Summary
ရက်စွဲ။ ။ ဧပြီလ (၁၅) ရက်၊ ၂၀၁၀ ခုနှစ်
အခြေအမြစ် မခိုင်လုံသော သတင်းများအား တုန့်ပြန်ချက်
(၁) ရန်ကုန်မြို့၊ ကရ၀ိတ်အနီး ကန်တော်ကြီးစောင်း ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက်ကွဲပြီး လူအများသေကြေ ထိခိုက်ဒဏ်ရာ ရမှုနှင့် ပတ်သက်၍ Aung Zaw အမည်ခံသူ မှ
(၂) အထက်ပါ သတင်းအချက်အလက်တွင် ပါဝင်သော ပြည်ပ အခြေစိုက် NCUM ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ။ မြန်မာအမည်ဖြင့် ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ ဟု အမည်တွင်သော Nation Council of the Union of Myanmar (NCUM) အဖွဲ့အစည်းသည် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းဖြစ်ပြီး၊ ပြည်ပတွင် အလုပ်မှုဆောင်အဖွဲ့ငယ်သာ ထားရှိသည့် အဖွဲ့ဖြစ်သည်။
(၃) NCUM အဖွဲ့ စတင် ပေါ်ပေါက်လာချိန်မှစတင်၍ အဖွဲ့အစည်း၏ Manifesto ကို ကြေငြာထားခဲ့ရာတွင် ဥယျောဇဉ်၌ “မည်သို့သော အကြမ်းဖက်မှုနှင့် ဖိနှိပ်ချုပ်ချယ်မှု သဏ္ဍာန်မျိုးစုံကိုမဆို ကန့်ကွက်ဆန့်ကျင်သည်” ဟု ပါရှိပြီး ဖြစ်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်သော အဖွဲ့အစည်း၏ ရပ်တည်ချက်မှာ ကွက်ကွက်ကွင်းကွင်း ရှင်းလင်းလျက်ရှိသည်။
(၄) ကိုအောင်ဇော်၏ စွပ်စွဲချက်တွင် ပါဝင်သော အချက်ဖြစ်သည့် ဖောက်ခွဲရေးသမား (၅) ဦးဆိုသည်နှင့် ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေတတ်သော ဖောက်ခွဲရေးနှင့် အကြမ်းဖက်ရေးကို ဆန့်ကျင်သည့် အဖွဲ့ဖြစ်သဖြင့် မည်သည့် ဖောက်ခွဲရေးသမားများ ကိုမှ လေ့ကျင့်သင်တန်းပေးခြင်းနှင့် ပြည်တွင်းသို့ စေလွှတ်ခြင်းများ မရှိကြောင်း အခိုင်အမာ ပြောကြားလိုသည်။
(၅) ထို့အပြင် ကိုအောင်ဇော်၏ စွပ်စွဲချက်အား ကိုးကားထားသော မဲဆောက်နိုင်ငံရေး အသိုင်းအ၀ိုင်းဆိုသည်မှာ မည်သူမည်ဝါဟု သတင်းအပြည့်အစုံ ဖော်ပြထားခြင်း မရှိသဖြင့် အခြေအမြစ် မရှိသော ကောလဟလ သတင်း တရပ်သာ ဖြစ်သည်။
(၆) သို့ဖြစ်ရာ အခြေအမြစ် မရှိသော ကောလဟလ သတင်းများကို အခြေခံ၍ အွန်လိုင်းပေါ်တွင် သတင်းများဖြန့်ဝေသော ကိုအောင် ဇော် အမည်ခံသူ၏ လုပ်ရပ်သည် မိမိတို့အဖွဲ့အစည်း၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ထိပါး စော်ကားခြင်းဖြစ် သည်။ အခြေအမြစ်မရှိသော သတင်းများဖြင့် လူပုဂ္ဂိုလ်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းတရပ်ကိုသော် လည်းကောင်း စွပ်စွဲမှုများ ပြုလုပ်ခြင်းသည် ဥပဒေကြောင်းအရ အရေးယူ တရားစွဲဆိုနိုင်သော ပြစ်မှုများ ဖြစ်သဖြင့် ရပ်တန်းက ရပ်ရန်နှင့် မိမိတို့အဖွဲ့အစည်း သည် နိုင်ငံရေးရပ်တည်ချက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စော်ကားလာသည့် မည်သို့သော လုပ်ဆောင်ချက်မျိုးကိုမဆို လက်ခံမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
ရွှေစင်ထွန်း
ပြည်ပတာဝန်ခံကိုယ်စားလှယ်
ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)
Tel: (+1) 301-523-9292
ခင်မမမျိုး
ညွှန်ကြားရေးမှူး (မဟာဗျူဟာနှင့် မူဝါဒရေးရာဌာန)
ပြည်ထောင်စုအမျိုးသားကောင်စီ (မြန်မာနိုင်ငံ)
Tel: (+44) 778-406-3636
www.ncum.info
Friday, April 16, 2010
ဖြေရှင်းချက်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment