မြစ်ကြီးနား မြို့ခံများ စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆေးခြင်းခံနေရTuesday, 13 April 2010 16:11 KNG
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြီးခဲ့တဲ့ တစ်ပတ်ကစ၍ မြန်မာစစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များက ဒေသခံ လမ်းသွား လမ်းလာသူများကို စစ်ဆေးမေးမြန်းမှုများ ထူးထူးခြားခြား ပြုလုပ်နေကြောင်း သိရပါတယ်။
မြို့လယ်လမ်းမ၊ အမှတ် (၁) အထက်တန်းကျောင်းအနားတွင် သံဆူးကြိုးများကာထားကာ ဒီလဆန်း ၈ ရက်နေ့ ည၈နာရီမှစ၍ ယူနီဖောင်းဝတ်ဆင်ထားတဲ့ ရဲများနှင့် စစ်သားများမှ ဒေသခံ ဖြတ်သွား ဖြတ်လာသူတိုင်းအား စစ်ဆေးနေတယ်လို့ အစစ်ခံရသူ မြို့ခံတစ်ဦးကပြောပါတယ်။
“သေနတ်ထောက်စစ်တယ် ဘယ်လိုသဘောလည်းတော့မသိဘူး။ ရဲ စစ်သားစုံနေတာပဲ။ လူတွေ ကိုခြိမ်းခြောက်မေးမြန်းတယ်။ ဘယ်သွားလဲ၊ ဘယ်ကလာလဲ၊ ဘာလုပ်အလုပ် လုပ်တာလဲ။ အဲဒါပဲမေးရုံ တင်မက ပါလာတဲ့ပစ္စည်းတွေနဲ့ လူတစ်ကိုယ်လုံးကိုလည်း စစ်ဆေးတယ်” လို့ အထက်ကဒေသခံတဦးကပဲ ပြောတယ်။
ဒီလို ထူးထူးခြားခြား မြို့ထဲမှာ စစ်သား၊ ရဲများ၏ လုပ်ရှားမှုတွေကိုမြင်တွေ့ရသဖြင့် မြို့ခံပြည်သူများရဲ့ နေထိုင်မှု လွပ်လပ်မှုမရှိတော့ပဲ သွားရေး လာရေး စိတ်ကျဉ်းကြပ်နေကြောင်း သိရတယ်။
“နိုင်ငံရေးအခြေအနေ သိပ်မကောင်းလာဘူး၊ ပြီးတော့သူတို့ခေတ်ဆိုတော့ သူတို့ လုပ်ချင်သလိုလုပ် နေကြတယ်၊ စစ်သားတွေဆိုရင် ဒီအချိန်အရမ်း မောက်မာ နေကြတယ်၊” ဆိုပြီး မြို့ခံ ကုမ္မဏီဝန်ထမ်းတစ် ဦးကလည်း ပြောပါတယ်။
တစ်ချိန်တည်းမှာ ညပိုင်း မော်တော်ဆိုင်ကယ် ဖမ်းဆီးမှုတွေလည်း မြစ်ကြီးနားတွင် ပြုလုပ်နေပါတယ်။ လိုင်စင် ရှိ၊ မရှိ နှစ်မျိုးလုံးအား ဖမ်းဆီးထားပြီး ယခုဖမ်းဆီးထားသည့် တရုတ်ဆိုင်ကယ် အရေအတွက်မှာ အစီး ၁၀၀၀ ကျော်ရှိနေကြောင်း ဒေသခံတစ်ဦးမှသိရပါတယ်။
အခုလို စစ်အစိုးရ၏ တရုတ်ဆိုင်ကယ် ဖမ်းဆီးမှုနဲ့ လူစစ်ဆေးမေးမြန်းမှုများ မြစ်ကြီးနားတွင် တပြိုင်ထဲ ပြုလုပ်နေတာကြောင့် ည ၈နာရီ နောက်ပိုင်း မြို့ခံပြည်သူများအရင်ကလို သွားလာလို့ မရတော့ပါဘူး။http://kachinnews.com/burmese/2010-01-18-05-43-21/83-2010-04-13-11-02-42.html
Thursday, April 15, 2010
မယုံ မသင်္ကာမျက်လုံးများရဲ့ ဆိုးရွားသော အကြည့်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment