းအဓ္ဓမဖယ်ရှားနိုင်ရန်ကြိုးစားခြင်းဖြစ်သည်။
တန်းလျားနေမိသားစုများမှာ သာမန်လက်လုပ်လက်စားများဖြစ်သဖြင့် မြို့သစ်တွင်အိမ်အသစ်ဆောက်လုပ်ရန် မတတ်နိုင်သည့်အပြင်၊ မတရား အာဏာပြခြိမ်းခြောက်မှု ကို ILO သို့တိုင်ကြားလိုပါသော်လည်း မည်သို့ ဆက်သွယ်ဆောက်ရွက်ရမည်ကို မသိနားမလည်
သောကြောင့်နီးစပ်သူများမှ ကိုယ်စွမ်းညဏ်စွမ်း တတ်စွမ်းသမျှကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရန်နောင်
Sunday, April 11, 2010
ကူညီကြပါ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment